January 15, 2010

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၅ )

ဒီနေ့တော့ ဂျပန်မြို့ရဲ့ တိုကျိုလေဆိပ်ကို ရောက်လို့ လာခဲ့ပါပြီ။ သွားဖို့ ပြင်ဆင်နေရင်း ဟိုလုပ်လိုက် ဒီလုပ်လိုက်နဲ့ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ လေယာဉ်လက်မှတ်ကို သေချာရက်ရွေးပြီ မနေ့ ညဦးအချိန်လေးမှာပဲ မောင်နှမတွေကို နှုတ်မဆက်ပဲ တိတ်တိတ်လေး ထွက်လာခဲ့ပါတယ်။ လေဆိပ်ကို ရောက်တော့ ကြိုပြီး အကြောင်းကြားထားလို့ ဦးဥာဏ်၊ အမဝါ နဲ့ သမီးလေး ခိုင်တို့ လာကြိုကြပါတယ်။ အချိန်ကလည်း သိပ်မရ ပြီရင်း ပန်ပန်ဆီကလည်း သွားရအုံးမှာဆိုတော့ အချိန်ဇယားက တော့ ကွတ်တိပါပဲ။ ကျနော် ဟိုကိုရောက်တဲ့ အချိန်ကတော့ အသဲပါခိုက်နေအောင်ကို အေးနေတဲ့ အချိန်ဆိုတော့ ကျနော်မှာ ပါသွားတဲ့ အနွေးထည်နဲ့ မလောက်လို့ အမဝါက ကျနော်ကို လက်ဆောင်အဖြစ် အနွေးထည်နှစ်ထည် ထပ်ဝယ်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။ ( မသိတဲ့ လူများ မနာလို ဖြစ်နေကြအုံးမှာ။ ပြန်ရောက်မှ ထုတ်ကြွားလိုက်အုံးမယ်)ဟဲဟဲ....

ကဲအမရေ အခုရောက်လာတာကလည်း အလုပ်ကိစ္စနဲ့ ဆိုတော့ သိတဲ့ အတိုင်းပဲလေး။ အချိန်ကသိပ်မရဘူး။ အမကို ဗျူးပြီးတာနဲ့ ပန်ပန် ဆီကို သွားရအုံးမှာ။ ဒါကြောင့် ကျနော်တို့ အင်းတာဗျူးလေးကို စလိုက်ကြရအောင်ဗျာ.......

၁) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရာလေးကနေ စမေးမယ်နော် အမ။ ဘာကြောင့်များရေးဖြစ်သွားတဲ့ အကြောင်းလေး ပြောပြပါအုံး အမဝါ

- အမျိုးသားက အားပေးလို့ ။း) ပြီးတော့ စိတ်ထွက်ပေါက် အဖြစ် ဘလော့ဂ်လေးတစ်ခု ဖန်ဆင်းပြီး ကိုယ့်အကြောင်းတွေကို ဒိုင်ယာရီလေးတစ်ခုလို ရေးချင်ခဲ့တယ်။

၂) အမ ဘလော့ဂ် ရေးဖြစ်ခဲ့တဲ့ နှစ်လေး ပြောပြပါအုံး။

- ၂၀၀၈ . မတ်လ

၃) အမက ဒီရောက်တာလဲ ကြာနေပြီဆိုတော့ မြန်မာ အစားအစားတွေထဲက အကြိုက်ဆုံး နဲ့ အတမ်းတဆုံး ဘာဖြစ်နိုင်လဲ အမ။

- မုန့်ဟင်းခါး

၎) ခရီးသွားရင် အမြဲယူသွားတက်တဲ့ ပစ္စည်း ကဘာလဲ အမ။

- လက်ကိုင်အိတ်၊ ကင်မရာ ၊ ဘီး ။

၅) ဖက်ရှင်နဲ့ ပတ်သက်တာ နည်းနည်းမေးမယ် ။ ကိုယ်တိုင်နှစ်သက်တဲ့ ဖက်ရှင်ဒီဇိုင်း ပုံစံက ဘယ်လိုမျိုးလဲ။ အဝတ်အစား ဒီဇိုင်း ပေါ့ အမ။

