April 26, 2010

ကံ မပါခဲ့ဘူး ရှင်......ရယ်

ကျွန်မ ရှင့်ကိုပြန်ချစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်မ အချစ်တွေ ရှင့်ဆီကို မရောက်ခင်မှာပဲ ရှင် ကျွန်မအနားက ထွက်ပြေးသွားခဲ့တယ်နော်။ ထွေးပြီးသာ တံတွေးကို ပြန်မမြိုချတက်သလို၊ မထွေးရသေးတဲ့ တံတွေးကိုလည်း ပြန်မြိုချတက်တဲ့ ကျွန်မရဲ့ ရင်ထဲမှာ ရှင်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ဒီရင်ထဲမှာပဲ တစ်သက်လုံးသိမ်းထား လိုက်ပါတော့တယ်။ ရှင့်ကို ဒါတွေ မပြောချင်တော့ပင်မဲ့ ရှင်သိသင့်တယ်ထင်လို့ ကျွန်မ ဒီစာကိုရေးလိုက်ရတာပါ။ ကျွန်မကို ပြန်ချစ်လာအောင်လို့ ရေးနေရတာမဟုတ်ပါဘူး။ ကျွန်မရဲ့ ခံစားချက် သပ်သပ်ပါပဲ။

သူငယ်ချင်းတွေနဲ့ပတ်သတ်ရင် အမြဲတမ်းအချိန်တိကျပါတယ်လို့ ..မှတ်တမ်းတောင်တင်ခံရတဲ့သူက.. ကျွန်မနဲ့ပတ်သတ်ရင် ...ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ပါဘူးဆိုတာ....အတွေ့အကြုံတွေအရ သိလိုက်ပါတယ်...... သူငယ်ချင်းတွေကြားမှာ အချိန်သိပ်တိကျတက်တဲ့ ရှင်ဟာ ကျွန်မနဲ့ ပတ်သက်လာရင်းတော့ အချိန်ပျက်ကွက်တက်တဲ့ ရှင့်ကို ကျွန်မနားလည်ပေးခဲ့တယ်။ ကျွန်မနဲ့တွေ့ဖို့ ဘယ်အချိန်ဖြစ်ဖြစ် မငြင်းတက်ပင်မဲ့ အချိန်မမှန်တဲ့ ရှင့်ကို ကြာလာတော့ နားလည်ရခက်လာတယ်။ ရှင့် ကျွန်မကိုချစ်တယ် ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လားလို့ ကျွန်မရဲ့ အတွေးတွေထဲမှာ ရောက်လာခဲ့ရတယ်။ အဲဒီ အတွေးကို ကျွန်မ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။ ရှင် ကျွန်မဆီက ထာဝရ မထွက်သွားခင် အချိန်ထိပေါ့။ နောက်ပိုင်းတော့ ကျွန်မသိလာခဲ့ရတယ်။ ရှင်ဟာ ကျွန်မထက် သူငယ်ချင်းတွေကို ပိုချစ်တယ် ဆိုတာကိုပေါ့။

ဒီညကလည်းမိုးတွေက အရမ်းရွာတော့ မိုးချိန်းရင် အိမ်မရတဲ့အကျင့်ကြောင့် မိုးလင်းခါနီးထိ အိပ်မပျော်ခဲ့ပါဘူး.... အိမ်မရတဲ့အတူတူအတွေးတွေက ဟိုရောက်ဒီရောက်မှာ.. မိုးရွာထဲမှာ.. တစ်ယောက်ထဲထားခဲ့ပြီး.. ဆောရီဆိုတဲ့..မက်ဆေ့လ်လေး တစ်စောင်ကို လက်ခံလိုက်ရတဲ့အချိန်ကို သတိပြန်ရလိုက်မိပါတယ် ....ဖုန်းလေးတစ်ချက်ဆက်ပြီးအကြောင်းကြားဖို့တောင် ကျွန်မက ရှင့်အတွက် အရေးမပါဘူးလားလို့ တွေးလိုက်မိတယ်ဆိုရင်... တွေးမိတဲ့လူကအပြစ်လား..... သွားမယ်လို့ချိန်ထားပြီးမှ အလုပ်ရှိတယ်ဆိုရင်တောင်...စောင့်နေတဲ့သူကို ..ဘယ်အချိန်လာဖြစ်မယ့်အကြောင်း အကျိုးအကြောင်း လေးပြောဖို့ စိတ်ကူးမရှိတာ.....စောင့်နေတဲ့လူအပြစ်လား........ဆိုတာကျွန်မကိုယ်တိုင်တောင် မသိတော့ပါဘူး...

