May 3, 2009

တောင်းပန်ခြင်း

အောက်မှာဖေါ်ပြထားတဲ့ သူငယ်ချင်း ညီအစ်ကို မောင်နှမ အားလုံးကို တောင်းပန်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မသိဘဲ ကိုယ့်သဘောနဲ့ ကိုယ် လင့်ခ် ယူလိုက်မိလို့ပါ။
ခွင့်တောင်ခြင်း မရှိပဲ ယူလိုက်မိတဲ့ ဒီလို အမိုက်အမဲလေးကို ခွင့်လွှတ်ပေးကြပါလို့...........
အမည်စရင်း နှင့် တကွ တောင်းပန်ပါတယ်ဗျာ။

  1. ကြယ်ဖြူစင်
  2. မြူးသျှရီ
  3. ဖြိုးဇာနည်
  4. ရွှေပြည်သူ
  5. မောင်ငယ်
  6. မေတ္တာရောင်ပြန်
  7. နေဒေးသစ်
  8. နေမင်းသံစဉ်
  9. နေညိုရင့်
  10. ကောင်းလေးအိမ်
  11. ကောင်ကင်းပြာ
  12. အိုက်ခီလောက်
  13. အိမ်လွမ်းသူ
  14. အနက်ရောင်အိမ်မက်
  15. သီဟသစ်
  16. ဝသန်မိုး
  17. ဝလုံးဝိုင်းဝိုင်း
  18. ရဲဝင့်သူ
  19. မနော်ဟရီ
  20. မနောသား
  21. မုဆိုးဖိုး
  22. မိုးမြင့်အောင်
  23. မိုးခါး
  24. မဝါ
  25. မဆုမွန်
  26. မက်မက်
  27. ဗညားရှိန်
  28. ဖိုးစိန်
  29. ဖိုးဂျယ်
  30. နိုင်းနိုင်းစနေ
  31. တီချမ်း
  32. ညလေး
  33. စူးနွယ်
  34. စိုင်းထွန်း
  35. ငွန်ငယ်မိုး
  36. ဂျပန်ကောင်လေး
  37. ချစ်ပါးလုံး
  38. ချင်းမလေး
  39. ခင်ဦးမေ
  40. ကိုလင်းထက်
  41. ကိုရဲ
  42. Welcom
  43. CHU
  44. မောင်စေတနာ
  45. မြစ်ကျိုးအင်း
  46. လင်းလတ်ဇော်
  47. လဂွန်းအိမ်
  48. flowerpoem
  49. ဦးဝင်းကြီး

အားလုံးကို ခင်မင်ခွင့်ရတဲ့ ကျေးဇူးတင်ပါတယ်။
နောက်လည်း လိုချင်တာရှိရင် ယူလိုက် ခိုးလိုက် တောင်းပန်လိုက်ပေါ့ ဟုတ်နေတာပဲ သူ့ဟာသူ

28 comments:

နိုင်းနိုင်းစနေ said...

ကိစ္စမရှိပါဘူး.. ယူသွားပါ
ထမင်းပါ ကျွေးထားရင် ပိုကောင်းတယ်.. ဟား..ဟား

အိုက်ခီလောက် said...

အယ် နာ့ဆီကျောတွားဒယ် ယေ
နာ့သိရိုက်တယ် အဟတ်
ပါညားယဲရို့ အူယားဖားယား ပြေးပြီးလာကြည့်တော့
ူသူ့ က လင် လေးယူတာကို ခွင့်လွတ်ခိုင်းတာကိုး အဟိ
လင် တော့ ယူပြီးပြီ ခိုင်းစားပေတော့

ခင်မင်လျှက်
ပေတလူဆိုးပေ အကောင်းစား
အိုက်ခီလောက်

ဇော် said...

တော်သေးတာပေါ့အေ။ အနော်မပါလို့။ အဟက်။

Anonymous said...

ဟဟဟဟဟ ဒီလောက်နဲ့တော့ တောင်းပန်စရာ လိုပါဘူး ကို ReeNoe ရယ် နော် bro တွေပဲကို No problem

အိမ်လွမ်းသူ said...

တောင်းပန်စရာမလိုပါဘူးရှင်... အခုလိုလင့်ပေးထားတဲ့အတွက် ကျေးဇူးတောင်တင်ရဦးမှာပါရှင်... ကျေးဇူးတင်ပါတယ်

Sein Lyan Tun said...

မိပြီး မိပြီး
လင်သူခိုး
အဲ့မဟုတ်ပါဘူး
မှားလို့
လင့်ခ် ယူသူ
အဟီးးး
စတာနော်
အတည်
စိတ်မဆိုးပါဘူး
နည်းနည်းပါ
ဆိုးကြည့်မလို့
ရမလားလို့
မရရင်တော့
ဆိုးတော့ဘူးနော်
ကျေးဇူးတင်ပါတယ်ဗျာ
ဒီညီအကိုအချင်းချင်းတွေကို
ပြောဖို့မလိုပါဘူး
ကျနော်လဲခင်တတ်ပါတယ်ဗျာ
နော်

ဘာလဲ
မန့်တာရှည်လို့စိတ်ဆိုးလား
ဆိုးလဲမန့်တယ်
မူးနေတယ်မထင်နဲ့
ဒီမှာမနက်
ညကအရှိန်မပြေသေးတာတစ်ခုပဲ
း)

yehtutnaung said...

