May 23, 2009

ဟိုရေးဒီရေး

တစ်ခါတစ်ခါ အလုပ်လုပ်ရတာကို အရမ်းစိတ်ကုန်လာတယ်။ လုပ်လည်း မလုပ်ချင်တော့ဘူး။ စိတ်ဓါတ်တွေကျတဲ့ အချိန်ဆို ပိုလို့တောင်ဆိုးသေးတယ်။ အဲ့လိုချိန်ကျရင် စိတ်ထဲမှာ ရှိတဲ့ လူတွေကို အပြစ်တင်နေမိတော့တယ်။ ကိုယ့်ကိုကိုယ်လည်း လုံးဝမကျေနပ်တော့ဘူး။ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာက တစ်ခြားစီဖြစ်နေတာကို။ ပညာရေး ကျပြန်တော့လည်း ပါရမီက အခြေခံ မကောင်းခဲ့တော့ သူများ တစ်ခေါက်ကျက်ရင်း ကိုယ်က သုံးခေါက်လောက် ကျက်ရတဲ့ အခြေအနေဆိုတော့ ငယ်ငယ်လေးထဲက ဆရာဝန်ဖြစ်ချင်တယ် ၊ အင်ဂျင်နီယာ ဖြစ်ချင်တယ်လို့ တစ်ခါမှ ကြွားပြီး မပြောခဲ့ဘူး။ ဆရာဝန် ၊ အင်ဂျင်နီယာ ဘယ်သူကမဖြစ်ချင်ဘဲ ရှိပ့ါမလဲလေ။ ဖြစ်ချင်တာပေါ့။ ဒါပေသိ ကိုယ့်အကြောင်း ကိုယ်သိလေ..................

ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲမေးလာခဲ့ ရင်လည်း ဘာလုပ်ချင်မှန်း ဘာဖြစ်ချင်မှန်း ဘာမှကို သေသေချာချာ မသိဘူးဖြစ်နေပြန်ရော။ ပြေးသာပြေးနေရတယ် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိဘူး။ တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ်ကြည့်ပြီး စိတ်အားငယ်လာတယ်။ဘယ်သူနဲ့မှလဲ မတွေ့ချင်ဘူး ဘယ်သူနဲ့မှလဲ စကားမပြောချင်တော့ဘူး။ အဲဒီ စိတ်ကိုတစ်ခါတစ်ခါ အားမရဘူး။ ပြုပြင်ချင်တယ်။ ပြုပြင်လို့မရဘူး။

ကျနော် သူငယ်ချင်းတစ်ယောက်ဆို အမြဲပြောတယ်။ နင် ဒီလိုမလုပ်ပါနဲ့ ကြာရင် နင်ရူးသွားလိမ့်မယ်တဲ့။ ဒီလို စိတ်ဓါတ်ကျနေတဲ့ အချိန်ဆို သူငယ်ချင်းတွေနဲ့ ခဏခဏတွေ့ ခဏခဏ စကားပြောတဲ့။ ဒါမှ စိတ်ထဲခံစားနေရတာ တွေကို မေ့ပျောက်လို့ရမှာတဲ့။ ဒီလိုအချိန်တွေဆိုရင် သူငယ်ချင်းတွေက အားဆေး တစ်ခွက်ပါတဲ့။ ကျနော် ယုံကြည်လက်ခံပါတယ်။

ဒါပင်မဲ့ ကျနော်စိတ်ထဲမှာ အပြစ်တင်သင့်တဲ့ သူတွေကို အပြစ်တင်နေမိတယ်။ သူတို့ကို အပြစ်တင်ပြီး သွားရင်လည်း ကိုယ့်ကိုကိုယ် ပြန်ပြီး အပြစ်တင်နေမိပါတယ်။ ကျနော်ကြောင့် သူ့တို့တွေ အပြစ်တင်ခံနေရတယ်။ ငါမကောင်းလို့ ဆိုပြီး အပြစ်တွေအားလုံးကို ကျနော့် အပေါ်ကိုပဲ ယူချလိုက်ပါတယ်။
အဲ့လို စိတ်ထဲ ဖြစ်ပြီးမှပဲ ကျနော်လည်း နေသာထိုင်သာ ရှိသွားပါတော့တယ်ဗျာ.... ဟူးးးးးးးးးးးးးးးးးးးးးးး

17 comments:

yehtutnaung said...

