December 22, 2009

ခရစ္စမတ် ကလောခရီး

ဒီရာသီကို ရောက်ပီဆို ရီနိုအမြဲအမှတ်တရဖြစ်ခဲ့တဲ့ ခရစ္စမတ်ရာသီ ကလောခရီးစဉ်လေးကို ပြေးပြီသတိရမိတယ်။ ရီနို အရမ်းကိုပျော်ခဲ့သလို ဒီလို ဒီဇင်ဘာလ ခရစ္စမတ်ဆိုရင် ကလောမြို့ကို အရမ်းကိုသွားချင်လောက်အောင် စိတ်ထဲမှာ စွဲမှတ်ခဲ့တာ။ အချိန်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ဟိုး.... လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလ ကြာခဲ့ပြီလေ...

ဒီဇင်ဘာလဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် လထူးလမြတ်ဖြစ်သလို၊ လူငယ်အများစုကလည်း ခရစ်တော်ဘုရား ယေရှုရဲ့မွေးနေ့ကို ကြိုဆိုကြဖို့ အုပ်စုလိုက် အုပ်စုလိုက် ဆိုင်ရာဆိုင်ရာဘုရားကျောင်းဆီကို သွားပြီး ဓမ္မတေးတွေကျင့်ကြ၊ တီးကြ၊ မှုတ်ကြနဲ့ ပျော်စရာပေါ့။ အပျော်တွေကူးစက်ခံရတဲ့အထဲမှာ ရီနို များပါသလာလို့တော့ မမေးနဲ့။ ဂီတသံကို နှစ်သက်တဲ့ရီနို၊ မမျှော်လင့်ပဲ ခရစ်ယာန်ဘာသာဝင်မိသားစု အတွင်းမှာ ဒီလိုခရစ်စမတ်အချိန် ၁၀ရက်ဆိုတဲ့နေ့လေးတွေထဲမှာ ပျော်ခြင်းမက ပျော်နေခဲ့တာပေါ့။

မှတ်မှတ်ရရ ရီနို(၁၀)တန်း ဒုတိယနှစ်ကပေါ့။ ကလောကိုအလည်လိုက်ဖို့ခေါ်တဲ့ဆရာမနဲ့ အလွယ်တကူ ခွင့်ပြုပေးခဲ့တဲ့ အဖေနဲ့ အမေကိုလည်း ကျေးဇူးတင်မိတယ်။ ကလောကိုရောက်ပြီး နောက်နှစ်ရက်မှာ တောင်ကြီးကိုသွားပြီး ဓမ္မတေးသွားဆိုကြမယ်လိုက်မလားဆိုတော့ ဆရာမကခွင့်ပြုတယ်လိုက်သွား ဆိုတော့ တောင်ကြီးသွားဖို့ ပြင်ဆင်ရတော့တာပေါ့။ နေ့လည်(၂)နာရီမှာကလောကနေကား စထွက်မယ်။ တောင်ကြီးကို ည(၇)လောက်ရောက်မယ်။ ဖိတ်ထားတဲ့ အိမ်တွေမှာ သီချင်းဆိုမယ်။ နောက်နေ့မနက်မှ ကလောကိုပြန်မယ်ဆိုတဲ့ သတင်းကို ဆရာမဆီကနေ အကြမ်းသိလိုက်ရတယ်။

