April 21, 2010

စိုးရိမ်နေမိတယ်

ကိုယ့်အကြောင်း ရေးမယ်ဆိုပြီး “ သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ ( ၁ ၊ ၂ ၊ ၃ ) ဆိုပြီး ရေးခဲ့ပါတယ်။ စိတ်ဝင်စားစရာ မကောင်းပေမဲ့ အမှတ်တရအဖြစ်နဲ့ ကိုယ့်ငယ်ဘဝ အကြောင်းလေးတွေကိုရေးချခဲ့ မိပါတယ်။ ခင်ရာဆွေမျိုး မြိန်ရာ ဟင်းကောင်း ဆိုသလိုမျိုးပဲပေါ့။ အခုလည်း သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ (၄) ခေါင်းစဉ်ကြီးအောက်မှာ ခေါင်းစဉ်ငယ်များနဲ့ ရေးမယ်လို့ စိတ်ကူးရပြန်ပါတယ်။ ဒါကိုဖတ်ပြီး ကျွန်တော်ရဲ့ ချစ်လှစွာသော သယ်ရင်းကြီးက ပြောမှာ သေချာပါတယ်။ ( ………………………)။

ဘလောဂ့်လည်တဲ့ အလုပ်ကိုလည်း ခုနောက်ပိုင်း အလုပ်များတာက တစ်ကြောင်း၊ လူနဲ့ စိတ်နဲ့ မကပ်တာက တစ်ကြောင်း ၊ အကြောင်း အမျိုးမျိုးကြောင့်ပဲ လို့ ပြောရတော့မှာပေါ့။ ပိုစ့်မရေးနိုင် စာမဖတ်နိုင်ဖြစ်နေခဲ့ရတယ်။ အဓိကကတော့ ကိုယ်ပိုင် ကွန်ပြုတာ မရှိတာကြောင့်လို့ပဲ ပြောရမှာပါ။ ကံကောင်းချင်တော့၊ ကံကောင်းတယ်လို့ပဲ ပြောရမလား မပြောတက်ဘူး။ ကွန်ပျူတာကို ဟိုတစ်စ ဒီတစ်စနဲ့ လိုက်စုလိုက်တာ တစ်စုံပြည့်သွားတော့တယ်။ တစ်စုံပြည့်သွားလို့ သုံးရတော့မယ်လို့ တွေးခါရှိသေးတယ်။ လိုင်းဖြတ်ခြင်းကို ကောင်းကောင်းကြီး ခံလိုက်ရပြန်တာပေါ့။

စိတ်က ဒီအထဲမှာပဲ ရှိနေတော့ ရှာကြံပြီးလုပ်လိုက်တော့ အွန်လိုင်း သုံးလို့ရသွားပြန်တယ်။ ဟော့… သုံးလို့ရသွားပြန်တော့လည်း နောက်တစ်ခု ဖြစ်ပြန်ပြီ။ မြန်မာလို့ ရိုက်လို့ မရပြန်ဘူး။ အကြိမ်ကြိမ် အခါခါ လက်ကွက်ကို အင်စတော လုပ်လဲ လုပ်တာပဲ အဖတ်တင်တယ်။ သူများ ဘလောဂ့်ကို မြန်မာလိုဖတ်လို့ရပြီး ကိုယ့်ဘလောက်ကျမှ ကွပ်ရှင်းမှတ်တွေ ပဲပေါ်နေတော့တယ်။ ဘာပဲဖြစ်ဖြစ် သည်းခံနေရတာပေါ့။ အသစ်မှ မဟုတ်တာပဲလေလို့။

တစ်ရက် ကံကောင်းထောက်မစွာနဲ့ မြန်မာလို ဖတ်လို့ရလို့ ဝမ်းသာနေတုန်းရှိသေးတယ်။ မှားပြီး ခလုပ်မှားနှိပ်မိလို့ Shut Down ကျသွားတာ လုံးဝပြန်တက်မလာတော့ဘူး။ အမျိုးမျိုးလုပ်လဲ လုံးဝ ပြန်မတက်လာဘူး။ စိတ်ထဲမှာတော့ ( အသစ်မှ မဟုတ်တာပဲလေ) ဒါနဲ့ ဖြေနေရတော့တာပေါ့။ ကြာလာတော့ စိတ်က မရှည်ချင်တော့ဘူး။ ဒေါသကထွက်ထွက် နဲ့ခြေမနဲ့ ပါဝါကို ထိုးဖွင့်လိုက်တာ ( အဲမယ် … ခြေမတော့ ကြောက်တယ်ထင်ပါ့) Window တက်လာပါတော့တယ်။

ဘယ်အချိန်များ ပြန်ကျသွားအုံးမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ခုဒီပိုစ့်လေးကို ခက်ခက်ခဲခဲ ရေးနေရပါတယ်။ အမှားပါခဲ့ရင် ကျွန်တော်ရဲ့ အပြစ်သား ဖြစ်ပါကြောင်း…….။

လေးစားစွာဖြင့်
ရီနိုမာန်

7 comments:

မေဇင် said...

;) အယ်....ဖြစ်ရမယ်..စိတ်ရှည်သည်းခံ ဘလော့ဂင်း ရန်း))

ညလင်းအိမ် said...

အတူတူပဲ အစ်ကို .. သီးခံဗျာ .. အဟဲ ...

★Craton said...

ပို့စ်လေးမြင်ရင်ပဲ စိတ်ချမ်းသာပါပြီဗျ။ ဝင်းဒိုးစ်တက်ပြီဆိုတော့ အလုပ်အားရင် စာလေးဘာလေးရေးပေါ့ ။း)))
မတွေ့တာကြာပြီ။

သမီးကြီး said...

ကိုရီနိုရေ သည်းခံ သည်းခံ။ သူ့ကိုချော့ထား။ :)

မြတ်မွန် said...

လက်တော့မဟုတ်ဘူးပေါ့..
ခြေတော့လေးပေါ့နော်...:P

noblemoe said...

ဟုတ်ပါ့ ရီနိုတို့ ကတော့မြင့် တယ်ကွဲ့ 
အပေါ်ကပြောသလိုပဲ သူများလက်တော့သုံးနေချိန်မှာ
သုကခြေတော့ သုံးတာဗျို့ 
သာယာချမ်းမြေ့ပါစေနော်
မိုး

Mogok Thar said...

တော်သေးရဲ့
ကီးဘုတ်ကို လက်နဲ့ မနှိပ်ပဲ ခြေမလေးနဲ့များ နှိပ်ပြီး စာရိုက်လေမလား စိုးရိမ်နေတာ

;-D