May 19, 2009

အမှတ်တရ Nick Name


တစ်နေ့ တစ်နေ့ ဘာရေးရင်ကောင်းမလဲ လို့ အမြဲစဉ်းစားနေမိတယ်။ အလုပ်သွားလည်း စိတ်ကဒီကိုပဲ ရောက်နေတယ်။ ကဗျာလည်း မရေးချင်ဘူး။ စိတ်ထဲ သိပ်မကြည်လင်နေဘူးလေ။ စကားလုံးလှလှ လေးတွေက ထွက်ကျလာမှာ မဟုတ်ဘူး။ အဲဒါနဲ့ တက်ခ်ပို့စ် တစ်ခုလောက်တော့ ရေးချင်နေမိတယ်။ စဉ်းစားကြည့်လိုက်တော့လည်း ဘယ်ကဘယ်လို စရေးရမှန်း မသိဘူးဖြစ်နေပြန်ရော.....

ကဲ ထားလိုက်ပါတော့။ မတက်ခ်တော့ပါဘူး။ တက်ခ်နေရင်စိတ်ညစ်ကြပါအုံးမယ်။ ကိုယ့်ညီအစ်ကို မောင်နှမတွေကို စိတ်မညစ်စေချင်ဘူးလေ။ သူ့တိုတွေပျော်နေတာပဲ မြင်ချင်နေတာပါ။ ကဲ အကြောင်းအရာ လေးဆီ ဦးတည်အုံးမှပဲ။........................................................



ဒီလိုဗျ..... ကျနော် ၆တန်းကနေ စတွဲတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။သူ့နာမည်က ဖိုးသူ။ ကျနော်တို့ နှစ်ယောက် ကျောင်းသွားတူတူ ကျောင်းပြန်တူတူ ဘယ်သွားသွားတူတူပဲ။ တော်တော်လေး ကိုခင်ပါတယ်။ ပြောပြချင်တာ သူ့ အကြောင်းမဟုတ်သေးဘူးနော်...ဆက်ဖတ်အုံး။

ကျနော်တို့ ကျောင်းသား ဘဝဆိုတော့ ဘာမှ အပူအပင် မရှိဘူး။ ကျောင်းသွားကျောင်းပြန် စာကျက် ဒါပဲရှိတာမဟုတ်လား။ နှစ်ဝက်လောက်ရောက်လာတော့ နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့နဲ့ တူရာတူရာ စုသွားကြတယ်။ ကျနော်တို့နှစ်ယောက်မှာတော့ အတိုးအလျှော့ မရှိ။

တစ်နေ့ကျတော့ ကျနော်တို့ စဉ်းစားမိတာတစ်ခုရှိလာတယ်။ ငါတို့ တွေ နာမည်ဝှက် ထားကြမယ်ပေါ့။ ကိုယ်ကြိုက်တာ ကိုယ်စဉ်းစားပေါ့။ ကျွန်တော်တို့ အဲလို စဉ်းစားချိန်က ဒီဇင်ဘာလ ထဲမှာ။ သူက ခရစ်စမတ် ကို သဘောကျလို့ ခရစ်တဲ့။ ကျနော်လည်းစဉ်းစားတာပေါ့ သူများတွေနဲ့ လည်း မတူချင်းပါဘူး။ မြန်မာပြည်မှာလည်း မရှိနိုင်တဲ့ နာမည်ဆိုပြီး ရီနို ဆိုတာကိုရွေးလိုက်တယ်။ နှစ်လုံးထဲဆို ရင်လည်း မလှပြန်ဘူး။ ဒုံတိကြီးဖြစ်နေပြန်တော့ ထက်ရွေးရပြန်တာပေါ့။