ဟား ဟား..တောင်းပန်ဖို့ မလိုပါဘူး.. အိမ်မှာ ကြေးအိုးနဲ့  coke တပွဲတောင် ကျွေးလိုက်ဦးမယ်..။ လာစားဗျာ။ နောက် ကုန်ရင်ကုန်တော့မှာ။

မြစ်ကျိုးအင်း said...

ဒါမျိုးစိတ်ဆိုးတဲ့သူရှိရင် တွေ့ချင်ပါ့ဗျာ..
ကျွန်တော်လည်း လင့်ပြန်ယူသွားပြီနော်

Anonymous said...

တောင်းပန်ထားတယ်ဆိုလို့ ကဗျာလားလို့ အပြေးလွှားလိုက်လာတာ ဒီရောက်တော့မှ...
မလိုပါဘူး သယ်ရင်းရာဒီလောက်လေးနဲ့တော့
အဆင်ပြေပျော်ရွှင်ပါစေဗျာ

ညလေး said...

ညလေးဆို ခွင့်တောင်းမနေတော့ဘူး ဘယ်သူ့ဘလော့ဂ်ရောက်လဲ ရောက်ပြီးသွားရင် လင့်ခ်သွားပြီလို့ မှတ်။ နောက်တစ်ခါပြန်ဝင်ဖို့ လင့်ခ်မေ့သွားမှာစိုးလို့ တစ်ခါတည်း လင့်ခ်လိုက်တာ :P

မနိုင်းပြောသလို ထမင်းပါကျွေးထားပါလား၊ မနက်ဆို ကော်ဖီပါတိုက်၊ နေ့လည်ကျ မုန့်လေး ပဲလေး ပေါ့။ ဒီလောက်ဆို မဆိုးပါဘူးနော..

ဖြိုးဇာနည် said...

ဟားဟာ့းတောင်းပန်တယ်ဆိုလို့
လန့်သွားတာပဲအကို့ကိုဘာfoulရှိ
တယ်ဆိုပြီးဘယ်သူကများပုဒ်မတတ်
လိုက်ပီလဲလို့ဟွန်းနော့်
သူများတွေထက်ဆန်းကိုဆန်းတယ့်
ဂယ်ကိုစိတ်ပူသွားတာ ဒီလိုလေးများ
ဖြစ်နေမလားဆိုပြီးတွေးမိသွားလို့လေ့

ကျွန်တော်ဘလော့လောကမှအနားယူ
တော့မည်ဖြစ်ပါသဖြင့်ကျွန်တော့်ဘလော့
မောင်နှမအားလုံးကို လေးစားစွာဖြင့်တောင်း
ပန်အပ်ပါသည့်လို့
မဖြစ်ပါစေနဲ့ဆိုပြီး အကို့အိမ်လေးကိုဝင်ဝင်
ချင်းမျက်စိတောင်မဖွင့်ရဲ့ဘူး ဟီ့း
ခုတော့တိတ်တိတ်လေးခိုး ကြည့်ပြီးမှ
စိတ်ချမ်းမြေ့စွာနဲ့မန့်သွားပါတယ့်
linkပေးတဲ့အတွက်ကျေးဇူးအကြီးကြီးတင်ပါ
တယ်ခင်ဗျာ့

ခင်တဲ့ ညီလေ့းဖြိုးဇာနည်

kaungkinpyar said...

လင့်သွားတာ ကျေးဇူးပါ၊ အမဆို မပြောမဆိုနဲ့ လင့်ထားတာ အများကြီးပဲ၊ ဒီလို မစဉ်းစားမိဘူး၊ ကို က စာဖတ်ချင်တာကိုး၊

chitpalone said...

လင့်ချိတ်ပေးတာကျေးဇူးပါ။ ဒါပေမယ့် ဂျယ်လီတော့ဝယ်ကျွေးရမယ်နော်။ အဟိ။

WWKM said...

လည်လည်ရောက်ပါတယ် မောင်လေးရေ.. ကိုယ့်ဘလော့ဂ်ကိုလင့်ခ်ထားတာပဲ.. ၀မ်းတောင်သာပါသေးတယ်.တောင်းပန်ဖို့မလိုပါ
ဘူးကွယ်..
အဆင်ပြေ ပျော်ရွှင်ပါစေ.

ကြယ်ဖြူစင် said...

လင့်ယူတာတောင်းပန်စရာမလိုပါဘူး
အကိုရယ်...ကျေးဇူးတောင်တင်ရဦးမှာ..
ကျေးဇူးတင်ပါတယ်ရှင်..

MoeThwayNge said...