ဒီစာကိုဖတ်လိုက်ရလို့ ရှင့်ရဲ့စိတ်တွေ ပြန်လည်လာမှာ မဟုတ်ဖူးဆိုတာကိုလည်း ကျွန်မသိပါတယ်။ စိတ်တွေ ပြောင်းလာအောင်လို့ ရေးနေရတာမဟုတ်ပါဘူး။ ရှင့်ကို သိစေချင်ယုံသပ်သပ်ပါ။ ရှင် ကျွန်မဆီက မထွက်သွားခင် အချိန်မှာတော့ ကျွန်မ ရှင်းရှင်းလင်းလင်း သိလိုက်ရပါတယ်။ အဲဒါကတော့ ရှင် ကျွန်မကို ချစ်တယ် ဆိုတာ ဟန်ဆောင်နေမှန်း ကျွန်မသိလိုက်တာ ကျွန်မအတွက်တော့ ကံကောင်းတယ်လို့ပဲ ပြောရမယ်နဲ့တူပါတယ်။

ဘာပဲ ဖြစ်ဖြစ် ရှင်ရယ် .... ရှင် ကျွန်မကို ချစ်ခဲ့ဖူးတဲ့အတွက် ကျွန်မရာဇဝင်မှာတော့ ရှင်နာမည်ကို ကျွန်မရဲ့ ရင်ထဲမှာ တံဆိပ်တပ်ထားမှာပါ။ ရှင်ကြောင့်လည်း ကျွန်မ ယောက်ျားတွေ အကြောင်းကိုပိုသိခဲ့ရတယ်။ ရှင်တို့ လိုချင်တာ ရှိခဲ့ရင် ရအောင်ယူတက်ကျပြီး မလိုချင်တော့ဘူးဆိုရင်တော့ မဆိုင်တော့သလို နေတက်တဲ့ ရှင်ရဲ့ အကျင့်ကိုလည်း ကျွန်မသတိထားမိသွားတယ်။ အမှန်အတိုင်းပြောရရင် ရှင်ကို ကျွန်မ ချစ်ချင်ပင်မဲ့ ထာဝရ နှုတ်ဆက်လိုက်ရပါတယ်။ ရှင်နဲ့ ကျွန်မရဲ့ ပေါင်းဆပ်ရမဲ့ ကံက ပါမလာဘူးလို့ ပဲ ကျွန်မဖြေတွေး လိုက်ပါတော့တယ်။


လေးစားစွာဖြင့်
ရီနိုမာန်

8 comments:

ဇွန်မိုးစက် said...

တကယ်ပဲ ကံမပါဘူးလားကွယ်။

Anonymous said...

ကန်မပါရင် မြောင်းတူးတာပေါ့ ခင်ရယ်... ခွိခွိခွိ

ငါ့အစ်ကိုက ဒါမျိုးလည်းရတာပဲလားဂျ..

loverstar said...

ဖြစ်ရပ်မှန်လားဟင်...
ကျမကဘယ်သူတုန်း???
အမှန်အကန်ကိုသိချင်ပါကြောင်း..:P

noblemoe said...

ဒါမျိုးတွေလည်းရေးတတ်တယ်ပေါ့းp

သာယာချမ်းမြေ့ပါစနော်

မိုး

sweetpeony said...

ဟမ်... ဟမ်....း)

Angel Shaper said...

ခင်ရယ်...(မောင်လေး craton ပေးထားတဲ့နာမည်)
အဲလိုလူနဲ့ ကံမပါတာ ဝမ်းသာလိုက်ပါလို့......

မိုးခါး said...

ဒါက ဘူဒူပေးတွားတဲ့ စာလဲ :D
ညီမတွေရဲ့ အုပ်ထိန်းမှုအောက်က လွတ်တာနဲ့ ကြည့်စမ်းးးးးးးးးးးးးးးးး :P

ကိုလူထွေး said...

ကံမပါယုံမို့ တော်သေးတာပေါ့...

အကန်ခံရတယ်ဆိုရင်တော့ မစားသာဘူး...

းဝ)