ကိုရီနိုရေ.. တခါတလေ ကျွန်တော်လဲ အဲလို ကြုံတွေ့ ရပါတယ်။ နောက်တော့လဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ။ အဲလို အချိန်မှာ ဘယ်လိုပဲ လုပ်လုပ် စိတ်ထဲမှာ အဲဒါကြီးက စွဲနေပြီး ဘာမှ လုပ်ချင်စိတ် မရှိဘူး ဖြစ်နေတာပဲ။ အချိန်တန်တော့လဲ ပျောက်ကွယ် သွားတာပါပဲဗျာ။ စိတ်ဓာတ်မကျပါနဲ့ ဗျာ။ အကောင်းဆုံးနေတတ်ဖို့ နဲ့  စိတ်ထားတတ်ဖို့ ပဲ ကျွန်တော်တို့  ကြိုးစားကြတာပေါ့ဗျာ။

အဲ.. ကျွန်တော် အဲလိုဖြစ်ရင် ဟင်းတွေ အများကြီး ချက်တတ်တယ်။ ကောင်း၊ မကောင်းတော့ မသိဘူး။ ကိုယ့်ပါသာတော့ ကြိုက်နေတာပဲ..ဟီ။

တောင်ပေါ်သား said...

အကိုရေ စိတ်ညစ်တာတွေ ခေါင်းထဲ မထားနဲ့ ဘလော့ပေါ်မှာ ဒါမှမဟုတ် သူငယ်ချင်းတွေ ၊ ကျနော့်တို့အပေါ် ဖွင့်ပြောပြလိုက် ဒါဆို အကို အနဲအများတော့ သက်သာသွားမှာပါ။ ဒီလို ခေါင်းထဲ ထည့်ပြီး တယောက်ထဲ နေရင်တော့ အကိုပဲ ဒုက္ခ ပိုရောက်မှာပေါ့ ဘာပဲ ဖြစ်ဖြစ် ပျော်ပျော်နေနိုင်ပါစေ အကိုရေ...


လေးစားလျက်
တောင်ပေါ်သား

မိုးစက်အိမ် said...

ကိုရီနိုကြီး ရေ ခံစားနေရရင် ခုလိုဘဲ ဖွင်.ထုတ်လိုက်ဗျာ
လာခံစားပေးသွားတယ်ဗျာ...ဒီလိုပါဘဲဗျာ ဘ၀ က
ဆက်လျောက်ကြ တာပေါ.ဗျာ နော်..အားပေးလျက်

သားကြီး said...

စိတ်ဓါတ်ကျရုံမကဘူး ကျနော်ဆို တခါတခါလူလုပ်နေရတာကိုမပျော်တော့ဘူးလူ့ဘဝကရခဲလှတယ်တဲ့ ဟုတ်ကောဟုတ်ရဲ့လားမသိ.... ရခဲလှပါတယ်ဆိုရင်ဘာဖြစ်လို့ဒီလောက်များပျင်းစရာကောင်းနေရပါလိမ့်
တခါတခါရပ်နေတဲ့မြေကြီးကိုလည်းအပြစ်တင်ချင်နေတယ် ကျနော်တို့လူဖြစ်ရတာမတန်ဘူး အများကြီးရှုံးတယ် ပြောတော့ဘူးဗျာ ....
ပြောရင်ဟိုဟာ ဒီဟာတွေပါလာလိမ့်မယ်...

ကောင်းကင်ပြာ said...

စိတ်ပျော်အောင်နေပါ ရီနိုရေ၊ တခုခုဆို ဘလော့မှာသာ အော်လိုက် လာအားပေးမယ်

Sein Lyan Tun said...

တစ်ခါတစ်လေတော့လဲ အဝေးဆုံးကိုထွက်ပြေး ပုန်းချင်ပါတယ်
ဖြစ်နိုင်ရင် ခဏလောက်အိပ်စက်နေချိန်မှာ အသက်နိဂုံးချုပ်ချင်ပါတယ်
နောက်ဘဝဘာဖြစ်ချင်လဲ မေးရင်
ဘဝဆိုတာမရှိစေချင်တော့ဘူး
ဒါပေမယ့်ပေါ့ ဖြစ်လာတာကို ပြေးတွေ့လိုက်
ဖြစ် ပြီး တော့ ပျက် ဒါပဲ
စိတ်မပျက်နဲ့
သယ်ရင်း ဖိုးချစ်တစ်ယောက်လုံး အနားမှာရှိတယ်
လိုချင်လှမ်းခေါ်လိုက်
အိပ်နေတယ်အခုတော့
ခင်တဲ့
သယ်ရင်းဖိုးချစ်

မြူးသျှရီ said...