အော် ကိုယ်ညီ ရယ် ကွိုင်မရှိပါဘူး..။ဘလောက် ဂါ ညီကို မောင်နှစ်မတွေပဲ စိတ်ဆိုး တဲ့ သူ တွေ့ ရင် အကို ကို ပြောပါကွာ။ အမှတ်တရ ဓါတ်ပုံ တွဲ ရိုက်ချင်လို့ နော်..ဟဟဟ။
ခင်တဲ့
အားလုံးကိုပျော်စေချင်သူ

mgnge said...

အင်း လေ.. ဘာများလည်းလို့ လန့် သွားတာ ပဲ ...။
ဆိုး ပါ့
ဒါလေးများ နာဆို စီဘောက် မှာ link တစ်လုံး ပဲအော် ပြီး ထားခဲ့တာ..။ ဟိဟိ

ဝသန်မိုး said...

အေးလေဗျာ ဘာများလဲလို့ မထိတ်သာမလန့်သာရှိလိုက်တာ
လင့်ခ် ယူသုံးတာ ၀မ်းတောင်သာပါသေးတယ်ဗျာ
ကျွန်တော်လည်းတစ်လက်စတည်းလင့်ခ်
သွားပြီဗျို့ 
အားလုံးအဆင်ပြေပါစေဗျား။

chu said...

ဘာများလည်းလို့ လန့် သွားတာ ပဲ ...linkပေးတဲ့အတွက်ကျေးဇူးအကြီးကြီးတင်ပါ
တယ့ (:

Dream said...

အိန်း... ရှိစေတော့ ရှိစေတော့.. မလိမ္မာတခါမိုက်မို့
သားတော်အား... မယ်တော်မှ ခွင့်လွတ်တော်မူလိုက်တယ် သားတော်...

ဟတ်ဟတ်

အမလေးနော်... အလန့်တကြား... တောင်းပန်တယ်ဆိုလို့ ဘာတွေ လုပ်ထားလို့လဲ ဆိုပြီး ပြေးလာကြည့်တာ... သူက တောင်းပန်ထားတာကိုး... ဟဲဟဲ.. တောင်းပန်လို့ ဗြောင်းမဆန်ပါဘူးကိုယ့်လူ.. သဘောရှိပါ... နော်...
ကျေးဇူးလည်း တင်ပါတယ်... အဲ.. မက်မက်ကလည်း ခင်စရာ ဆိုးစရာ ဦးဦးတယောက် ရသွားတာပေါ့.... စားအိမ်သောက်အိမ်... ဟတ်ဟတ်

အငတ်လာကျတာ... :P

လင်းထက် said...

အဲလို လင့်ယူမိရင် တောင်းပန်ရမှာလားဟင် ဒါဆို နာလဲ တောင်းပန်ရမယ့် လူတွေ အများကြီးပဲ ဟီးးးး.... :D

ရွှေပြည်သူ (ShwePyiThu) said...

တောင်းပန်ထားတယ်ဆိုလို့ ဘာများလည်းလို့း) တောင်းပန်စရာကို မလိုပါဘူး။ Link ပေးထားလို့ အစ်မတို့ကတောင် ကျေးဇူးတင်ရဦးမှာပါ...

ဂျပန်ကောင်လေး said...

အစ်ကိုရယ်.. လင့်ခ်ယူတာ တောင်းပန်စရာမလိုပါဘူးဗျာ... ကျနော်လည်းယူထားတာ အများကြီးပဲ...း)

Unknown said...

ဒီလိုတောင်းပန်လို့ လွယ်လွယ်နဲ့ ခွင့်လွှတ်ကြေးလား..။ ပုလင်းလေး မပါဘူးလား..။ အလိုက်သိလေ..။ :P

Anonymous said...

တောင်းပန်တယ်ဆိုလို့ ဘာများလဲလို့ ရုံးကနေတောင် အူယားဖားယားပြေးလာတာ။ ကျေးဇူးရှင်လေးက ဘလောဂ့်လင့် ခိုးသွားတာကို။ ဟဟ
ရတယ် တသက်လုံးပြန်မပေးနဲ့ ယူထားလိုက်တော့။ စတာနော်။
တောင်းပန်စရာမလိုပါဘူးရှင်။ အခုလို လင့်လေးလုပ်ပေးထားလို့ ကျေးဇူးတင်ပါတယ်။

ခင်တဲ့
မကြီးမေတ္တာရောင်ပြန်

flowerpoem said...

တောင်းပန်စရာမလိုပါဘူးရှင် လင့်ပေးထားတာကျေးဇူးအထူးတင်ပါတယ်. နာမည်လေးကို ဘယ်လိုခေါ်ရမလည်းရှင် ကို..... ဟဲဟဲ နာမည်သိတော့ မန့်ရတာ နာမည်တပ်ရကောင်းတာပေါ့နော် :)

မိုးခါး said...

ကျွေးတာစားပြီးမှတွေ့တယ်
ဒီတော့ ခွင့်လွှတ်ရတော့မှာပေါ့ :P
ခုလို ခင်မင်မှုနဲ့ လင့်ပေးထားတာ ကျေးဇူးတင်ပါ၏း))

MANORHARY said...

ရောက်လာပါတယ်။း)