April 16, 2010

မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ

တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်နှုတ်ဆက်ချင်ပင်မဲ့ အခြေအနေ အချိန်အခါက အခွင့်အရေး မပေးတဲ့ အတွက် ဒီနေရာလေးကနေပဲ အားလုံးကို ကောင်းမြတ်သော နှစ်သစ်ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗျာ။

တစ်နှစ်ဆိုတဲ့ အချိန်ကလည်း မျက်စိတစ်မှိတ် လျှက်တပြတ် အတွင်းမှာပဲ ကုန်ဆုံးသွားတာ အရမ်းကို မြန်လှတယ်လို့ ထင်နေမိပင်မဲ့ အသက်တစ်နှစ်ကြီးသွား တာကိုတော့ တားထားလို့ မရပြန်ပါဘူး။

ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာကော ဘာတွေတိုးတက်ပြောင်းလဲ သွားလဲဆိုတာ စစ်ဆေးမိကြရဲ့လား။ ဒါဆိုရင် ခုလာမဲ့ နှစ်သစ်မှာရော ဘာတွေပြောင်းလဲ သွားနိုင်လဲ ဆိုတာတော့ စစ်ဆေးသင့်တယ်လို့ ထင်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသက်တွေက ငယ်သွားတာမှ မဟုတ်တာ။

လူဆိုတာကတော့ ဘာသာတရားကို ယုံကြည်ရာ ကိုးကွယ်ရာပါပဲ။ ဒါပင်မဲ့ အားလုံးဟာ မြန်မာ လူမျိုးများဖြစ်ကြတဲ့ အတွက် မြန်မာတွေရဲ့ အတာကူးတဲ့ နှစ်သစ်ကူး ဒီလမှာတော့ ကိုယ်သေရင် ကိုယ့်နောက်ပါနိုင်မဲ့ ဘာသာတရားလေးကိုတော့ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုမိုလုပ်ဆောင်စေချင်တာပါပဲ။ ခုနက ကျွန်တော် ပြောတဲ့ အတိုင်းပေါ့ အသက်က ငယ်သွားတာ မဟုတ်ဘူးလို့.....

တစ်ချို့တော့ထင်ကြမှာပဲ ..... ဪ ရီနိုမာန်တော့ တရားတွေဘာတွေ ရသွားပြီနဲ့ တူပါတယ်လို့..... ထင်ကြမှာပဲ။ မထင်ပါနဲ့။ နှစ်သစ်စကားလက်ဆောင် ဘာပေးရမှန်မသိလို့ မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေလို့ ဆုတောင်းရင် အတွေးတစ်ခုရောက်လာလို့ ရေးချလိုက်ရတာပါ။

သေသေချာချာကြည့်မယ် ဆိုရင်လည်း လူတွေက ပကာသန အရမ်းမက်ကြပါတယ် (ကျွန်တော် အပါအဝင်ပေါ့)။ ပကာသနတွေက ကိုယ့်သေရင် ကိုယ့်နောက်ပါရဲ့လားလို့ ဆိုတဲ့ အတွေးမျိုးလေးတောင် မတွေးမိကြပါဘူး။ ဟုတ်ပါတယ်။ မတွေးမိတဲ့ လူတွေအတွက်တော့ ပကာသနက သူတို့ နောက်ကိုအမြဲလိုက်နေ မှာပါပဲ။

ကျွန်တော်က ဗုဒ္ဓဘာသာ ဆိုပင်မဲ့ ကျွန်တော် သူငယ်ချင်တွေထဲမှာလဲ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ညီအကိုမောင်နှမတွေ အများကြီးရှိပါတယ်။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် သူ့နေရာနဲ့ သူ အရာဝင်ကြပါတယ်။ အဓိက ကလူတစ်ယောက်ရဲ့ ကိုယ်ပိုင် အခွင့်အရေးဖြစ်တဲ့ ယုံကြည်ကိုးကွယ် ပိုင်ခွင့် အပြည့်အဝရှိရမှာပါ။

ကိုယ့် ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို အချိန်တိုင်းမဟုတ်တောင် ရတဲ့ အချိန်လေးကို နှလုံးသွင်းပြီး စိတ်အေးချမ်းစွာ နေထိုင်နိုင်ကြပါစေလို့ ပြောရင်း.......


မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ

လို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။


လေးစားစွာဖြင့်
ရီနိုမာန်

7 comments:

Unknown said...

မင်္ဂလာရှိသော နှစ်သစ်ပါ.. ကိုရီနိုမာန်.. :) နှစ်သစ်မှာ ပျော်ရွှင်ပါစေ...

စိုင်းစိုင်းလားရှိုး said...

သတိပေးတာ ကျေးဇူးပါ ညီလေးရေ မေ့တေ့တေ့ ဖြစ်တော့မလို့

~ဏီလင်းညို~ said...

ကိုရီနို....
ပြောတာလေးတွေ ဟုတ်ပါတယ်ဗျာ......။
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ကျွန်တော်လည်း ဆုတောင်းပေးခဲ့တယ်ဗျာ....။
ပျော်ရွှင်ချမ်းမြေ့ပါစေ....။
ခင်မင်တဲ့
ဏီလင်းညို

ဧပရယ်လ်ပူး@ပူးတေ said...

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ကိုရီနိုရေ...

ဇွန်မိုးစက် said...

မင်္ဂလာနှစ်သစ်ပါ ရီနိုရေ။

kiki said...

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ။

နှစ်သစ်မင်္ဂလာပါ ။။

noblemoe said...

မင်္ဂလာရှိတဲ့ နှစ်သစ်လေးဖြစ်ပါစေမောင်လေးရေးးးးး
တရားလေး နှလုံးသွင်းဖို့ နှစ်သစ်စကားလက်ဆောင်လေးလာယူသွားပါတယ်နော်..
ဘဝရည်မှန်းချက်များအမြန်ပြည့်စုံပြီးသာယာချမ်းမြေ့တဲ့ဘဝကို ပိုင်နိုင်ပါစေရန်တောင်းဆုပြုလိုက်ပါတယ်။
မိုး