December 12, 2009

အလှူဖိတ်ကြားခြင်း

ချစ်ခင်လေးစားရပါသော ညီအစ်ကိုမောင်နှမများခင်ဗျာ ...

ကျွန်တော်တို့ မောင်နှမတတွေ ညှိနှိုင်းတိုင်ပင်ပြီး အလုပ်ပိတ်ရက်လေးမှာ အားလုံးစုပေါင်းပြီး အလှူလေး တစ်ခုပြုလုပ်ဖို့ တိုင်ပင်စီစဉ် ကြပါတယ်။ ကျနော်တို့ မောင်နှမတွေအားလုံး အကြောင်းတစ်ခုခုကြောင့် တွေ့ကြမယ်ဆုံကြမယ်လို့ ပြောလိုက်တာနဲ့ ဖုန်းနှစ်ခါမဆက်ရ၊ လက်နှစ်ခါမတို့ရပါပဲ စည်းစည်းရုံးရုံးလေး ရှိတတ်တာကြောင့် အခုလို ကျနော်တို့ မောင်နှမတွေစုပေါင်းပြီ ပြုလုပ်မယ့်အလှူမှာလည်း အားလုံးသော ညီအကိုမောင်နှမများအား လာရောက်ပါဝင်ကုသိုလ်ယူနိုင်ဖို့အတွက် ဖိတ်ကြားအပ်ပါတယ်။

ဒါကြောင့် ဒီဇင်ဘာ25 ရက်နေ့တွင် Sembawang ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည့်
ဘုရားအမှူပြုပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းကပ်လှူဒါန်း မှာဖြစ်ပါသောကြောင့် ဘလော့ဂ်ဂါ မောင်နှမများနှင့် စာဖတ်သူ မိတ်ဆွေများအား ပါဝင်ကုသိုလ် ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။ ဘလော့ဂ်ဂါမောင်နှမများနဲ့ စာဖတ်သူမိတ်ဆွေများကိုလဲ ဘုန်းကြီးကျောင်းတွင် သံဃာတော်များအား နေ့ဆွမ်းကပ် အလှူသို့လည်း တက်ရောက်ကြပါရန် လေးစားစွာဖြင့် ကျွန်တော်ဒီနေရာမှ ထပ်မံဖိတ်ကြားအပ်ပါတယ်။

အကျွေးအမွေး ကိစ္စတွင် တိတိကျကျ ချောမွေ့လွယ်ကူစွာ စီစဉ်နိုင်ရန်အတွက် လာရောက်ကြမည့် ဘလော့ဂါမောင်နှမများနှင့် စာဖတ်သူ မိတ်ဆွေများရဲ့ လူစာရင်းအား တိတိကျကျလေး သိချင်ပါသောကြောင့် ကျွန်တော် reenoe1981@gmail.com ကို ၂၂ရက်နေ့ မတိုင်ခင် ဆက်သွယ်ပြောကြား ပေးစေလိုပါတယ်။

ကျနော်တို့ ဘလော့ဂ်ပါ မောင်နှမများနဲ့ စာဖတ်သူ မိတ်ဆွေများ စုပေါင်းပြီး ပြုလုပ်မယ့် အလှူပွဲလေးကို တက်ရောက်ဖို့ မောင်နှမများအားလုံးကို ဖိတ်ကြားအပ်ပါတယ်။ အားလုံးသော စာဖတ်သူ မိတ်ဆွေများနဲ့တကွ ဘလော့ဂ်ါမောင်နှမများ အားလုံး စုံစုံညီညီ လာရောက်နိုင် ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အလှူငွေ နည်းများမဆို ပါဝင်လှူဒါန်းကြတဲ့ ညီအကိုမောင်နှမများနဲ့ စာဖတ်သူမိတ်ဆွေများ အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားလိုပါတယ်။

ဆက်သွယ်ရန်မေးလ် - reenoe1981@gmail.com

အလှူအစီအစဉ်

နေရာ - Sembawang ဘုန်းကြီးကျောင်း
အချိန် - ၉ နာရီခွဲ မှ ၁၂နာရီ ထိ
နေ့ရက် - ၂၅ ဒီဇင်ဘာ ၂၀၀၉ ( ခရစ္စမတ်နေ့)

အားလုံးသောမောင်နှမများအား ဖိတ်ကြားအပ်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

10 comments:

WWKM said...

အလှူဖိတ်ရင် လာမှာပေါ့... မိသားစု ၃ယောက် စာရင်း
ထည့်လိုက် မောင်ရီနိုရေ..း)
ပျော်စရာကြီး.. မောင်နှမတွေ စည်းစည်းလုံးလုံးနဲ့ ပျော်
ရွှင်စွာ အလှူလုပ်နိုင်ကြပါစေ.

မကြီးဝါ

ညလင်းအိမ် said...

ကိုရီနိုလာခဲ့မယ်ခင်ဗျ...
မေးကို add ထားတယ်...
အဆက်အသွယ်ရအောင်လေ...

Welcome said...

အစီအစဉ်လေး ကောင်းမွန်တယ်၊ လေယာဉ်လက်မှတ် အသွား/အပြန် လုပ်ပေးအုန်းမလား ....

ညီညီ said...

ကိုရီနိုရေ. ကျွန်တော်လည်းပါမယ်.။ အစ်ကို့မေလ် add ထားတယ်.။ လက်ခံလိုက်ပါဦး.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

flowerpoem said...

အလှူဆိုလို့ လာတာ ဒီမှာလည်း ဟုတ်ဘူး လေယာဉ်နဲ့လာခဲ့မယ် ကိုရီနို :)

သုခုမလေဒီ said...

အလှူလုပ်မယ်ဆိုလို့ဝမ်းသာအားရနဲ့ . ဟိဟိ လာလို့မရဘူး။ လေယဉ်လက်မှတ်ဝယ်မရတော့လို့း))
အဝေးကနေပဲ သာဓုခေါ်ဆိုသွားတယ်နော် ။ အဆင်ပြေပျော်ရွှင်ပါစေ ရီနိုရေ။

Anonymous said...

သာဓု ပါရှင်
လာချင်တယ် တကယ်လာရမလား?

ကိုလူထွေး said...

ကိုလူထွေးတို့က နှစ်ယောက်နော်...

းဝ)

Ma Thandar said...

Hi, bro Reno,

I will be able to make it on 25th Dec as my friend's ahlu has been changed to another date. Hopefully I could join. :)
Can you please clarify the exact monastery since there are two monasteries at Sembawang. Is it the one SMC or the one nearby the park.

Thank you.

ပွင့်မြုးဇင် said...

ကိုရီနိုရေ... လာခဲ့မယ်လို့စာရင်းလာပေးပါတယ်.. အလှူအတွက် ငွေလွှဲထားတာလေး ရမရလဲ သိချင်လို့ပါ.. မေးပေးပါဦးနော်... မနေ့က ၁၀၀ လွှဲလိုက်တာပါ...