May 15, 2009

ထားခဲ့ဖူးသောရည်းစားများ ( Tag ပိုစ့် )

ကျနော်အတွက် ဒါပထမဆုံး အတက့်ခ်ခံရသော တက့်ခ်ပိုစ့် လေးဖြစ်ပါတယ်။ ခေါင်းစဉ်ထဲက စကားလုံးအတိုင်း ရေးရမယ်ဆိုရင်တော့ ရေးစရာဘာမှကို မရှိတာပါ (အဲလောက်ကို စွံတာပါ) ။ မကြီးရောင်ပြန် နဲ့ ညီမ မိုးခါး ကိုမေးတော့ လုံးဝမရေးဘူးတဲ့လေ။ ဒါနဲ့ ကျနော်လည်း အဖော်ရှိတယ်ဆိုပြီး ဒီပိုစ့်လေးကို တက်ခ့်ထားတဲ့ ညီလေး ဂျပန်ကောင်လေး (ခ) ပန်ပန် ကို ရှော့ရှော့ပေါ့ပေါ့ လုပ်ဖို့ ပြောကြည့်ပါသေးတရ်။

ညီလေး ပန်ပန်ကလည်း ကြည်ကြည်ဖြူဖြူ နဲ့ ကို လက်ခံ အကြောင်းပြန်ခဲ့ပါတယ်။ “ ရဝူး” တဲ့။ ကဲထူးတော့ပါဘူး။ ကိုယ့်ပေါင်ပဲ ကိုယ် ထောင်းရထောင်းရ မထူးတဲ့ အဆုံးတော့ ထောင်းရတော့မှာပါပဲ။

ကျနော်မှာ ငယ်ငယ်လေးကတည်းက အတွေးတစ်ခုရှိတယ်ဗျ။ အဲဒါက ဘာလည်းဆိုတော့ ချစ်သူ၊ ကြိုက်သူ၊ လက်ထက်သူဟာ တစ်ယောက်ထဲပဲ ဖြစ်ချင်ခဲ့တာ။ ဆန္ဒနဲ့ ဘဝက ထပ်တူမကျခဲ့ဘူး။ ဘာလို့ဆိုတော့ အဖေက ဝန်ထမ်းလေ။ ဟိုပြောင်း ဒီရွှေ့နဲ့ ဘယ်မှာလာလို့ တစ်ယောက်ထဲ ဖြစ်တော့မှာလဲ။ ဟိုနေရာရောက်လဲ ချစ်၊ကြိုက်၊ ထက် တစ်ယောက်တည်း ဒီနေရာရောက်လည်း ချစ်၊ ကြိုက်၊ ထက် တစ်ယောက်တည်းဖြစ်နေတော့ တာပေါ့ဗျာ။ အဖေ ပြောင်းတာက ကိစ္စမရှိဘူး။ ကျနော် ဘဝ တေမိ ဘဝကို ခဏခဏ ရောက်ရပါတယ်။


ငယ်ငယ်တုန်းကတော့ မမှတ်မိတော့ဘူး။ ၆တန်၊ ရတန်း ၊ ဂ တန်းတုံးကတော့ သုံးနှစ်လုံး ဆက်တိုက်တွဲ ခဲ့တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ဆရာ၊ ဆရာမ တွေနဲ့ တစ်ကျောင်းလုံး သိပေါ့။ ကျနော်တို့ အရမ်းကို ရင်းနှီးခဲ့ကျတယ်။ ကျနော်ကို အရမ်းခင်တဲ့ ဆရာမကတောင် သတိပေးရတဲ့ အထိပါ။ (စိတ်လေသွားမှာ စိုးရိမ်လို့ပါ) ၈တန်းအောင်တော့ ကျနော်တို့ တစ်တွေ ကွဲသွားကြတာ အခုချိန်ထိ ပဲဆိုပါဆို့။ ပြန်မတွေ့တော့ဘူး။

အဲ့လိုနဲ့ အေးအေးဆေးဆေး ပဲနေလာတာ ဆယ်တန်း ဒုတိယနှစ်မှာ တစ်စခန်းထလာပြန်ပါရော။ သူမက အမျိုးတွေနဲ့ အခြားမြို့မှာနေတာ။ ကျောင်းကြီးပိတ်ရင်း သူမ အဖေ တာဝန်ကျတဲ့ ကျနော်တို့မြို့ကို လာလည်နေကျ။ အရင်းက အဲ့လောက်သတိမထားမိဘူး။ ဟော့ သတိထားမိလို့ လှုပ်ရှားမယ် ကြံခါရှိသေး ကျနော်တို့ အဲ့ဒီမြို့လေးကနေ အပြီးပြောင်းသွားရပြန်ပါတယ်။ ဒါ တေမိ (၂) နော်။ တေမိ (၃၊၄၊၅) ကိုတော့ ရင်ထဲမှာ မရှိလို့ ကြွားပြီ ရေးမနေတော့ပါဘူး။

