2007 ဇွန်လ မှာ ရန်ကုန်ကို မလေးရှားကနေ ပြန်ရောက်တယ်။ ကျွန်တော်လည်း ပြန်ထွက်ဖို့ ကြိုစားတာပေါ့။ အချိန်တစ်နှစ်နီးပါးလောက် ကြာသွားတယ်။ ဒီကြားထဲလည်း ဟိုသင်တန်းတက်လိုက်၊ ဒီသင်တန်းတက်လိုက်နဲ့ အချိန်တွေကိုကုန်ဆုံးစေခဲ့တယ်။ အမှန်အတိုင်းပြောရရင် မြန်မာပြည်ကြီး ကို ချစ်တယ်။ မြန်မာ့ ယဉ်ကျေးမှုကို တန်းဖိုးထားတယ်။ မြန်မာတွေရဲ့ ကူညီတက်တဲ့ စိတ်ဓာတ်ကို လေးစားတယ်။ ဒါပင်မဲ့ ကျနော် မြန်မာပြည်မှာ မနေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလေးရှားမှာ ရှိတဲ့ တောထဲကိုရောက်ပြီးကတည်းက ဆိုရမှာပေါ့။ တော ဆိုပင်မဲ့ ပြည်နယ် နှင့်တိုင်းမှာ ရှိကြတဲ့ မြို့တွေထက်သာတာတော့ လက်ခံတယ်။ အထင်ကြီးလို့ပြောတာ မဟုတ်ဘူး။ အရမ်းကို ကွာခြားနေလို့ ပြောတာပါ။
သူငယ်ချင်းတွေကထင်ကြအုံးမယ်။လွတ်လပ်လို့နေမှာပေါ့လို့။ အမှန်က ကျနော် ၁၀တန်းအောင်ပြီးကတည်းက လွတ်လွတ်လပ်လပ် တစ်ယောက်ထဲ နေလာခဲ့တာပါ။ သူများအိမ်မှာလည်းနေဖူးတယ်။ အဆောင်မှာလည်း နေဖူးတယ်။ အခန်းငှားပြီးတော့လည်းနေရဖူးတယ်။ ဒါတွေအားလုံးက မိဘနဲ့ နေရတာလောက် မကောင်းဘူးဆိုတာ ကျနော်ကိုယ်တိုင်လည်း သိပါတယ်။ ကျနော်ကိုယ်တိုင်က အေးအေးဆေးဆေး နေရခြင်းကို မြတ်နိုးသူပါ။

မှတ်မိနေသေးတယ်။ ကျနော် ၂တန်းနှစ်တုန်းကပေါ့။ ကျနော်တို့ ကစစ်တပ်မိသားစုဆိုတော့ ဟိုပြောင်းဒီပြောင်း သိပ်ကိုများပါတယ်။ ပစ္စည်းများများ စုထားလို့ မရပါဘူး။ ရှိတာတွေကိုလည်း သေတ္တာတွေနဲ့ ထည့်ထားရတာပါ။ အဝတ်ဆိုလည်း အဝတ်သေတ္တာနဲ့ပေါ့။ အမေနဲ့ ကျနော့် အဝတ်တွေကို သေတ္တာတစ်လုံးထဲမှာပေါင်း ထည့်တယ်။ အဖေ ရှေ့တန်းပြန်လာတော့ သေတ္တာသေးသေးလေး တစ်လုံးပါလာတယ်။ (ရှေ့တန်းထွက်ရင် အရာရှိတွေသုံးတဲ့ သံသေတ္တာလေးပါ) အဖေပြန်ရောက် ပြီးဆိုရင် ကျနော်က တစ်စခန်းထပြီ။ ကျနော် အဝတ်တွေကိုထုတ်ပြီး အဲ့ဒီသေတ္တာလေးထဲ ကိုထည့်တယ်။ အမေက ပြန်ထုတ်တယ်။( အဖေအတွက် နောက်တစ်ခေါက် သုံးရအုံးမှာကိုအမေ ကသိနေတာပေါ့) ကျနော်က မသိတော့ သွားပြန်ထည့်လိုက်လိုက်နဲ့ နောက်ဆုံးတော့ အရိုက်ခံရပါလေရောဗျာ။ တစ်ယောက်ထဲ နေချင်တာကို ပြောပြတာပါ။
ကျနော် အရိုက်ခံရတော့ အဖေက မနေနိုင်တော့ဘူး။ သူ့ တပ်ခွဲက ဆရာကြီးတစ်ယောက်ကို သေတ္တာ တစ်လုံးထပ်ရှာခိုင်းတယ်။ အဖေ သေတ္တာလေးကို ကျနော်ရလိုက်တယ်။ ကျနော်ကတော့ ကိုယ်လိုချင်တာ ရတော့ ပျော်နေတာပေါ့။ အမေဆို ကျနော်ကို အမြဲပြောတယ်။ တစ်ကိုယ်ကောင်း သမားတဲ့။ ကျနော်ကိုယ်တိုင်လည်း သိပါတယ်။ တစ်ခါတစ်ခါ အရမ်းတစ်ကိုယ်ကောင်းဆံတယ်။ ကျနော် ကိုယ်တိုင်လည်းသိတယ် ။ ပြင်လို့ရတဲ့ အခါပြင်တယ် ။ ပြင်လို့မရရင် ရေလိုက်ငါးလိုက်နေလိုက်တယ်။ ရေးနေရင်နဲ့ဘယ်ရောက် သွားပြန်ပါလိမ့် နော်.......................
