January 24, 2010

သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ

ခေါင်းစဉ်ကိုကြည့်ပြီး စာလာဖတ်တဲ့ သူငယ်ချင်းများ စိတ်ဝင်စားသွားမယ်ဆိုတာ ကိုယ်သိပါတယ်။ သူငယ်ချင်းတို့နဲ့ ခင်လာခဲ့တာလည်း အတော်လေး ကို ကြာခဲ့ပါပြီ။ ကိုယ်ကသာ သူငယ်ချင်းတို့ရဲ့ အကြောင်းကို စပ်စပ်စုစုနိုင်ပြီး ဟိုမေးဒီမေး မေးခဲ့မိပေမယ့် ကိုယ့်အကြောင်းတွေကိုတော့ သူငယ်ချင်းတို့ သိအောင် သေသေချာချာ မပြောဖြစ်ခဲ့သေးဘူးလေ။ ဒါကြောင့် ဒီခေါင်းစဉ်လေးအတိုင်း ကိုယ့်ရဲ့ ငယ်ငယ်ကနေစပြီး ခုချိန်ထိ မှတ်မိသလောက်ကို နှုတ်တစ်ရာ စာတစ်လုံး ဆိုတဲ့ စကားပုံအတိုင်း ဘလောဂ့်အက္ခရာ တင်ဖို့ကြိုးစားလိုက်မိပါတော့တယ်။

နှစ်တစ်နှစ်ရဲ့ မိုးရာသီအကုန် ဆောင်းရာသီအကူ ဖြစ်တဲ့ စက်တင်ဘာလ (၁၀)နေ့ နေ့လည်(၂)နာရီလောက်မှာ မြန်မာပြည်ရဲ့ ပထမဆုံးမြို့လို့ ခေါ်ရတဲ့ ရန်ကုန်မြို့မှာ ကိုယ့်ကို မွေးခဲ့တယ်။ အမှန်က ကိုယ့်အမေက ရန်ကုန်မှာ မမွေးချင်ပဲ လာမွေးရတာ။ ကိုယ့် အဖေတာဝန်ကျတဲ့ တောင်ငူမှာပဲ မွေးဖို့ စိတ်အားထက်သန်ခဲ့တာကိုး။ တောင်ငူမှာတာဝန်ကျတဲ့ ဆေးမှူးက တောင်ငူမှာမွေးရင် ကြိုက်တဲ့ အသက်တစ်ချောင်း ကိုရွေးလို့ ပြောလာခဲ့လို့ ရန်ကုန်ဆိုတဲ့ ရွှေမြို့တော်ကြီးကို ရောက်လာခဲ့ပြီး ကိုယ်လည်းနေရင်းထိုင်ရင်း နဲ့ ရန်ကုန်သား ကြီး ဖြစ်သွားရတော့တာပေါ့။ ကိုယ်က ရန်ကုန်မှာမွေးပေမယ့် အရပ်တကာမှာကြီးခဲ့တာဆိုတော့ ခုနောက်ပိုင်း လူတွေကမေးကြတယ်။ ..... ဘယ်ဇာတိကလဲတဲ့ ...... ကိုယ်က ပြန်ပြန်မေးရတယ်။ .... မွေးတဲ့နေရာကို ပြောတာလား.. ကြီးပြင်းလာတဲ့ အရပ်ဒေသကိုပြောတာလားလို့....

