December 27, 2009

ကျေးဇူးတင်လွှာ

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေဗျာ.....

၂၅ရက်နေ့က ဘလော့ဂ်ဂါ မောင်နှမများနှင့် စာဖတ်သူ ညီအကိုမောင်နှမများရဲ့ စုပေါင်းလှူဒါန်းတဲ့ အလှူတစ်ခု အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီမြောက်သွားပါကြောင်း အရင်ဆုံးပြောကြားလိုက်ရပါတယ်။

ပထမဆုံးအနေနဲ့ အလှူငွေထည့်ဝင်လှူဒါန်းကြတဲ့ ဘလောဂ့် မောင်နှမများနှင့် စာဖတ်သူ ညီအကိုမောင်နှမများ အားလုံးကို အားလုံးရဲ့ကိုယ်စား အထူးကျေးဇူးတင်ပါကြောင်း................။

ဒုတိယအနေနဲ့ ဘုန်းကြီးဆွမ်းပွဲအတွက် အစစအရာရာ လိုအပ်ချက်မရှိပဲ ချက်ပြုတ်ပေးခဲ့ ကြတဲ့ ညီမငယ် မြ၊ ညီမငယ်မိုးခါး နှင့် ညီမငယ်မေသူ တို့အားလည်း ကျေးဇူးတင်ရှိပါကြောင်း.........။

တတိယအနေနဲ့ အလှူ၇က်၌စောစောထလာကြတဲ့ ညီအကိုမောင်နှမများအား၎င်း၊ ဝိုင်းဝန်းကူညီ ဧည့်ခံပေးကြတဲ့ ညီအကိုမောင်နှမများအား၎င်း၊ အလှူသို့ လာရောက်ကြတဲ့ ညီအကိုမောင်နှမများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း............။

ကျနော်ဘလောဂ့်ပေါ်မှ အလှူဖိတ်ကြားလွှာကို ဖတ်ပြီး လာချင်ကြပေမယ့် မလာနိုင်ပဲ သာဓုခေါ်ပေးသွားကြသော အဝေးမှဘလောဂ့်ဂါ မောင်နှမများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း......။

မဖြစ်ဖြစ်တဲ့ နည်းနဲ့အလှူငွေထည့်ဝင်ခဲ့ပြီး အလှူရက်မှာလည်း ဘလောဂ့်ပေါ်၌ ပိုစ့်တင်ပြီး ဖိတ်ကြားပေးခဲ့တဲ့ ဂျပန်မှ မမဝါကိုလည်း ကျေးဇူးတင်ပါကြောင်း..........။

အလှူငွေများမှာ ထင်မှတ်ထားသည်ထက် ပိုမိုရရှိလာခဲ့ခြင်းကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။ လက်ခံရရှိတဲ့ အလှူငွေထဲမှ ဘုရားဆင်းတုတော် လိုအပ်နေတဲ့ အလှူငွေကိုလည်း လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် အလှူငွေထည့်ဝင်ကြတဲ့ မောင်နှမများအားလုံးသည် ဘုရားဒါယကာ၊ ဘုရားဒါယိကာမ များအဖြစ် ခံယူနိုင်ကြပါသည်။

ခုလိုမျိုး မထင်မှတ်ပဲ အလှူတစ်ခုဖြစ်မြောက်လာရတဲ့အတွက်ရော၊ ထင်မှတ်မထားပဲ လှူလိုက်ရတဲ့ အလှူအတွက်ရော၊ မထင်မှတ်ပဲ အပြင်မှာတစ်ခါမှ မတွေ့ဖူးတဲ့ မောင်နှမတွေကို တွေ့လိုက်ခင်လိုက်ရတဲ့ အတွက်ရော၊ စီစဉ်ကြတဲ့ မောင်နှမတွေအားလုံးထဲမှ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကွက်ခြင်းမရှိကြပဲ နားလည်မှုလေးတွေနဲ့ အရာရာကို အဆင်ပြေအောင်လုပ်ဆောင်သွားတဲ့ အတွက်ရော ကျနော်ရီနိုမာန်မှ ဒီနေရာဒီပိုစ့်ကလေးကနေ အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်.......... ဓါတ်ပုံ တစ်ချို့ကို တင်ပေးလိုက်ရပါတယ်ဗျာ။