ဒီနေရာမှာ ရီနိုရဲ့ အဝတ်အစားဝတ်ပုံကိုနည်းနည်းတော့ ပြောချင်မိတယ်။ ဆရာမကလည်းရီနိုကို တတွတ်တွတ်နဲ့ မှာနေတော့တာပေါ့။( ချမ်းလွန်လို့ပါ) စွပ်ကျယ်ကိုအရင်ဝတ်ပါတယ်။ ပြီးတော့ လက်တိုရှပ်တစ်ထည် ထပ်ဝတ်ပါတယ်။ သိုးမွေဆွယ်တာ တစ်ထည်ထပ်ဝတ်ပါတယ်။ ဘောင်းဘီရှည်ဝတ် ဖိနပ်စီး ခေါင်းစွတ်ဆောင်ပြီး တော့ ဂျာကင်တစ်ထည်ထပ်ဝတ်ပါတယ်။ ဒါကလောမြို့ရဲ့ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က နေ့ခင်း (၂) နာရီအအေးပါ။ ဆရာမက (ပအိုဝ်း သဘတ်)တစ်ထည်ထပ်လှမ်းပေးပါတယ်။ ပုဝါတို့ သဘတ်တို့ဆိုတာ မိန်းကလေးတွေ အများဆုံးသုံးတဲ့ ပစ္စည်းလို့ သိထားတဲ့ ရီနို ဆရာမပေးတာမို့ ကြောက်ကြောက်နဲ့ ယူလာခဲ့တာပါ။ လက်ဆွဲအိတ်ထဲမှာ အနွေထည် တစ်ထည်ကျန်နေပါသေးတယ်။ (ဒါကတော့ တောင်ကြီးရောက်မှ ဝတ်ဖို့ပါ။ ရီနိုပြောတာ ပိုတယ်လို့ထင်ရင် ပင်လောင်းသူဖြစ်တဲ့ မငုံကိုသာ လှမ်းမေးကြည့်ပါ)။

တောင်ကြီးကိုလိုက်မဲ့ လူဦးရေက စုစုပေါင်းအယောက်(၃၀)လောက်ရှိတယ်။ သွားရမယ့်ကားကလည်း မှန်လုံကားလို့မထင်နဲ့အုံး။ ကျောက်သယ်တဲ့ကားနဲ့ သွားရမှာ။ လူများတော့ ပျော်စရာပေါ့လေ..။ ကားမထွက်ခင် သင်းအုပ်ဆရာတော်က ဆုတောင်ပေးတယ်။ တလမ်းလုံလည်း သီချင်းတွေဆိုသွားကြတယ်။ သူတို့ဆိုတဲ့ သီချင်းတွေကို မရသေးတဲ့ရီနိုက စာအုပ်ကြည့်ပြီး လိုက်ဆိုခဲ့တာ... တောင်ကြီးရောက်လို့ စဆိုကြတော့ ရီနို အလွတ်ရနေပြီ။

ဟဲဟိုးကိုရောက်တော့ ညနေငါးနာရီကျော်နေပြီ။ အသိအိမ်မှာ ပါလာတဲ့ ထမင်းထုပ်တွေကို ညနေစားအဖြစ် စားကြတယ်။ ပုဂံတွေမလောက်တာနဲ့ ငှက်ပျောဖက်တွေခူးပြီး ထမင်းစားခဲ့ရတယ်။ အမှတ်တရပေါ့။ ဂီတာသုံးလက်၊ ဘေ့ဗုံးတစ်ခု၊ ဘာဂျာတစ်ခုနဲ့ သီချင်းတွေစဆိုခဲ့ကြတယ်။

တောင်ကြီးကိုရောက်တော့ ည ၈ နာရီလောက်ရှိတော့မယ်။ အရမ်းအရမ်းကိုအေးနေပြီ။ ရောက်ရောက်ချင်း အသိအိမ်ကိုအရင်းဝင်ပြီး အဝတ်အစားတွေ ထပ်ဝတ်၊ ပါလာတဲ့ စောင်တွေ သဘက်တွေထုပ်ကျနဲ့ပေါ့။ ခုနှက ဆရာမပေးလိုက်တဲ့ သဘက်က ဘာကြောင့်ပေးလိုက်တယ်ဆိုတာကို ရီနိုတစ်ယောက်ခုမှ နားလည်နိုင်တော့မယ်။ နောက်ဆုံးသီချင်းဆိုတဲ့ အချိန်ကလွဲရင်း မျက်လုံးနှစ်လုံးပဲပေါ်နိုင်ပါတော့တယ်။

တစ်ညလုံးသီချင်းတွေဆိုလိုက်ကြတာ နောက်နေ့ မနက်ငါးနာရီလောက်မှ ပြီတယ်။ သုံးနာရီလောက်ပဲ အိပ်ပြီး နောက်နေ့မှာကလောကိုပြန်လာခဲ့ကြတယ်။

တကယ်ကိုပျော်စရာကောင်းတဲ့ ညပါ။ လူတွေအားလုံးအေးလွန်လို့ လှုပ်လှုပ်ရွရွနဲ့ အငြိမ်ကိုနေလို့မရခဲ့ပါဘူး။ ရီနိုတစ်ယောက်ထဲလို့မထင်ပါနဲ့ ။ အအေးကြိုက်တဲ့ ရီနိုတောင် ဒီလောက်ဖြစ်နေရင် တစ်ခြားလူတွေကိုတော့ တွေးကြည့်လိုက်ပါတော့ဗျာ.......

