May 4, 2009

အိမ်သစ်တက် မင်္ဂလာ

အင်း.......ဘာလိုလိုနဲ့ အိမ်လေးဆောက်ထားတာ တစ်လတောင်ရှိတော့မယ်။
မြန်မာတစ်ယောက် ဖြစ်ပြန်တော့ မြန်မာမှုလေးတော့ ပြုရအုံးမှာပေါ့။
ကလေးမွေးပြီးတော့လည်း ကလေးကမွန်တက် ၊
မင်္ဂလာဆောင်ပြီးတော့လည်း ဘက်ချလား နိုက် ဆိုလားဘာလားပဲ၊
အဲ့လို နဲ့ အိမ်လေး တစ်လုံးကို ဆောက်ပြီးတော့လည်း အိမ်သစ်တက်ပွဲ ဆိုတာရှိလားပြန်ရော။
မလုပ်လို့လဲ မဖြစ်ပြန်ဘူးလေ။ ရှေ့ထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ဆိုပြီး ရှေ့ စကား
ကရှိခဲ့ပြန်တာကိုး။
ကိုယ်က သူများအိမ်ပဲ လိုက်စွဲ နေတာ ကြာတော့ ရှက်လာတယ်။
အိမ်သစ် တက်ပွဲလေးနဲ့ မတူ ထမင်းကျွေးမယ်လို့ စဉ်းစားလိုက်တယ်။
ကိုယ့်ကိုတိုင်ကလည်း ချက်ကျွေးချင်တာ။
ခက်တာက ကိုယ်တိုင်လည်းကောင်းကောင်း မချက်တက်တော့ အဆင်ပြေအောင်တော့ ချက်မယ်လေးဆိုပြီး
ချက်လိုက်တယ်။ မစားခင်ကြိုပြောထားမယ်နော် ကောင်းကောင်းမကောင်းကောင်း အိမ်ရှင် ကျေနပ်အောင်
တော့အဝစားသွားရမယ်ဗျာ။
ကျွန်တော်မှာ စားစေချင်လွန်းလို့ ကိုယ်တိုင်ချက်ထားရတာ။ ကျွန်တော်နဲ့ နေတဲ့အဖေါ်ကတောင်
မေးယူရတယ်။ ဘာစိတ်ကူးပေါက်ပြီး ချက်နေရတာလဲတဲ့။ ကျွန်တော်ကလည်း ပြန်ပြောလိုက်ပါတယ်
" ငါ့ရဲ့ မမြင်ဖူးသေးတဲ့ သူငယ်ချင်းမောင်နှမတွေကို ကျွေးချင်လိုလို့ " ........................

တစ်ခုတော့ ကြိုတောင်းပန်ထားမယ်နော်။ အိုးခွက်ပုဂံ က ပြည့်ပြည့် စုံစုံ မရှိတော့ လှလှပပမပြင်ကျွေးနိုင်တာ
ခွင့်လွတ်ပါဗျာ။ အားနားစရာတော့ မလိုဘူးကိုယ့်အိမ်လို သဘောထားပြီး စွဲသာစွဲ လုံးဝဂရုမစိုက်နဲ့။

ဒါက ဝက်နားရွက်သုပ်။ ဝက်ရောဂါတွေဖြစ်နေတယ်ဆိုပြီး ကြောက်လို့ မစားပဲ မနေကြနဲ့အုံး။
ဒီဝက် ဒီရောဂါတွေ မဖြစ်ခင်ကတည်းက ဝက်ပါ ဟဲ ဟဲ..........
ပဲသီးပင်ပေါက်ကြော်လေးပါ။ အပေါ့အငံကတော့ အတော်ပဲ။ ကျွန်တော်က အငံစားတော့ ကိုယ်မောင်နှမတွေ
မစားနိုင်ကြမှာစိုးလို့ ပေါ့ပေါ့လေးချက်ထားတယ်။
ဖြစ်သလို ဟင်းချို ပါ။ ဟင်းသီးဟင်းရွက် များများခက်ချင်ပင်မဲ့ ရှိတာလေပဲ ထည့်လိုက်ရတယ်။ အရေသောက်ပါမှ ထမင်းကပိုစားလို့ကောင်းမှာလေ။
ဒါကြောင့် ဖြစ်သလို မြန်မြန်လေးချက်လိုက်ရတာပါ။
ကဲ ထမင်းပွဲလေးကတော့ ပြင်ပြီးသွားပြီ။ လက်ဆေးစရာမလိုဘူး။ ဇွန်တက်ထားတယ် တခါတည်းစားယုံပဲ။
ထမင်း နဲတယ်ဆိုပြီးတော့ စိတ်တော့ မကောက်လိုက်ပါနဲ့ဗျာ လိုက်ပွဲ အဆင်သင့်ပါ။ ဟော့ဒီမှာ...........
ကိုယ့် ညီကိုမောင်နှမတွေကို ဒီ လောက်လေးနဲ့ ဧည့်ခံရတာ အားမလိုအားမရ ဖြစ်ရပါတယ်။
တက်နိုင်ရင် ဟိုတယ်တစ်ခုခုမှာ လိုက်ကျွေးချင်တာပါ။ ခုလို စင်ကာပူမှာ စီးပွားရေး ကျဆင်းနေချိန်မှာ
ကျွန်တော်လို Work Permit နဲ့ အလုပ်လုပ်နေတဲ့ လူတစ်ယောက်အနေနဲ့ ဒီလောက်လေးပဲ ဧည့်ခံတာကို
လာရောက်သုံးဆောင် သွားကြတဲ့ ကျွန်တော့် ညီကိုမောင်နှမ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်ဗျာ။

