January 17, 2010

ပျံသန်းမိတဲ့ နောက်ငါးနှစ် ခရီး ( တက့်ခ်ပိုစ့် )

အကြွေးရှိမှ နေတက်တဲ့ ကျနော့်အတွက်တော့ ပတ်လည်ဝိုင်းနေတဲ့ အကြွေးတွေကိုတော့ မမှု့တော့ပါဘူး။ မဆပ်တာ မဟုတ်ဘူးနော်။ အဆင်မပြေသေးလို့။ အဆင်ပြေရင်တော့ တဖြည်းဖြည်းနဲ့ ဆပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ ခုလည်း အချိန်လေး အဆင်ပြေလို့ အမဝါရဲ့တဂ့်ကို ကျနော် ရဲ့ နောက်ငါးနှစ်စိတ်ကူးလေးတွေကို ဖေါ်ပြပေးလိုက်ရပါတယ်။

ကျနော် အလုပ်လုပ်ချင်တယ် ဆိုတဲ့ အချိန်ကတည်းက ကျနော် စိတ်ဝင်စားခဲ့တဲ့ ဆိုင်လေးနှစ်ဆိုင် ရှိခဲ့ဖူးတယ်။ တကယ်လို့ တက်နိုင်ခဲ့ရင်လည်း အရင်ဆုံးလုပ်ဖြစ်မဲ့ ဆိုင်လေးနှစ်ဆိုင်ပေါ့။ အိုးမကွာ အိမ်မကွာလေး လုပ်ချင်မိတာပါ။ ကျနော်ကိုယ်တိုင်တော့ ဆိုင်ထိုင်ဖြစ်မှာမဟုတ်ဘူး။ ကျနော်က အိမ်မြဲတဲ့ အကောင်မဟုတ်တော့။

ပထမဆုံး ဖွင့်ချင်မိတဲ့ ဆိုင်လေးကတော့ ဗီဒီယိုခွေငှားတဲ့ ဆိုင်နဲ့ ခွေဖြန့်ချိရေးလုပ်ငန်းလေး လုပ်ချင်တယ်။ များသောအားဖြင့် မြန်မာပြည်က လူတွေ တော်တော်များများက ဖျော်ဖြေရေးတွေကို ပိုပြီး စိတ်ဝင်စားကြတယ်။ မငှားရမှာတော့ တွေးမပူမိပါဘူး။

နောက်ပြီး ခွေငှားဆိုင်လေးနဲ့ တွဲပြီး စာအုပ်အငှားဆိုင်လေးလဲ ဖွင့်ချင်မိတယ်။ သူများဆီမှာလဲ သွားဖတ်စရာမလိုတော့ဘူးပေါ့။ ကိုယ့်ဆိုင်မှာ ကိုယ်ကြိုက်တာ ကိုယူဖတ်လို့လဲရတယ်။ စိတ်ထဲမှာ အရင်ထဲက ဖြစ်မိတဲ့ ဆန္ဒလေးပါ။ လုပ်နိုင်ခဲ့ရင် လုပ်ချင်နေတဲ့ အသေးစား စီးပွားရေးလေးပေါ့။ နောက်ပိုင်း အဆင်ပြေလာရင်တော့ တဖြည်းဖြည်း တိုးချဲ့ပြီး တစ်ခြားစီးပွားရေးလေးလဲ လုပ်ချင်မိတယ်။

ကော်ဖီဆိုင်သန့်သန့်လေး တစ်ဆိုင်၊ ဖန်စီဆိုင်လေး တစ်ဆိုင်၊ ဖိနပ်ဆိုင်လေး တစ်ဆိုင် ဆိုပြီး နောက်ပိုင်း လုပ်ကိုင်တိုးချဲ့ မိမှာသေချာပါတယ်။ မဖြစ်လာသေးတဲ့ နောက်ငါးနှစ်အတွက်တော့ စိတ်ကူးသက်သက် များသာဖြစ်နိုင်မယ်ထင်ပါတယ်။ စိတ်ကူးဆိုတော့လည်း တွေးကောင်းကောင်းနဲ့ တွေးနေမိတာပေါ့။ ပိုက်ဆံမှ မပေးရတာပဲကိုး။ ဒါတွေကတော့ နောက်ငါးနှစ်မှာဆိုတဲ့ စိတ်ကူပေါ့ဗျာ။ ကဲ ကောင်မလေး အကြောင်း တစ်စခန်း စလိုက်ကြရအောင်။

