May 10, 2009

လူခုနှစ်ယောက် နှင့် တွေ့ဆုံခြင်း

ဒီနေ့ အမေများနေ့ Sunday လည်းဖြစ်တော့ ဘယ်မှ မသွားဘူး ဆိုပြီး နေနေတာ။ မနေ့ညကလည်း လေးနာရီလောက်မှ အိပ်တာဆိုတော့ ၁၀နာရီလောက်မှ အိပ်ရာကထတယ်။ အဲ့ဒါနဲ့ မျက်နှာသစ် ကော်ဖီသောက်ရင်း Online တက်တော့ မကြီး ရောင်ပြန် နဲ့ စတွေ့တော့တာပဲ။ မကြီးက သူ့မှာ ကွဲနေတယ်တဲ့ (အသည်း)။ ရုပ်ရှင် သွားကြည့်မယ် လိုက်မလားတဲ့။ ကျနော်ကလည်း ကိုယ့်မကြီးလိုခင်လို့ ကိုယ့်အတွင်းရေးတွေကို ပြောပြလိုက်တယ်။ မကြီးကလည်းပြောပါတယ် အဲ့ဒါ အရေးမကြီးဘူး လူသာလာခဲ့လို့ပြောတယ်။ မကြီးက ကျနော် အတွင်းရေး ကို မပြောပါနဲ့လို့ပြောထားတာကို သူကလည်း စိတ်ချရတယ်။ လုံးဝအပြောပါဘူး။ အဲ့ဒီအချိန်မှာပဲ အဆိပ်ခွက်က ဘယ်လိုသိသွားလည်း မသိဘူး ထပြီး အပူကပ်တော့တာပဲ။ အဲ့ဒီကနေစပြီး ထူးဆန်းသော လူခုနှစ်ယောက် တွေ့ဆုံခြင်း ဖြစ်လာရတော့တာပါပဲ။

ပထမတော့ Horbour Front MRT Persenger service ချိန်းကြတယ်။ နောက်ပြောရင်းပြောရင်း နဲ့ Ang Mo Kio MRT Persenger service ကိုပြောင်းသွားပြန်ရော။ နောက်ဆုံးတော့Orchid MRT persenger service ကို အတည်ပြုလိုက်ကြတယ်။ ၂နာရီခွဲ တွေ့ကျမယ်ပေါ့ဆိုပြီး လုပ်နေတုံး ဖိုးစိန် တစ်ယောက် သူ့ကိုမခေါ်လို့ဆိုပြီး ရန်လိုက်တွေ့နေတာ့တယ်ဗျာ။ သူ့ရဲ့ မေတ္တာပို့ခြင်းကိုလည်း ကောင်းကောင်းကြီး ခံလိုက်ရတယ်။ တော်သေးတယ် သူပို့တဲ့မေတ္တာက သိပ်မထိရောက်လိုက်လို့ အခုလိုအမှတ်တရ ဒီပို့လေးကို ရေးနေနိုင်တာပါ။ ကျေးဇူးတင်ပါတယ် သယ်ရင်းကြီး ဖိုးစိန်ရေ........

၁) စတွေ့ပါပြီ ထူးစမ်းသော လူခုနှစ်ယောက်ထဲ က မကြီး (မေတ္တာရောင်ပြန်) ကို စတွေ့လိုက်ရပါပြီ။ အရင်တုံးက ဓါတ်ပုံပဲ မြင်ဖူးတာ ခုတော့ မျက်ဝါ ထင်ထင် တွေ့လိုက်ရပါပြီ။ စတွေ့ကတည်းက ဖုန်းနဲ့နား နဲ့ ကပ်ထားတာ နောက်ဆုံး အိမ်ပြန်တဲ့ထိပါပဲ။

၂) ရောက်လာတဲ့လူကတော့ ညီလေး အဆိပ်ခွက် ပါ။ သူ့ကတော့ တရုတ်ပေါက်စလေးအတိုင်းပါပဲ။ သိပ်မကြာခင်မှာပဲ ရုပ်ရှင်လက်မှတ် သွားဝယ်ရတဲ့ တာဝန်ကို သူပဲ ထမ်းဆောင်သွားပါတယ်။

