December 29, 2009

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၃ )

ကျွန်တော်လည်း အလှူကိစ္စ အိပ်ရေးပျက်တဲ့ ကိစ္စတွေနဲ့ လုံလဲချာလဲ လိုက်နေလို့ အင်းတာဗျူး အစီအစဉ်လေးကို ခဏရပ်ထားရပါတယ်။ ခုတော့ နည်းနည်းလေး အားသလိုလိုရှိလို့ ခုတလော စင်ကာပူမှာ လာပြီးသောင်းကျန်နေတဲ့ (မျောက်) အဲမှားလို့ ကျနော်ရဲ့ ချစ်လှစွာသော သူငယ်ချင်းကြီး ( ကျနော် အခေါ်)ဖိုးချစ် ခေါ် ဖိုးစိန်နဲ့ အင်းတာဗျူးဖို့ အတွက် စတားဘက် ကော်ဖီဆိုင်မှာတစ်ရက်ချိန်ပြီး ခုလိုမျိုး မေးမြန်းခဲ့ပါတယ်။

1. သယ်ရင်း ဖိုးစိန်ရဲ့ အကြိုက်ဆုံး အရောင် ကိုပြောပြပေးပါအုံးသယ်ရင်း
- မိုးပြာရောင် (မိုးခါးရောင် မဟုတ်ပါ)

2. အကြိုက်ဆုံး မြန်မာ အစားအစာ တွေထဲမှာကော
- အုန်းနို့ခေါက်ဆွဲ (အုန်းနို့ ကိုကြိုက်တယ်) အကြိုက်ဆုံးက ခေါက်ဆွဲမို့

3. အကြိုက်ဆုံးရေမွှေးက ဘာလဲ သယ်ရင်း
- Diesel

4. သယ်ရင်း အများဆုံး အသုံးပြုဝတ်ဆင်တဲ့ အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း က
- ဖန်စီကျတဲ့ ရောင်စုံ လက်ပတ် ကြိုးတွေကို မျက်စိနောက်အောင် ဝတ်တာ

5. ဖိနပ်ထဲမှာဆိုရင် အကြိုက်ဆုံး ဖိနပ် က
- Nike ( airmax)

6. အကြိုက်ဆုံး အဝတ်အစားဒီဇိုင်း-
ရှပ် tအကျီ လက်ရှည်ကို လက်ခေါက်ပြီး ဝတ် (သို့) မဟုတ် စပိုစ့်ရှပ် တစ်ထည်ကို ကော်လံ ထောင်ပြီးဝတ်မယ်... အဖာအထေး တွေနဲ့ ဂျင်းပန် ခပ်နွမ်းနွမ်းလေးကို ဝတ်ပြီး nike ဖိနိပ်ကို အကျီနဲ့ လိုက်အောင်ဝတ်မယ်.. ပြီးရင် အကျီနဲ့လိုက်မယ့် လက်ပတ်ရောင်စုံကြိုးတွေကို ဝတ်မယ်... ( အရောင်ကို ရွေးမယ်ဆိုရင်တော့ အပြာနဲ့ အဖြူထဲက မထွက်ပါဘူး)

7. ဘယ်အချိန်က ဘလောဂ့်ကို ရေးခဲ့တာလဲ
- 2008 july 22 ( မွေးနေ့)

8.ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း ကောရှိလား
- သူငယ်ချင်းက မြှောက်ပေးလို့ ( ရေးတတ်လို့ရေးတာ မဟုတ်ပေမယ့် ရေးချင်လို့ ရေးတာပါ) ရေးတော့ရော ဘာဖြစ်လဲ

9. သယ်ရင်းရဲ့ ပင်ကို ဝါသနာက ဘာလဲ
- စပ်စုတာ က အဓိက ဝါသနာ..... စူးစမ်းတာက ပင်ကိုဝါသနာ..... မျောက်ရှုံးအောင် ဆော့တာ စတာက မွေးရာပါ

10. ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း
- အများကြီးပဲ... ပိုက်ဆံအိတ်ပါရမယ်.. မန်မိုရီစတစ် ပါရမယ်... ဖုန်းပါရမယ်... မျက်နှာသုတ်ပဝါ သေးသေးတထည်... လက်ဆေးတဲ့ ဂျယ်ဘူး... ဘောပင် တစ်ချောင်းက မဖြစ်မနေ... တခါတလေ မျက်နှာသစ်ဆေးနဲ့ ဘီးလဲ ပါသေးတယ်.... ပြီးတော့ မပါမနေ ရေသန့် တဗူး... ဆက်ပြောရင် အိမ်ပြောင်းလို့ ရတယ်

11. စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ
- နှုတ်ခမ်းပါးပါးလေး.... နှာခေါင်းချွန်ချွန်... မျက်ခုံးထူထူ... ဆံပင်က စပလိန် လို အခွေလေးတွေ.. နားသံသီးလေးဝတ်ထားပြီး မျက်လုံးဝိုင်းဝိုင်း နက်နက်နဲ့ လည်တံရှည် ကောင်မလေး... မဝမပိန် ... အရပ်က ကျနော့် ပုံခုံးကို လှမ်းမှီ လို့ရတဲ့ ကောင်မလေး... စကားပြောရင် ပါးချိုင့်ကလေး ခွက်နေအောင် အသံအေးအေးလေးနဲ့ ပြောတတ်ပြီး အရမ်းရှက်တတ်တဲ့ကောင်မလေး... ချစ်သူကို ကြည်နူးတဲ့ အကြည့်တွေနဲ့ အမြဲ ကြည့်ပြီး ဂရုစိုက်တဲ့ မျက်ဝန်းတွေနဲ့ စကားပြောတတ်တဲ့ ကောင်မလေး... အထူးသဖြင့် ကျနော့် ကို “မောင်.....” လို့ ညင်ညင်သာသာလေး ခေါ်တတ်တဲ့ ကောင်မလေး ပေါ့..