29 comments:

Unknown said...

ဦးဦးဖျားဖျား လာဆွဲသွားတယ်..။ မကျန်မှာစိုးလို့ :P တစ်လပြည့်မှသည် ရက်ပေါင်း နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ..။ :)

Anonymous said...

မရဘူး ဇွန်းနဲ့တော့ မလာနဲ့ မြန်မာဆန်ဆန် မြန်မာလို လက်နဲ့ပဲ ဆွဲမယ် .. မသိဘူး လာမပြောနဲ့ :D အငန်ကြိုက်တာ ချင်းကတူ .. အိမ်ကလူတွေဆို အငန်စားလွန်းလို့ အော်သလားမမေးနဲ့ .. ပဲသီးကြော်လေးက ကောင်း ဆီရောင်ဝင်းဝင်းလေး နဲ့ဆိုတော့ ဘာပြောကောင်းမလဲ တို့များအကြိုက်ပေါ့ .. ဟေ့ဟေ့ .. ဝက်ကတော့ သိပ်အဆင်မပြေဘူးနော် .. ဟိုတစ်လောက သူပဲ ဝက်တုပ်ကွေးလေး ဘာလေးနဲ့ ပို့စ်တွေတင်ပြီး လူကို ကျွေးတော့ကျ ဝက်နားရွက်သုတ်လာကြွေးနေတယ် .. ဘယ်လိုကြီးတုန်း .. ဟီးဟီး .. ဒါပေမယ့် ထားပါ .. ခင်လို့ကျွေးသေဆေးတောင်စားရသတဲ့ လာထားပဲ အပြောင်ကစ်ပြီ :D

Anonymous said...

ဘလော့လေး သက်တော်ရာကျော်ရှည်ပါစေဗျာ .. စားပြီးဆုတောင်းဖို့ကျမေ့သွားလို့ စောတီး စောတီး :D ခုဆုတောင်းပေးလိုက်ပြီ .. ဦးဆုံးရောက်တာပါ ဘယ်နှယ့်ဖြစ်လို့ 2nd ဖြစ်သွားရတာတုန်း .. ဘော်ဒါတွေကလည်း အစားဆို ကိုယ့်ထက်ဦးသူချည်းပဲ ခြေကို သွက်လွန်းတယ် နာလိုဘူး :D

ဝသန်မိုး said...

ဘလော့ဂ် ၁လ ပြည့်မှသည် နောင်နှစ်ပေါင်းများစွာအဓွန့် 
ရှည် တည်မြဲပါစေ ဗျား။
ကဲဆုတောင်းပေးပြီးပြီ
ဆွဲမယ်
ကုန်သွားပြီ
လိုက်ပွဲဗျို့ 
ထပ်လိုက်ပွဲဗျို့ 
အားပါး ဗိုက်တင်းသွားပြီဗျာ။
စားလို့ လဲကောင်းတယ်
ပြန်တော့မယ်။
နောက်ထပ်လဲကျွေးနိုင်မွေးနိုင်ပါစေ ဟီး

mgnge said...

အာဟာ လာဆွဲတယ်ကိုယ့်ဆရာ...။
ထမင်းဆို ဘာနဲ့စားစား ဖြစ်တယ်..။ ဒါနဲ့ ငါးပီရည် တော့မပါပါလား..။ကျွန်တော်က ငါးပီရည် စားချင်နေ တာ..။နောက်တစ်ခါတော့ကျွေးနော်...။ပြောမယ့်သာ ပြော တာကျွန်တော်ဆို အိမ်ခဏခဏ အသစ်ပြောင်းတယ် ဒါပေမယ့်တစ်ခါမှမကျွေးဘူး..။
:D
တွန့် တို တတ်လို့ 
ဟားဟား

ဖိုးဂျယ် said...

