May 29, 2009

ပိုက်ဆံအိတ် (tag ပို့စ်)

ဒီတလော အတက်ခ်ခံရတဲ့ ပို့စ်တွေအကုန်လုံး နီးပါးက ကိုယ်အကြောင်း မသိစေချင်ပါဘူး ဆိုနေမှ ပေါင်ကိုလှန်ပြီး ဓါးနဲ့ အသွင်းသွင်းထိုးနေ ရတော့တာပါပဲ။ ခုလဲ ကြည့် ညီလေးဝသန်က ပိုက်ဆံအိတ် တဲ့။ပြီးခဲ့တဲ့ တစ်ပတ်ကသာ တက်ခ် ခဲ့မယ်ဆိုရင် ရေးပေးနိုင်မှာ မဟုတ်ဘူး။ စိတ်ထဲမှာ နေရထိုင်ရတာ မကောင်းဖြစ်နေတာလေ။ ခုတော့ အေးဆေးဖြစ်နေပါပြီ။ ဒါကြောင့် လည်း ဒီပို့စ်လေးကို ရေးလိုက်ပါတယ်နော်။

ကျနော်က ပိုက်ဆံအိတ် ကိုင်လေ့ကိုင်ထ မရှိပါဘူး။ ခုစင်ကာပူ လာခါနီးမှ လိုအပ်မယ်ထင်လို့ ဝယ်လာခဲ့တာပါ။ ပိုက်ဆံကို အမြဲတမ်း အကျီာင်္အိတ်ထဲ မှာပဲ အမြဲထည့်တက်တဲ့ အကျင့်ရှိနေလို့ပါ။

လကုန်လို့ရှိရင် ကျနော်ပိုက်ဆံအိတ် လေးထဲကို အရင်ရောက်လာတာကတော့ စာရွက်လေးတစ်ရွက်ပါ။ အဲ့စာရွက်လေးကို နောက်နေ့မှ ငွေသားအဖြစ် ပြောင်းလိုက်ရတာပါ။ ပြောင်းလိုက်လို့ရတဲ့ ငွေကလည်း အားကျစရာမရှိတဲ့ အနည်းငယ်လေး ပါ။

ဒီအနည်းငယ်ထဲကပဲ စားစရိတ် ၁၀၀ (စင်ကာပူဒေါ်လာနော် ) ပေးလိုက်ရပြီင်္။ ပထမဆုံးခုန်ထွက်ခြင်းပေါ့။ ဟော့ ဖုန်းဘေးလ် လာပါပြီ ၅၀တဲ့။ စင်ကာပုမှာ က ဘယ်သွားသွား အလကားမှမရတာ။ အဲ့တော့ MRT ခလေးကလဲ ထည့်ရသေးတယ်။ လာထား သုံးလေးဆယ်ပဲ။ ဟို့လူကို အကြွေးဆပ် ဒီလူကို အကြွေးဆပ်နဲ့ နောက်ဆုံး အိတ်ထဲမှာ ဘာမှကို မကျန်တော့ဘူး။

ဒါတောင် သူများတွေလို အိမ်လခ၊ မီးဖိုး ၊ ရေဖိုး ဘာမှမပေးရလို့။ ပေးများပေးရရင် ကုန်ကောက်စရာတောင်း ကျန်မှာမဟုတ်တော့ဘူး။ မကျန်လဲ ရှိတာလေးစုပြီး အမေဆီကိုတော့ ပို့ရတာပါပဲ။

ကဲ နောက်ဆုံးတော့ ကျနော်ပိုက်ဆံအိတ်လေးထဲမှာ လက်ကျန်ငွေလေးနဲ့ ပါမစ်ကဒ်၊ ဘာမှ မရှိတဲ့ ဘဏ်ကဒ်လေးနဲ့ ဒီတစ်လလုံး အသက်ဆက်ရှင်နေဖို့ အတွက် ကြိုးစားရတော့တာပေါ့ဗျာ။ ညီလေးဝသန်ရေ ဒီလောက် ဆိုရင် ကျေနပ်ပြီလို့ ထင်ပါတယ်။ ထပ်ပြောရင်လည်း မကောင်းတော့ဘူးလေ။

ကျနော် သူငယ်ချင်းများနဲ့ မိတ်ဆွေအားလုံးကို ဒီနေရာလေးကနေ ဆုတောင်းပေးချင်တာတစ်ခုကတော့ ကျနော်လို ဘဝမျိုးနဲ့ မကြုံကြရပါစေနဲ့လို့ ကျနော်ရင်ထဲကနေ ဆုတောင်းပေးလိုက်ပါတယ်နော်။ အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ။

ခင်မင်လျှက်
ရီနိုမာန်

9 comments:

ဝသန်မိုး said...

