May 7, 2009

စမ်းသပ်ကြည့်ပါ

သူငယ်ချင်းတို့ 
ဒါဆိုဒီမေးခွန်းလေးတွေဖြေကြည့်လိုက်နော်။
မေးခွန်းတွေကိုကြိုတော့မကြည့်ရဘူးနော်။
ကိုယ်ရွေးလိုက်တဲ့အဖြေရဲ့ ဘေးကရေးထားတဲ့နံပါတ်တွေအတိုင်းဆက်ဖြေသွားရုံပါ။
မေးခွန်းတိုင်းဖြေဖို့ မလိုပါဘူး
၁။ သွားချင်တဲ့နေရာတစ်ခုရွေးပါ။
(A) ပေကျင်း - မေးခွန်းနံပါတ် ၂ ကိုဖြေပါ
(B) တိုကျို - မေးခွန်းနံပါတ် ၃ ကိုဖြေပါ
(C) ပဲရစ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ

၂။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါငိုတတ်သလား?
(A) ငိုတတ်တယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) မငိုတတ်ဘူး - မေးခွန်းနံပါတ် ၃ ကိုဖြေပါ

၃။ သင်ဟာချစ်သူနဲ့ ချိန်းထားတယ်၊
ပြောထားတဲ့အချိန်ထက်တစ်နာရီလောက်နောက်ကျနေတာတောင်သူကရောက်မလာသေးဘူး၊
ဒါဆိုသင်ဘာလုပ်မလဲ?
(A) နောက်ထပ်နာရီဝက်တော့ထပ်စောင့်လိုက်မယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) ချက်ချင်းပဲပြန်တော့မယ် - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(C) လာတဲ့အထိစောင့်မှာပေါ့ - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၎။ တစ်ယောက်ထဲရုပ်ရှင်သွားကြည့်တတ်လား?
(A) အင်း - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(B) ဟင့်အင်း - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၅။ ပထမဆုံးချိန်းတွေ့ ချိန်မှာ သူကသူ့ ကိုနမ်းဖို့ တောင်းဆိုလာရင် ဘာလုပ်မလဲ?
(A) မနမ်းပါဘူး - မေးခွန်းနံပါတ် ၆ ကိုဖြေပါ
(B) သူ့ လက်ခုံကိုဖွဖွလေးနမ်းမယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(C) ကိုယ့်ချစ်သူပဲ၊ နမ်းမှာပေါ့ - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၆။ သင်ကဟာသဥာဏ်ရွှင်တဲ့သူလား
(A) ဟုတ်တယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(B) မဟုတ်ဘူး - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၇။ သင်ဟာဘယ်အရာမဆိုဦးဆောင်နိုင်စွမ်းရှိသူလား
(A) ထင်ပါတယ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မဟုတ်ပါဘူး - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ

၈။ တကယ်လို့ သင့်မှာရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူအဖြစ်မွေးဖွားလာခဲ့ချင်သလဲ
(A) ယောင်္ကျားအဖြစ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မိန်းမအဖြစ် - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ
(C) ဘာဖြစ်ဖြစ်ပါ - TYPE D ( အဖြေတစ်ခါတည်းကြည့်လို့ ရပါပြီ )

၉။ တစ်ပြိုင်တည်းမှာချစ်သူတစ်ယောက်ထက်ပိုထားဖူးသလား။
(A) ထားဖူးတယ် - TYPE B ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထားဖူးပါ - TYPE A ( အောက်မှအဖြေကိုကြည့်ပါ )

၁၀။ သင်ဟာလိမ္မာပါးနပ်သူလို့ ထင်ပါသလား။
(A) ထင်ပါတယ် - TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထင်ပါဘူး - TYPE C ( အောက်မှအဖြေကိုကြည့်ပါ )

အဖြေ
TYPE A: Congratulations!
သင်ဟာတစ်ဖက်သားအပေါ်အရမ်းကိုဆွဲဆောင်မှုရှိပါတယ်၊ ချစ်သူရဲ
့မျက်လုံးထဲမှာသင်ဟာချစ်စဖွယ်အလှကိုပိုင်ဆိုင်ထားသူအဖြစ်ရှိနေမှာပါ
သင်ဟာချောမောလှပရုံတင်မက ဟာသဥာဏ်ရှိသူ၊ ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်ပါတယ်။
ပညာတတ်ပုဂ္ဂိုလ်ဖြစ်ပြီးလူတွေကိုဘယ်လိုပေါင်းသင်းရမယ်၊
အချိန်ကိုဘယ်လိုခွဲဝေအသုံးချရမယ်ဆိုတာကောင်းကောင်းသိသူပါ။
ဒါကြောင့်သင်ဟာလူတွေကြားမှာအမြဲတမ်းထင်ပေါ်နေမှာပါ။