အမြန်ဆုံးပြန်ထွက်ချင်တဲ့ စိတ်နဲ့ မြန်မာတွေရဲ့ ထုံးစံအတိုင်း ဟိုသွားဒီသွား ဟိုမေးဒီမေး လုပ်ရတာပေါ့ဗျာ။ အရောက်အများဆုံးကတော့ ရွှေတိဂုံ ဘုရားပေါ့။ ဘုရားကို ခဏခဏ ရောက်တယ်။ ဘုရားရင်ပြင်ကို ရောက်ရင် ဒေါင့်လေးဒေါင့်မှာရှိတဲ့ ဘုရားတွေကို အရင်ဖူးတယ်။ ပြီးရင် အောင်မြေမှာ ဘုရားဝတ်ပြုတယ်။ ဒါပြီးရင်တော့ အရိပ်ကောင်းကောင်းရှာပြီ ရွှေတိဂုံဘုရားကို အဝးကနေ ကြည်ညိုတယ်။ အဲဒါေ၇ွှတိ၈ုံဘုရားကို ရောက်ရင် လုပ်နေကျပုံမှန်ပဲ မပြောင်းဘူး။ ပြောင်းတာတစ်ခုကတော့ ထိုင်ပြီး ကြည်ညိုတဲ့ နေရာပဲပြောင်းတာ။
ဒီလိုနဲ့ နာဂစ်မဖြစ်ခင် ပါမစ် မကျခင်လေးမှာပေါ့ ရွှေတိဂုံဘုရားကို သူငယ်ချင်းတစ်ယောက်နဲ့ အတူတူညနေပိုင်းမှာ သွားဖြစ်တယ်။ ဒီတခါတော့ ညနေ နေကျချိန်ဆိုတော့ အရိပ်ရှာစရာမလိုဘူး။ ဘုရားကို တစ်ပတ်ပြီး တစ်ပတ် ပတ်တော့တာပေါ့။ ဘုရား အရိပ်က အေးချမ်းတယ်ဆိုတာတော့ ကျနော် မပြောလည်း ဗုဒ္ဓဘာသာ ကိုးကွယ်သူတိုင်းသိကြမှာပါ။
ဒီလိုနဲ့ ခြေတော်ရာရှိတဲ့ ဇရပ်ထဲကို ဝင်ပြီး ခြေတော်ရာထဲက ရေကို သောက်ပြီးပြန်အထွက်မှာ ကျနော့်သူငယ်ချင်း ဖိနပ်မရှိတော့ဘူး။ ကျတော်တို့ ဇရပ်ထဲကို ရောက်တဲ့ အချိန်မှာ အထဲမှာ ဦးလေးကြီး တစ်ယောက်ပဲရှိတာ။ ခြေတော်ရာထဲမှ ရေကို သောက်နေကျတုံးမှာ အဲဒီဦးလေးကြီး ထသွားတာကိုတွေ့ လိုက်တယ်။ ဖိနပ်ကောက်သွားတာကိုလည်း တွေ့လိုက်ရတယ်။ ကျနော်တို့ထင်တာ သူ့ဖိနပ်သူယူတယ်လို့ပဲ ထင်တာပေါ့။ ဘယ်ဟုတ်မလဲ ပါသွားတာ ကျနော်သူငယ်ချင်းဖိနပ်...............