ဒီကြားထဲ ဒီကောင်ကြီးစွံ လိုက်သေးတယ်ဗျာ။ ကောင်မလေးက စကြိုက်တာ။ ဒီလိုအဖြစ်မျိုး နောက်ထပ် နှစ်ခါလောက် ကို ကြံဖူးတယ်။ ကျနော်ကလည်း ချစ်ကြိုက်ထက်မှ ချစ်ကြိုက်ထက်ဆိုတော့ ခက်ဘူးလား။ ဘယ်လိုမှကို ခံစားလိုမရတာ။ Let's be Friends ပေါ့။ (၁) က ကျောင်းဆရာမလုပ်နေတယ် ရှမ်းပြည်မှာ (၂) က ရည်းစားများတုံးပဲ (၃) က ကျနော်ကို ချစ်လို့တဲ့ ယောက်ကျားယူသွားပြီ။

အဲလိုနဲ့ မလေးတောထဲမှာ သုံးနှစ် သွားနေခဲ့တယ်။

ဪ ခက်ပြီ။ ဆက်ရေးဖို့ ဘာမှမရှိတော့ဘူး။ လက်ရှိ အခြေအနေကိုတော့ လှုပ်ရှားစဲ ကာလအဖြစ် သက်မှတ်ထားပါတယ်။

ကဲ ညီလေး ပန်ပန်ရေ။ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါလို့။ စိတ်ကူးရင်း မဟုတ်ပဲ လက်တွေ့တွေရေးနေ၇တော့ လုပ်ကြံဖန်တီးထားတာလုံးဝ မပါ အဖွဲ့ အနွဲ့ မရှိ ရိုးရိုးသားသား ရေးသာထားခြင်းဖြစ်ပါတယ်။ ကျေနပ်ပေးလိမ့် မယ်လို့ မျောလင့်မိပါတယ် ညီလေး ဂျပန်ကောင်လေး (ခ) ပန်ပန် ရေ..............................

ခင်မင်စွာဖြင့်
Ree Noe Mann

ကြုံတုန်းလေ သယ်ရင်း ဖိုးစိန်
ကိုနေညိုရင့်
ကို မြစ်ကျိုးအင်း
ညီလေး ဖိုးဂျယ်
ညီလေး အိုက်ခီလောက်
ညီလေး ဝသန်မိုး
ညီ ဖြိုးဇာနည် နှင့်
သားကြီး တို့ ကို တဆက်တည်း Tag လိုက်ပါတယ်ကွာ။



23 comments:

khin oo may said...

အောင်မြင်ပါစေ

သားကြီး said...

လှုပ်ရှားတုန်းဆိုတော့လည်း စောင့်ရသေးတာပေါ့broရေ
ရင်တွင်းဖြစ်လေးတွေများများရေးနိုင်ပါစေဗျို့ !!

အိုက်ခီလောက် said...

အမ် လုပ်ပြီ ချစ်ကိုတို့ ကတော့
အပြေးလေးလာဖတ်ပါတယ်ဆိုမှ
အကြွေးတွေဆပ်ခိုင်းနေပြီ
သူ့ အကြောင်းဖတ်လို့ သဘောကျတုန်းရှိသေး အောက်ဆုံးမှာ တွေ့ လိုက်တယ်
မလွတ်ပါလား ချစ်ကိုတို့ ချစ်ပုံ တော့
ကြိုးစားရေးမယ်ဗျာ အကိုရေ

ဖိုးဂျယ် said...

တားက ငယ်တေးတယ်ဂျ အဲ့တာတွေ စိတ်ဝင်စားဘူးရော်း)
ကြံဖန်ရေးဆိုလဲ လှန်ထောင်းရပါ့

Sein Lyan Tun said...

တက်ဂ်တာကဖိုးချစ်တဲ့
ဖိုးစိန်ဟုတ်ဝူးးး
သားဘာမှမသိဘူး
သားဘာမှသိဘူးးးး

ဇော် said...

အဟိ။ ဂျစ်ကိုတို့တော့ တက်ခ်ခံလိုက်ရပြီ။ ၀မ်းတာဒယ်။ အဟိ။ တော်သေးဒါပေါ့။ အနော်လွတ်တွားလို့။ အဟိ။

ကြယ်ဖြူစင် said...