အချစ်ကံ .. ခေးလွန်တော့ကွယ်... မင်းကိုမောင်ချစ်ခဲ့တယ်... မေရယ်မေရယ် ချစ်မိသမျှ .... လွမ်းရပါပြီကွယ်။ မင်းအောင်ဆိုထားတဲ့ သီချင်းလေးပါ။ စိတ်ထဲမှာ ငြီးနေမိတယ်။ ကိုယ့်ကိုများ စောင်း ဆိုနေသလားပေါ့။ အကယ်ပါ အခုချိန်ထိ ရည်းစားမရှိဘူးလို့ ပြောရင် ကြော်ငြာဝင်တယ်လို့ ဝိုင်းပြောကြအုံးမယ်။ ချစ်သူတော့ ရှိတာပေါ့။ ကျနော်ပြောတာ ရည်းစား။ ကျနော်ချစ်တဲ့ လူတွေကတော့ တော်တော်များပါတယ်။ ကျနော်ကိုတော့ တစ်ယောက်မှ ပြန်မချစ်ခဲ့ကြဘူး။ အဲဒါကိုလည်း ခက်ကောင်းကောင်းလို့ တွေးနေမိပြန်တယ်။

အချစ်အတွက်နဲ့ ပူလောင်တဲ့ ဒဏ်တွေကိုလည်း ခံစားခဲ့ရပြီးပြီ။ ဒါပင်မယ့် ကိုယ်ချစ်သလောက် ကိုယ့်ကို ပြန်မချစ်တော့ တွေ့လာတဲ့ အချစ်တွေကို လက်ခံဖို့ တော်တော်ခဲယဉ်ခဲ့ရပြန်တယ်။ ကိုယ်ချစ်ဆိုတာကြီးကို မုန်းနေမိတော့တယ်။ အခုချိန်ထိ ကျနော်မှာ ၁၅၀၀ နဲ့ ပတ်သက်တဲ့ အချစ်တွေ ရှိမနေတာကိုပဲ ကျေးဇူးတင်နေမိတယ်။ ကျနော့် စိတ်ကလဲ လွတ်လွတ်လပ်လပ်နေချင်နေတော့ ချုပ်နှောင်ထားတဲ့ သံယောဇဉ် ဆိုတာကို မနှစ်သက်တော့ဘူး။ ဘယ်သွားသွားဘာလုပ်လုပ် ကိုယ့်ကိုကိုယ်ပဲ မေးစရာရှိတယ်။

အင်း ဒီပုံစံအတိုင်း ဆိုရင်တော့ နောက်လာမဲ့ ငါးနှစ်လည်း ရွာဦးကျောင်းက ကြေးစည်ကြီး ထုလိုက်တဲ့ အသံအတိုင်း " မထင် " ပဲပေါ့။ ဒါပေမယ့် စိတ်ကူးလေးတော့ ပြောပြချင်ပါတယ် အမဝါရေ။ ကျနော်နှစ်သက် မြတ်နိုးမိတဲ့ မိန်းကလေး တစ်ယောက်တော့ ရှိခဲ့ဖူးတယ်။ ယခုချိန်ထိလည်း ရှိနေဆဲပါ။ ကျနော်ကိုယ်တိုင်လဲ ချစ်နေဆဲပါ။ သူမကတော့ ကျနော်နဲ့ ဟို့ အဝေးမှာပေါ့။ ခုချိန်ထိ အိမ်ထောင်မကျသေးတဲ့ အတွက် ကျနော်ဘက်က မျှော်လင့်နိုင်ခွင့် အပြည့်နဲ့ပေါ့။ သူမအကြောင်း ကို ဒီမှာ ရေးထားဖူးပါတယ်ဗျာ။

အမရေ တကယ်ပါ။ နောက်ငါးနှစ်ဆိုတာ ကျနော် တကယ်ကို မတွေးတက်တာပါ။ တွေးတက်သလောက်တော့ တွေးလိုက်မိတယ်။ ဖတ်ရတာ အဆင်မပြေခဲ့ရင် ကျနော်ရဲ့ ရေးသားမှုညံ့ဖျင်းသော ကြောင့်သာ ဖြစ်ပါတယ်။ ဒီလောက်နဲ့ ပဲ ကျေနပ်ပေးပါဗျာ။

လေးစားစွာဖြင့်
ရီနိုမာန်

11 comments:

အိုက်ခီလောက် said...