ဖြစ်ချင်တော့ အချိန်ကလဲ ၈နာရီကျော်နေပြီ။ ဘုရားဖူးရုံသက်သက်ဆိုတော့ နှစ်ယောက်ပေါင်းလို့ ဖိနပ်တစ်ရံဖိုးက မပြည့်ပြန်ဘူး။ သူ့ခများ ဖိနပ်မပါပဲ အိမ်ကို လိုင်းကားစီးပြီး ပြန်သွားပါတယ်။
ကျနော်လည်း အပြန်လမ်းမှာ တွေးမိတာတစ်ခုကတော့ .......... .............. ............. ဪ
ဘုရားပေါ်လာပြီး ဒီလိုအလုပ်မျိုးလုပ်ဖို့ ဝန်မလေးကြတာကို ကြည့်ပြီး မြန်မာပြည်မှာ အကျင့်ပျက်တဲ့ လူပေါင်းမြောက်များစွာ ရှိနေတယ်ဆိုတာ မဆန်းတော့ပါဘူးလေ...............................................

17 comments:
ကျနော်တစ်နေရာကိုရယူလိုက်ပါပြီး... တော်သေးတယ် ဖိနပ်ဘဲခိုးလိုးဟီ
ခင်မင်လျှက်
အရုပ်လေးရဲ့အဆိပ်ခွက်
ကိုရီနိုရေ.. မြန်မာပြည်မှာ အကျင့်ပျက်တာတော့ ကြာရော့။ ဖိနပ်ပဲ ခိုးသွားတာ ကံကောင်းတယ် မှတ်ပါ။ :P
ဟုတ်တယ်မောင်လေးရေ... ဘုရားကျောင်းကန်တွေမှာ တွေမှာလဲ ဒါမျိုးတွေရှိတယ်လေ။ နေရာတိုင်းမှာ တွေ့နေရတယ်။ လူတွေရဲ့ စည်းကမ်းပေါ့မောင်လေးရယ်။ ဆင်ခြင်သင့်ပါတယ်။
ခင်တဲ့
မကြီး
စာရိတ္တတွေ ပြန်ကောင်းဘို့ဆို နောက်ထပ် မျိုးဆက် ၂ ဆက်လောက်ပြုပြင်ရမယ်ထင်တယ်..။
အဲဒီလိုမျိုတွေကြားဖူးတာကြာပြီ..ကြုံတော့မကြုံဘူး သေးဘူး..ဘုရားကျောင်းကန်တို့..အလှူတို့မှာ လေ..ဟင်းးးးးးးးးးးး(သက်ပြင်းချသံ)...
ပျော်ရွှင်ပါစေအကို
ကြယ်ဖြူစင်
ဖြစ်တတ်ပါတယ် ရီနိုရေ..
သတိတွေထားရမှာပေါ့ကွာ...
အကျင့်တွေကတော့မပြောနဲ့တော့ဟေ့....
:D
ဟုတ်တယ်ကိုရီနိုရေ
မြန်မာပြည်မှာ အကျင့် စာရိတ္တပိုင်း
ကို တော်တော်လေးကို ပြင်ယူရမယ်
မူလတန်းလောက်ကနေကို ပြင်ယူမှဖြစ်မှာ
အရာရာသတိရှိနေဖို့ တော့ အရေးကြီးတာပေါ့
ခင်မင်စွာဖြင့်
ဝသန်
ကိုရီနိုရေ လာဖတ်သွားတယ်။ အိမ်ကိုတောင်ပြန်ချင်လာပြီ။ ငိုချင်ရက်လက်တို့နော်။ သူတို့လည်း အကျင့်ဘယ်ပျက်ချင်ပါ့မလည်းနော်။ နားလည်ပေးလိုက်ပါ ကိုရီနိုရယ်။ ညီမလေး ပါးလုံး
အဲလို အကျင့်စရိုက်မျိုးတွေရှိတဲ့သူတွေ မြန်မာနိုင်ငံမှာ ရှိနေတာတော့ တော်တော်ကြာပါပြီ .. ဒါပေမယ့် ဘုရားပေါ်မှာတော့ မလုပ်သင့်ဘူးပေါ့နော် ... စိတ်အေး လက်အေးနဲ့ ဘုရားဝတ်ပြုဖို့ လာတဲ့ ဘုရားဖူးတစ်ယောက်အတွက် အတိုင်းအတာ တစ်ခုအထိ စိတ်အနှောင့်အယှက် ဖြစ်နိုင်တဲ့ ကိစ္စရပ်မျိုးမို့လို့ စာနာတတ်မယ်ဆိုရင် မဖြစ်ခဲ့သင့်ပါဘူး .. နောက်ပြီး ဖိနပ်တစ်ရံဆိုတာကလည်း ရောင်းစားရင်တောင် ဘယ်လောက်များများရမှာ မို့လို့လဲ ... ဒါတွေက ထားပါလေ .. တစ်နေ့နေ့မှာတော့ အရာအားလုံး နေသားတကျဖြစ်သွားအောင် ပြင်ဆင်ဖန်တီးနိုင်မယ့် အချိန်တစ်ခါ တစ်ခုရောက်လာဦးမှာပါ .. လောလောဆယ် ရောက်မလာခင်တော့ ဖိနပ်စင်မှာ အပ်ထားလိုက်တာ အကောင်းဆုံးပါပဲ ... :D
ကိုကြီးရီနို........
