December 14, 2009

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၁ )

ခုတလော အလုပ်ကနည်း ပိုက်ဆံကမရှိဆိုတော့ အချိန်ပိုင်းအလုပ်လုပ်မယ်ဆိုပြီး အလုပ်လိုက်ရှာပါတယ်။ ကံကောင်းချင်တော့ တစ်ခုရလိုက်တယ်။သဌေးနဲ့တွေ့ဖို့ ကျနော်သွားလိုက်တယ်။ တွေ့တွေ့ချင် သဌေးက ကျနော်ကိုကြည့်ပြီး .... မင်း ဘာအလုပ်လုပ်လဲတဲ့...
ကျနော်ကလည်း ဘလောဂ့်မှာ စာရေးပါတယ်ဆိုတော့ ချက်ချင်းပဲ ကျနော်ကို အလုပ်ခန့်လိုက်တယ်။ ...မင်းအားတဲ့အချိန် ကြိုက်တဲ့ အချိန်အလုပ်ဆင်းလို့ရတယ်..တဲ့။
...ဘာအလုပ်များ လုပ်ရမှာလဲ..လို့မေးလိုက်တော့ အင်းတာဗျူးရမှာတဲ့။ ဒါကြောင့် မင်းဒီနေ့ကနေစပြီး ဘလောဂ့်မှာရှိတဲ့ မင်းရဲ့ မောင်နှမတွေကို အရင်ဆုံး အင်းတာဗျူး လုပ်ပေးရမယ် ဆိုတာကြောင့် ရီနိုမာန်နဲ့ အင်းတာဗျူး အစီအစဉ်လေးကို စတင်လိုက်ရပါပြီ။

ပထမဆုံး အင်းတာဗျူးဖြစ်တဲ့ ညီမလေးကတော့ ထာဝရကြယ်စင်ရဲ့ ပိုင်ရှင် ညီမလေးမိုးခါး ပဲဖြစ်ပါတယ်။ ကဲ ညီမလေးရေ အင်းတာဗျူးလေး စလိုက်ကြရအောင်နော်.......

(၁) မိုးခါးရဲ့အကြိုက်ဆုံး အရောင်က ဘာရောင်လဲ

- မျက်စိထဲ လှတယ်ထင်တဲ့အရောင်

(၂) ဒါဆို အကြိုက်ဆုံး မြန်မာ အစားအစာဘာရှိလဲ

- မရှိ

(၃) အကြိုက်ဆုံးရေမွှေးကော။

- မရှိ

(၄) အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း တွေထဲက ဘာများရှိလဲ။

-
အိတ်

(၅) အကြိုက်ဆုံး ဖိနပ်

- ပေါ့ပေါ့ပါးပါး သွားလို့လာလို့ လွယ်တဲ့ ဖိနပ်

(၆) အဝတ်အစား တွေထဲက အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း ကဘာလဲ။

- ရှပ်နဲ့ ဂျင်း

(ရ) ဘလောဂ့်ကို ဘယ်တုန်းက စရေးခဲ့တာလဲ။

- ၂၀၀၈

(၈) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်းက

- သူက ကိုယ်ပေးတာ အကုန်ယူတယ် .. နှုတ်လုံတယ် .. :D

(၉) ကိုယ်ပိုင် ဝါသနာ

- စိတ်ကူးတည့်ရာ လုပ်ခြင်း :D

(၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း က။

- ကင်မရာ

(၁၁) စိတ်ကူးထဲက ချစ်သူကောင်လေးပုံစံ ပြောပြလို့ရမလား။

- နှာခေါင်း ချွန်ချွန် မေးစေ့ ချွန်ချွန်နဲ့ ဂျပန်ကာတွန်းရုပ် :P

(၁၂) နောက်ဆုံးတစ်ခု အနေနဲ့ အမြဲတမ်း လက်ကိုင်ထားတဲ့ မိုးခါးရဲ့ ဆောင်ပုဒ် လေးသိပါရစေ။

