April 28, 2010

ကဗျာတွေ စာတွေ ငါမရေးချင်ဘူး

ငါ ကဗျာတွေ မရေးတက်ဘူး
ရေးတက်အောင်လည်း
ငါ မကြိုးစားချင်ဘူး

မဖြစ်မနေ ရေးရမယ် ဆိုရင်
ငါရဲ့ စာတွေဟာ
ကဗျာ ဖြစ်မလာခဲ့ပဲ
မင်း ရင်ကို စိုက်ဝင်သွားမဲ့
မြှားတစ်စင်း ဖြစ်မှာတော့ သေချာတယ်

ငါစာ မရေးတက်ဘူး
ရေးတက်အောင်လည်း
ငါ မကြိုးစားခဲ့ဘူး

ငါရေးတဲ့ စာကိုမှ ဖတ်ချင်ပါတယ်
ဆိုရင်တော့
နုညံ့တဲ့ မင်းရင်ခွင်ကို
တံတိုင်းသာ ကာထားပေတော့ ချစ်သူ.......


လေးစားစွာဖြင့်
ရီနိုမာန်

8 comments:

မိုးခါး said...

ချစ်တူကို ကြိမ်းတဲ့ ကဗျာလား :P

noblemoe said...

ငါရဲ့ စာတွေဟာ
ကဗျာ ဖြစ်မလာခဲ့ပဲ
မင်း ရင်ကို စိုက်ဝင်သွားမဲ့
မြှားတစ်စင်း ဖြစ်မှာတော့ သေချာတယ် ကောင်း၏။

နုညံ့တဲ့ မင်းရင်ခွင်ကို
တံတိုင်းသာ ကာထားပေတော့ ချစ်သူ.......အဲဒီလိုတော့မပြောနဲ့မောင်လေးရေ.....................
ကောင်မလေးစိတ်ဆိုးဆိုးနဲ့နောက်တစ်ယောက်နောက်ပါသွားမှဖြင့်..........................................................တို့ မောင်လေးတစ်ယောက် မျက်ရည်ဝဲနေတောမမြင်ချင်ပါ။းp

သာယာချမ်းမြေ့ပါစေနော်
မိုး

Mogok Thar said...

တံတိုင်းအမြင့် ဘယ်လောက် ကာဖို့လိုအပ်မလဲ..

ဒီဇိုင်းလာ မအပ်ခင် ကြိုစဉ်းစားထားပေးချင်လို့ပါ...

Flower said...

ကဗျာလေးဖတ်ပြီး ချစ်သူကောင်မလေး နားလည်သွားပါစေလို့
ဆုတောင်းပေးသွားပါသည်။

chocothazin said...

သဇင်ကတော့ ပုတုတု ဆိုတော့ တံတိုင်းကာစရာမလိုဘူး။ ခေါင်းပေါ်က ဖြတ်ပြီး လွတ်သွားတယ် :D

loverstar said...

စိတ်သာချ..
သံမဏိတံတိုင်းကာထားတယ်တဲ့ ..
သူပြောပြတယ်...:)

ညလင်းအိမ် said...

ဘုရားဘုရား ... ကြောက်ဖို့ကောင်းလိုက်တာ တံတိုင်းနဲ့ လုံလောက်ပါ့မလား ... ကျုံးတွေတောင် တည်ဆောက်ရမယ် ထင်တယ် ... အဟီး ...

ကိုလူထွေး said...

မြားတစင်းပဲ ဖြစ်ချင်ဖြစ်ပါစေ
ရေးဖြစ်အောင်ရေးစေချင်ပါတယ်...

မြားဦးကကိုယ့်ဘက်မှလှည့်မနေတာ...

းဝ)