(၇.၁၂.၂၀၀၉)မြန်မာပြည်မှ ပင့်လာတဲ့ ကျနော်တို့ လှူဒါန်းခွင့်ရလိုက်တဲ့ ဘုရားဆင်းတုတော်ဖြစ်ပါသည်။

မူလဘုရား ဆင်းတုတော် နှင့် ဘုရားခန်း

အစောဆုံး ရောက်လာကြသူများ ( ကိုဘိုနှင့် ကိုသစ် လည်းပါပါသည်၊)

တရားနားနေခိုက်





ထောပတ်ထမင်းနှင့်ဧည့်ခံကျွေးမွေးနေချိန်



ဒီသုံးပုံကတော့ ဘုန်းကြီးပွဲ အကျကို ထိုင်စားနေကြတာပါ။ ( ကျနော်မစားလိုက်ရလို့ပါ)


လေးစားစွားဖြင့်
ရီနိုမာန်


25 comments:

Dream said...

မက်မက်ကလဲ အားလုံးကို ကျေးဇူးတင်ပါတယ်
မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်ဘဲ စုပေါင်းဒါန ပြုလုပ်ခွင့်ရရှိတာရယ် ၊ ပျော်ရွှင်စရာနေ့လေးမှာ
စင်္ကာပူမှ မောင်နှမများကို စုစုစည်းစည်း
တွေ့ဆုံခွင့် ရရှိတဲ့အတွက် ဖော်မပြနိုင်အောင် ၀မ်းသာပီတိ ဖြစ်မိပါတယ်။

Waing said...

ကိုရီနိုရေ အခုမှ ခရီးက ပြန်ရောက်လာချင်း အကို့ဘလော့ကို အရင်ဆုံးဖွင့်ပြီး ဖတ်မိတယ် အလှူကုသိုလ်အတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်။ ပြီးတော့ အားလုံး စုပေါင်းပြီး တပျော်တပါးလှူတာကို မြင်မိတော့ ၀မ်းသာကြည်နူးမိတယ်။ မလာနိုင်ခဲ့ပေမယ့် အခုလို တင်ပေးတဲ့ ပို့စ်ကနေပဲ ဖတ်ပြီး စိတ်ထဲမှာ တကယ်သွားခဲ့ရသလို ခံစားမိပါတယ်။ ဒီ့ထက်မက နောက်နှစ်တွေမှာလည်း ဆက်လက် လှူဒါန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း....

ချစ်ကြည်အေး said...

သာဓု သာဓု သာဓုပါ...ရီနိုရေ.......:D

ပိုင်ဖြိုးကို said...

ဒီနှစ် Blogger မောင်နှမတွေအလှူမှာ မပါဝင်နိုင်ခဲ့ပေမယ့် နောင်နှစ်တွေမှာ ပါဝင်နိုင်အောင်ကြိုးစားပါ့မယ်ဗျာ။ အခုအလှူကိုလဲ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်။ blogger မောင်နှမတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့တာကိုပဲ ဝမ်းသာနေပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ ...။

WWKM said...

ပုံလေးတွေကိုကြည့်ပြီး ပိုပြီးဝမ်းသာပျော်ရွှင်မိပါ
တယ် မောင်ရီိနိုရေ.
မောင်နှမတွေရဲ့စုပေါင်းအလှူလေး အောင်မြင်
ပြီးမြောက်သွားတဲ့အတွက်လည်း စိတ်ကြည်နူး
မိပါတယ်.
နောင်နှစ်မှာလည်း ဒီလိုပဲ မောင်နှမတွေစုပေါင်း
ပြီး အလှူတွေ ထပ်လုပ်နိုင်ကြပါစေ.

