May 15, 2009

American Idol season 8



စိတ်မကောင်းစွာနဲ့ နှုတ်ဆက်လိုက်ပါတယ် Danny Gokey ရေ............
အမှန်ကတော့ မင်းလည်း သီချင်းဆိုကောင်းတဲ့ အဆိုတော် တစ်ဦးပါပဲ။
သို့ပင်မဲ့ မင်းရဲ့ ပထမသီချင်းမှာ ပရိသတ်ကို လုံးဝ ဆွဲဆောင်မှု မရှိခဲ့ပါဘူး
ဒုတိယ သီချင်းမှာလဲ မင်းအသံနဲ့ လိုက်ဖက်ပင်မဲ့ သိပ် မဆွဲဆောင်ခဲ့ပြန်ပါဘူး
မင်းရဲ့ Idol သမိုင်းမှာ ထွက်ရမဲ့ သုံးယောက်စရင်း မှာ မင်းနာမည် ကို တစ်ခါမှ
မတွေ့ခဲ့ရပါဘူး။ ဘယ်သူမှလဲ မင်းကို ထင်မထားပါဘူး။ ဒိုင်းဖြစ်တဲ့ KARA ဆို
oh.. my god Oh .. my god ဆိုပြီး ဘုရားတနေတော့တာပဲ။ သူမလည်း တွေး
ထားမှာပဲ Adam လောက် မကြိုက်ပင်မဲ့ Final တော့မင်းကို ပါဝင်စေချင်မှာပေါ့။
ဘာပဲပြောပြော American Idol (8) ရဲ့ အမှတ်တရမှတ်တိုင်လေးပါပဲ။


American Idol (8) ရဲ့ နောက်ဆုံး တစ်ပတ် ဖြစ်တဲ့ Final ကို နာမည်ကြီး တွေစုဝေးရာ
ဖြစ်တဲ့ Hollywood မှာ ကျင်းပမှာဖြစ်ပါတယ်။ USA မှာဆိုရင်တော့ အင်္ဂါနေ့ မှာ
ပြိုင်ပွဲ ဝင်ရမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဘယ်သူများ သရဖူဆောင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။

စင်ကာပူမှာ ဆိုရင်တော့ ဗုဒ္ဓဟူး နေ့ နဲ့ ကြာသပတေး နေ့ တွေမှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး မလေးရှား မှာဆိုရင်တော့ ကြာသပတေး နေ့ နဲ့ သောကြာနေ့ တွေမှာ ကြည့်နိုင်ပါတယ်။

Adam နဲ့ ယှဉ်ရင်း Kris က ဘယ်လိုမှ မနိုင်ဘူးဆိုတာ အသိသာကြီးပါ။ ဒါပင်မဲ့ Danny နဲ့ Kris ယှဉ်ရငDanny သာ Final တက်မယ်လို့ ထင်ထားခဲ့ ချိန်မှာ Kris က ပထမဆုံး Final ကို ပန်းဝင်ခဲ့ပါတယ်။ဒါကြောင့် Kris သည်လည်း Adam ရဲ့ ယှဉ်ပြိုင်ဖက် ဖြစ်လာခဲ့ပါပြီ။

ကျွန်တော်တို့တွေ ထိုင်စောင့် ကြည့်ယုံ ကလွဲပြီး ဘာမှ မတက်နိုင်ပါဘူး။ဒါကြောင့် ကျွန်တော် သူငယ်ချင်းများ ကို နောက်ဆုံး Final Show ကို ကြည့်စေချင်လို့ ခုလိုမျိုး အသိပေးရခြင်းပါဗျာ။ဂီတ ကို နှစ်သက်သူများ ကျေနပ်နိုင်မယ်လို့ မျောလင့်မိပါတယ်။




8 comments:

Sein Lyan Tun said...

ကျနော်ပြောခဲ့သလိုပဲ
Adam Adam
he gonna win.

khin oo may said...

ဖတ်သွာ၏

Anonymous said...

အကိုရေ.............
လုံးဝမအားပါဘူးးးးးးးးးးးးးး
လာချင်ပါတယ်ရှင့်
စာမေးပွဲအတွက်နဲ့ တခြားကိစ္စတွေကြောင့်ပါ

လာမှာပါဒီလောက်ခင်ချင်စရာကောင်းတဲ့
မောင်နှမတွေနဲ့ မြူးလဲဘယ်ခွဲချင်ပါ့မလဲ

သားကြီး said...

adam lambertဟာ gayလားမသိဘူးဆိုပြီး galaxieဆိုတဲ့မဂ္ဂဇင်းတစ်စောင်မှာရေးထားတာဖတ်လိုက်ရတယ်ဗျ အချိန်မကိုက်လို့ ကျနော်american idol နဲ့လွဲနေတာကြာပြီဗျာ စိတ်ညစ်လိုက်တာ

အိုက်ခီလောက် said...

အင်း အကိုရေ ညီတော့မကြည့်ဖြစ်ဘူးဗျ
အကိုပြောလို့ စောင့်ကြည့်လိုက်မယ်
ကျေးဇူး နော်ကိုရီနို

ဖြိုးဇာနည် said...

ဟုတ်တယ်အကိုရေ့
မကြည့်ဖြစ်တော့နားစွင့်နေရုံပဲပေါ့
ကျေးဇူးပါအကိုရေ့

ခင်တဲ့
ညီလေး

Unknown said...

ကျွန်တော်လည်း Adam Lambert ကိုပဲကြိုက်ပါတယ်။ သူမနိုင်လဲ သူကပေါ်ပြုလာပိုဖြစ်မှာပါ။

ရွှေပြည်သူ (ShwePyiThu) said...

အစ်မလည်း Danny ကတော့ Final တက်မယ်လို့ ထင်ခဲ့တာပါ။ အစ်မသိတဲ့ လူတော်တော်များများလည်း သူ့ကိုပဲ အားပေးကြတာ။ သတိထားမိတာက American Idol မှာ နောက်ဆုံးသုံးယောက်ကျန်တဲ့ အခါတိုင်း အရည်အချင်းတော်တော်ရှိတယ်လို့ လူတွေ သတ်မှတ်ထားတဲ့ သူတွေ အမြဲပြုတ်သွားလေ့ရှိသလိုပဲ။ ကံတရားလို့ပဲ ဆိုရမှာပေါ့လေ....