လူတွေက ဘုရားပေါ်မှာတောင် ဘာကြောင့်ဖိနပ်ခိုးဖို့ အထိဖြစ်လာတာလဲ???? သူတို့ တွေ ရဲ့ အခက်ခဲက ဘယ်လောက်တောင်ကြီးမားနေလဲ????
အဲဒီဖိနပ် ယူသွားပြီးသူဘာလုတ်လိုက်လဲ??
ကိုကြီးရီနိုရေ..............လဲပေါင်းများစွာ နဲ့ 
တရာခံကဘယ်သူလဲ????????????????
ခင်တဲ့
ညီမလေးမြူး
ကိုနို
သယ်ရင်း
စနေနံထွက်တယ်လို့မှတ်ပါ
တကယ်တော့ ယူသွားတဲ့သူလဲ တကယ့်ကိုလုပ်စရာ မရှိတော့လို့ လုပ်သွားတာနေမှာပေါ့
ကိုယ်လဲ ကုသိုလ်ရပါတယ်
ဖြစ်ပြီးမှတော့ မထူးဘူးလေ
ကိုယ့်ဆီက ယူသွားတာလေးက သူတို့ဘဝအတွက် ဖြေရှင်းနိုင်မယ်ဆိုရင်ပေါ့
ဟုတ်ဘူးလား
မကောင်းတာက မကောင်းတာတပိုင်းပေါ့
သယ်ရင်းရေ
စိတ်ထဲပေါက်တာရေးသွားတယ်သယ်ရင်း
မှားနေရင်တော့ခွင်လွှတ်နော်
သယ်ရင်းချစ်တဲ့
ဖိုးချစ်
ဖိုးစိန်
ဒီလိုတွေ ကြားရ သိရတာ စိတ်မသက်သာဘူး .. ဖိနပ်တရံအတွက်တောင် လူတွေ စိတ်ဓါတ်ပျက်ပြားနေကြပြီလား ..
ရင်မောပါရဲ့ ............
မပြောချင်ပါဘူးဗျာ... အဟဲ ဘ၀ ဘ၀ ဘ၀ ဘ၀ ဘ၀ ဘ၀ .........
လေးစားလျက်
တောင်ပေါ်သား
ဘုရားမှာ အလှူလုပ်ခဲ့တာကိုး အဲ သူ့မှာစီးစရာမရှိလို့ ယူသွားတာပဲဖြစ်မယ်..ရောင်းစားဖို့တော့ ဟုတ်ဟန်မတူဘူး။ လှူလိုက်တယ်လို့ သဘောထားပြီး
သာဓုခေါ်လိုက်ပါ။
ဘုရားပေါ်မှာတောင် လုပ်ရဲတဲ့သူကို အံ့သြစရာပဲဗျာ။
ပညာမဲ့လို့ လား။။။အကျင့်ပဲမကောင်းလို့ လား။ လား ပေါင်း များစွာနှင့် တွေးနေမိတယ်။။။
ခင်မင်ခြင်းနှင့်
တလနွန်
လူ့အကျင့်စရိုက်တွေတော့ ပျက်ပြားလာတာပဲ အစ်ကိုရေ...
ဒါကဒီလို ရှိတယ်.... ဟိုဟာ ကဟို လိုရှိတယ်...။
သိတော့ဘူးးးးးးးးးးးး
Post a Comment