ကိုယ်ကို အမေကတော့ ခဏခဏ ပြောဖူးတယ်။ကိုယ်က ကိုယ့်အမ ပြန်ဝင်စားတာတဲ့။ ကိုယ့်အမက ကိုယ်ဆိုတာ ဘယ်မှာမှန်း မသိခင် သုံးနှစ်သမီးအရွယ်မှာ ဆုံးသွားခဲ့တယ်။ ကိုယ်အဖေနဲ့ ကိုယ်အမေဆို ရူးမတက်ပေါ့။ သူတို့တွေက သမီး သိပ်ချစ်ကြတာ။ အဲ့ဒီစိတ်နဲ့ပဲ ကိုယ့်အမေက ကလေးကို ဆုံးပြီး (၄၅) ရက်အတွင်း ပြန်တောင်းရင် တောင်းလို့ရတယ်လို့ ပြောလာတဲ့ နတ်ဝင်သည်တွေဆီမှာ ပြန်တောင်းဖို့ ကြိုးစားခဲ့တယ်။ နတ်ဝင်သည်တွေရဲ့ပြောစကားအရတော့ ကိုယ့်အမက သိုက်ကလာတာ။ ပြန်ခေါ်လို့ရတယ်။ ဘဝပြောင်းမှ လူ့သက်တမ်းစေ့ နေလို့ရမယ်တဲ့။ မိန်းကလေး ဘဝနဲ့ပဲ ပြန်လိုချင်ရင် နောက်ထက်သုံးနှစ်ပဲနေခွင့် ရှိမယ်ဆိုလို့ အမေကလည်း သူတို့နဲ့ ကြာကြာနေရရင်ပြီးရောဆိုပြီး ဘာဖြစ်ဖြစ် သူ့သမီးဖြစ်ဖို့ အရေကြီးတယ်။ ကိုယ့်အမေရဲ့ စိတ်ထဲမှာတော့ သူသမီးလေး သူ့တို့ဆီကို လုံးဝပြန်လာမယ်လို့ တစ်ထစ်ချယုံကြည်ထားတယ်။

မိန်းမတို့ရဲ့ သဘာဝ ဗေဒင်၊ လက္ခဏာ၊ အကြားအမြင်၊ နတ်တွေကိုယုံကြည်တက်တဲ့ ကိုယ့်အမေဟာ ကိုယ့်ဗိုက်ကြီးတကာကာနဲ့ အကြားအမြင်ဆရာမ ရောက်နေတဲ့ တောထဲကို လိုက်လာခဲ့တယ်။ တောထဲရောက်တော့ ဆရာမက မရှိဘူး။ တရားသွားထိုင်တယ်တဲ့။ အတူနေတဲ့ အဖေါ်ရဲ့ ပြောပြချက်အရ ဆရာမက ညနေမှ ပြန်လာတက်တာတဲ့။ အမေတို့ အဖွဲ့ကလည်း လုံးဝဇွဲမလျော့ပဲ ရောက်ပြီးမှတော့ တွေ့အောင် စောင့်မယ်ဆိုပြီးစောင့်နေကြတယ်။ အမေတို့ ရောက်ပြီး သိပ်မကြာခင်မှာ ဆရာမ ပြန်ရောက်လာပြီ.... နင့်တို့ထဲမှာ ဗိုက်ကြီးသည်တစ်ယောက်ပါတယ်... သူ့ကြောင့် ငါပြန်လာတာ.... ကလေးအကြောင်း သိချင်လို့ လာတာ မဟုတ်လား... ကလေးက ယောက်ျားလေး.... ဒီမှာမွေးလို့မရဘူး.... တစ်ခြားမြို့မှာပဲ မွေးလို့ရမယ်.... ကိုယ့်အမေတောင် ဘာမှ မမေးလိုက်ရဘူး။ သူကပဲ အကုန်ပြောသွားတာ။ ပြီတော့... ပြန်ကြတော့ ... ဒီနေ့ ဆရာမက ဘယ်သူ့ကိုမှ မဟောဘူး.... ဗိုက်ကြီးသည်ပါလာလို့ ငါခဏပြန်လာတာဆိုပြီ အားလုံးကိုပြန်ခိုင်းလိုက်တယ်။

