May 31, 2009

နှုတ်ဆက်ခြင်း မဟုတ်ပါ

ကျနော်ကို ချစ်ကြခင်ကြသော၊ ကျနော်က ချစ်သောခင်သော ကျနော့ ညီအစ်ကို မောင်နှမများ အားလုံးကို “ နှုတ်ဆက်ခြင်း မဟုတ်ပါ ” ဆိုတဲ့ ခေါင်းစဉ်လေးကြောင့် စိတ်အနှောက်အယှက်များ ဖြစ်သွားကြရင် ဒီနေရာ ကနေပြီး အရင်ဆုံးတောင်းပန်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်လို့ တော့မရေးတော့ပါဘူးဗျာ။ ကျနော်ရဲ့ ပြင်လို့မရတဲ့ ဗီဇ(အကျင့်)ကြောင့် ကျနော်စိတ်ကို ကျနော် Control မပေးနိုင်ပဲ ဖြစ်နေပါတယ်။ ဒါကြောင့် သူငယ်ချင်းများအားလုံးကို ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။

စနေနေ့ညမှာ တွေခဲ့ရတဲ့ သူငယ်ချင်းများကို ကျေးဇူးအရမ်းတင်ပါတယ်။ ပျော်လည်းပျော်ရွှင်ခဲ့ရပါတယ်။ ဒီလို ချစ်စရာခင်စရာကောင်းတဲ့ ဒီအကိုအမ၊ ညီ၊ညီမတွေ ကို ပေးတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်။ တနင်္ဂနွေနေ့ မှာ ထပ်တွေ့ခဲ့တဲ့ ကျနော့် ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အဖြေမရှိတဲ့ ကျနော်ပုဒ်စာ အတွက် အတင်းမေးမြန်းခြင်းမရှိပဲ ကျနော့် အပေါ်မှာ မသိနားမလည်တဲ့ စိတ်တစ်ခုနဲ့ နေပေးကျတဲ့အတွက်လည်း ကျေးဇူးပါ။ကံမကုန်သေးဘူးဆိုရင်တော့ ကျနော်တို့ အားလုံးပြန်တွေ့ ချင်ပါသေးတယ်။

ကျနော် ဒီဘလော့ဂ်လေးကို ဆက်ရေးနေအုံးမှာပါ။ ဘယ်မှသွားခြင်းလည်းမဟုတ်ပါ။ စင်ကာပူ အတွင်းမှာရှိနေအုံးမှာပါ။ ကျနော်ဖုန်းကိုလည်း ခေါ်ဆို၍ရနိုင်မည်မဟုတ်ပါ။ အွန်းလိုင်းပေါ်မှာလည်း တွေရလိမ့်မည် မဟုတ်ပါ။ ဘာကြောင့်လည်းလို့ မမေးကြပါနဲ့နော်။ ကျနော်ရဲ့ ပြင်မရတဲ့ ဒီစိတ်လေးကြောင့်ပါ။

အားလုံးခွင့်လွှတ်နိုင်ကျ မှာမဟုတ်ဘူးဆိုတာကျနော် နားလည်ပါတယ်။ ကျနော်နားလည်သလို ကျနော်ကိုလည်း ပြန်နားလည်ပေးကြပါနော်။ ကျနော်တို့ မောင်နှမတွေ ကံမကုန်သေးဘူးဆိုရင်တော့ ၉လပိုင်းမှာ ကျရောက်မဲ့ ကျနော့် မွေးနေ့လေးမှာပြန်တွေ့နိုင်မယ်လို့ မျော်လင့်မိပါတယ်။ ဒီကြားထဲ မကျေနပ်တာရှိခဲ့ရင်လည်း ကျနော်ရဲ့ စီဘုံးလေးနဲ့ ကောမန့် မှာလာရောက်အော်နိုင်ပါတယ်ဗျာ။

ဘာအတွက် ဘာကြောင့်မှန်းမသိပဲ ကျနော် မျက်ရည်ကျနေမိတယ်ဗျာ။ ကျွန်တော့် မောင်နှမတွေအားလုံးကို ကျနော် ချစ်ပါတယ်ဗျာ။ အားလုံး အားလုံးကို ...........................ပါတယ်။

ချစ်ခင်လေးစားလျှက်
ရီနိုမာန်

19 comments:

အဆိပ်ခွက် said...

ဘယ်လိုဖြစ်တာလဲဗျာ..ကိုကြိးကလဲ..ထားခဲ့တော့မှာပေါ့ ....... :( :(

ခင်မင်လျှက်
အဆိပ်ခွက်

သားကြီး said...