ဒါနဲ့ ကျနော်သူငယ်ချင်းက သဲ ဆိုတဲ့ စကားလုံးကိုရွေးတယ်။ ကျနော်ကတော့ နှစ်ရက်လောက်ကြာ သွားတယ်။ ရီနိုနဲ့ လိုက်တဲ့ စကားလုံးကို လိုက်ရှာတာ။ နောက်ဆုံး တော့ မာန် ဆိုတာကို ရွေးလိုက်တယ်။ ၁၉၉၃၊ ၁၉၉၄ ခုနှစ်လောက်ထဲက ဒီ ရီနိုမာန် ဆိုတာကို ကျနော်ရင်ထဲမှာ မွေးဖွားလာခဲ့ တာပါ။ ဒါပင်မဲ့ သိကြတဲ့အတိုင်း မိရိုးဖလား ဘိုးစင်ဘောင်းဆက် ခေါ်ခဲ့တဲ့ နာမည်ကို ဘယ်လို့လုပ်ဖြတ်လို့ရမှာလဲ။ ဘယ်အရပ် ရောက်ရောက် ပြောင်းလဲ ဖို့ ကြိုးစားခဲ့ပါတယ်။ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။

မိမွေးတိုင် ဖမွေးတိုင် ပေးထားတဲ့နာမည်ကို မကြိုက်လို့ မဟုတ်ရပါဘူး။ အမေပေးထားတဲ့ နာမည်ကို ရှာကြည့်ရင် ထမင်းထုပ် သိုးသွားနိုင်ပါတယ်။ ရှိနိုင်မယ်မထင်လို့ပါ။ ကျနော်ကိုယ်၌က အမေပေးတဲ့ နာမည်လေးနဲ့ ကြီးပြင်းလာခဲ့ပြီးပြီ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် ပေးထားတဲ့ ဒီနာမည်လေးကိုလည်း ပါဝင်ခွင့် (ကျနော်ဘဝမှာ) ရှိစေချင်လို့ပါ။

မှတ်မှတ်ရရ ၂၀၀၉ ဧပြီလမှ စ၍ ရီနိုမာန် ဆိုတဲ့ ဘဝသစ် တစ်ခုကို မွေးဖွားနိုင်ခဲ့ပါတယ်။ ခုဆိုရင် ရီနိုမာန် ဆိုတဲ့ ဘဝလေးနဲ့ သူငယ်ချင်းမြှောက်မြားသွာကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။ ဆက်လက်ပြီးတော့လည်း ဒီဘဝလေးကို ထာဝရ ရင်ဝယ်ပိုက်ထားရအုံးမှာပါ။ ဒါကြောင့် ရီနိုမာန် ကို သိသော၊ ခင်သော၊ ချစ်သော ညီအစ်ကို မောင်နှမ များအားလုံးကို ဒီပို့စ်လေးနဲ့ အတူ ကျေးဇူးတင်ရှိ ပါကြောင်း ပြော ကြားရင် ...................................

ပထမတော့ မတက်ခ် တော့ ဘူးလို့ တွေးထားတာပါ။ ဒါပင်မဲ့ နာမည် လှလှလေးတွေကို စိတ်ဝင်းစားတော့ သူတို့ရဲ့ သမိုင်း အကြောင်းလေးတွေကိုလည်း သိချင်လာပါတယ်။
ဒါကြောင့် အတက်ခ် ခံရသော မောင်နှမ များ အနေနဲ့ သဘောထားကြည်ဖြူစွာနဲ့ ရေးပေးပါလို့........
ဆန္ဒပြုရင်း
  1. ကြယ်ဖြူစင်
  2. နေဒေးသစ် (သစ် ကျန်သေးတယ်)
  3. မေတ္တာရောင်ပြန် (ပြီး)
  4. ဖိုးစိန် (ပြီး)
  5. အဆိပ်ခွက် ( ပြီး)
  6. ထာဝရကြယ်စင် (ပြီး)
  7. တောင်ပေါ်သား (ပြီး)
  8. ဂျပန်ကောင်လေး (ပြီး)
  9. ဝလုံးဝိုင်းဝိုင်း (ပြီး)
  10. ကောင်းကင်ပြာ (ပြီး)
  11. နေညိုရင့် (ပြီး)
  12. မြစ်ကျိုးအင်း
  13. မြူးသျှရီ (ပြီး)
  14. ဝသန်မိုး (ပြီး)
  15. ငွန်ငယ်မိုး
  16. ရှင်ရဲထွတ်
  17. ဖိုးဂျယ်

ခင်မင်စွာဖြင့်
ရီနိုမာန်

22 comments:

yehtutnaung said...