- စတိုင်ဘောင်းဘီ၊ရှပ်အကျီ

၆) ဒါဆို အကြိုက်ဆုံး အရောင်က ဘာအရောင်တွေလဲ။

- အဖြူ နဲ့ အနက် (မြင်းကြား မဟုတ်ပါ။အပေါ်အဖြူဆို ၊ အောက်ဖက်အနက်၊ အောက်ဖက်အနက် ဆို အပေါ်ပိုင်း အဖြူ)
(မှတ်ချက် ။ ။ အမပြောထားတာ အတူတူများ ဖြစ်နေသလားလို့ပါ။ အမ ကိုယ်တိုင်ဖြေထားလို့ အမှတ်တရ မပြင်ပဲ ထားလိုက်ပါတယ်။ )

၇) ဖက်ရှင် ပစ္စည်းတွေထဲမှာကော အမရဲ့ အကြိုက်ဆုံး က ...

- ဖိနပ်

၈) ဒါဆိုရင်တော့ ဖိနပ်ထဲမှာ ဘာဖိနပ်ကို အကြိုက်ဆုံးလဲ။

- Amalfi Collection


၉)ရေမွှေးတော့ သုံးမှာပေါ့။ သုံးဖြစ်တဲ့ အများကြီးထဲက အကြိုက်ဆုံးရေမွှေး လေး ပြောပြပေးပါအုံး အမ။

- Dior


၁၀) ဒီမေးခွန်းကတော့ အမ အတွက် မလိုအပ်ပေမယ့် မေးနေကြမို့ အမရဲ့ အဖြေလေးတော့ သိချင်မိပါရဲ့ဗျာ။
စိတ်ကူးထဲက ချစ်သူကောင်လေးပုံစံ

- ( ဒီမေးခွန်းက အန်တီအတွက်မလို) ( ဒီမေးခွန်းက အန်တီနဲ့ မဆိုင် :D )

၁၁) အမရဲ့ ပင်ကို ဝါသနာက။

- သီချင်းအေးအေးလေးတွေနားထောင်ခြင်း

၁၂) ကဲ အမရေ ကျနော်ရဲ့ နောက်ဆုံးမေးမဲ့ မေးခွန်းကတော့ အမရဲ့ အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေး ကို သိပါရစေဗျာ။

- အတတ်နိုင်ဆုံး လူတွေအပေါ် မေတ္တာ ထားပါ။
(Recently) - An injury forgiven is better than injury revenged . ( ရန်ကို ရန်ချင်းမတုံ့နှင်းပဲ ဖြည့်ညှင်းသာယာစွာ စကားကိုပြောဆိုရာ၏။)

ကျေးဇူးတင်ပါတယ် အမရေ။

အင်းတာဗျူးအစီအစဉ်လေးလည်း ပြီတော့ ကျနော်ကို မက်ခုဒိုနရုဒို ဆိုင်မှာ နေ့လည်စား လိုက်ကျွေးပါတယ်။ နေ့လည်စားပြီတော့ ပန်ပန်ဆီသွားဖို့ ရထားစောင့်နေတုန်း အမနဲ့ အလာပသလာပ ပြောနေတုန်း ဖိုးသင်္ကြန်မှာလိုက်တဲ့ စကားကိုလည်း သေသေချာချာပြောလိုက်မိပါသေးတယ်။ အမဝါ မြန်မာပြည်ပြန်ဖို့ ပစ္စည်းတွေ သိမ်းနေပြီတဲ့ အမဝါ မနိုင်တဲ့ ပစ္စည်းတွေ ကျနော်ပြန်ရင် မလာခဲ့တဲ့ အမရေ ဖိုးသင်္ကြန်က အဲလိုမှာလိုက်တယ်ဗျာ။ ကဲ အမရေ ရထား လည်း လာပြီ စကားလည်းကောင်းနေတာ အပြန်မှ ပြန်တွေ့မယ်အမ။
အပြန်ကြရင်တော့ ဒီဆိုင်မှာပဲ စားမှာနော် ( ဇာ ကင်းဂု အော့ဖု ဘရက်ဂု” ) ကြိုပြောထားပါတယ်။
ကျေးဇူး အရမ်းတင်ပါတယ် အမရေ။ ခုလိုကျနော်ရဲ့ အင်းတာဗျူး အစီအစဉ်လေးမှာ စိတ်ဝင်းတစား ပါဝင်ပေးတဲ့ အတွက်ကော နေ့လည်စားနဲ့ဧည့်ခံပေးတဲ့ အတွက်ကောပေါ့။

ဒီလိုနဲ့ ကျနော်လည်း ပန်ပန်ဆီကို ထွက်လာခဲ့ပါတော့တယ်။........