ကိုကြီးရီနိုရေးးးးးးးးးးးးး
ဘာမှဖြစ်နဲ့ သိလား လည်လည်လာခဲ့နော်
ဟီးးးးးးးးးး တိုက်မယ်

mgnge said...

လူပဲဗျာ အမြဲတော့ဘယ် အစဉ်ပြေနိုင်ပါ့မလဲ..။ တစ်ခါတစ်
လေတော့လည်းစိတ်ညစ်စိတ်ရှုပ်တာတွေ ရှိမှာပေါ့..။ ဒါပေ မယ့် စိတ်ထဲမထား နဲ့ လေ..။ လူတစ်ယောက်ကိုစိတ် ဆိုးရင်တောင် သူ နဲ့ မကင်းနိုင်သေးရင် သူ့ မကောင်း တာ
ကိုမတွေး ပဲနဲ့ သူ ကိုယ့်အပေါ်ကောင်းခဲ့တာကို ပဲတွေးပေါ့.။
သက်သာတယ်..။

အလုပ်လည်း ဒီနေ့ အဆင်မပြေရင်နောက်နေ့ပြေမှာပေါ့.။
ဒီတစ်ခုမကောင်းတော့လည်းနောက်တစ်ခု ကောင်းလာမှာ ပေါ့..။
ပြင်သင့်တာကိုပြင်ချင်တယ်ဆိုရင်ပြင်လိုက်ပါ..။
မပြင်ချင်သေးရင်ထားလိုက်..။ စိတ်ထဲမှာတော့ စွဲမနေ စေနဲ့ပေါ့..။ ပင်ပန်းပါတယ်..။

Anonymous said...

ကိုဖိုးစိန်ကြီး အိပ်ယာကယောင်ပြီးလာအော်တယ်ထင်ပ .. :D
စိတ်ညစ်စရာရှိလည်း အပြတ်သာညစ်လိုက် .. ညီမလည်း တခါတလေ အကြောင်းရှာမရပဲကိုညစ်တာ .. အဲလိုချိန်ဆို အပီညစ်လိုက်တယ် .. ၂ ရက် ၃ရက် .. ပြီးရင်တော့ အကုန်မေ့ပြီး လူသစ်စိတ်သစ်နဲ့ နေ့ရက်အသစ်တွေကို ကြိုလိုက်တယ် .. အားကိုးစရာ တိုင်ပင်စရာ ရင်ဖွင့်စရာ သူငယ်ချင်းတွေရှိတာပဲ .. မောင်နှမတွေရှိတာပဲ .. ဘာဘာဘာမှ မညစ်နဲ့ .. ဖိုက်တင်း ..း))

အဆင်ပြေပျော်ရွှင်ပါစေ
မိုးခါး

Anonymous said...

စိတ်ညစ်ပါနဲ့လေ .. တိုက်ခိုက်မှု၊ တွန်းထိုးမှု၊ ရင်ဆိုင်ရတဲ့ ပတ်ဝန်းကျင်၊ ရပ်တည်ရတဲ့ အခက်အခဲတွေရဲ့ ကြားမှာ စိတ်အားမငယ်ဘူးတဲ့ သူဆိုတာ မရှိပါဘူး .. အနဲနဲ့ အများတော့ ငယ်ကြရတာပါပဲ ..ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် တော့ အပြစ်တင်မနေပါနဲ့ .. ကိုရီနိုရာ ... ဒီမှာ ဘော်ဒါတွေ ရှိတယ်လေ .. ဒီကို လာအော်ဗျာ ... နော် .. စီဘောက်တော့ မရှိဘူး .. စီဘောက်မတက်တော့ဘူးလို့ အရင်က ပြောထားမိလို့ အခုလောလောဆယ် နာမည်ပြောင်းပြီး Shout-Box တပ်ရင် ကောင်းမလားလို့ .. အဟီး ... တပ်ပြီးရင် လာအော် အော်ချင်သလောက်အော် ... :D ညီကိုချင်း ချိတ်ချိုးဘူး တဂယ် ...:D

မြစ်ကျိုးအင်း said...

ရီနိုးရေ ငါတို့တွေလည်း စိတ်ဓါတ်ကျတဲ့ အချိန်ရှိတာပဲ
သူငယ်ချင်းတွေနဲ့ ပျော်သလိုနေစေချင်ပါတယ်။
ပျော်မလားတော့ မသိဘူး တဂ်ထားတာတွေ ရေးပေးတော့မယ် နော်...။
...ခင်မင်သောအားဖြင့်...

အိုက်ခီလောက် said...

