April 23, 2010

သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ ( ၄ )

ကိုယ်နှစ်တန်းနှစ် စာမေးပွဲပြီးတော့ ကိုယ့်အဖေ တပ်ပြောင်းမိန့် ကြတယ်။ ပုသိမ် တဲ့။ ကိုယ်ပျော်နေခဲ့ မိမယ်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်တုန်းက " ကျနော် မမပုသိမ်သူ " ဆိုတဲ့ သီချင်းလေး ကို ကြိုက်နှစ်သက်နေတဲ့ အချိန်ပေါ့။ ကိုယ်ထင်ခဲ့တာက ပုသိမ်မြို့ပေါ်မှာ နေရမယ်လို့ ထင်နေခဲ့တာ။ တကယ့်တကယ် ပြောင်းရတော့ ပုသိမ်မြို့နဲ့ တစ်နာရီလောက်ဝေးတဲ့ နေရာ၊ အိမ်ရဲ့အနောက်ဘက်ကို ကြည့်လိုက်ရင်း တောကြီး သက်သက်ပဲ ရှိတဲ့ နေရာကိုပေါ့။

ရောက်ရောက်ချင်း အရာရှိ အိမ်တွေ ပြည့်နေလို့ အရာခံဗိုလ်လိုင်းမှာပဲ နေခဲ့ရတယ်။ နေခဲ့ရတဲ့ အိမ်နဲ့ ပတ်သက်ပြီတော့လည်း အမှတ်တရ ရှိခဲ့ရပြန်တယ်။ အဖြစ်ကဒီလို.........

" အမရေ တပ်ထဲမှာ ကြွေဗေဒင် ဟောတဲ့ ဆရာမ တစ်ယောက် ရောက်နေတယ် "

ဆိုတဲ့ အသံလည်း ကြားရော ကိုယ့်အမေက ချက်ချင်းပဲ အိမ်ကို အခေါ်ခိုင်းလိုက်ပါတော့တယ်။ ဆရာမ အိမ်ကိုရောက်တော့ " အမ နတ်လည်း မေးချင် မေးလို့ရတယ်" ဆိုတော့ သိတဲ့ အတိုင်းပေါ့။ ဝါသနာပါတဲ့ ကိုယ့် အမေအတွက်တော့ အဆင်သင့်လိုက်တာပေါ့လို ပြောရမယ် ထင်တယ်။ အဲဒီ အချိန်တုန်းကလည်း ကိုယ်က အရင်တုန်းက ပြောခဲ့ သလိုပဲပေါ့။ အစမ်းသပ်ခံ ဘဝပေါ့။

သိပ်မကြာလိုက်ဖူး နတ်ဝင်လာပြီးတော့ အိမ်ရဲ့ ကြမ်းပြင်ကို တဘုန်ဘုန်နဲ့ ပုတ်ပါတော့တယ်။ အိမ်နဲ့ ပတ်သက်တာတွေ ကို ပြောပြပါတော့တယ်။ ကိုယ့် အမေလည်း နားထောင် အံ့သြနေတော့တာပေါ့။ ဘေးအိမ်က အန်တီတွေကိုမေး ကြည့်တော့မှ ဟုတ်တယ်တဲ့။ အမ စိတ်မကောင်း ဖြစ်မှာဆိုးလို့တဲ့ လေ။ ကိုယ်တို့ နေတဲ့ အိမ်က အရင်းနေသွားတဲ့ မိသားစုက သေကွဲကွဲသွားကြတာတဲ့။

ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းကို ရှာလိုက်တော့ အိမ်အောက်မှာ ရှိနေတဲ့ တောင်ပို့ကြောင့်လို့ဆိုပြီးတော့ အိမ်နီးနားချင်းတွေက ပြောကြတာပါပဲ။ သူတို့ရှိတုန်းက အိမ်အောက်က တောင်ပို့က ခြေတန်းရှည်ဖြစ်တဲ့ အိမ်ကို ထိတဲ့ အထိမြင့်တက်လာတယ် လို့ပြောတယ်။ အဲ့ဒီအချိန်တုန်းက သူတို့ မိသားစုက စီပွားရေး အရမ်းကောင်း၊ ဘာလုပ်လုပ် အဆင်ပြေတဲ့ အချိန်ပေါ့။ နောက်ပိုင်း ပိုက်ဆံ ရှိလာတဲ့ ဒဏ်ကို မခံနိုင်တဲ့ ယောက်ကျာင်္ကြောင့်လား၊ အချိန်တန်သွားလို့လာတော့ မပြောတက်ဘူး အရက်မူးမူးနဲ့ တောင်ပို့ကို ပေါက်တူးနဲ့ ပေါက်ချလိုက်တာ မိသားစု ဘဝပျက်သွားရတဲ့ အထိပါပဲ။