ဘယ်လိုဖြစ်ရတာလည်းဗျာ ကျနော်တောင်ခုမှပြန်တက်လာတာ... စိတ်မကောင်းစရာတွေတွေ့နေရပြီ
အကြောင်းလေးများတော့ သိပါရစေလား?
မျက်ရည်ကျရတယ်ဆိုတော့ heartကိစ္စလား? မဟုတ်လောက်ပါဘူးနော် ?

yehtutnaung said...

အဲ... ကိုရီနို ကောက်ခါငင်ခါကြီး ဘာဖြစ်သတုန်းဗျာ..။ စိတ်ဖိစီးမှုတွေ ရှိနေတယ်ဆိုရင်လဲ ခဏတဖြုတ်ပေါ့ဗျာ..။ မျက်ရည်တောင်ကျမိတယ် ဆိုတော့ စိတ်မကောင်းလိုက်တာဗျာ။ အဲလိုကြီးတော့ လုပ်ပါနဲ့ ..။ ကံမကုန်သေးပါဘူး၊ ပြန်ဆုံပါဗျာ..။
ဒီမှာ ကျွန်တော် အားခဲထားတာ၊ စလုံးလာရင် ကိုရီနိုကြီးကို ဒုက္ခပေးမယ် ဆိုပြီးတော့လေ။ အဲလို ရှောင်ပြေးနဲ့  ၊ ဆဌမအာရုံများ ရနေသလား ဟင်..။ :P
အလကား အတည် နောက်တာပါဗျာ..။ :P ကိုရီနိုရေ ငုတ်နေရာက အမြန်ဆုံး ပြန်ပေါ်လာပါစေဗျာ..။ ကျန်းမာရေးတော့ ဂရုစိုက် ကိုယ့်လူရေ့ ... !!

သီဟသစ် said...

ရီနိုရေ..

ဘာမှန်းလဲ မသိဘူး၊ စိတ်တော့မကောင်းဘူးကွာ..
နားလည်ပေးချင်တယ်.. တစ်ခုခုတော့ ပြောခဲ့သင့်တယ်ကွာ..

ခင်မင်စွာဖြင့်
good luck

မြူး said...

ကိုကြီးရီနို............
ပြန်လာခဲ့နော်..အဆင်ပြေပါစေ

mysterysnow said...

အကိုရေ
ဘာတွေဖြစ်နေတာလဲဟင်။
တချို့ အရာတွေက ဖြေသိမ့်လို့ရပါတယ်။
အစားထိုးလို့ရပါတယ်။
စိတ်ထဲမှာ အနာဖြစ်နေရင် အကြာကြီး မသိမ်းထားပါနဲ့။
တနည်းနည်းနဲ့ ထွက်ပေါက်ရှာပါ ရုန်းထွက်ပါ။
လူတစ်ယောက်လုံး အသက်ရှင်နေသရွေ့ ဘဝမှာ ဆုံးရှုံးမှုဆိုတာ မရှိလောက်ပါဘူး။
ဒဏ်ရာတို့ ခံစားချက်တို့ဆိုတာ
ဘဝ တစ်ခုလုံးနဲ့စာရင် မပြောပြလောက်တဲ့ မှတ်တိုင်လေးပါ။ ဒီမှတ်တိုင်လေးကို မကျော်နိုင်ရင် ဒီ့ထက်ခက်ခဲတဲ့ အခက်အခဲတွေအတွက် အားအင်တွေ အတွေ့အကြုံတွေ ပျောက်သွားနိုင်ပါတယ်။
စာဆက်ရေးပါ...
ကိုယ်ပိုင်ခံစားချက်တွေကို အတိုင်းအတာ တစ်ခုထိပဲ ခံစားပါလို့ပဲ ပြောရစေ။

မြစ်ကျိုးအင်း said...

ရီနိုရေ ဘာတွေဖြစ်လို့လဲ...သူငယ်ချင်းတဂ်တဲ့ပို့စ်ကို ကျွန်တော် ကခင်မင်လေးစားစွာနဲ့ ရေးပေးခဲ့တယ်..။
အခုတော့ အကြွေးလေးကျေရုံရှိသေး ပြန်တောင် မတဂ် ရသေးဘူး ဘယ်ထွက်သွားမှာလဲ.....။

မြစ်ကျိုးအင်း said...
This comment has been removed by the author.
Sein Lyan Tun said...