အကျွေးအမွေးဆိုတော့ တန်းပြေးလာတာ
နောက်တောင် ကျနေပီ
ကျန်ပါဦးမလား တားအတွက်ယေ။
ကောင်းတယ်ဗျာ ဗိုက်ကို တင်းသွားတပဲ

မြစ်ကျိုးအင်း said...

စေတနာ အပြည့်နဲ့ကျွေးတယ်ဆိုတာ ယုံကြည်ပါတယ်ဗျာ..
ဒါကြောင့် လက်တွေ့ကျကျ ထမင်းထ စားလိုက်တယ်
သူငယ်ချင်းချက်ထားတာတွေ ကြည့်ပြီး အပြင်မှာ တကယ်စားလိုက်တယ်..သူငယ်ချင်းစားစေချင်သလို
စားလိုက်ပါတယ်။ကျေးဇူးပါ..နောက်ထပ်နှစ်ပေါင်းများစွာ ဒီအိမ်လေးမှာ ပျော်ရွှင် အောင်မြင်ပါစေ...
.....ခင်မင်သောအားဖြင့်...

Anonymous said...

အကျွေးမွေးဆိုရင် လာထား၊ရှေ့မှာ ၅ယောက်တောင်ဆိုတော့ မနည်းပြေးလာတာ
ကိုနေဒေးသစ်လို လက်နဲ့ဘဲ စားတာအားရတယ် ။အား..ဗိုက်ကိုတင်းသွားတာဘဲ။စားပြီးပြီဆိုတော့
ဒီဘလော့လေး တစ်လပြည့်မှ စပြီး နှစ်ပေါင်းများစွာ အဓွန့်တည်တံ့ခိုင်မြဲပါစေဗျာ

khin oo may said...

အားရပါးရထိုင်စားသွားတယ။် အတူတူပေါ့။

စူးနွယ်လေး said...

ဝက်နားရွက်သုပ်မြင်တော့ အိမ်ကိုသတိရတယ်။ အိမ်မှာဆို ခဏခဏ သုပ်စားဖြစ်တယ်လေ။ အသုပ်ကလေးက ကောင်းမယ့်ပုံပဲ။ မြင်တာနဲ့သိတယ်:)အ၀စားသွားပြီနော်။ အိမ်ထမင်းဟင်းမို့ မြိန်တယ်။ ဟင်းချိုကလည်းကောင်းတယ်။ ရှေ့ဆက်များများ ဘလော့ဂ်ဂင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ရီနိုရေ...

yehtutnaung said...

ဟား ဟား... ၀က်ပျံ မကလို ဂေါ်ဇီလာပဲ ပျံပျံ.. အားရပါးရ တုတ်သွားတယ်။ နင်တောင် နင်တယ်။ သောက်စရာ..သောက်စရာ လုပ်ပါဦး။ :P

kaungkinpyar said...

အိမ်သစ်တတ်လာတယ် ရီနိုရေ၊ ၀က်ကြိုက်တဲ့ သူဆိုတော့ တုတ်ကွေးတွေ ဘာတွေ သိဘူးဟေ့၊ အကုန်ကြိတ်သွားတယ်၊ ကျေးဇူး၊ ပို့စ်တွေ အများကြီး ဆက်ရေးနိုင်ပါစေရှင်

မဆုမွန် said...

ဆက်ဖတ်ရန်မှာ ဆွဲချတာ မပေါ်တော့ သူများတွေ စားသွားကျတာပဲ သွားရေကျသွားသည်

တောင်းပန်ခြင်းပို့စ်မှာလည်း ဆွဲချလို့မရဘူး ဘာဖြစ်တယ် မသိ နာဖြစ်တာပဲနေမှာပါ...

ပို့စ်တွေ အများကြီး ဆက်ရေးနိုင်ပြီး ဘလော့ခ်လေး အဓွံန့်ရှည်ပါစေသော်ဝ်

အိုက်ခီလောက် said...

အင်းဟုတ်တယ်မဆုမွန်ပြောသလိုပဲ သူများစားတာကြည့်ပြီး သရေကျပြီး မန့် လိုက်ရတယ်
အဟီး သူ့ တို့ စားတာအားရစ၇ာကြီး
အိမ်ရှင်မျက်နှာလိုက်တယ် နောက်မှလာတဲ့လူကို ပေးမဝင်ဘူး ဆက်ဖတ်ရန် ကို ပေးမဝင်ဘူး
တိမယ် နီတော့ နောက်ခါ လာတော့ဘူး
အဟိ

Dream said...