လမ်းမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့တွေ့ကြရင်းလည်း ဦးတဲ့လူက .....

.....................MERRY CHRISTMAS..............

.....................Same To You.................

တဖက်ကလည်း ပြန်အော်ရင်း ခရစ္စမတ်ကိုရောက်ရင် လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ကာလက ကလောမြို့ကို အလည်သွားရင်း အမှတ်တရဖြစ်ခဲ့တဲ့ ဒီခရီးကို သတိယလွမ်းနေစဲပါ.......


လေးစားစွာဖြင့်
ရီနိုမာန်

16 comments:

မိုးခါး said...

ရုံးပိတ်ရင်တော့ ပျော်တာပဲ
ဘယ်ခေါင်းစဉ်နဲ့ ပိတ်ပိတ် :D

အိုက်ခီလောက် said...

ကိုရီနိုရေ ပျော်စရာကောင်းမှာပဲနော်
ငမူးတို့ လည်း ဆယ်တန်းတုန်းက လိုက်အော်ဖူးတယ်
ဂီတာတွေလွယ်ပြီး လိုက်ပြီးသီချင်းဆိုကြတယ်
ဘာသာခြားဆိုပေမယ့်လည်း လူငယ်ဆိုတော့စူးစမ်းချင်စိတ်ကြောင့်လိုက်သွားတာပါ
ဖတ်ပြီးအမှတ်ပြန်ရမိပါတယ်
အေးတာကတော့ပြောမနေနဲ့  အေးတဲ့အပြင်ကျောက်သယ်ကားကြီးနဲ့ ဆိုတော့ လေကလည်းတစ်ဟူးဟူးနဲ့ မြင်ယောင်မိတယ်
သွားတွေ မရိုက်နေဘူးလား ဟဟ
တစ်ဂတ် ဂတ် နဲ့ လေ

အိုက်ခီလောက် said...

ကိုရီနိုရေ ပျော်စရာကောင်းမှာပဲနော်
ငမူးတို့ လည်း ဆယ်တန်းတုန်းက လိုက်အော်ဖူးတယ်
ဂီတာတွေလွယ်ပြီး လိုက်ပြီးသီချင်းဆိုကြတယ်
ဘာသာခြားဆိုပေမယ့်လည်း လူငယ်ဆိုတော့စူးစမ်းချင်စိတ်ကြောင့်လိုက်သွားတာပါ
ဖတ်ပြီးအမှတ်ပြန်ရမိပါတယ်
အေးတာကတော့ပြောမနေနဲ့  အေးတဲ့အပြင်ကျောက်သယ်ကားကြီးနဲ့ ဆိုတော့ လေကလည်းတစ်ဟူးဟူးနဲ့ မြင်ယောင်မိတယ်
သွားတွေ မရိုက်နေဘူးလား ဟဟ
တစ်ဂတ် ဂတ် နဲ့ လေ

စည်သူ said...

ဟားဟားဟား.. ကိုရီနိုနင်းဂျား
နင်းဂျား ကိုရီနိုဖြစ်သွားတာပေါ့.း-)

အေးတဲ့ရာသီကို ကျွန်တော်လည်း အရမ်းကြိုက်တယ်ဗျာ..

အဲဒီအချိန်တွေက ပြန်မရနိုင်တော့ဘူးဗျာ..

ပျော်ရွှင်ပါစေဗျာ
စည်သူ။

သုခုမလေဒီ said...

သြော် ကလောကိုများခရီးထွက်သွားပြီလားလို့ နုတ်မဆက်လိုက်ရဘူးဆိုပြီး စိတ်မကောင်းဖြစ်သွားတာ။း)) အရင်တုန်းကအကြောင်းကိုးး ။ ဒီနှစ်ဘယ်မှမသွားဘူးလား၊ ပိတ်ရက်တွေမှာ သူများတွေ ခရီးထွက်ကုန်ပြီနော်။း))

~ဏီလင်းညို~ said...