သယ်ရင်းဘယ်နေရာရောက်ရောက်
ဘယ်လောက်ပဲဝေးဝေး
သယ်ရင်းအနားမှာ ဖိုးချစ်အမြဲရှိနေမှာပါ
အပိုမပြောသောရင်ထဲကစကားပါ
ဒါပဲပြောချင်တယ်
အချိန်တိုင်းအတွက်ပါ
ချစ်ခင်တဲ့ သယ်ရင်း
ဖိုးချစ်

kaungkinpyar said...

ပုစ္ဆာဆိုတာ အဖြေရှိပါတယ်၊ စာတွေ ဆက်ရေးနေမယ်ဆိုလို့လဲ ၀မ်းသာပါတယ်၊ မွေးနေ့မှာ ပြန်ဆုံကြမယ်

ခီခန့် said...

ကိုရိနို... ဘယ်လိုဖြစ်တာလဲဗျ...
စိတ်မကောင်းပါဖူး... ဗျာ...၀မ်းနည်းမိပါတယ်..။

moekhar said...

လုပ်ပြန်ပီ ..း(
ဘာမှကိုပြောချင်စိတ်မရှိတော့ဘူး
အဆင်ပြေအောင်သာနေပါ ..

မိုးခါး

ဂျပန်ကောင်လေး said...

ဟင်.. ဘယ်လိုဖြစ်ရတာလဲကိုရီနို.... နားတာလား.. ဘာကြီးလဲ.. နားမလည်ဘူး.. ဒါနဲ့ ည ၁၁ နာရီ ၅၉ က မှားနေတယ်ထင်တယ်.. မနေ့ညက စောင့်ဖတ်တာ မတက်လာဘူး... အခုမနက်မှ လာဖတ်တာ...

Anonymous said...

မောင်လေးရီနိုရေ... စနေနေ့ညနေ မောင်နှမတွေ ဆုံတုန်းက မောင်လေးပြောခဲ့တယ်နော်။ ဒါပေမယ့် မကြီးတို့အားလုံး ဘာ့ကြောင့်လဲ လို့ မမေးခဲ့ပါဘူး။ မောင်လေးမှာလဲ ပြောပြလို့မဖြစ်နိုင်တာ ရှိမှာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် မောင်နှမတွေ ဆုံဖို့ချိန်းလိုက်တိုင်း အလုပ်တွေကို ဖျက်ပြီး အချိန်မှီရောက်လာတတ်တဲ့ မောင်လေးကို အမြဲအမှတ်ရနေမှာပါ။ မောင်လေး ဒီပိုစ့်လေးကို ရေးတုန်းက မျက်ရည်ကျမိသလို မကြီးလည်း ဒီကွန်မန့်လေးကို ရေရင်းစိတ်မကောင်း ဖြစ်မိပါတယ်။ ခဏတာလေး တွေ့ခဲ့တဲ့ မောင်နှမတွေက ဟိုး ... အရင် ငယ်ပေါင်းကြီးဖေါ်တွေလို စိတ်ဓါတ်လေးနဲ့ အပြန်အလှန် ခင်မင်နေကြတဲ့ အချိန်မှာ ရုပ်တရက် အခုလို တစ်ယောက်က တနေရာတည်း နေပြီး ဆက်သွယ်လို့မရတဲ့ အခြေအနေမို့ ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကြီးတို့ မောင်နှမတွေဆီကို အချိန်မရွေး ဆက်သွယ်ပါနော်။ ပြန်လာမယ့် မောင်လေးရဲ့ မွေးနေ့ရက်ကို လည်း မျှော်နေပါ့မယ်။
မောင်လေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေနော်။

ခင်မင်တဲ့
မကြီး မေတ္တာရောင်ပြန်

Anonymous said...