လှုပ်ရှားဆဲဆိုတော့..ငါ့အကိုတို့စွံတော့မှာပေါ့ .အောင်မြင်ပါစေအကိုရေ..
ညီမလေး
ကြယ်ဖြူစင်

WWKM said...

လာဖတ်သွားတယ် reenoemannရေ.. :D
အဆင်ပြေပါစေ.

ဝသန်မိုး said...

ဖတ်လို့ကောင်းတုန်းရှိသေး
အောက်မှာတစ်ခါတည်း
တက်ဂ်ခံလိုက်ရတယ်လေ
ရေးတတ်ဝူးဗျို့ 
ဘီလိုလုပ်မလဲ

ခင်တဲ့
ဝသန်မိုး

ခီခန့် said...

ဟဟ...
ရင်ထဲရှိတဲ့သူတွေကိုရေးချလိုက်တယ်ပေါ့..
သူတို့သိရင် ၀မ်းနည်းလေမလား...
ပျော်လေမလားမသိဖူးနော်...
သေချာတာကတော့ အခုကောင်မလေးသိရင် ၃နှစ်စောင့်လို့ပြောမှာသေချာတယ်အဟီး..။

တောင်ပေါ်သား said...

အချစ်သည် ထူးဆန်း၏ တေမိတောင်မှ ၂ခါ ၃ ခါ ဖြစ်ရတယ်လို့ ဟီးးးး


လေးစားလျက်
တောင်ပေါ်သား

ဂျပန်ကောင်လေး said...

ဟားဟား.. အတော်စွံတာပဲ.. ဟိးဟီး.. သူများကိုပါ ရောဂါကူးပေးလိုက်သေးတယ်.. ဟိဟိ မိုက်တယ်..

မိုးခါး said...

အောင်ဘာစေ .. :D

Anonymous said...

အမ် သစ္စာဖောက်လေး ပြောတော့ မကြီးမရေးရင် ရေးဝူးဆို။ ရှင်တို့က တေမိ ၁၀ ထပ်ကွမ်းဖြစ်လည်း ဘာအရေးလဲ။ ဒီမှာက မရဘူး သေသွားနိုင်တယ်။ ကဲ.... ၂၀၀၉ မကုန်ခင် ကြိုးစားထာဝေးးး

ဆုတောင်းပေးနေမယ်။

ခင်မင်လျှက်
မကြီး

yehtutnaung said...

ကိုရီနိုဗျာ.. ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာတင် အားမရဘူး... သူများတွေပါ လှန်ထောင်းခိုင်းတယ်။ တော်တော်ဆိုးတဲ့ လူဇိုးကြီးးး....ဟီး။ ကျွန်တော်လဲ ကျွန်တော့်ရဲ့  ရာဇ၀င် သမိုင်းကြောင်းတော့ လှန်ကြည့် လိုက်ဦးမယ်ဗျာ။ အဆင်ပြေရင်တော့ လှန်ထောင်း လိုက်မယ်နော်။

Anonymous said...

လက်ရှိအခြေအနေ - လှုပ်ရှားဆဲကာလ
လာမည့်အခြေအနေ - ??
အဆုံးသတ်ရလာဒ် အခြေအနေ ... ??
ကျေးဇူးပြု၍ အချိန်နှင့် တစ်ပြေးညီ တင်ပါရန် :D

Anonymous said...

နေဒေးသစ်ကတော့အချိန်နှင့်တပြည်း ညီတင်ပါတဲ့ ရီပို့တောင်းသွားပြီးနော် ကိုရီနို

Anonymous said...

လှုပ်ရှားစဲကာလမှာ အဆင်ပြေပျော်ရွှင်ပါစေဗျာ
အားပေးလျက် ပါ

နွေးနွေးသဲမွန် said...

ဟီဟိ..စာလာဖတ်တယ်... ရယ်ရတယ်... ;-)

ကောင်းကင်ပြာ said...

ကြိုးစားပါ မောင်လေးရေ

အဆိပ်ခွက် said...

တိုကြီးလာဖတ်သွားတယ်.... ကောင်းတယ် ကြိုးစားထား.....

ခင်မင်လျှက်
အဆိပ်ခွက်

မြစ်ကျိုးအင်း said...

ရီနိုးရေ အဲဒါငါ့အတွက် ရှော့ရှိတယ်ကွ...
တင်ထားလက်စ တပိုင်းတစတောင်မှ ရာဇသံနဲ့ ဆင်ဆာ
ထိထားလို့ ခုထိတန်းလန်းကြီး.....။
ခင်မင်လေးစားတဲ့အနေနဲ့ ရေးခွင့်ရအောင် ကြိုးစားပါ့မယ်...။

မမသီရိ said...

Good Luck!!!!!
:)
:)
:)