ဒီတခါ tag တာတော့ ရေးမယ်ကွာ..ဘာပဲဖြစ်ဖြစ်..ဟီး။ လက်စသတ်တော့ ရီနိုမာန်ကိုး။ ကျွန်တော် ကိုယ့်ပါသာ တခါတလေ ဖတ်နေတာ ရီနိုမန်း လို့ ။ ခုတော့ သိပြီ သူ့ ကို ကျွန်တော်သိပြီ...။ :P

ကြယ်ဖြူစင် said...

မတက်တော့ဘူးလို့ပြောပြီးမှ...နံပါတ်မှာ ၁ တက်ထားတယ်...ဝါးဝါး...

Anonymous said...

အမ် ရက်စက်ကြပြန်ပြီ ပထမ အကြွေးစပ်ပြီတာ တစ်နာရီ မပြည့်သေးဘူး။ နောက်ကြွေးက စောင့်နေပြီ။ အဟင့်

မကြီး

သားကြီး said...

nick nameတွေရဲ့သမိုင်းကိုလေ့လာရတာစိတ်ဝင်စားစရာကောင်းပါတယ်.... အမှတ်တရလေးတွေပေါ့ :)

ဖိုးဂျယ် said...

မတဂ်တော့ဘူးဆိုလို့ ဆက်ဖတ်လိုက်တာ
တော်သေးတာပေါ့ အောက်ဆုံးမှာ ပါလို့ :)
အငယ်ဆုံးလေးဆိုတော့ အောက်ဆုံးမှာပေါ့ :D
ကိုရီနို လူဆိုးပဲဂျ မတဂ်ဘူးလဲပြောသေး
ဒါပေမဲ့ မေ့နေတာလေး သတိပေးတဲ့ အတွက်
ကျေးဇူးပါ ကိုကိုနိုနိုရေ

နာမည် အသစ်ပေးခဲ့တယ် ကိုကိုနိုနို :D

ခင်တဲ့ ညီအငယ်ဆုံးလေး
ဖိုးဂျယ်

Anonymous said...

အိုးဟိုးဟိုး ဟိုး ................. ရက်ချက်ပီ .. ချာရေးရတော့မယ် ... :D စတာပါ ကိုရီနိုရေ .. တက်ဂ်ပြီဆိုတော့လည်း ရေးပေးရမှာပေါ့ ... မကြာမီလာမည် မျှော် :D

အိုက်ခီလောက် said...

အဟား လွတ်သွားပြီ သိနေတယ်
အကြွေးမြန်မြန်ဆပ်လိုက်ရင် သူ့ အကြွေးတွေထပ်ပေးမယ်ဆိုတာ
ကျေးဇူးအထူးတင်ပါတယ် အကြွေးကိုလည်း
ဆပ်ဖို့ အချိန်ယူနေပါတယ် ချစ်ကိုရေ

မြူးသျှရီ said...

မရေးတတ်ပါဘူးတိုနေမှးးးးးးးးးးးးးးးးးးး
ကိုကြီးရီနိုရေးးးးးးးးးးးးးးးးးမြူးလောက်စာရေးညံ့
တဲ့လူကိုမှဟီးးးးးးးးးးးးးးးးးးးးးးး

Sein Lyan Tun said...

ပြောချင်ဘူး
ပြောတော့ဘူး
ဟွင့်
စဉ်းစားတတ်ပါပေ့ကိုနိုရယ်

မိုးခါး said...