ဟယ်..တယောက်ထဲ ချားရမှာလား.... အားနာစရာတွေတော့ ဖြစ်ကုန်တော့မယ်... သူများစားနေရင် ဘေးကနေ မျှော်မနေနဲ့နော်... ဟိုကောင်လေး သနားပါတယ်... ဦးဦးခွီလေးလေ သူ့မှာ မစားရဘဲ နဲ့ မန့်သွားရရှာတယ်... အမှန်ဆို သူသာစားရင် အရက်နဲ့ မြည်းဖို့ ၀က်ခေါင်းသုတ်တွေ ယူသွားရင် မက်မက်တို့ စားရမှာတောင်ဟုတ်တော့ဘူး.. ခစ်ခစ်... သူမမြင်လို့ စားရတာ.. များများစားထားမှ. .. ဟတ်ဟတ်.. သူမမြင်သာပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြိ..ဟိဟိ... ယူသွားလိမ့်မယ်သိလား...
ကဲ..အိမ်ရှင်က အားမနာခိုင်းမှတော့ အားနာတော့ဘူးနော်... ခေါင်းမဖော်တမ်းကို ဆွဲလိုက်ပြိ... ဟီးးး

(တကယ်တော့ ဆက်ဖတ်ရန်က ကလစ်လို့ မရပါ..ဒါပေမယ့် ပို့စ်ခေါင်းစဉ်ကို ကလစ်လိုက်ရင် အဲဒီပို့စ်နဲ့ သက်ဆိုင်တာ တခုပဲ ပေါ်လာတာမို့ မြင်လို့ကြည့်လို့ရသွားပါတယ်... ) တော်သေးတာပေါ့နော်.... ခစ်ခစ်

Dream said...

အဟဲ...အစားငမ်းတာနဲ့ ပဲ ဆုပေးဖို့ မေ့သွားတယ်... ထပ်မန့်တယ်ဗျာ...

ဘလော့တလသားမှသည် နောင်နှစ်များစွာတိုင်
ဘလော့ကာ မောင်နှမတွေနဲ့ ချစ်ချစ်ခင် ခင် ဘလော့ဂင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်....

Sein Lyan Tun said...

တော်ပီး စားတဲ့သူတွေများသွားပြီး
ကျွေးချင်ရင်အိမ်လိုက်ပို့ ပေး
မပြောချင်ဘူး
နောက်ကျတယ်

အိုက်ခီလောက် said...

ဘယ်ရမလည်းနော့ ရအောင်ကိုဝင်တာ အရက်မြည်းဖို့ ကလည်း လိုသေးတယ် ပြောသွားလိုက်တာ မက်မက်တော့ သိမယ် ဟွန်း ဟွန်း ထပ်မန့် တယ် မကျေနပ်လည်း မန့် တယ် ယောက်ဖခေါ်ခဲ့တယ် အကိုဖိုးစိန်နဲ့ လာတာ ဟွန်း
ခေါင်းစဉ်နဲ့ ပြန်ဝင်လာတာ ရသွားပြီ အဟိ စားရချေသေးရဲ့ မြည်းရချေသေးရဲ့  ဝက်ခေါင်းသုတ်တော့ အီဖေကို အကြိုက်ပဲ မြည်းရချေသေးရဲ့  ဆွဲတယ်ဗျာ လုပ်ပါ တစ်ခွက်ချစမ်းပါ ခီညားကလည်း ချ လုပ်
အဟိ မက်မက်အိမ် သွားလည်ရင်းနဲ့ ရစ်လိုက်မယ်

မြူးသျှရီ said...

အဲနောက်ကျသွားတယ်.....အခုမှကျောင်းပြန်ရောက်တယ်
ဆေားရီးလက်ဆောင်တော့ပါဘူးနော်
ဒါပေမယ့်..အ၀တော့စားသွားတယ်
1လပြည့်မှသည်နှောင်100000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000000ဟီးးးးးးးးးးးးးးးးးးးးးများသွားရင်ဆေားရီးနော်....................

လင်းထက် said...