ဒါတွေက ကိုယ်မမွေးခင်ကပေါ့။ ကိုယ်အမေက အိမ်မက်လည်းမက်ခဲ့သေးတယ်တဲ့။ အိမ်မက်က တစ်ခါတည်း မဟုတ်ဘူး။ ခဏခဏကို မက်တာ။ မက်တဲ့ အကြောင်းအရာကလည်း တူတူပဲ။ ဘာလဲဆိုတော့ ကိုယ့်အမေက ကလေးကိုချီလာတယ်။ ကလေးရဲ့ မျက်နှာကိုကြည့်လိုက်ရင် ကိုယ့်အမ ရဲ့ ရုပ်။ အနှီးလေးကို ဖယ်ကြည့်လိုက်ပြီဆိုတာနဲ့ ကိုယ်အမေက .... ဒါငါ့သမီးမဟုတ်ဘူး... ဒါငါ့ သမီး မဟုတ်ဘူးဆိုပြီး ငိုတော့တာပေါ့။ (အနှီးလေးဖယ်လိုက်တော့ ကိုယ့်အမေ ဘာတွေ့သွားလည်း ဆိုတာတော့ သူငယ်ချင်းတို့ပဲ စဉ်းစားကြည့်လိုက်ပါတော့လေ။ ကိုယ်ရေးပြရင် ဆင်ဆာ မလွတ်ဘူးဖြစ်မှာကြောက်လို့ပါ)

ဆက်ရန် (သူငယ်ချင်းများသို့ အိတ်ဖွင့်ပေးစာ - ၁) သို့

လေးစားစွာဖြင့်
ရီနိုမာန်

20 comments:

မိုးခါး said...

;))
စိတ်ကူးပေါက်ပြီး ပြောတော့မယ်ပေါ့
နောက်ကြောင်းပြန်ပြီ .................

ရွာသားလေးဝိုင်တီယူ said...

အိတ်ဖွင့်ပေးစာဆိုပြီး

အနှီးနဲ့လာပိတ်ထားတယ်ကွာ....

ဘာရမလဲ ပြန်စသွားတယ်..

ဆောင်းနှင်းရွက် said...

အို .... !
ဒီဘလော့ က အရမ်း အပိုင်းများတာပဲ ..
ရေးနေတဲ့ ခေါင်းစဉ်တွေ နဲ့ အပိုင်းတွေ
တော်တော် ကို များနေပြီ ...
ကြည့်ရတာ
ကိုးရီးယား လည်း ရောက်ခဲ့ဖူးပြီး ပြီလား
မသိဘူးးး ...

ပိုးဟပ်လေး said...

ဟီးးးး
ကျွန်တော်ထင်တယ်၊ အနှီးဖယ်လိုက်တော့
ဘာမှ မဟုတ်ပါဘူး
မှဲ့တို့ အမှတ်တို့ စာနီတို့
တစ်ခုခု မတွေ့လို့နေမှာပေါ့

ကိုရီနိုရေ ဆင်ဆာလွတ်သွားပြီင်္နော်

ခင်မင်စွာဖြင့်
ပိုးဟပ်လေး

စံလင်းထွန်း said...

စာတွေလာဖတ်တယ် အစ်ကိုရေ..။

နောက်အပိုင်းလေးတွေ စောင့်မျှော်နေပါ့မယ်။

Craton said...

ဟီဟိ.. စိတ်ဝင်စားဖို့ကောင်းသား
ဆက်ပါဦး။

ဇွန်မိုးစက် said...

ရီနို့ကို စိတ်ဆိုးနေကြောင်း လာပြောတာ..သူဆီတော့ တို့က လာလည်ပြီး စာတွေဖတ်၊ တို့ဆီကျတော့ မလာဘူးး(

~ဏီလင်းညို~ said...

ကိုရီနို....
အနှီးလေးကိုလည်း..ဖယ်လိုက်ရော...ဘာဖြစ်တုန်းဗျ...း)
(အဆက်လေးမျှော်နေမည်...း))
ခင်မင်တဲ့
ဏီလင်းညို

မေသူ said...

အဟီးးးး အကုန်လုံး အခုမကျန်ပြောနော်..... မချန်ကြေးးးးးး

ဒါပဲ

=)

အိုက်ခီလောက် said...