အစ်မ၀ါ

သံလွင် HeRo said...

ပျော်သလားဟေ့မောင်တို့ရေ....ပျော်တယ်ဟေ့
ပျော်တယ်ဟေ့....
ဂျင်ဒါ...ဂျင်ဒါ...ဂျင်းဒါး....ဂျန်ဒါ ဟေးဂျန်းဂျား
ဂျန်ဒါဟေးး)

ဒဏ္ဍာရီ said...

ပျော်စရာလည်းကောင်း ကုသိုလ်ရတဲ့ အလှူလေး တစ်ခု အောင်မြင်သွားတာ မြင်ရလို့ ၀မ်းသာပါတယ် ကိုရီနိုရေ..။
သာဓု (၃)ကြိမ် ခေါ်ဆိုသွားပါတယ်ရှင်။

ခင်မင်လေးစားလျှက်

ပုံ့မေ said...

အယ်...ကိုရီနိုလဲ ဘုန်းဘုန်းတို့ ဝိုင်း အကျစားတာကို မနာလိုဘူးပေါ့...

အင်းးးးးး ဒွတ်ခပဲ... နောက်ဆို သံခမောက်ဆောင်းရတော့မယ်... ဝမ်းနဲလိုက်ထှာနော်...

ကျော်ကြားတော့လဲ မနာလိုသူတွေပေါ.......ထာကို.. တတ်နိုင်ဘူး

ညလင်းအိမ် said...

ကိုရီနို ကျွန်တော်လည်း ဘုန်းကြီးဝိုင်း အကျမစားရဘူး..
စားကြတဲ့ သူတွေကို မနာလိုဘူး ..အဟီး

အလှူအတွက် ၀မ်းမြောက်ပီတိဖြစ်မိတယ် အစ်ကိုရေ...
စီစဉ်ပေးကြတဲ့ သူတွေကို တကယ်ကျေးဇူးပါ...

ဇွန်မိုးစက် said...

သြော်..ဘုန်းကြီးပွဲအကျတဲ့လား...
anyway... ပုံတွေတင်ပေးတဲ့အတွက် ကျေးဇူးပါ။

အိုက်ခီလောက် said...

ကြည့်ပြီးအားကျလိုက်တာ ကိုရီနီုရာ
မိန်းမသာမယူဖြစ်ရင် ရောက်အောင်လာပါတယ်
ခုက ခွင့်နှစ်လ ကလည်း ပြည့်ပြီ ထပ်ယူလို့ ကလည်းမရ နဲ့ 
ဒီလို ပွဲမျိုးလွတ်သွားတယ်ဗျာ
တစ်ခု လိုချင်တော့လည်း တစ်ခု တော့စွန့် လွတ်ရမှာပါပဲလေ
ပုံလေးတွေ ကြည့်ပြီး ကြည်နူးရပါတယ် ဗျာ
ကိုရီနိုတို့ အပျော်လေးတွေ ကူးစက်သလို ခံစားရပါတယ်

မိုးစက်အိမ် said...

ပျော်ရွှင် ကြည်နူးစရာ အလှုကို တွေ့ ရ မြင်ရတာ
တကယ်ပီတိ ဖြစ်မိပါတယ် အစ်ကိုရေ . . . :)

သူကြီးမင်း (တုံးဖလား) said...

ပုံတွေကိုကြည့်ရင်း အပျော်တွေကူးစက်သွားတယ်။

မမသီရိ said...

သာဓု ပါ ငယ်ရေ
ရေခြားမြေခြား မှာ ဒီလိုပွဲမျိုးလေး ဖြစ်အောင်လုပ်ခဲ့နိုင်ကြတာ ချီးကျူးပါတယ်

desertraindrops said...