၃) ညီလေး အဆိပ်ခွက် သွားပြီမကြာခင်မှာပဲ ညီမလေး မိုးခါး ( ထာဝရကြယ်စင် )ရောက်လာပါတယ်။ သူမ ဘလော့ဂ်လေးမှာ တင်ထားတဲ့ ရေသူမ ကားထဲက ရေသူမလေးများ ရောက်လာသလား တောင်ထင်မိပါတယ်။ ရေသူမလေး နဲ့ တော်တော်ကို တူတာ ငါးမြီး မပါတာကလွဲရင်ပေါ့။

၎) သူငယ်ချင်း အဖော်နှစ်ယောက်နဲ့ အတူရောက်လာတဲ့ ဂျပန် သွားမယ်ဆိုတဲ့ ဂျပန်ကောင်လေး ရောက်လာပါတယ်။

၅) အဖြစ်နဲ့ရောက်လာတဲ့ သူကတော့ တောင်ပေါ်သား ပဲဖြစ်ပါတယ်။ တောင်ပေါ်သား ဆိုတာသိမလား အပြောတက်ဘူး။ မကြီးရောင်ပြန်ရဲ့ Gtalk Message မှာ (တောင်ပေါ်သားရယ် မ လို့ ခေါ်ပြီး ရည်းစားစကားပြောနေပါသည်) လို့ရေးထားတဲ့ တောင်ပေါ်သားလေ။ မကြီး ရောင်ပြန် ပြောပြခြင်းဖြစ်ပါသည်။

၆) ကျန်တဲ့လူတွေက သူ့ကို ဦးရှင်ကြီး လို့ခေါ်တဲ့ ကိုလဂွန်းအိမ် ပါ။ ရင်ဘက်နဲ့ရေးတဲ့ ကဗျာပိုင်ရှင်လို့လဲ ပြောတယ်။ သူ့ ဘလော့ဂ် ကို အရင်က ဝင်လို့ရတယ် ခုဒီညနေ ပြန်လာတော့ ဝင်လို့မရတော့ဘူး။ သူ့လည်း ပါးလုံး နဲ့ နေဒေးသစ် လိုဖြစ်ပြီးနဲ့ တူပါတယ်ဗျာ။

ရ) ယောက်မြှောက် ဖြစ်တဲ့ သူကတော့ ဟိုတစ်လောကမှ လက်လက်ဆက်ဆက် အသည်းကွဲ ထားတဲ့ ကြယ်ဖြူစင်ပါ။ သူ့ကို ဘယ်သူကလဲ မသိဘူး နာမည်ပေးထားတာ အစားနောက်၊ အသွားနောက် ကြယ်ဖြူစင်တဲ့။ ကြယ်ဖြူစင်နဲ့ အတူ သူမရဲ့ ညီမလေးကိုလည်း ပွဲထုတ်လို့လားပါတယ်။

ကျွန်တော် ဘလော့ဂ်လေးမှာ တွေ့ခြင်းဆုံး (၁၀) ယောက် Tag လေးကို မတက်ခ် ခံရပင်မဲ့ တွေ့ဖူးသွားတဲ့ ညီအစ်ကိုမောင်နှမ (၇) ယောက် ကို တော့ အပြင်မှာခင်မင်ခွင့် ရလိုက်ရတဲ့အတွက် အရမ်းကိုဝမ်းသာရပါတယ်။ ကျွန်တော် သတိထားလိုက်မိတာတစ်ခုတော့ ရှိလိုက်တယ်။ အဲ့ဒါ ကတော့ အားလုံးကိုယ်ဆီမှာ ရိုင်းစိုင်းတဲ့ အမူအရာများ ကိုမတွေ့ရသလို တစ်ဦးနဲ့တစ်ဦး ဟိုးအရင်ကတည်းက ခင်လာကျတဲ့ မောင်နှမတွေလိုပဲ ပျော်စရာကောင်းတဲ့ အမေများနေ့ အမှတ်တရ မောင်နှမရှစ်ယောက်တွေ့ ဆုံတဲ့ ပွဲလေးပါပဲဗျာ။ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေ ကိုလည်း အခွင့်အရေးရခဲ့ရင် တွေ့ချင်ပါသေးတယ်ဗျာ။

အမှတ်တရပုံလေးများ ဖေါ်ပြပေးလိုက်ပါတယ်။



ရုပ်ရှင်ရုံက အထွက်မှာ ရိုက်ထားတာပါ။
Ree Noe Mann ၊ လဂွန်းအိမ် ၊ တောင်ပေါ်သား ၊ အဆိပ်ခွက် ၊ ထာဝရကြယ်စင် ၊ မေတ္တာရောင်ပြန် နှင့် ကြယ်ဖြူစင်
တောင်ပေါ်သား ၊ မိုးခါး ၊ မကြီးရောင်ပြန် ၊ ကြယ်ဖြူစင်ညီမ၊ ကြယ်ဖြူစင် ၊ အဆိပ်ခွက် နှင့် ကျနော်