တက်ဂ် လိုက်တာ စိတ်မကောင်းတောင်ဖြစ်သွားတယ် အကို ရေ
ကျွန်တော် က ဟာသ လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင်တက်ဂ်လိုက်တာပါ
နေရိပ်ကို လို
နေပူကစောင့် ဆိုတဲ့ စကားလည်းရှိတယ်မှတ်လားဗျ
ကြိုးစားထား ဘယ်တော့မှ အားမလျှော့ နဲ့ ဗျ
တက်ဂ်ပို့ စ်လေးရေးပေးတာကျေးဇူးပါ
ဘာပဲပြောပြောလူပျို ကြီးမဖြစ်တော့ဘူးပေါ့
ဟုတ်လား
ကိုရီနို

အိုက်ခီလောက် said...

အာ တစ်နေ့ တော့ ဖြစ်လာမှာပေါ့ဗျာကိုရီနိုကလည်း
အားမငယ်ပါနဲ့  အနော့ဆို အားမငယ်တော့ဘူး
ပိုက်ဆံမရှိလည်း နေဗျာ ပေပြီးအိပ်တာပဲ
အကိုရေးထားတဲ့ထဲက အမေ့ကို ပို့ ပေးတယ်ဆိုတာတွေ့ ရတော့ အကိုစဉ်းစားကြည့်ပါ အမေ့ကိုငွေပို့ ပေးတဲ့အချိန်မှာအစ်ကို စိတ်တွေ ပျော်နေမှာပါ
ညီလည်းဒီလိုပဲ လေ စိတ်အချမ်းသာဆုံးက အမေ့ဆီငွေပို့ ပေးတဲ့အချိန်ပဲ ဖတ်ပြီး အကိုလို မဖြစ်ပါစေနဲ့ လို့ တွေ့ တောင်စိတ်တောင်တစ်ကယ်ပြောတာ မကောင်းဘူး
အကိုအဆင်ပြေပါစေဗျာ ဆုတောင်းပေးနေမယ်

Sein Lyan Tun said...

ကိုနို
ဘာမှမပူနဲ့
သယ်ရင်းအနားမှာ ဖိုးချစ်အမြဲတမ်းရှိမယ်
ဘာလိုလို ဖိုးချစ်ကိုသတိရပါ
စကားအများကြီးပြောနေခြင်းထက်
လက်တွေ့ပဲပြချင်တယ်သယ်ရင်းရေ
သယ်ရင်းခံစားနေရတာကို
ကျနော်ထပ်တူခံစားမိတယ်ဆိုတာ သယ်ရင်းသိရင်
ကျေနပ်ပါတယ်
အချိန်တိုင်းအတွက် သူငယ်ချင်းဆိုတာ အနားမှာ
လက်ဖျောက်တီးလိုက် ရောက်လာမယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဖိုးချစ်

မြူး said...

ကိုကြီးရီနိုရေးးးးးးးးး
အားလုံးဒီလိုပါပဲနော်
အဆင်ပြေပါစေ

ခီခန့် said...

ကိုရိနိကလဲဗျာ.. ငွေပို့နေတာပဲ ကျတော်တောင် အစ်ကိုတို့လို စလုံးကို လာချင်နေတာ.. စလုံးမှာရှိတဲ့ လူတွေကို အားကျတယ်ဗျာ.. တကယ်ပြောတာ...

ဂျပန်ကောင်လေး said...

ကိုရီနိုရေ.. ဘ၀တွေက တူတူပဲဗျာ..း(

သားကြီး said...

ဘဝတူတွေ ဘဝတူတွေ
ဟားဟား :)

yehtutnaung said...

ကိုရီနိုရေ.. ဘာမှ စိတ်မပူနဲ့ ။ ကျွန်တော်တို့ တွေလဲ တလ၊ တလ အလျင်မှီအောင် ငွေကို ချင့်ချိန်သုံးစွဲရတာ အတူတူပါပဲဗျာ..။ ဒါပေမယ့် အလုပ်ရှိတယ်၊ ကျန်းမာသန်စွမ်းတယ်၊ စိတ်သဘောထား ကောင်းတယ်.. ကဲ ဒါဆို ကံကောင်းခြင်း ဆိုတာ လာထားပဲ..ဟုတ်ဖူးလားဗျ။ Fighting !!!!

WWKM said...

ဒါလေးများးးး
အားလုံးတူတူပဲဟာကို..
အစ်မဆိုရင် တစ်ခါတစ်ခါ အကြွေးဝယ်ကဒ်က ၃လစာလောက်ကြိုပြိးအကြွေးတင်နေတတ်တာ.း)

နောင်လာမယ့် အနှစ် ၂၀နော်..နောင်လာမယ့်အနှစ် ၂၀.
ဟဟားးးး ရီနိုမန်ကုမ္ပဏီလိမိတက်ရဲ့ မန်နေဂျင်းဒါရိုက်တာကြီး ဦးရီနိုမန်ကြွရောက်လို့လာပါ
ပြီခင်ဗျာ... ဖြောင်း..ဖြောင်းး..ဖြောင်းး..ဖြောင်း..း))))
( အိုကေ) ကြိုးစားထားမောင်ငယ်ရီနိုရေ.
အစစအရာရာအဆင်ပြေပါစေ.

မမ၀ါ