ကိုရီနိုရေ...
ရောက်ဖူးတယ်ဗျ...။ ကလောနဲ့ တောင်ကြီးကိုလေ...။ တစ်ကယ်သာယာတဲ့ မြို့တွေပဲဗျာ...။ ၂၀၀၇ဇူလိုင်တုန်းကပါ...။ တော်တော်ပျော်ခဲ့မှာပဲနော်... အဲ့ဒီတုန်းကလေ....။

ခင်မင်တဲ့
ဏီလင်းညို

ဇွန်မိုးစက် said...

it's good to be refreshing with old memories sometimes. but hey ... wrong spelling for 'dishes', pagan. should spell as 'pann kan'. we should avoid those kind of mistakes, right? sorry that i can't use mm font at office. will give mm comment later 2nite.

Welcome said...

ခုနှစ်ရော ကယ်ဇင်းကင်း မထွက်ဘူးလားဗျ
လွန်ခဲ့တဲ့ ၁၀ နှစ်လိုပဲ ခုထိ အေးကောင်းတုန်းပါပဲ ..

သိင်္ဂါကျော် said...

ဒီဇင်ဘာ ဆိုရင် ခရီးသွားချင်စိတ်ဖြစ်ဖြစ်နေတယ်.. ဒီနှစ်တော့ ဘယ်မှ မသွားဖြစ်ဘူး..
ကလောခရီးက ဓါတ်ပုံလေးတွေပါ ပါရင် ပိုကောင်းမယ်နော်..

မြတ်မွန် said...

ခရစ်စမတ်က ရုံပိတ်ဘူးကွယ် ညစ်တယ်..
ခရစ်စမတ်ကို ကိုယ်ဘာသာ မဟုတ်ပေမယ့် သူရဲ့ ပျော်ရွှင်ခြင်းတွေကတော့ လူတိုင်းကို ကူးစက်စေတာအမှန်ပါဘဲရှင်..။

ကိုလူထွေး said...

ပျော်စရာကြီးပဲ... အခုအလှူပွဲမှာလည်း အဲလိုပဲ ပျော်ခွင့်ရမှာပါ...

marry christmas ပါ ရီနိုရေ့

းဝ)

ပွင့်မြုးဇင် said...

ပျော်စရာကြီးပဲနော်...

မြစ်ကျိုးအင်း said...

ငါတော့ အဲဒီလို သီချင်းဆိုတဲ့ အဖွဲ့နဲ့ မလိုက်ဖူး ဘူးကွ။ ဒါပေမယ့် ပျော်ဖို့ကောင်းမှာတော့ သေချာပါတယ်။
Merry Christmas ပါသယ်ရင်းရေ

ချစ်ကြည်အေး said...

ကလောကို ၂၀၀၂ တုန်းကရောက်ခဲ့တယ်၊ အေးချမ်းလွန်းလို့ သဘောကျခဲ့တယ်...၊ ဒါပေမဲ့ စားသောက်ဆိုင်ရှားပြီး ညဆို စောစောအိပ်တတ် ကြတာတော့ သိတ်မကြိုက်၊ လူငယ်တွေဆီက အပျော်တွေ ကူးစက်သွားခဲ့ပါရဲ့...။

ညီညီ said...

ကလောမြို့နဲ့တောင်ကြီးမြို့အနှံ လျှောက်လည်ချင်တယ်ဗျာ။ တစ်နေ့နေ့တော့ ရောက်အောင်သွားမယ် အားခဲထားတယ်ဗျို့။ ပျော်စရာ ခရစ်စမတ် လေးဖြစ်ပါစေ ကိုရီနို ရေ.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

သူကြီးမင်း (တုံးဖလား) said...

လွမ်းမောစရာ ကလောခရီးလေးကို ဖတ်ရင်းနဲ့ အတူလိုက်ပါသွားမိတယ်။ ဒါပေမဲ့ ကလောကို ကောင်းကောင်းမရောက်ဖူးဘူး။ ဖြတ်သွားရုံလောက်ပါဘဲ။

ပျော်ရွှင်စရာခရစ်စမတ်ဖြစ်ပါစေဗျာ။