ဘာလို့ မဖြစ်နိုင်ရမှာလည်း ဗျ
စလုံးဆိုတာကိုတောင်ေ၇ာက်အောင်လာသေးတာပဲ ဗျ
ကိုရီနိုကလည်းဗျာ ဖြစ်မှာပါ အချိန်တစ်ခုပဲ စောင့်ပါ
တစ်ဖြည်းဖြည်းနဲ့ လုပ်ရမှာကို လောဘကြီးပြီးနင်းကန်လုပ်တော့ ကိုယ့်ပဲ နာမှာဗျ
တစ်ဆင့်ခြင်းတက်သွားလှေကားလိုပဲ နောက်ဆုံး ထိပ်ဆုံးကိုရောက်မှာပဲ
ပြောတတ်သလိုပြောတာပါဗျာ ဆရာကြီးလုပ်တာမဟုတ် :P

ဆောင်းနှင်းရွက် said...

မနက်ဖြန်ဆိုတာ
ရှိနေသရွေ့
ကိုယ့်မှာ ကြိုးစားဖို့ အခွင့်အရေးရှိပါသေးတယ် ..
တစ်နေ့ တော့
ကိုယ်ပိုင် လုပ်ငန်းလေး တစ်ခု ရှိလာမှာပါ ..

ကိုယ်ချစ်တဲ့ သူ နဲ့
အမြန်ဆုံး ပေါင်းစည်းနိုင်ပါစေ ..

moekhar said...

စိတ်ကူးတွေ အမြန် လက်တွေ့ အကောင်အထည်ဖော်နိုင်ပါစေ :D
မျှော်လင့်ခွင့်ရှိသေးတယ်ဆိုလည်း မျှော်လင့်ရုံနဲ့တော့ မရဘူးနော် .. ကြိုးစားဖို့က ကိုယ့်တာဝန် :D (ဆရာ ၀င်လုပ်၏ :P)

ညလင်းအိမ် said...

ဟုတ်တယ်ဗျ... တကယ်တော့ အချစ်ဆိုတာ အရက်ပြင်းရှရှ တခွက်လိုပဲ ... အ၀င်ဆိုးတယ်...
ရင်ထဲမှာ ပူပူလောင်လောင် ခံစားရတယ်...အရူးအမူးဖြစ်ရတယ်...
မတူတာ တခုပဲ အရက်က မူးပြီးရင် နောက်နေ့ဆို ပျောက်သွားတယ်... အချစ်ကတော့ အမူးပျောက်ဖို့ အချိန်အတော်ယူရတယ်...
ဒါပေမယ့် လူတွေက အရက်ကိုတက်မက်သလို အချစ်ကိုလည်း တွယ်ဖက်ကြ၏...(အရက်သမားလို့ မထင်ပါနဲ့ ခင်ဗျာ..)း)))

ကိုရီနို စိတ်ကူးတွေကို လက်တွေ့အကောင်အထည် ဖော်နိုင်ပါစေဗျာ...
ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်

ဧပရယ်လ်ပူး@ပူးတေ said...

စိတ်ကူးထဲက ကောင်မလေးနဲ့ အမြန်ဆုံး အဆင်ပြေပါစေလို့။ ဒါပေမယ့် မိုးခါးပြောသလိုပဲနော်...
:)

တောင်ပေါ်သား said...

အမယ်လေးးးးးးး ခွေဆိုင်ဖွင့်ချင်နေသေးးးး ကျနော့်တို့မှာ ခွေဆိုင်ရှိပါ့ အရင်းမပြုတ်အောင် မနဲ နပန်းလုံးထားရတယ်း)) မီးကမလာတော့ ဘူသူမှ မကြည့်ဘူးးးးးးးးး ခွေကအသစ်မ၀ယ်လို့လဲ မရဘူးးးး စာအုပ်ဆိုင်လေးလဲ ရှိခဲ့ပါ့ လွမ်းရိပ်ဆိုတဲ့ နာမည်လေးနဲ့ စာအုပ်ဆိုင်ဖွင့်တုန်းက ခင်ခဲ့တဲ့ သိတဲ့ ကောင်မလေးတွေတောင် လွမ်းရိပ် ဆိုပြီး ကျနော့်ကို အဲ့လိုပဲ ခေါ်တယ် ပြုတ်သွားတာတော့ ကြာပေါ့
ချစ်သူလားးးးး အနော် ဘာမှမသိဘူးဗျာာ...........


လေးစားလျက်
တောင်ပေါ်သား

ဇွန်မိုးစက် said...

ဖူးစာဖက်မှန်ရင်တော့ အနေဘယ်လောက်ဝေးဝေး တစ်နေ့နီးရမှာ အသေအချာပါ ရီနိုရေး)
စိတ်ကူးများ လက်တွေ့မှာ အကောင်အထည်ဖော်ရင်း ပျံသန်းနိုင်ပါစေ။

မြတ်မွန် said...

