December 15, 2009

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၂ )

ဒီနေ့တော့ ကျနော်ရဲ့ အင်းတာဗျူးခြင်း အစီအစဉ်ကို ညရဲ့ကောင်းကင် ညီလေးအမှောင်နဲ့ အင်းတာဗျူးဖြစ်ပါတယ်။

၁) ညီလေး ရဲ့ အကြိုက်ဆုံးအရောင် က
- အနက်ရောင် (pure color ဖြစ်လို့)

၂) မြန်မာ အစားအစာ တွေထဲမှာရော ညီလေးရဲ့ အကြိုက်ဆုံးက
- ပဲပြုပ်နဲ့ ဆီစမ်းထားတဲ့ ထမင်း

၃) အကြိုက်ဆုံးရေမွှေး က ဘာလဲ။
- မသုံးဖြစ်တာများတော့ ကြိုက်တာမရှိဘူး

၎) ညီလေးရဲ့အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း
- ပိုက်ဆံအိတ်

၅)အကြိုက်ဆုံး ဖိနပ် ရှိလား။
- အောကတ္တီပါ ဆိုအကုန်ကြိုက်

၆) အကြိုက်ဆုံး အဝတ်အစားဒီဇိုင်း
- ကချင်ပုဆိုးကွက်နဲ့ အင်္ကျီကော်လံ လက်ရှည် (လက်ရှည်ပေမယ့် လက်ခေါက်ဝတ်တယ်)

၇)ဘလောဂ့်စရေးဖြစ်တဲ့နှစ်
- ၂၀၀၉ ဧပရယ်

၈) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း က
- ရင်တွင်းခံစားချက်တွေကို ဒိုင်ယာရီစာအုပ်မှာရေးနေရာမှ ဘလော့ဂ်လေးတခုမှာ ပြောင်းရေးချင်စိတ်ဖြစ်သွားလို့ (အဓိက ကတော့ အသည်းကွဲ ကဗျာတွေတင်ချင်လို့)

၉)ကိုယ်ပိုင် ဝါသနာ ကဘာဖြစ်မယ်လို့ထင်လဲ။
- ကဗျာရေးချင်တာ ဘယ်ကပါလာမှန်းမသိတဲ့ ၀ါသနာ

၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း က
- ပိုက်ဆံအိတ်လေ (သူကမပါလို့မရဘူး မပါရင် ဂွိသွားမယ်)

၁၁) စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ ပြောပြပါလား။
- အပြင်မှာတကယ်တွေ့ခဲ့တဲ့ ပုံစံပါပဲ (ကံမပါလို့လားမသိဘူး စိတ်ကူးထဲမှာပဲ ပြန်သိမ်းထားလိုက်ရတယ်)

၁၂)အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ် က
- ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် (အဲဒီတော့ လူတိုင်းကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံမယ်၊ ကူညီမယ်ပေါ့)

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီလေး အမှောင်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ အဖြေအားလုံးကို ညရဲ့ကောင်းကင် ညီလေးအမှောင် ကိုယ်တိုင် ဖြေပေးထားခြင်း ဖြစ်ပါသည်။

5 comments:

ဆောင်းနှင်းရွက် said...

ကဗျာ ဆရာ
ကို ညရဲ့ကင်းကောင် နဲ့
အင်တာဗျူး ထားတာ လေး ဖတ်သွားပါတယ် ..:P

ပုံ့မေ said...

ခွိ... ညီလေးအမှောင် တဲ့.... ခိခိ သဘောကျသွားတယ်...

ဒါမဲ့ ညရဲ့ကောင်းကင်မှာလဲ တခါတလေ ကြယ်ရဲ့အလင်း.. လရဲ့ အလင်းတွေ ရှိတာပဲ... အချိန်တိုင်းတော့ အမှောင်အတိမဟုတ်ပါဘူးနော... အစ်ကိုရ =)

အင်တာဗျူးလေး ဖတ်သွားပါကြောင်းး....

နောက်လာမဲ့သူများအကြောင်းလဲ မျှော်နေပါကြောင်း
=)

Welcome said...

ကောင်းသည်။

မြတ်မွန် said...

ဒါပဲလားဟင်..မပြည့်စုံ သလိုလိုပဲနော်..ဟိ..

ညီညီ said...

အစ်ကိုရေ. ပိုက်ဆံအိတ်လေ(သူကမပါလို့မရဘူး မပါရင် ဂွိသွာမယ်) တဲ့.
ဂွိ= ? ရှင်းလင်းချက်လေးလုပ်ပါဦးဗျ။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)