ပုံတွေကြည့်ပြီး ကိုယ်တိုင်မရောက်ပေမဲ့ ပျော်သွားတယ်။
အဲ..ဘုန်းကြီးပွဲအကျကို မစားရလို့ စိတ်မကောင်းကြီးစွာနဲ့ ရိုက်ထားတာလား ???

phoechan said...

အဲဒီနေ့တုန်းက ပျော်တပြုံးပြုံး မိုးသို့ချုန်းနေတာပဲ။ ဒါမျိုးပွဲလေးတွေ ခဏခဏ ရှိချင်လိုက်တာ။

Calm Hill said...

ဟိုနေ့ညက တိတ်တိတ်လေး ပြန်သွားတယ်ဗျ မနက်အစောလည်း အလုပ်ရှိနေတာနဲ့ နှုတ်ဆက်ရမှာ အားနာလို့ရယ် ထွက်ပြေးသွားတယ်ဗျ :P

ကိုလူထွေး said...

အမှတ်တရလည်ဖြစ် ကုသိုလ်လည်းရသမို့ ပျော်စရာကြီးပဲ...

ဘုန်းကြီးပွဲစားချင်ရင် အခုနေ ဘုန်းကြီးဝတ်လို့ မီပါသေးတယ် ရီနိုရေ...း)

မယ့်ကိုး said...

စေတနာထားဧည့်ခံပေးတဲ့ ကိုရီနိုကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ညီညီ said...

အတိုင်းမသိပျော်ရွှင်မိပါတယ်.။ နှစ်ရက်လောက် ဖျားသွားတာက လွဲလို့ပေါ့ :( ၊
ဓါတ်ပုံတွေအတွက် ကျေးဇူးတင်ပါတယ်. အစ်ကိုရီနိုရေ။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

တလနွန် said...

အရမ်းကို ကြည်နူးမိပါတယ်။

မြတ်မွန် said...

ပျော်စရာကောင်းပြီး ကုသိုလ်လည်းရ ..
သာဓုခေါ်ပါတယ်ရှင်။

ပိုးဟပ်လေး said...

ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ် ကိုရီနို ၊ အခုလိုမျိုးဘလော့ခ်ဂါ မောင်နှမတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီလေ ပြီးတော့ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့ တဲ့ မက်မက်နဲ့ ရာတမေ တို့ကိုလည်းကျေးဇူး တင်ပါတယ် သူတို့တွေ ဖိတ်ခေါ်ခဲ့လို့လဲ ဒီအလှူမှာပါဝင်ခွင့် ရခဲ့တာပါ နောက်ထပ်ဒီလိုမျိုး ထပ်ပြီးတော့ဆုံချင်ပါသေးတယ်

ခင်တဲ့
ပိုးဟပ်လေး

ဖိုးသင်္ကြန် said...

ဘုန်းကြီးဆွမ်းဘုန်းနေတုန်းက ဘေးမှာ ဝေရာဝိစ္စလုပ်ပေးတုန်းတော့ ဘယ်သူမှ လာမရိုက်ဘူး
လူများလာလို့ ထောပတ်ထမင်းပြင်တော့ ဘုန်းကြီးဝိုင်းကို ဝိုင်းတီးလိုက်ကြတယ်
သြော်
သာဓု သာဓု သာဓု

သီဟသစ် said...

ခုလိုအလှူလေး ဖြစ်မြောက်အောင် လုပ်ခွင့်ရလိုက်တာ တကယ် ကြည်နူးစရာပါ ရီနိုရေ..

စကားမစပ် ဖန်သကြိုးက ဓါတ်ပုံထဲ တအားပါချင်တာကိုး၊ ဂလိုမှန်းသိရိုက်ပေးတာပ၊ ဘုန်းကြီးဝိုင်းတီးနေတဲ့ အချိန်က လူတွေရှင်းမှပါဟ