May 9, 2009

အမေကို လွမ်းတယ်

နှလုံးသွေးခြင်း ထပ်တူပါ အမေ။
အမေပေးတဲ့ နှလုံးသွေးနဲ့
သား အမေ့ကို လွမ်းတယ် အမေ။
အမေ့ကို လွမ်းတဲ့ သားရဲ့ ရင်ခုံသံတွေ
အမေ နားဆင်ဖို့ပါ အမေ။

အဝေးရောက် သား
အမေ့ကို လွမ်းနေတယ် အမေ။
စိတ်ခြင်းထပ် နှလုံးသွေးခြင်းဆက်လို့
အမေလည်း သားကိုလွမ်းနေတယ်ဆိုတာ
သားသိပါတယ် အမေ။

သနပ်ခါး ရေကြဲလေးနဲ့ အမေ့မျက်နှာ
သား အမြဲမြင်ရောင် နေမိတယ် အမေ။
အလုပ်တွေ ဘယ်လေက်များစေ
တစ်ချက်လေး မညှိုးတဲ့ အမေ့မျက်နှာ
သားအတွက် အင်အားတွေပါအမေ။

ငယ်ငယ်က ကြားနေကြ
အမေ ဗိုင်းငင်၊ ချည်ချ သံ
ယက်ကန်းစင်က အမေ့လက်ခတ်သံ
သားအတွက် ထာဝရ ချိုတဲ့
ဂီတ စီးချက် တွေပါ အမေ။

သားကြီးမို့ သားငယ်ဖို့
သမီးလေးနဲ့ သမီးထွေး
တူညီသော မေတ္တာ ဖြန့်ဝေ
အေမြတဲ့ အမေ့ရင်ခွင်ကို
သား အမြန်ဆုံး ပြန်လာမယ်အမေ။

အခုများတော့ ဝေးတစ်မြေ
အလွမ်းတွေနဲ့ သားတစ်ယောက်
အမေ့အတွက် ဆုမွန်ကောင်းများ တောင်းလို့
သား ကန်တော့ပါတယ် အမေ။

ကိုဆန်းဝင်းဆီ မှ ပြန်လည်ခံစားဖေါ်ပြသည်။

17 comments:

Anonymous said...

ကြည့်စမ်း ကြည့်စမ်း အိမ်အသစ်လေးနဲ့ပါလား လှလိုက်တာ လွန်ရော .... :)

Anonymous said...

ကို Reenoe အမေ့အကြောင်းတင်တာလေးတွေ့ တော့ ကျွန်တော်လည်းရေးချင်လာတယ်ဗျာ .. လွန်ခဲ့တဲ့ ၃ ရက်လောက်ကစပြီး ကျွန်တော့်ဆိုဒ်ထဲ ဝင်လို့မရတော့ဘူး .. အဖျက်ခံလိုက်ရတယ် .. မနှစ်တုန်းက ဆက်မရေးဖြစ်ခဲ့တဲ့ Blogspot လေးကိုပဲ ခုဖုန်ပြန်သုတ်ပြီး ပြန်ရေးဖို့ လုပ်နေတယ် .. အားတဲ့တစ်နေ့ လင့်လေးပြောင်းချိတ်ပေးပါဗျာ .. လင့်ကိုတော့ photo နေ ကလစ်ပြီးပဲ ကြည့်လိုက်ပါ .. ကျေးဇူး

ဝသန်မိုး said...

လာလွမ်းသွားပါတယ်ဗျာ။
အမေချစ်တဲ့သားတွေကိုးနော့.......

မြူးသျှရီ said...

အိမ်လေးကလှတယ်
ကဗျာကလဲလှတယ်
လူရေားဟင်ချေားလား????

မြစ်ကျိုးအင်း said...

မျက်စေ့လည်သွားတယ် ဒီဇိုင်းအသစ်လေးနဲ့ပဲ...။
ကျွန်တော်လည်း ဒီနေ့ အမေ့အကြောင်းတွေ လိုက်ဖတ်နေတာ အမေ့ကိုတောင် လွမ်းလာပြီ..။

ကောင်းကင်ပြာ said...

အိမ်လှလှလေးနဲ့ အမေကို လွမ်းနေတဲ့ မောင်လေးဆီ ကဗျာလာဖတ်သွားတယ်နော်၊ အမရဲ့ မလှမပ ဘလော့လေးဆီလာရင်တော့ သီးခံပါဦးလို့ ပြောပရစေ

Anonymous said...

ကျနော်လည်း အမေ့ကိုလွမ်းသွားပြီဗျာ
အဆင်ပြေပျော်ရွှင်ပါစေ

Anonymous said...

များစွာသော အမေ့ပုံရိပ်များကို ဖတ်ရှု မြင်ယောင်ပြီး မျှဝေ ခံစားသွားပါတယ်။

အိုက်ခီလောက် said...

အကိုရေ အမေ့အသံကြားရင် အမေ့ကိုပိုလွမ်းတယ် မနေနိုင်ဘူး
ခုတစ်လောအမေ့ပိုစ့်တွေဖတ်ရတော့ ပိုသတိရလာတယ်
သောက်ဖြစ်တာလည်းများနေပြီ အကိုရ
ဘာလုပ်ရမှန်းကိုမသိတာ
အကိုတို့ က အမေ့ အကြောင်းတွေ ရေးထားတော့ပိုခံစားရတယ်
ဖတ်မိတိုင်းလည်း သောက်ဖြစ်တာ အခါခါပဲ
ညီကိုတော့ခွင့်လွတ်ပေးပါ ဒါပဲစိတ်ဖြေနေတာလေ
မိဘ ချစ်တဲ့ သားပါပဲ အမေ့ကိုပိုချစ်တယ် အကိုရ

Sein Lyan Tun said...

အမေချစ်တဲ့သားချင်အတူတူလာရောက်ဂါဝရပြုသွားပါတယ်ဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Anonymous said...

အမေ့ ရင်ခွင်ကို သား သမီးတွေ လွမ်းနေတာ အမေသိပါ့မလား မသိဘူးနော်။ ကဗျာလေး အတွက် ကျေးဇူးပါနော်။

မကြီ
မေတ္တာရောင်ပြန်

Anonymous said...

အမေများနေ့နှင့်အတူ အမေ့ရဲ့ သားသမီးများ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

မမသီရိ said...

အမေ့ ကို ချစ်တဲ့ အချစ်တွေရဲ့ အကြောင်း
လာဖတ်တယ်...
ကိုယ်တိုင်ရေးတာ မဟုတ်ဖူး ဆိုလို့
စာတွေ မပြင်တော့ဘူးနော် မောင်လေးရေ..
အိမ်သစ်လေး က အရမ်း လှတယ်

ဖြိုးဇာနည် said...

အမေများနေ့မှာ အမေအကြောင်းလေးကို
ဖတ်လိုက်ရတာ အရမ်းကျေနပ်မိပါတယ့်

yehtutnaung said...

အမေ ကဗျာကို ဖတ်သွားပါတယ်ဗျာ။ ထပ်တူပါပဲ။

မိုးမြင့်အောင် said...

ထပ်တူပါပဲ

သူကြီးမင်း (တုံးဖလား) said...

အဝေးရောက် သားနှင့် အိမ်က မိခင် လွမ်းဆွေးပုံချင်း တူနေမှာပါ။