နောက်ခါတပ်စ့်ရဲတပ်စ့်ကြည့် လူစုနေတယ်သိတယ်မလား
အဟင်းဟင်း

သီဟသစ် said...

ကိုရီနိုရေ ..
သဘောကောင်းပြီး ပျော်ပျော်နေတတ်တဲ့ ခင်ဗျားမှာလည်း ဒီလိုမျိုးဖြစ်တတ်တာပဲကိုး..

တစ်ခါတစ်လေတော့လည်းအဲလိုပါပဲဗျာ..

အပြစ်တွေ ကိုယ့်အပေါ်ကိုယ် ပုံမချနဲ့ဗျ.. တော်ကြာပြည့်ကုန်လိမ့်မယ်..

အားလုံးအဆင်ပြေပါစေဗျာ..

ခင်မင်စွာဖြင့်
သီဟသစ်

ဝသန်မိုး said...

ဘာမှ စိတ် မညစ်နဲ့ နော် သိလား
အကို
ပေးထားတဲ့ကောမန့် တွေ က
အကို့ အတွက် အားတစ်ခုပဲ ပေါ့

ခင်မင်စွာဖြင့်
ဝသန်မိုး

WWKM said...

မောင်လေးရီနို.. စိတ်ဓါတ်ကျနေတာ အစ်မအခုမှ
သိတော့တယ်.. အလုပ်များနေလို့ .လာအားပေးဘို့
နောက်ကျသွားပါတယ်....
လူဆိုတာ ဒီလိုပါပဲ မောင်လေးရေ...
အမြဲတမ်း အဆင်မပြေနိုင်ပါဘူးလေ...
စိတ်လေတာဆိုရင်တော့ အစ်မဆီကနေကူးသွားတာဖြစ်မယ်....း))))
စိတ်လေနေရင် ဂျီတော့ဖွင့်ပြီး သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်....
အစ်မ စိတ်လေနေတော့ ဆရာဝန်လေးတစ်ယောက်က
ပြောဘူးတယ်... အစ်မစိတ်တိုနေလို့ ဆဲချင်ရင် ဂျီတော့ဖွင့်ပြီး အော်သာဆဲလိုက်တဲ့.. စိတ်ထဲမှာ အောင်းမထားနဲ့တဲ့... အစ်မက မဆဲတတ်ပါဘူး..ဘယ်သူ့ကိုသွားဆဲရမလဲ ဆိုတော့ သူတို့ကိုဆဲတဲ့.. ဟတ်ဟတ်.. အဲဒါနဲ့ပဲ ရယ်ချင်ပြီး စိတ်ပျော်သွားတယ်..း)) မဆဲတော့ မဆဲရဲပါဘူး။။ သူငယ်ချင်းတွေနဲ့ စိတ်ပျော်အောင် လျှောက်ပြောပေါ့...
အစ်မဆိုလည်း နေကောင်းရင် ဂျီတော့မဖွင့်ဘူး။ နေမကောင်းရင် ဂျီတော့ဖွင့်ပြီး အကုန်ရင်ဖွင့်တော့တာ
ပဲ.... အခုလို ဘလော့မှာအော်လိုက်လည်း အဆင်ပြေ
တာပဲ....
စိတ်ပြောင်းအောင် ကိုးရီးယားဒရမ်မာဇာတ်လမ်းတွဲလေးတွေကြည့်ပေး၊ ပြီးရင် ၁၀မိနစ်လောက် တရားလေးမှတ်ပေးလိုက် မောင်
ရီနိုရေ။ ကိုယ်ချင်းစာပါတယ်...အဆင်ပြေပါစေ။

မကြီးဝါ

မီးမီးချစ် said...

၇ီနို စိတ်မညစ် ပါနဲ့ တို့လဲ ယောင်ဝါးဝါးပဲ..
ရည်ရွယ်ချက်တွေကြီးပြီး ဖြစ်ချင်တိုင်းဖြစ်မလာတဲ့ လူတွေက ပို ကြေကွဲ ရမှာပါ...
တို့တွေက ဖြစ်ချင်ရာဖြစ် မောင်ဘချစ်း)
ကောင်းလိုက်တဲ့ ဒသာန

ဂျပန်ကောင်လေး said...

ဟုတ်တယ်အစ်ကိုရေ.. အလုပ်မှာ စိတ်ညစ်လာရင် တညလုံးလည်း အိပ်မပျော်ဘူး.. ရုံးသွားရမှာလည်း ကြောက်လာတယ်.. ဟင့်..