- ကိုယ်မှန်မယ် ထင်ရင် လုပ် ကိုယ်ဖြစ် ကိုယ်ခံ :D

ဟုတ်ကဲ့ ခုလို စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးတဲ့ ညီမလေးမိုးခါးကို ကျေးဇူးတင်ပါတယ်။ နောက်များလည်း လိုအပ်တာရှိရင် ကူညီပေးပါအုံး ပြောရင် ရီနိုမာန်နဲ့ အင်းတာဗျူးခြင်း အပိုင်း(၁) ကို ဒီမှာပဲ ရပ်လိုက်ရပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ အဖြေအားလုံးကို ထာဝရကြယ်စင်မှ မိုးခါး ကိုယ်တိုင်ဖြေထားခြင်း ဖြစ်ပါသည်။

12 comments:

ပုံ့မေ said...

အဟ... နှာခေါင်းချွန်ချွန် မေးစေ့ ချွန်ချွန်.... ခွီးးးး =)

ခရီးသွားရင် ကင်မလာပဲ ယူတယ်ပေါ့... ဟွင်းး အဲလိုဆို မိုးခါးနားကပ်ဘူး... အာပုပ်နဲ့ နံ့ မှာစိုးလို့ ....

ဟိဟိ... ချစ်လို့ စတာ... အာဘွားနော် =)

ကောင်းကင်ပြာ said...

မိုးခါး အဖြေတွေ ကူးပြီး မမ အဖြေ လုပ်လိုက်ပါ..ဟိ..:P

yangonthar said...

ဘလော့ဂါ အင်တာဗျူး အစီအစဉ်လေးပဲ စိတ်ကူးကောင်းတယ်အစ်ကိုရေ ..... မမိုးခါးရဲ့  ကိုယ်မှန်တယ် ထင်ရင် လုပ် ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့ စကားလေးမှတ်သားသွားပါတယ် နောက်ဆက်ရန် အင်တာဗျူးလေးတွေ မျှော်လျက်ရှိပါကြောင်းအစ်ကိုရေ
ခင်တဲ့
ရန်ကုန်သား :)

ဆောင်းနှင်းရွက် said...

မျက်လုံးထဲမှတော့
ဂျပန် ကာတွန်းရုပ်တော့ မမြင်လိုက်မိဘူး ..!

နှာခေါင်း ချွန်ချွန် နဲ့ မေးစေ့ ချွန်ချွန် ဆိုလို့
ကာတွန်း ၀ိဇ္ဖာ နဲ့ ပိုးကိုကို ပဲ
ပြေးမြင်မိလိုက်တယ် ..
ခွိ ခွိ .. !

နေ၀သန် said...

အဟိ.. ၁၁ က ကျနော့် ပြောတာလား မမိုးခါး.. ခွိခွိ...

ရေတမာ said...

အကို စိရှည်လက်ရှည်ဆိုတာ တမင်ရေးထားတာလား။ အိမ်း ဒီပုံစံလား ဒါဆို ပိုစ့်တော်တော် ထွက်လာမှာပေါ့။ တနေ့တပုဒ်နဲ့ တလလုံး နှပ်နေရုံပဲ ပိုင်တယ်ဗျာ အကိုတို့ကတော့

ဖိုးသင်္ကြန် said...

ရေတမာ ခပ်တည်တည်နဲ့ ဖဲ့သွားပါလားးးးး
အင်တာဗျူးက တိုတယ်ဗျာ။ ရှည်ရှည်ဖြေရတာတွေမေးပါဗျို့

Anonymous said...
This comment has been removed by the author.
Anonymous said...

အင်တာဗျူးလေး လာဖတ်သွားပါတယ်
ဂျပန်ကာတွန်း ရုပ်ဆိုတော့
အပြင်မှာ တကယ်ရှိလားဟင်?
:)

Pwint Myue Zin said...

:) Nice post!

Welcome said...

မြ၀တီဝိုင်းတော်သားတွေနဲ့ လာတွေ့နေပြီ ...

မြတ်မွန် said...

ဖတ်လို့ ကောင်းတယ်..ဟိဟိ..