January 13, 2010

အိမ်မက်ထဲမှာ

ပထမတော့ ဂျပန်ကပြန်လာမှပဲ စာရေးတော့မယ်လို့ တွေးထားတာ။ ခုတော့ မနေနိုင်လို့ စာအရင်ရေးလိုက်ရတယ်။ စိတ်ကရှိပြီး လက်တွေ့ဘာမှ အကောင်အထည် မဖေါ်နိုင်သေးဘူး။ ရင်ထဲမှာ သူတို့ ရှိနေလေပြီ။ ကိုယ်ကိုတိုင်တောင် မလှုပ်သာမလူးသာ ဖြစ်နေတဲ့ ဘဝမှာ ဘာများကူညီချင်သေးတာလဲ လို့ အမေးမခံရတာ ကိုပဲ ကျေးဇူးတင်ပါတယ်။

မနေ့ညက အိမ်မက်မက်တယ်။ အိမ်မက်ထဲမှာ ကိုယ်က စင်ကာပူထီပေါက်တယ်တဲ့လေ။ ပျော်လိုက်တာမှ အရမ်းပါပဲ။ စင်ကာပူငွေ ခြောက်သိန်းခွဲတောင် ရတာတဲ့။ ကိုယ်အရင်ဆုံးဘာလုပ်လိုက်လဲ လို့ ထင်လဲ။ MRT နဲ့နီးတဲ့ နေရာမှာ အိမ်ခန်းတစ်ခန်း ဝယ်လိုက်တယ်။ ဝယ်ပြီးတော့ အိမ်မှာနေချင်တဲ့ လူတွေကို တလ ၂၅၀ (စင်ကာပူဒေါ်လာ) နဲ့နေခိုင်းလိုက်တယ်။ လာနေကြတဲ့ မောင်နှမတွေအားလုံးက ဘလောဂ့်က မောင်နှမတွေပဲဆိုတော့ တစ်ပတ်မှာ တစ်ခါတော့ ကိုယ်အိမ်မှာ ဆုံးဖြစ်ကြတယ်။ ကိုယ်က ဘာထပ်လုပ်တယ်မှတ်လဲ။ တစ်ညလာအိပ်ရင် စင်ကာပူဒေါ်လာ ၂၅ ကောက်တယ်။ ပြီရင် ကောက်လို့ရတဲ့ ငွေနဲ့ သူတို့ကိုပဲ ထမင်းကျွေးတယ်။ အအေးတိုက်တယ်။ ဒီလိုနဲ့... အိမ်မက်က လှန့်နိုးသွားခဲ့ပြီ။

အိမ်မက်ထဲမှာတောင် စေတနာနဲ့ စီးပွားကရှာလိုက်မိသေးတယ်။ အိမ်မက်ဆိုပေမယ့် အပြင်မှာ ဖြစ်ချင်နေတဲ့ စေတနာပါ။ စိတ်သာရှိပြီး ဘာမှ မကူညီနိုင်တဲ့ အတွက် ဝမ်းနည်းမိတယ်။ တကယ်လို့....များ....

လေးစားစွာဖြင့်
ရီနိုမာန်

9 comments:

အိုက်ခီလောက် said...

အော် စင်ကာပူကမောင်နှမတွေ ပဲ အိပ်ခိုင်းတာပေါ့လေ
ဟုတ်ပါပြီ ဟုတ်ပါပြီ စိတ်ဓါတ်လေးတွေ သိရတာပေါ့လေ ဟဟ
စလုံးမှ မောင်နှမထင်တာကိုး ဟိုးဟိုးးးးးးးး
မထိ တထိ နဲ့ ကလိပေးလိုက်ပြီ ဟဟ

မိုးခါး said...

ဟွန်
အလကားတော့ ခေါ်မတင်ဘူး
ရေးလိုက်မှ မိတ်ပျက်ပြီ (ဦးသစ်စကား :P)

Anonymous said...

ဟုတ်ပ ကိုအိုက်ခိ ပြောသလို စလုံးက သူငယ်ချင်း ညီအကို မောင်နှမတွေမှ မောင်နှမထင်တယ်ပေါ့ ကိုရီနို ရပါတယ်ရပါတယ် ဟွင်းဟွင်း

lovelessguiter said...

အမလေးဗျာ..ထီပေါက်တာတောင်မှလေ..... ကြောက်တောင်လာပြီ..။:P

sweetpeony said...

ဖြစ်လာမှာပေါ့....
း)

မြတ်မွန် said...

ပေါက်ပါစေရှင်။

ဧပရယ်လ်ပူး@ပူးတေ said...

ထီပေါက်တာတောင်မှ ဘလော့ကာတွေအတူတူ စုနေဖို့အိမ်တလုံးဝယ်ပြီး အလကားထားတယ်လို့ မမက်ဘူး။ ဟွန်း အိမ်မက်ထဲမှာတောင် စည်းပွားရှာချင်တယ်ပေါ့လေ။ :)
ဘလော့ဂါတွေ အယောက် ၂၀ ကျော်လောက်ကို ၁ ယောက် ၂၅၀ နဲ့ ထားမယ်တဲ့ ဗျို့။ ကိုရီနိုအိမ်မှာ အိမ်လခပေးပြီး ဘယ်တူမှ မနေကြနဲ့ဗျို့။ အလကားရမှ နေကြ။ :)

ဧပရယ်လ်ပူး@ပူးတေ said...

ခင်လို့ နောက်သွားတာနော် ။ ကိုယ့်အိမ်နဲ့ ကိုယ်ပဲ။ ကြိုက်သလောက်တောင်းပြီး ကြိုက်သလောက်ထားပေါ့ နော့
:)
တကယ်ပေါက်ပါစေနော်... တိုတိုရော ၄ဒီရော :)

Mogok Thar said...

အိပ်မက်ထဲမှာ

ရီနိုမာန် ဟော်တယ်ကြီးက...
မောင်နှမတွေအတွက်....

အားလုံး
ဖရီး..... ဖရီးတဲ့ဗျ.....

အဲဗျ အိပ်မက်က လန့်နိုးတော့မှ အိတ်ထဲ 250တောင် မကျန်တော့ပါလားနော်....

ဒေါ်လှ ဘယ်ရောက်သွားပါလိမ့်