(ခုလက်ရှိကတော့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်မို့ ရှာနေတုန်းပါ)

12. အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်
- ကောင်းတယ်ထင်တာကိုလုပ်တယ်... မှန်တယ်မှားတယ်ဆိုပေမယ့် နောင်တ မရကြေး... ဒါပါပဲ..

မေးမြန်းမှုများကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးခဲ့တဲ့ သယ်ရင်းကိုကျေးဇူးတင်ပါတယ်။ စကားချပ် ( သူလည်း ဆိုက်ပရစ်ပ် ကိုပြန် ဒီမှာကျန်ခဲ့တဲ့ မောင်နှမတွေတော့ မျက်တွင်းဟောက်ပက် အရိုးခေါက်ဂက်၊ အသက်တောင် ဖလက်ဖလက် ဖြစ်ကျန်ခဲ့မှာ မြင်ယောင်ပါသေးတယ်)။

လေးစားစွာဖြင့်
ရီနိုမာန်

အဖြေအားလုံး ဖိုးစိန်ကိုယ်တိုင် ဖြေကြားထားခြင်းဖြစ်ပါသည်။

12 comments:

မြတ်မွန် said...

ရီရတယ်နော်..လာဖတ်သွားတယ်။

ညီညီ said...

အင်တာဗျူးလေး လာဖတ်သွားတယ်အစ်ကိုရေ.။ ကျွန်တော်တော့ ဖျားနေလို့ ဆေးခွင့်ယူထားရတယ်.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

သံလွင် HeRo said...

အော်....ဦးစိန်....ဦးစိန်....အုန်းနို့်ခေါက်ဆွဲ
နောက်နေ့ချက်ကျွေးပဲ....ချားချင်လာပီ

ဆောင်းနှင်းရွက် said...

မောင် င်င်....
အများပြောတဲ့ သွေးခွဲ စကားတွေကို ..

ကိုရေတမာ ဆိုတဲ့ အသံကို
ပြန်ကြားမိလို့ပါ ...
ဟီးးးဟီးးး

WWKM said...

သားစိန်...

စိတ်ကူးထဲကကောင်မလေးက ခိုင် နဲ့ တခြားစီဖြစ်နေလားလို့..ကြည့်လုပ်နော်..ကြည့်လုပ်..
တုတ်စာမိမယ်.း)

မကြီးဝါ

မေလေး said...

ဒီပို့စ်မှာအောက်ဆုံးစာတမ်းကိုအကြိုက်ဆုံးးးးးးးး

အိုက်ခီလောက် said...

စတီးလက်ကောက် လက်ဆောင်ပေးမယ်လို့ ပြောပေးပါ ကိုရီနို
အဟတ်

Sein Lyan Tun said...

အင်တာ အဗြူးခံလိုက်ရတဲ့သူက စတားဘတ် မှာ ကော်ဖီ ပြန်တိုက်လိုက်ရတယ်။။


အင်တာလာဗြူးသူက လဲ ပိုက်ဆံပါမလာ

ကော်ဖီကပ်သောက်ချင်လို့ အင်တာလာဗြူးတာများ

သိပါ့။။။ ပိုစ့်ကတော့ ဖတ်လို့ ကောင်းတယ်နော်။

ဖိုးစိန်လေးက ချစ်စရာလေးနော်.. ချစ်ဖို့ ခင်ဖို့ ကောင်းတယ်နော်


အဟ
အဟ

ချစ်ဆုံးသယ်ရင်း

ဖိုးစိန်

ဇွန်မိုးစက် said...

:)))

ဧပရယ်လ်ပူး@ပူးတေ said...

(သူလည်း ဆိုက်ပရစ်ပ် ကိုပြန် ဒီမှာကျန်ခဲ့တဲ့ မောင်နှမတွေတော့ မျက်တွင်းဟောက်ပက် အရိုးခေါက်ဂက်၊ အသက်တောင် ဖလက်ဖလက် ဖြစ်ကျန်ခဲ့မှာ မြင်ယောင်ပါသေးတယ်)။

မျက်တွင်းဟောက်ပက်
အရိုးခေါက်ဂက်၊
အသက် ဖလက်ဖလက်

ဟားဟား ရီရတယ်။ ရုံးမှာ အူတက်တော့မယ်။
ကာရံကတော့ အရမ်းမိတယ်...
ဖိုးစိန် နာမည်ကြီးနေပီ...
:)

Ree Noe Mann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!

yangonthar said...

မင်းသားကြီး ဦးဖိုးစိန်ကတော့ လူချစ်လူခင်တွေကလည်း ပေါပါ့ဗျာ .... အက ကလဲကောင်းသကိုးလေ .... အစ်ကို ရီနို စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ နောက်အင်တာဗျူးတွေလည်းမျှော်စဲဗျို့ 
ခင်တဲ့
ညီငယ်ရန်ကုန်သား