ကျွန်တော် စာမေးပွဲနဲ့ မို့လို့ မရောက်ဖြစ်တာ ကိုရီနိုရေ ..ဘလော့ထဲ ခဏ ဝင်ကြည့်တုန်း ခေါင်းစဉ်ကိုတွေ့လို့ ဘာများဖြစ်လဲ ဆိုပြီး ချက်ချင်းလိုက်လာတာ ... ပြောဖို့မဖြစ်တဲ့ အခြေအနေတစ်ခုက အကြောင်းအရာအတွေအတွက် ဘာဖြစ်လို့လဲ လို့တော့ မမေးတော့ပါဘူးလေ .... တစ်ခုခု ဖြစ်နေပြီဆိုတာတော့ အစောကြီးတည်းက သိနေတယ် .. အရင် ရီနိုမာန်က ဒီလိုမှ မဟုတ်တာ ... မနက်မိုးလင်းတာနဲ့ စီဘောက်မှာ တွေ့ရပြီ .. ဘယ်သူလဲ ကိုရီနို ... ဘယ်ဘလောက်ကိုရောက်ရောက် သူ့ကိုတွေ့ရတယ် ... ဘလော့တစ်ခု update ဖြစ်တိုင်းလည်း ကိုရီနိုမာန်ဘလော့က အမြဲတမ်းပါတယ် ... အခု ဒီလို မဟုတ်တော့တာ ကြာပြီ ... ထားပါတော့လေ .. နှုတ်ဆက်တာ မဟုတ်ဘူးဆိုတဲ့ အတွက်ပဲ ဝမ်းသာပါတယ် ... ပြန်လာခဲ့ပါ .. တစ်နေ့နေ့ပေါ့ ... အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့ဦးမယ်ဆိုရင်တောင် ဒီက ညီအစ်ကိုတွေအားလုံး မျှော်လင့်ချက်နဲ့ ရှိနေကြဦးမှာပါ ... ထွက်သွားဖို့တော့ လုံးဝမကြိုးစားနဲ့နော် ... ကျွန်တော့်နစ်နိမ်း တက်ဂ်ပို့မှာ ကိုရီနို ကောမန့်မပါသေးဘူးဗျ ... ခုမှ လာပေးမယ် မဟုတ်နဲ့ မရဘူး .. ကောမန့်ဖျောက်ထားလိုက်ပြီ ... ကောမန့်ပေးပြီး လစ်သွားမှာ စိုးလို့ .. အဟေး ... နောက်ဆုံး တစ်လုံး ရေးဦးမယ် .. အဲဒါပြီးမှ ကောမန့် ပြန်တင်မယ် .. အဲတော့မှ ပြန်လာရေး ... ပျောက်လို့ကတော့ နာမယ်သာမှတ် .. အဟီး :D

ဖိုးဂျယ် said...

ပထမကတော့ မစဉ်းစားမိဘူး။ ဒါပေမဲ့ မနေ့က ခွက်ခွက်က ကိုဖိုးဂျယ်တဲ့ ကိုကိုနိုနို ဘလော့က နှုတ်ဆက်တာလား မသိဘူးတဲ့ စိတ်မဆိုးနဲ့လဲပြောတယ်၊ ကျွန်တော်တို့ အကြောင်းလဲ မဟုတ်ဘူးတဲ့ အစတည်းက သိရင် ပိုစိတ်မကောင်းဘူးဖြစ်မှာဗျ။ ဘာပဲဖြစ်ဖြစ် ပြန်လာစေနိုင်ပါစေလို့ ဆုတောင်းပေးမိမှာ အခုတော့ ဒီကောမန့်မှာပဲ ပြောရတာပေါ့။ ကျွန်တော်ပိုစ့်ထဲမှာ ပြောခဲ့သလိုပဲ ဒီမောင်နှမတွေက ဘုရားပေးတဲ့ အကောင်းဆုံး ဆုတခုပါပဲ။ ဒီမောင်နှမတွေကို ဘယ်တော့မှ မမေ့ပါနဲ့လို့ ပြောပါ့ရစေ။ ဖြစ်နိုင်ရင် ကျွန်တော့် ပြန်ရင် အားလုံး လိုက်ပို့စေချင်တယ်ဗျာ။ ဒါပေမဲ့ ကိုကိုနိုနိုမှာ အခက်ခဲရှိရင်တော့ စိတ်မကောင်းဘူးပေါ့။ ဦးရှင်ကြီးတုန်းကလဲ လိုက်မပို့လိုက်ရဘူး။ ဟီး အရစ်တွေ ရှည်ကုန်ပြီ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ။ စင်ကာပူက မောင်နှမတွေ အားလုံး မကြာခဏ တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အရာရာ အဆင်ပြေပါစေ ကိုကိုနိုနိုရေ

ညီလေး ဖိုးဂျယ်

ကြယ်ဖြူစင် said...

ဘာမှကိုမပြောချင်တော့ဘူး ..မွေးနေ့ကျမှဘဲကောင်း ကောင်းနှိပ်စက်တော့မယ်...မြန်မြန်ပြန်လာ

khin oo may said...

all the best .
will miss you.

mgnge said...

ဘာလို့ လည်းအကိုရာ.. အဲ့ဒါကြောင့် အွန်လိုင်းမှာ မတွေ့ တော့တာ ကိုး...
ထား ပါ...
အဆင်ပြေ သွားမှာပါ...