ဒါတွေကို အယုံအကြည်ရှိတဲ့ အမေကတော့ တောင်ပို့နေရာ အဟောင်းမှာ သန့်ရှင်းရေးလုပ် အမွှေးနံ့သာ နဲ့ ပါးစပ်ကလည်း တစ်တွတ်တွတ်နဲ့ပေါ့ဗျာ။ အိမ်သားတွေကိုလည်း အမေက မှာထားသေးတယ်။ အနေအထိုင်နဲ့ အပြောအဆို ဆင်ခြင်ဖို့ သတိပေးထားတယ်။ သတိပေးထားတဲ့ ကြားကပဲ မွေးစားအကိုဖြစ်တဲ့ ကိုယ့်အကိုက အိမ်သန့်ရှင်းရေး လုပ်နေရင်း ဓါးနဲ့ တောင်ပို့နေရာဟောင်းကို သွားစွလိုက်မိတယ်။ အမေသိတော့ ပြောမဆုံ ပေါင်တောသုံး တောင် ဖြစ်ပါလေရော။

တစ်ဆက်တည်း ဖြစ်တဲ့ အဖြစ်ပျက်ပေါ့။ ကိုယ့်အကို နေလည်ခင်းအိပ်တော့ ကိုယ့် အကိုအိပ်တဲ့ ဖျာအောက်မှာ မြွေဝင်ခွေနေတာ ကိုယ်ဖျာသိမ်းတော့မှပဲ တွေ့တော့တယ်။ ကိုယ်အကိုကတော့ အိပ်နေတော့ မသိဘူးနဲ့ တူပါတယ်။ မြွေဆိုတဲ့ အသိနဲ့ပဲ အရှင်တော့ ပေးမထွက်လိုက်ဘူးပေါ့။ ကိုယ့်ရဲ့ မွေးစားအကိုက ခရစ်ယာန် ဘာသာကိုးကွယ်တာ။ အမေနဲ့တွေ့တော့ တောင်ပို့ကို သွားတောင်းပန်ရတဲ့ ဖြစ်နဲ့ ကြုံတော့တာပေါ့။ သူပဲလားဆိုတော့ မဟုတ်သေးဘူး။ သူ့အမေပါ တောင်းပန်ရတာ။ သူ့ အမေကတော့ ကိုယ်တို့ အိမ်နောက်မှာ ရှိတဲ့ တောထဲသွားပြီး မျှစ်သွားနုတ်တုန်း ကြုံရာအပေါ့ သွားခဲ့လို့ ပြန်လာတဲ့ အချိန်မှာ တစ်ကိုယ်လုံး အဖုအထစ်တွေ ထွက်လာတာ ဘာဖြစ်မှန်းလဲ မသိ။ ဆေးသောက်လဲ မပျောက်၊ တစ်ပတ်လောက်ကြာတော့ မှ အမေကို " အမ ငါ ဟိုးတစ်နေ့က တောထဲ မှာ အပေါ့ သွားခဲ့တယ် " တဲ့ ။ ဖြစ်ဖြစ်စက မေးတုန်းကတော့ မသိဘူး မလုပ်ဘူးပေါ့။ ခုတော့ ကြောက်သွားလို့နဲ့တူပါတယ်။

ဒီလိုနဲ့ အချိန်ကျလာလို့လား၊ ဒါမှမဟုတ် အမေ့ရဲ့ ဆုတောင်းကြောင့်များလားလို့ စဉ်းစားချိန်မရလိုက်ဘူး အဲ့ဒီအိမ်ကို ရောက်ပြီ တစ်နှစ် ပြည့်မှာပဲ အဖေကို ရာထူးတိုးနဲ့ ပြောင်းမိန့် ကျလာတယ်။ ဘာအကြောင်း ကြောင့်မှန်း သေသေချာချာ မသိပင်မဲ့ လည်း ကိုယ်သတိထားလိုက်မိတာကတော့ မယုံကြည်ချင်နေပါ မစော်ကားမိဖို့ သာ အရေးကြီးပါတယ်။ အမှောင်ပရောဂ ဆိုတာကလည်း သိတဲ့ အတိုင်း မမြင်ရတော့ ပြောရအခက်သားဗျာ...........


လေးစားစွာဖြင့်
ရီနိုမာန်

11 comments:

loverstar said...

အင်း...
တိုက်တိပ်ြဆိုင်ဆိုင်ပုသိမ်အကြောင်းပိုဒ့်ကို
ပုသိမ်သူအရင်ဖတ်မိတယ်..
အားပေးနေပါတယ်..(ကိုဝတုတ်)..:P

Anonymous said...