အားပါးပါး ကောင်းမှကောင်းပဲ အလုပ်ကပြန်လာတော့မှ ဖိတ်ထားတာတွေ့လို့ ကမန်းကတန်းလာတာ ရှိမှရှိပါတော့မလားလို့... ဟိုကောင်ဘလက်ကြီးကလဲ ဒါမျိုးဆို သူကဦးဦးဖျားဖျား လာဆွဲ သွားတယ် ..ဝက်နားရွက်သုပ် နဲ့ ဟင်းချိုလေးနဲ့ လိုက်မှလိုက် စေတနာ အပြည့်နဲ့ချက်ကျွေးတဲ့ ထမင်းဝိုင်းမို့ အရသာ အရမ်းရှိတယ် ညီရေ..
တစ်လမှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ဘလော့ဂ် ဂင်းနိုင်ပါစေ ညီရေ..။

mysterysnow said...

လာစားတာ နောက်ကျသွားတယ်...
ဆေးစရာ ပန်းကန်တောင် မရှိတော့ဘူး ခီလောက်က ပန်းကန်ပါမချန်ပဲ မသွားတယ်နဲ့တူတယ်...
ဇွန်းကတော့ နေညို့အိမ်မှာတွေ့ခဲ့တယ်...


မနက်မှပဲ လိုက်တောင်းတော့...

Anonymous said...

တီတီချမ်းဆီ ကနေ လိုက်လာတာ။ အစဉ်အမြဲ ဆက်လက် ဘလော့ဂ်ဂင်းနိုင်ပါစေလို့ ဆုတောင်းသွားပါတယ်။

ဝလုံးဝိုင်းဝိုင်း said...

ဝလုံး ဘာမှ ချားလို့ ရဝူးး..။ ကုန်သွားတာလား တိဝူးး။ နောက်တစ်ဝိုင်း ထပ်ပြင်ဗျာ။ ဆာနေပြီ..။ :P (ဆက်လက်ဖတ်ရန်ကို နှိပ်တာ တက်မလာဝူး။ ဘီလိုဖြစ်ပါလိမ့်။ )

Anonymous said...

အိမ်တက်ဆိုလို့လာတာ နောက်ကျသွားပြီနော်။ ဘယ်မှာလဲ သပ်သပ်ချန်ထားလား။ အခု lunch time မှာ လာစားတာလေ။ ညနေရုံးကပြန်လည်း ၀င်ခဲ့မယ်နော်။ ချန်ထားအုံး။

ခင်တဲ့
မကြီး မေတ္တာရောင်ပြန်

flowerpoem said...

အင်း ကျိန်းသေတာတော့ ပန်းကန်ဆေးရမယ်ထင်တယ် ဟီး၂. . . . လာတာနောက်ကျသွားပြီလေ ၀ါး ၀ါး ထပ်ကျွေးလို့ရလား ဟင်
အိမ်လေး ၁လပြည့်မှသည် အမြဲတမ်း ရွင်လန်းချမ်းမြေ့ပါစေရှင်

WWKM said...

ဟောဗျာ... နေမကောင်းလို့ အိမ်ရာထဲပြန်ဝင်လှဲနေတာ
နဲ့ စားစရာတွေကုန်ပါပြီ...
အစ်မကြီးဆိုတော့ ပန်ကန်တွေပဲဆေးပေးသွားတော့
မယ်.မောင်လေးရေ...
၁ လပြည့်မှသည်.... စိတ်မကုန်သရွေ့...ပျော်ရွှင်သရွေ့
ဘလော့ဂင်ရင်း ပျော်ရွှင်နိုင်ပါစေ။

ဖြိုးဇာနည် said...

လက်နဲ့ပဲအားရပါးရတွယ်သွားတယ်ဗျို့
ဟီးဟီးမြန်မာလူမျိုးပီပီ ဇလုံနဲ့ လက်နဲ့တွယ်
လိုက်ရတော့မြိန်မှမြိန်ပါပဲဗျာ့
နောက်တစ်ခါလည်းဒါမျိုးထပ်ကျွေးနိုင်ပါစေဗျာ့
ဟော်တယ်တွေဘာတွေမလိုပါဘူးးဗျာ
အခုလိုကိုယ်ပိုင်လက်ယာလေးနဲ့ဆိုတော့
ပိုပြီးပြည့်စုံသွားသလိုပိုပြီးတော့်လဲမြိန်ပါတယ်ဗျို့

မိုးခါး said...

ကျန်သေးလားဗျို့
အသုတ်တွေစားချင်နေတာ
ခက်တာက ထိမရ ကိုင်မရ :P
ကျေးဇူးပါ ခုလိုဧည့်ခံလို့
နောက်လည်း ကျွေးနိုင်ပါစေး))

ဇော် said...

ကျွန်တော်မှ ၀က်သားမစားတာဗျ။ အကောင်လိုက်ပဲ မျိုချတာ။ အဟက်။