မကြီး ရောင်ပြန် တစ်ပုဂံ ကုန်သွားလို့ ဘာထပ်စားရမလဲ လို့ပြောနေတယ်ဗျ။

မိုးခါး ကတော့ဆွဲ သာ ဆွဲ လုံးဝ ဂရုမစိုက်ဘူး ဆိုပြီး ခေါင်းတောင်းမဖော်တော့ ဘူးဗျ
ကြယ်ဖြုစင် က ဟီးဟီး တဲ့ စားကြပါအုံးလားတဲ့ (သူမ ပြုံးပြနေသည် သတိတော့ ထားပါ)

20 comments:

Anonymous said...

နာလိုဘူး နာလိုဘူး .. ခင်တာချင်းတူတူ တို့ကျ ခေါ်မယ့်သူမရှိ .. ကျွေးမယ့်သူမရှိ .. ဓာတ်ပုံရိုက်မယ့်သူ မရှိ :D ... စကားမစပ် တို့ကိုကြီး Reenoe က တကယ့် စတိုင်အပြည့်ဟေ့ .. အားလုံးထဲမှာ သူအပေါ်ဆုံးထင်တာပဲ ... ရှု့ကြပါဦး ရုပ်တည်ကြီးနဲ့ တို့ကိုကြီးကို :P ... ကဲ နောက်လို့လည်း ဝပြီ .. မောင်နှမတွေအကုန် တွေ့လိုက်ရတာ ကိုယ်လိုက်ခဲ့ရတာ မဟုတ်ပေမယ့် တကယ်ပျော်သဗျာ

ကောင်းကင်ပြာ said...

ပျော်စရာ ကောင်းလိုက်တာ

အိုက်ခီလောက် said...

အင်း အကိုရေ လာပြီးကြည့်သွားပါတယ်
မောင်နှမပုံတွေကို ပျော်ဖို့ ကောင်းမှာပဲနော်
ခုနက ဒေါင်းနေတာ ဖိုင်ဆိုဒ်ကနေလေ
မရလို့ ခုမှပဲ အကိုအိမ်ရောက်မှ ဒေါင်းဖို့ တောင်မလိုဘူးအဟိ တစ်ဝကြီးကြည့်ပြီးသရေကျသွားပါတယ်
အားလပ်ရက်မှာပျော်ပျော်ပါးပါး သွားလည်တာကိုအားကျတယ်ဗျာ
အပျော်လေးတွေ ကူးစက်သွားပါတယ်

Sein Lyan Tun said...

နာ လို ဘူးးးးးးးးးးးးးးးးး
နာ လို ဘူးးးးးးးးးးးးးးး

နာ လို ဘူးးးးးးးးးး
တစ် ယောက် ကို မှ နာ လို ဘူးးးးးးးးးးးး
ကို တောင်ပေါ်သားညာတယ်...... မသွားဘူးးးးးးးတဲ့
အား လုံးးးးးး မလှိမ် တပတ်နဲ့ သွားပျော် ကြ တာ နာ လို ဘူးးးး
မှတ်ထားကြပေါ့ ဟွင့်

WWKM said...

ဟာ..ပျော်စရာကြီး....
သတင်းရလို့ နေမကောင်းတဲ့ကြားက ပုံတွေကြည့်ပြီး
လာပျော်သွားပါတယ် မောင်လေးရေ...
မောင်နှမတွေကြည့်ရတာ တကယ်ပျော်စရာပါ။း)

ဖိုးစိန်မနာလိုဖြစ်နေတယ်... အစ်မတို့ စင်္ကာပူလာဖြစ်မှ
သူ့ကိုခေါ်လာခဲ့မယ်နော်...း)

အိုက် ချီ ခန့် said...