TYPE B: Quite good!
သင်ဟာဆန့် ကျင်ဘက်အပေါ်အလွယ်တကူတော့ဆွဲဆောင်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့သင့်အပေါ်လွယ်လွယ်ကူကူချစ်မိသွားဖို့ တော့သိပ်မဖြစ်နိုင်ပါဘူး။
သင့်ရဲ့ ဟာသဥာဏ်ကလူတွေကိုပျော်ရွှင်မှုရစေမှာပါ။ သင့်ချစ်သူကလဲသင်နဲ
့အတူရှိရတာပျော်နေပါလိမ့်မယ်။

TYPE C: Not bad!
သင်ဟာဆန့် ကျင်ဘက်လူအပေါ်အလွယ်တကူမဆွဲဆောင်နိုင်ပါဘူးတဲ့။ ဒါပေမဲ့သူတို
့ရဲ့ စိတ်ထဲမှာသင်ရှိနေတာကောင်းတယ်လို
့ထင်ရလောက်အောင်သင့်မှာကောင်းကွက်လေးတွေတော့ရှိပါသေးတယ်။သင်ဟာရိုးသားဖြူစင်ဖို
့တော့လိုပါလိမ့်မယ်။ ပြီးတော့အမြင်မှန်ဖို့လဲလိုမှာပါ။
သူငယ်ချင်းတွေကတော့သင်ဟာခင်မင်စရာကောင်းတယ်လို့ ထင်ကြမှာပါ။

TYPE D: Oh!
သင်ဟာတစ်ဖက်သားအပေါ်မှာလုံးဝကိုဆွဲဆောင်မှုမရှိပါဘူးတဲ့။
သင်ဟာဗဟုသုတလဲသိပ်မကြွယ်ဝသူပါ။ ကိုယ်ပိုင်အရည်အချင်းလဲသိပ်မရှိပါဘူး။
ချစ်သူအပေါ်မှာလဲရိုင်းပျစော်ကားတာမျိုးမလုပ်သင့်ပါဘူး။ ပြီးတော့ သင်ဟာဆန်
့ကျင်ဘက်တွေကြားမှာသိပ်ပြီးမထင်ပေါ်သူပါ။

နေညိုရင့် ဆီမှ ဖေါ်ပြပေးထားခြင်း ဖြစ်ပါသည်။
နှစ်သက်လိမ့် မယ်လို့ မျှော်လင့်ပါတယ်ဗျာ

18 comments:

မြူးသျှရီ said...

ဟေးးးးးးးးးးးးးးးးးး
A............ရတယ်
ဟုတ်ဖူးဘာမှနားလည်လိုက်ဖူးးးးးးးးးးးးးး
ဟတ်ဟားးးးးးးးးးး
အဖြေကြည့်ပြီးပြန်ဖြေတော့
A...ပဲလေသိတယ်ဟုတ်လားမြူးပဲလေ

khin oo may said...

တို့တော့ စီဘဲ။

မြစ်ကျိုးအင်း said...

A နဲ့ B များပေါင်းထားသလားမသိဘူး....ဟဲဟဲ
....ခင်မင်သောအားဖြင့်...

Anonymous said...

ဝိုးဟိုးဟိုး ..... တို့က Congratulations ဟေ့ .. အံ့ရော အံ့ရော ... ဒါပေမယ့် ၂ ခုလောက် ညာဖြေလိုက်တာ ဟီးဟီး ..

Sein Lyan Tun said...

မူးနေပီး
လည်သွားတယ်
အပေါ်တက်အောက်ဆင်းနဲ့ 
ရွေးလိုက်တာ တိုက်ဘီ

ကောင်းကင်ပြာ said...

မမလဲ B ပါ:P

မငုံ said...

:) Type A ရတယ်ဗျာ။

ဝလုံးဝိုင်းဝိုင်း said...

နံပါတ်တွေ ကြည့်လိုက်.. အေ ဘီ စီ ရွေး လိုက်နဲ့ ကျနော်လဲ လည်နေတယ်.. အဖြေကို ဖတ်ပြီး ကိုယ့်သဘောနဲ့ကိုယ် ဘီ ယူလိုက်တယ်။ :D

ငှက်ငယ်လေး said...

ညယေး က TYPE A: Congratulations! တဲ့အဟိ...အကုန်မှန်ရယ်... :P

မိုးခါး said...

ဟီးဟီး
အေးဒဲ့
:p

မဆုမွန် said...

မမကတော့ ဘီပါကွယ်...ဟဲဟဲ

yehtutnaung said...

B သမားတွေများတယ်နော်..။ :P

yehtutnaung said...

ကျွန်တော့်ဆီကလဲ ဟုတ်ဖူးနော်..။ အဲဒါ forward မေးလ်က ရတာဗျ။

flowerpoem said...

အဖြေတွေမှန်တယ် ဟီး၂ မှန်တော့ သဘောကျသွားတယ်...

Anonymous said...

A ရော B ရော ရနေတယ် ဘယ်လို လုပ်ရမလဲ :D
အဆင်ပြေပျော်ရွှင်ပါစေဗျာ

mgnge said...

နားမလည်လိုက်ဘူး ဗျ..
သိပ်မရှင်းသလို ပဲ ..

Unknown said...

Straight "A"

Julian said...

ဘီ...... ဟုတ်ဘူးထင်တယ်နော်....ဟားဟား

ဂျူ