May 6, 2009

မေမေ အတွက်


အမေ.... ဘာလိုလိုနဲ့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထား ကြတဲ့ အမေများနေ့ကို ရောက်တော့မယ်။

အမေ.... ဝမ်းထဲမှာ ၉လ လုံးလုံး ရှိနေခဲ့တဲ့ သားကို ဒုက္ခလို့ မသက်မှတ်ခဲ့တာ သားသိတယ်။

အမေ.... သားပူစာတဲ့ အခါ မဝယ်ပေးနိုင်ပင်မဲ့ အကုန်လုံး ဝယ်ပေးချင်နေမှန်း သားသိတယ်။

အမေ.... သားဆယ်တန်းအောင်တော့ အမေ မပြုံးပင်မဲ့ ရင်ထဲမှာ ဘယ်လောက်ဝမ်းသာနေမှန်း သားသိတယ်။

အမေ.... သားအိမ်က ထွက်ခါနီး သားပြောတဲ့ စကားကြောင့် အမေ ပြုံးပင်မဲ့ ရင်ထဲမကောင်းဘူးဆိုတာ သားသိတယ်။

အမေ.... သားအတွက်နဲ့ စိတ်ဆင်းရဲပြီး မျက်ရည်မကျရပင်မဲ့ သားအကြောင်းတွေးပြီး မျက်ရည်ခဏခဏ ကျနေမယ်ဆိုတာ သားသိတယ်။

အမေ.... မနက်တိုင်း သားအတွက် ဘုရားမှာ ဆုတောင်းပေးနေမယ်ဆိုတာ သားသိတယ်။

အမေ.... အနီးကပ် ပြုစုချင်ပင်မဲ့ အခွင့်မသာ တဲ့ သားကို နားလည်ပေးနေမယ်ဆိုတာ သားသိတယ်။

အမေ.... သားလွမ်းသလို အမေလည်း သားကို လွမ်းနေမယ်ဆိုတာ သားသိတယ်။

အမေ... ဘယ်ဘဝက ဝဋ်ကျွေးတွေလဲမသိဘူး အမေနဲ့ခွဲနေရတာ ၉နှစ်တောင် ရှိပြီ အမေရယ်။

အမေ..... ဝဋ်ကျွေး ရှိခဲ့ရင်လည်း ဒီဘဝ ဒီမျှနဲ့ ကျေပါတော့လို့ သားဆုတောင်းနေတယ် အမေ။

18 comments:

ဝသန်မိုး said...

ကျွန်တော်လည်းအမေ့ကိုလွမ်းလိုက်တာ........
အမေ့အိမ်ကိုပြန်ချင်စိတ်တောင်ပေါက်သွားပြီ
ရင်နဲ့ ခံစား၍ နှလုံးသားနဲ့ ဖတ်သွားပါတရ်

Anonymous said...

ကျနော့်လည်း အမေ့ကို ပိုလွမ်းသွားပြီဗျာ
အဆင်ပြေပျော်ရွှင်ပါစေ

khin oo may said...

မွေးရကျိုးနပ်တယ်။

ဖြိုးဇာနည် said...

အကို့လိုသားမျိုး ကမ္ဘာပေါ်မှာများများ
မွေးဖွားလာခဲ့မယ်ဆိုရင့်
အမေ့ကိုချစ်တယ်အမေ့ကိုလွမ်းတယ်ဆိုတာ
ထက်အချိန်တိုင်းအမေ့အတွက်စဉ်းစားပေးနေ
တတ်တဲ့သားတစ်ယောက်ဖြစ်နေတဲ့အကို့ကို
လေးစားမိတယ်ဗျာ့

အိုက်ခီလောက် said...

အင်း အမေ့ ဆိုကတည်းက စိတ်ဝင်စားပြီးသား
အမေ့ချစ်သားတွေချည်းပဲ
အမြဲချစ်နေနိုင်ပါစေဗျာ
အကိုနဲ့ ထပ်တူခံစားမိပါတယ်
ဘာကြောင့်လည်းဆိုတော့ အမေ့ချစ်သားပဲလေ
အဝေးရောက်နေတဲ့ သားဆိုးတွေ ပေါ့

ညီမလေးပါးလုံး said...