မဖြစ်နိုင်ဘူးလို့ ကြိုတွေးထားရင် ဖြစ်မှာမဟုတ်တော့ဘူးတဲ့။ မဖြစ်နိုင်ဘူးဆိုတဲ့ စကားနဲ့ စ ထားလို့လေ။ မဖြစ်သေးတာပဲ ရှိမှာပါ ကိုရီနိုရယ်....။
မျှော်လင့်ချက် ပန်းတိုင်ကို အမြန်ဆုံး ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်.. ကိုရီနို..
ခင်မင်လေးစားစွာဖြင့်။

noblemoe said...

ကြိုးစားရင် ဖြစ်မှာပါ။ပန်းတိုင်ရောက်တဲ့ ထိဇွဲကောင်း
ကောင်းနဲ့ ကြိုးစားရမှာက မိမိတာဝန်လေ။သူများတွေ
အာကာသပေါ်တောင်တက်နိုင်တဲ့ ချိန်မှာ ဇွဲကောင်း
ကောင်းနဲ့ ရည်မှန်းထားတဲ့ဆိုင်ခန်းတွေဖွင့် ကိုဖွင့် နိုင်
မယ်လို့ စိတ်တင်းပြီးကြိုးစားလိုက်ပါ။
ရည်မှန်းတဲ့ဆိုင်ခန်းတွေလည်းဖွင့် နိုင်ပြီး ၁၀လုံးသစ်စာ
ရှိရှိ ချစ်နေတဲ့ ကောင်မလေးနဲ့ သာယာချမ်းမြေ့တဲ့ ဘဝ
တစ်ခုကိုတည်ဆောက်နိုင်ပါစေ။
Noble Moe

SHWE ZIN U said...

စာအုပ်ဆိုင်လေး ဖွင့်ချင်တဲ့ ဆန္ဒ ကတော့တူနေပြီ
ဟိုဟာကတော့ ဖာစာပူး ရင် အဆင်ပြေသွားပါလိမ့်မယ်

မျှားနတ်မောင်ကိုလက်တို့လိုက်မယ်နော်

ခင်မင်စွာဖြင့်

WWKM said...

နောင် ၅နှစ်မှာ လုပ်ချင်တဲ့ စိတ်ကူးလေးတွေက များပါ့ မောင်ရီနိုရေ ..အစ်မအတိုင်းပါပဲ..စိတ်ကူးထဲမှာ လုပ်ချင်တဲ့ အလုပ်တွေ အများကြီး..ဘယ်နှခု အကောင်အထည်ဖော်ဖြစ်မလဲ မသိသေးဘူး.း))

ဗီဒီယို ခွေငှားဆိုင် ၊စာအုပ်ဆိုင်၊ဖိနပ်ဆိုင်၊ကော်ဖီဆိုင်၊ဖန်စီပစ္စည်းဆိုင် ..အိုကေ စိတ်ကူးလှလှလေးတွေပါပဲ..ကောင်းမှကောင်း.
ဖြစ်ချင်တဲ့စိတ်ကူးလေးတွေကို ဖြစ်သင့်တဲ့စိတ်ကူးလေးတွေကနေစပြီး လုပ်ဆောင်သွားရင် ဖြစ်ချင်တဲ့ စိတ်ကူးလေးတွေကို တဖြေးဖြေးနဲ့ အဆင်ပြေစွာ ဖန်တီးပေးသွားနိုင်မှာပါကွယ်။

သတိတရနဲ့ရေးပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။
စိတ်ကူးထဲက ကိုယ်ချစ်နေတဲ့ ကောင်မလေးကိုတော့ ကြိုးစားအားထုတ်မှုမပါပဲနဲ့ ကောင်မလေးက ကိုယ့်ကို စိတ်ဝင်စားပြီး ပြန်ချစ်လာမှာ မဟုတ်ဖူးနော် ..
မောင်ရီနိုရေ... ကိုယ်တကယ်ချစ်မြတ်နိုးရင်ဖြင့် သူ့အတွက်လည်း အချိန်လေးပေးပြီး ကိုယ့်ရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြောကြားသင့်ပါတယ်။
တော်ကြာ နောက်ကျမှ နှုတ်မသွက်လို့ ကျန်ရစ်ဖြစ်နေဦး
မယ်နော်... ဘွာတေး.. ကြိုးစားထား..ကြိုးစားရင် မဖြစ်ဖူး..း))))

ကျေးဇူးမောင်ရီနို..အစစအရာရာအဆင်ပြေပါစေ.

အစ်မ၀ါ