May 14, 2009

ဒဏ်ရာချိုချို

မင်းကြောင့် ....အစားထိုးမရတဲ့
ခံစားမှုတွေ
နှလုံးသားမှာရှိခဲ့တယ်။
မင်းကြောင့် ......အတားအဆီးမဲ့
မျက်ရည်မိုးတွေ
နှလုံးသားမှာရွာခဲ့တယ်။
မင်းကြောင့် .......အပ်ကြောင်းထပ်နေတဲ့
ဒဏ်ရာဒဏ်ချက်တွေ
နှလုံးသားမှာရှိခဲ့တယ်။
မင်းကြောင့် ............မကုန်နိုင်တဲ့
လွမ်းဆွတ်မှုတွေ
နှလုံးသားမှာရှိခဲ့တယ်။
မင်းကြောင့် ...............မရေရာတဲ့
ဘ၀လမ်းထဲ
ငါ တစ်ယောက်တည်း လျှောက်နေတယ်
ဒါပေမယ့် ချစ်သူရယ်..............
အရိုးသားဆုံး နှလုံးသားသားလေးနဲ့
မင်းကိုငါ... ချစ်နေဆဲ။ ။

ကဗျာပိုင်ရှင် - အဖြူရောင်နက်သမီး

7 comments:

Anonymous said...

နာကျင်စရာတွေကို ချိုမြိန်တဲ့ အချစ်တွေ အဖြစ်ပြောင်းလဲခံစား နေရတာကိုက အချစ်ရဲ့ အရသာတွေလား မသိတော့ဘူးနော်။
ကဗျာလေးကို လာရောက်ခံစားသွားပါတယ်။

ခင်မင်လျှက်
မကြီး

Sein Lyan Tun said...

မင်းကိုငါချစ်နေဆဲ ချစ်နေဆဲ
ချစ်နေဆဲ

မိုးခါး said...

အင်း ..
ဟုတ်တော့ဟုတ်နေပါပြီ .. :D

ဂျပန်ကောင်လေး said...

အမယ်.. ငါ့အစ်ကိုက ဟုတ်နေပါလား.. ဟီး.. ထင်ရဘူး

Maung Myo said...

ခင်ဘုဏ်း ဆိုထားတဲ့ မင်းကြောင့် မင်းကြောင့်ပါကွယ် ဆိုတဲ့ သီချင်းလေးတောင် သွားသတိရမိတယ်း) ကဗျာလေးကောင်းတယ် ။

ကြယ်ဖြူစင် said...

စည်သူလွင်ကကို့ကြောင့်တဲ့.. ကိုရီနိုကမင်းကြောင့်ပေါ့..ခံစားချက်တွေ.. ခံစားချက်တွေ...

မြစ်ကျိုးအင်း said...

မင်းကြောင့်...ငါပျော်ခဲ့ရတယ်..မင်းကိုငါ...ချစ်နေဆဲ
....ကဗျာတွေက ခံစားချက်တွေကို ဖော်ပြတယ်..။
ခံစားချက်တွေက ကဗျာတွေဖြစ်လာတယ်..။