အကိုရေ ပါးလုံးလာခံစားသွားပါတယ်။ အစ်ကိုအလွမ်းတွေကုန်ဆုံးပါစေလို့ ပါးလုံးဆုတောင်းပေးနေပါတယ်အကို။ အစ်ကို့အမေပျော်ရွှင်ကျန်းမာ သက်ရှည်ပါစေဗျာ။
ခင်မင်စွာဖြင့်
ညီမလေးပါးလုံး။

Sein Lyan Tun said...

အမေနဲ့အမြန်ဆုံးနီးစပ်လို့ကျွေးမွေးပြုစုစောက်ရှောက်ခွင့်ရပါစေ
လိုချင်သောဆိုကိုမတောင်းပဲပြည့်ပါစေဗျာ
အမေချစ်တဲ့သားတစ်ယောက်အနေနဲ့ရင်ထဲကဆုတောင်းပေးခဲ့ပါတယ်
ခင်မင်စွာဖြင့်
ဖိုးစိန်

မိုးခါး said...

အမေ့ရင်ခွင်ကို အမြန်ဆုံးပြန်နိုင်ပါစေ ဆုတောင်းပေးပါတယ် ..
အချိန်ရှိတုန်း အမေ့နား ပြန်နိုင်ဖို့လည်း ကြိုးစားစေချင်ပါတယ်
ပျော်ရွှင်ပါစေ

မဆုမွန် said...

အမေချစ်တဲ့ကလေးတစ်ယောက်ရဲ့ ပို့စ်ကို ဖတ်ပြီး မျက်ရည်ဝဲသွားတယ် ကျွန်မလဲ အမေ့ကို လွမ်းတယ်...

yehtutnaung said...

ကို ree noe ရေ.. မိခင် တယောက်ပေါ်ကို ခုလိုသိတတ်တဲ့ သား ကြီးပွားတိုးတက်ဦးမှာပါဗျာ။ ချစ်သော မိခင်နဲ့ အတူ ဘ၀ ခရီးလမ်းကို လျှောက်လမ်းနိုင်ပါစေ။

Anonymous said...

မိဘကို သိတတ်နားလည်တဲ့ မိဘကို စဉ်မြဲသတိတရရှိနေတတ်တဲ့ ကို Reenoe ... အခက်အခဲမှန်သမျှကို မိဘမေတ္တာကြောင့် ပင်ပန်းဆင်းရဲမှု အနဲဆုံးနဲ့ အောင်မြင် ကျော်လွှားနိုင်မှာပါဗျာ ..

အိမ်လွမ်းသူ said...

အမေနဲ့ အမြန်ဆုံးအတူပြန်နေနိုင်ပါစေ...

WWKM said...

အမေနဲ့ အမြန်ဆုံးအတူတူပြန်နေနိုင်ပြီး အမေ့ကျေးဇူး
တွေဆပ်နိုင်တဲ့ သားတစ်ယောက်ဖြစ်ပါစေ။

ဂျပန်ကောင်လေး said...

အမေ့ကိုခေါ်ထားပါလား အစ်ကိုရ..း)

ကောင်းကင်ပြာ said...

အမေဆီ အမြန်ဆုံးပြန်နိုင်ပါစေ မောင်လေးရေ၊တူတူပဲ အမလဲ အမေ ကို အရမ်းကို လွမ်းနေတာ

Anonymous said...

မေမေ အတွက် ပို့စ်လေးကို ထပ်တူ ခံစားသွားတယ်ဗျာ။ ကျနော်လဲ မွေးမာတာကို လွမ်းမိပါ၏။ အကို့ လို သားသမီးမျိုး များနိုင်ပါစေ။ မိဘကျေးဇူး အချိန်မီ သိနားလည်နိုင်ကြစေ ဆုတောင်းပြုမိ ပါတယ်။ အကိုလည်း မေမေ့ရင်ခွင်ကို အမြန်ဆုံး ပြန်လည် ရောက်ရှိနိုင်ပါစေ။

မမသီရိ said...

အမေကို အတော်ချစ်တတ်သူလေးပါလား
သားလိမ္မာလေး ရထားတဲ့ အမေ ဘယ်လောက်များ စိတ်ချမ်းသာလိုက်မလဲလို့..

သူကြီးမင်း (တုံးဖလား) said...

အမေ အကြောင်းလေးတွေ ဖတ်တိုင်း ခံစားရပါတယ်။ ခံစားရပေမဲ့လဲ ထပ်ဖတ်ချင်တယ်။