ဟဟ...
သိမယ် နာ့တိုပြောကြဖူး..
တွားကြတာ.. ဟွန့်...
နာ့မှာဒူတို့တို အွန်လိုင်းမှာ လည်ပင်းရှည်အောင်..
ဖင်ညောင်းအောင်... ခါးမျက်အောင်...
ထိုင်စောင့်လိုက်ရတာ..
ဟွန့်.... သူတို့က မြိုစို့နေကြဒယ်..
ဟွန့် အသိလေးတောင်မပေးတွားကြ၀ူး..
ဟွန့်.. မနေနိုင်လို့ ဖုန်းလေးဆက်ကြည့်မှသိရတာ..
အကျေနပ်ဖူး....
အကျေနပ်ဖူး...
အကျေနပ်ဖူး....

မကီး ရောင်ပြန် ပျိုကီးဖြစ်ပါစေ...
ဒါဗြဲ...
ဗြဲ.. အဟင့် ..အဟင့်...။

မိုးခါး said...

ဟာ
စားနေတာကို ဘယ်တုန်းကများရိုက်သွားပါလိမ့်း(
မြန်လိုက်တာ
တင်လိုက်တာလည်းပုံအကုန်ပါပဲလား
တင်ဖြစ်အောင်တင်လိုက်သေးတယ်နော် ကိုရီနို
ညီမတော့ ရောက်တာနဲ့ကျိုးတာ .. ဟီး

တောင်ပေါ်သား said...

လုပ်ထားဟ အလည်လာတယ် ငါ့ကို ဖဲ့ထားတာများ တောင်ပေါ်သားလေ အဟွန့်အဟွန်က ပြောတောင် မပြောချင်ပါဘူးဗျာ... ပျော်ရွှင်စရာပွဲလေး ဖြစ်ခဲ့ပါတယ်
နောက်များလဲ အဆင်ပြေရင် တွေ့ချင်ပါသေးတယ်ဗျာ..


လေးစားလျက်
တောင်ပေါ်သား

ဂျပန်ကောင်လေး said...

Vivo ကိုလိုက်ချင်လိုက်တာ အစ်ကိုရေ့......

အဆိပ်ခွက် said...

လာတယ်ဝေနောက်ကျသွားတယ် မန့်တာ အိမ်လည်လွန်ပြိ အိမ်ပျောက်လိုလိုက်ရှာနေတာ ခုမှတွေ့တယ် ... နောက်လဲထပ်တွေ့ချင်ပါသေးတယ် ဗျ...

ခင်မင်လျှက်
အဆိပ်ခွက်

yehtutnaung said...

ထူးဆန်းသော လူ ၇ ယောက်ကို လာကြည့်သွားပါတယ်ဗျာ။ ဟား ဟား ကိုရီနို ကောင်မလေးတွေ ကြည့်ရတာ တော်တော် အစားပုပ်တဲ့ ပုံပဲနော်။ ရန်စတယ်လို့ မထင်ပါနဲ့ ..ရန်စတာပါ။ :P

mgnge said...

မနာလို ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

chu said...

ကောင်းလိုက်တာ (:

Mogok Thar said...

ပျော်စရာကြီးဗျို့

မဆုမွန် said...

ပျော်စရာကြီး ..

ကြယ်ဖြူစင် said...

စားသောက်နေတဲ့ပုံတွေကိုရအောင်တင်သေး တယ်ကိုရီနိုကတော့...ဟွန်း..မပြောချင်ဘူး...

ဖိုးဂျယ် said...

ဂါး ဂီး ဂူး တားတားလေးကိုတော့ မထော်ကျဝူး
နာလိုဝူးရော်

Unknown said...

သူတို့တွေက အဲဒိအချိန်ထဲက တွေ့နေကြတာပေါ့လေ... မဗေဒါကိုတောင် မခေါ်ကြဘူး... အဟင့်... တောင်ပေါ်သားက မဗေဒါ ဖုန်းနံပါတ်လဲသိတယ်... ဂျီတော့မှာလဲရှိတာတောင် ပြောဖော်မရတာ... ဟွန်း.. စိတ်နာတယ်.. စိတ်နာတယ်...

Unknown said...

သူတို့တွေက အဲဒိအချိန်ထဲက တွေ့နေကြတာပေါ့လေ... မဗေဒါကိုတောင် မခေါ်ကြဘူး... အဟင့်... တောင်ပေါ်သားက မဗေဒါ ဖုန်းနံပါတ်လဲသိတယ်... ဂျီတော့မှာလဲရှိတာတောင် ပြောဖော်မရတာ... ဟွန်း.. စိတ်နာတယ်.. စိတ်နာတယ်...

Unknown said...

ခင်မင်ခွင်လေးပေးသနားတော်မူပါ