May 9, 2009

စိတ်

အ ချစ် စိတ် ကို
ရင် မှာ ခံ စား
နေ လို ပူ လား
လ လို အေး လား
ဝေ ခွဲ မ ရ
တွေး ဝေ ခဲ့ ရ

ရိုး သား နေ တဲ့
ငါ့ ရဲ့ စိတ် ကို
ဝင် ရောက် နှောက် ယှက်
ပြောင်း လဲ တာ လည်း
မင်း ပါ ပဲ နော်

မင်း ရဲ့ နှုတ် ထွတ်
ပျား ရည် တ မျှ
ချို ကြည် အေး သော
စ ကား သံ ထဲ
မူး မေ့ လွှင့် မျော
လှည့် စား တိုင်း လည်း
ခံ ခဲ့ ရ တာ
ငါ ပါ ပဲ ကွာ

ထွက် သက် နောက် ဆုံး
အ သိ တစ် ချက်
ငါ့ ရဲ့ ဘ ဝ
ငါ့ အ ချစ် က
ရောက် ရှိ နေ ခဲ့
မင်း ရဲ့ အိတ် ထဲ
အ ရုပ် က လေး
အ ဖြစ် နဲ့ ပေါ့

12 comments:

Anonymous said...

ကို Reenoe အချစ်အကြောင်းတွေ ပြောလိုက် .. မေမေ့အကြောင်းတွေ ပြောလိုက် ခံစားမှုတွေ အရမ်းကို ပြင်းထန်နေပါလားးဗျ .. မရိုးတော့ဘူးနော် .. တစ်ယောက်ယောက်များ တို့ကိုReenoe ကြီးကို ပြုစားသွားပြီလား မသိ :D

မြူးသျှရီ said...

ကို Reenoe ရေ...........
ကဗျာတွေဘာတွေနဲ့ ပါလား
ကောင်းတယ်..........ကောင်းတယ်

Sein Lyan Tun said...

အရုပ်အဖြစ်နဲ့တော့မရောက်ချင်ပါဘူးဗျာ
တော်ကြာမကြိုက်တော့လို့ချောင်ထိုးထားတာတော့မခံနိုင်ဘူးလေ
ခင်တဲ့
ဖိုးစိန်

မိုးခါး said...

အသည်းနှလုံးမရှိဘူး မရှိဘူးနဲ့ .. :P

မမသီရိ said...
This comment has been removed by the author.
မမသီရိ said...

အရုပ်လေးက အိတ်ထဲရောက်နေတော့ မွန်းမှာပေါ့ မောင်လေးရဲ့
..
ကဲ.. ဆရာလုပ်ပေမဲ့ စိတ်မဆိုး တတ်တဲ့ မောင်လေးအတွက် သတ်ပုံပြင်မဲ့ အမ ရောက်လာပြီ..း)
မူး မေ့ လွှင့် မျော် ... မြန်မာ ဝေါဟာရထဲ.. မျော် ဆိုတာမရှိဘူးကွဲ့..
မျော လို့ ရေးချင်တာလား..

chu said...

ကောင်းတယ် :)

ဖိုးဂျယ် said...

ချစ်စိတ်တွေ ခံစားနေရတာလားဗျ

flowerpoem said...

ကဗျာလေးကောင်းတယ်..

yehtutnaung said...

ခံစားရပါတယ်ဗျာ...။

မြစ်ကျိုးအင်း said...

အရုပ်ကလေးကိုလာကြည့်တယ်..။
...ခင်မင်သောအားဖြင့်..

Anonymous said...

လှည့် စား တိုင်း လည်း
ခံ ခဲ့ ရ တာ
ငါ ပါ ပဲ ကွာ..
လက်ရှိရော လှည့်စားခံနေရတုန်း ပဲလား.. လှည့်စားတာ ဟုတ်ချင်မှ ဟုတ်မှာပါဗျာ။ သူက ချစ်လို့ ကြည်စယ်တာ ဖြစ်မှာပါ။ :P