အိမ်း..... ဟုတ်ပေသည် ဟုတ်ပေသည်။
(ကိုဝတုတ်တဲ့ဗျို့ ကောင်းကြသေးရဲ့လား ငါ့အစ်ကိုကို .. ခွိခွိ)

သမီးကြီး said...

အင်းနော်....ကိုရီနို အမေက မေတ္တာထားတော့ တန်ပြန်အကျိုးပေးတာပေါ့။

မိုးခါး said...

အဲလို အကြောင်းတွေ ကြားတော့ ကြားဘူးတယ်
ကြုံတော့ မကြုံဖူးဘူး ..း)

noblemoe said...

အမယ် ၂ တန်းကတည်းက မမပုသိမ်သူ ကြိုက်တဲ့သူကများ လူပျိုကြီးလုပ်မယ်တဲ့ မဖြစ်နိုင်ပေါင်းp
တောင်ပို့ အကြောင်းတော့ကြားဖူးတယ်။ စာတွေရေးနိုင်တာမြင်ရလို့ဝမ်းသာပါတယ်မောင်လေးရေးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး

ဧပရယ်လ်ပူး@ပူးတေ said...

ပုသိမ်မှာ ၁ ပတ်လောက်နေခဲ့ဖူးတယ်..၁၀တန်းဖြေပြီးကာစ အဒေါ်တွေဆီသွားရင်းနဲ့... နေလို့ကောင်းတယ်... ပုဇွန်ထုတ်လတ်လတ်ဆတ်ဆတ်နဲ့ ပုသိမ်ပေါ်ဆန်းကောင်းကောင်းလေးကို သတိရပါဘိ...:D

~ဏီလင်းညို~ said...

ကိုရီနိုရေ....
ဟုတ်ပါတယ်နော်ဗျ....။
မယုံကြည်ရင်နေ...၊ မစော်ကားနဲ့ဆိုတာလေးကိုပြောတာပါ....။
ရုပ်လောက နာမ်လောကဆိုတာ... ရှိနေတာကိုးနော့်...။
(နောက်ထပ် မျှော်နေမယ်....း))
ခင်မင်တဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said...

မြန်မာလူမျိုးတော်တော်များများက တောင်ပို့မြင်ရင် ဂရုတစိုက် ရှိကြတယ်။

ငါတို့ အဖိုးအိမ်မှာဆိုလည်း တောင်ပို့ကို ကာရံပြီး အမွှေးတိုင်တွေပါ ထွန်းကြတယ်။
နဂါးသိုက် စောင့်တယ်လို့တော့ ပြောတာပဲ
တောင်ပို့ရဲ့ ထွက်လာတဲ့ အတက်တွေကလည်း အမောက်ထောင်တဲ့ ပုံစံမျိုးတွေလေ။

ကိုယ်နားမလည်တာကို မလေးမစား မလုပ်တာ အကောင်းဆုံးပါပဲ။

ဇွန်မိုးစက် said...

တောင်ပို့နဲ့ မကြုံဖူးပေမယ့် မြွေကိုသတ်မိလို့ ခိုက်တာမျိုးကြုံဖူးတယ်။ အဖေက စနေလေ။ ခြံထဲမှာ မြွေတွေ့တော့ ကလေးတွေ အန္တရာယ်ဖြစ်မှာစိုးလို့ သတ်မိလိုက်တယ် ထင်ပါရဲ့။ အဖေအကြီးအကျယ်ဖျားပြီး အလုပ်လည်း အဆင်မပြေဖြစ်သွားတယ်။ ခုပြန်စဉ်းစားကြည့်တော့ ခိုက်တယ် မခိုက်ဘူးဆိုတာထက် သူများအသက်သေအောင်လုပ်မိတဲ့ အကုသိုလ်ကံကြောင့်လို့ အကုသိုလ်ပြန်ဖြစ်သွားတာပဲလို့ ယုံကြည်တယ်။ တော်သေးတာပေါ့...အဖေအခုချိန်ထိ ကျန်းကျန်းမာမာရှိနေသေးတာ။

ဟင်း... သက်ပြင်းတစ်ချက်ချသွားသည်။

Flower said...

ကိုယ်မမြင်နိုင်တဲ့ မသိနိုင်တဲ့ ထူးဆန်းတဲ့ အရာတစ်ချို့ဟာ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမဲ့
ရှိနေကြပါတယ်.. ကိုယ်တိုင်လဲ ကြုံဖူးတာမို့
လက်ခံမိပါတယ်..

ကိုလူထွေး said...

ငယ်ငယ်တုန်းက အဖိုးတွေ အဖွားတွေကလည်း အဲဒီလိုပဲ သင်ပေးကြတယ်...

းဝ)