May 3, 2009

ကျန်းမာပါစေ အမေ

ရွက်ဟောင်းတွေ ကြွေလို့ ရွက်သစ်တွေ ဝေပြန်ပြီ
အမေ..

ပိတောက်တွေဖူးလို့ ငုတွေလည်း မြူးခဲ့ ပြီ..
အမေ..

နှစ်သစ်ကူးလို့ တန် ခူးလည်းရောက်ခဲ့ ပြီ..
အမေ..

ဒီအချိန် အမေ့အိမ်မှာ
သင်္ကြန်စာလေးတွေ ..ဝေနေပြီပေါ့..
အမေ..

အမေ ကတော့
ဒီအချိန် ဘာဝနာ ပွားလို့ 
သတ္တ၀ါတွေ မေတ္တာဝေနေပြီပေါ့..

အဆင့်အတန်းတွေဘယ်လောက်မြင့်မြင့် ..
မွှေ့ ယာ ထူထူ စောင်ဖြူဖြူနဲ့ ..အိပ်စက်နေ ရပေမယ့်
အမေ့..အရိပ် မေတ္တာ စိတ်တွေနဲ့ ရစ်ဖွဲ့ ထားတဲ့ ..
တောရွာ ကအမေ့ အိမ်…
တဲသာသာ ဓနိမိုး …အမိုးမလုံ တဲ့ 
မေတ္တာအိမ် ကို ပဲ လွမ်းတယ်
အမေ

အမေ.. ဒီအချိန် အတာကူး နှစ်ဦး ရဲ့ သင်္ကြန်မှာ
တရားရိပ် ချွေးသိပ်နေပြီပေါ့ …။။

အိမ်နဲ့ ဝေးတဲ့ အမေ့သား
နှစ်သစ်မှာ တရားရှာရင်း
ချမ်းမြေ့ပါစေကြောင်း ဆုးတောင်းပါတယ်
အမေ……။

ပျော်ရာ မနေ တော်ရာနေရတဲ့ဘဝ
ဒုတိယမြောက် အမေ့သား
ဝေးတစ်နေ ရာ က..အမြဲ ဦးချ ကန်တော့လျက်ပါ အမေ…။


မောင်ငယ် ဆီမှ ပြန်လဲ ခံစားတင်ပြပါသည်။

5 comments:

အိုက်ခီလောက် said...

အမေ့ ချစ်သားပဲ ဗျ
အနော့လည်းအတူတူပဲ အမေ့ကိုချစ်တယ်
အမေ့သည်သာ အားထားရာ အားကိုးရာ
ယုံကြည်ကိုးကွယ်ဆည်းကပ်ရာလို့ 
အနော့တော့စိတ်မှာယုံကြည့်ထားတယ်
ကြိုက်ပါတယ် ခုလို ဖော်ပြပေးတာကို
ကျေးဇူးတင်ပါတယ် အကိုရေ

Sein Lyan Tun said...

ဒီကဗျာလေးကိုကြည့်ချင်းအားဖြင့်အမေ့ကိုမြတ်နိုးတွယ်တာချစ်ခင်ကြောင်း
ပေါ်လွင်နေပါတယ်
ကျနော်ကိုယ်တိုင်လဲအမေချစ်သားမို့ခံစားလို့ပိုအဓိပါယ်ရှိလှပါတယ်
အမေ့ကိုလုပ်ကျွေးပြုစုနိုင်တဲ့သားဖြစ်ပါစေလိုဆုတောင်းပေးတယ်နော်
ကျနော်လဲကြိုးစားနေတုန်းပါဗျာ
ခင်တဲ့
ဖိုးစိန်

ဖိုးဂျယ် said...

ကဗျာလေးက အမေချစ်ကြောင်း ကေါ်လွင်နေတယ်။
ကြည့်နူးစရာ ကဗျာလေးပါ။

Anonymous said...

ကဗျာလေးက အရမ်းကောင်းတယ်။ ဒါပေမယ့် အဲဒီ အကောင်ငယ်နဲ့ မကြီးနဲ့တော့မတည့်ဘူး။ သူက မောနင်းဆို မကြီးတို့ဆီမှာ ညနေ ဖြစ်နေပြီလေ။ အဲဒါနဲ့ နေ့တိုင်းသတ်နေရတယ်။ မယူနဲ့ သူ့ဆီက မကောင်းတဲ့ အကျင့်တွေကူးကုန်မယ်။ ဟိဟိ
သိရင် ဆက်သတ်ရအုံးမယ်နော်။

ခင်တဲ့
မေတ္တာရောင်ပြန်

သူကြီးမင်း (တုံးဖလား) said...

လွမ်းမောစရာတွေချည်းပါဘဲ။
အမေဟာ အစားထိုးလို့မှ မရဘဲ။