အောင်မလေး တဂ်ထားလိုက်တာ သူများဆက်တဂ်ဖို့လူတောင်မကျန်တော့ဘူး .. မတဂ်တော့ဘူး စဉ်းစားပေလို့ပေါ့ကွာ ..

တောင်ပေါ်သား said...

လုပ်ထားဟေ့ နင်တို့ တက်ဂ်လောက ကြီး ဘာဖြစ်နေတုန်း ဟ အဟင့်


လေးစားလျက်
တောင်ပေါ်သား

Maung Myo said...

ဒီ tag လေးက စိတ်ဝင်စားစရာကောင်းတယ် ။း)

ဝလုံးဝိုင်းဝိုင်း said...

ထမင်းစား လာဖိတ်တယ် ထင်နေတာ။ :P ရေးချင်တာ ကြာပြီ။ ရေးပေးပါမယ်ဗျာ။ မကြာခင်ပေါ့။ တက်ဂ်တဲ့ အတွက် ကျေးဇူး။ အဆင်ပြေပါစေ။

ကောင်းကင်ပြာ said...

တတ်ဂ် တာ အမမပါဘူးထင်တယ်နော်၊ တို့ မျက်မှန်ဘယ်မှာ ထားမိမှန်းမသိလို့၊ သေချာ ဖတ်သွားပါတယ် ရီနို

ဂျပန်ကောင်လေး said...

ဟင်း.. တဂ်ထားတယ်.. လက်စားချေတာလား.. ပြန်လာမှရေးပေးတော့မယ်နော်..း)

puluque said...

အင်း ရီနိုမာန် ဆိုတာ ဘာလဲသိချင်နေတာ ကြာပီဗျ ..ခုတော့ သိပါပီ

မြစ်ကျိုးအင်း said...

ရေးပေးပါ့မယ်ဗျာ
အကြွေးတွေ ပိနေပြီ...။

Sein Lyan Tun said...

သေချာရှင်းပါ
ရီနိုဆိုတဲ့ အဓိပါယ်ကို
မရှင်းဘူးးးး
ရီနိုက မာန်နဲ့ ဘာလို့လိုက်လဲဆိုတာကိုလဲဖြည့်စွက်ရှင်းပါ
ရီနိုမာန် တစ်ခုလုံးရဲ့ အဓိပါယ်ကိုသေချာ ပြောပြပါ
ဒါကို ဘွင်းဘွင်းလင်းလင်းသိရမှ
အဟီးးးးးး

သီဟသစ် said...

ရီနိုရေ..
ခုထိကို မရှင်းသေးသလိုပဲ..
ဖိုးစိန်မေးသလို မေးသွားတယ်

mgnge said...

ဟုတ်တယ်အပေါ်က နှစ်ယောက်ကိုထောက်ခံပါတယ်...။

ကိုဖိုးစိန်နဲ့ ကိုသီဟ တို့ကို ထောက်ခံပါတယ်...။

မရှင်းလို့ ပါဗျာ..။

ကြယ်ပြာ said...

နာမည်လေးရဲ့သမိုင်းကြောင်းပေါ့ .... လာဖတ်သွားပါတယ် ရီနိုမာန်ရေ ....

MoeThwayNge said...

အဲ ညီရေ..အကိုက အလုပ်ကများများရယ်ကွာ။
တဂ် ထဲ ပါပြန်ပြီးနော်..။ဘလောက် တွေကြားထဲမှာ ဆိုင်းတီးသလို တီးနေရတာ ညီရေ။မအားရတာ ပြောပါတယ်။အော် မတက်နိုင်ပါဘူး..ခင်မင်လို့ တဂ်မှတော့....
ရေးပေးရမှာ ပေါ့။လာ မည်ကြာမည် ..မျှော်ပေါ့.. အဟတ်။
ခင်တဲ့
အားလုံးကိုပျော်စေချင်သူ