အနှီးလေးဖွင့်လိုက်တော့ တူနှယ် ဒန့် နှယ် ပြောင် ပြောင်
မိုးတိုးမတ်တပ်နဲ့  ပေါ်လာတာကတော့ အရိပ်ပြ အကောင်မြင် ကြပါဗျာ ဆိုသလို လား ဟဟ
ကိုရီနို မကောင်းဘူးဗျို့  ဆက်ရန် လုပ်ထားတယ် ဟတ်ဟတ်

ကိုလူထွေး said...

စိတ်ဝင်စားစရာပဲ...
ထူးဆန်းဖို့လည်းကောင်း၊ အံ့သြဖို့လည်း အကောင်းသား...

အနှီးတော့ ဖွင့်မပြပါနဲ့တော့ ကိုယ့်လူရာ...
စာအိတ်ဖွင့်ယုံနဲ့တင် လုံလောက်ပါပြီ...

းဝ)

Mogok Thar said...

ချစ်ညီလေး ဘဝကို သိခွင့်ရတာပေါ့ကွာ..

အခန်းဆက်တွေ မျှော်နေပါတယ်


ချစ်ခင်တဲ့

sweetpeony said...

မျှော်........... နေ.............. သည်.................
း)

မြတ်မွန် said...

မျှော်တော်ယောင်..ဘဝကလွတ်ချင်ပြီ...:P

အနမ်း said...

ကိုးရီးယား၊ တရုတ်ဇာတ်လမ်းတွဲတွေလို အတွဲနဲ့လား။း))
ခုမှမွေးကင်းစပဲရှိသေးတာနော်။ ရာဇ၀င်ဇာတ်ကားတွေလို တော့အပိုင်းသိပ်မရှည်နဲ့။ မျှော်ရတဲ့ဘ၀ကို မကြိုက်ဖူး။း))

တောင်ပေါ်သား said...

အိတ်ဖွင့်ပေးစာထဲမှာ ဟိုဟာလေး တွေ့တယ်း)
စာရွက်လေး ပြောပါတယ်း)

လေးစားလျက်
တောင်ပေါ်သား

ဖိုးစိန် said...

အောင်မြင်သူ

စာရေးတတ်သူ တို့များး

အင်တာဗြူးလေး ကုန်ခါနီးတော့

အိတ်ဖွင့်ပေးစာကို အပိုင်းနဲ့ တင်ပြီး ပိုစ့်လုပ်နေပြန်တယ်..

အင်းပေါ့လေ.. ဒီလိုတွေးတတ်တော့လဲ ပိုစ့်တင်နိုင်တာပေါ့

သဲသဲ ပြောတာလဲ မှန်ပ

အပိုင်းတွေ များလွန်းလွန်းလွန်းလွန်းလို့


သယ်ရင်းအမ ပြန်ဝင်စားတာ သေချာပါတယ်.. ဟီးးဟီးးး

ကိုယ်ဗေဒင်ထပ်ကြည့်ပေးမယ်လေ.. ဟဲဟဲ

reenoemann said...

ကျေးဇူးတင်ပါတယ်ဗျာ။

အခန်းဆက်ကို ရေးနေပါကြောင်း....

အိန္ဒြာ said...

အော် ရာဇ၀င်လေးနဲ့ကိုးးး

စာရေးထားတာလေးကလည်း စိတ်ဝင်စားစရာကောင်းအောင်ရေးတတ်လိုက်တာ...

လူဝင်စားတွေဆို စိတ်ဝင်စားတယ်
အရင်ဘ၀အကြောင်းပြန်ပြောတယ်ဘာညာဆိုတာမျိုးပေါ့

အဲဒီ့အကြားအမြင်ဆရာမ တွေ့ချင်လိုက်တာ
တိုတို ဘာထိုးရမလဲ မေးမလို့ ;P

Dream said...

အမေက ဘာတွေ့သွားတာလဲ တိဖူး....ခိခိ

တခုခုတော့ တခုခုပဲ......