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက် ။ ။ အဖြေများအားလုံးကို အမဝါမှ ကိုယ်တိုင် ဖြေကြားထားခြင်းဖြစ်ပါသည်။

8 comments:

တောင်ပေါ်သား said...

အမ် နောက်အလှည့်ကျ ပန်ပန်ပေါ့း) လူလည်ကြီး ခုထိ မကုန်နိုင်သေးဘူးးးးးးးးးး) ခံစားချက်တွေ လုပ်ပါဗျို့း) တီဝါကို ဗျူးတာ ဖတ်တယ် မေးခွန်း ၁၀ သိပ်မမိုက်ဘူး ဘယ်မိုက်မတုန်း တီဝါက အဟေးဟေးးးးးးး ဒါပဲ


လေးစားလျက်
တောင်ပေါ်သား

သံလွင် HeRo said...

စားနေတဲ့ပေါင်မု့န်ဝယ်ခဲ့ပါ

မြတ်မွန် said...

မမဝါရဲ့ အင်တာဗြူးလေး လာဖတ်သွားပါတယ်။

WWKM said...

မောင်ရီနို..နာရိတာလေဆိပ်မှာ အင်တာဗြူးသွားတာကို တင်လိုက်ပြီကို.. :P

ပန်ပန့်ဆီ သွားပြီးရင် အပြန်တွေ့ကြဦးမယ်နော်. ဖိုသင်္ကြန်အတွက် ငြုတ်ဆုံ နဲ့ ညီမလေးပြောင်ပြောင်အတွက် ကျောက်ပြင်တွေ မှာထားတာ ထည့်ပေးရဦးမယ်လေ.း))))

ရာသီဥတု အရမ်းအေးတာနော်..ဂရုစိုက်ဦး။အကျီအထူတွေလိုရင် ထပ်ပြောပါဦး. ပန့်ပန့်ဆီကို အစ်မပို့ပေးလိုက်မယ်...း)

ဒါနဲ့ ကြုံတုန်းပြောရဦးမယ် သိလား..
ဂျပန်ကနေ စင်္ကာပူကို EMS နဲ့ အထည်ထုတ်ကြီးပို့တာလေ ၂ ရက်ပဲ ကြာတယ်..ရောက်သွားပြီ.. ၂ကီလိုကျော်ကျော်ကို ယန်း ၆၃၈၀ ပဲ ပေးရတော့ ရတဲ့သူပါ အဆင်ပြေသွားလို့ ၀မ်းသာနေတာလေ... မောင်ရီနို က ပြောင်ပြောင် နဲ့ ဖိုးသင်္ကြန် အတွက် ငြုတ်ဆုံ နဲ့ ကျောက်ပြင် သယ်မသွားချင်ရင် EMS နဲ့ အစ်မသူ့တို့ကိုပို့ပေးလိုက်မယ်..ကျသင့်ငွေ သူတို့ရှင်းယူပါစေ... :P မကျလောက်ပါဘူး ယန်း ၁၀၀၀၀ ကျော်လောက်ပါပဲ..း)) ယူဦးမလား ပြောင်ပြောင် နဲ့ ဖိုးသင်္ကြန်ရေ ငြုတ်ဆုံ နဲ့ ကျောက်ပြင်.မြန်မြန်ပြန်ပြောနော်... မောင်ရီနိုက မသယ်သွားရင် EMS နဲ့ အမြန်ပို့ပေးလိုက်မှာ... ဂျပန်က ငြုတ်ဆုံကို ပို့ခယန်း၁၀၀၀၀ လောက် နဲ့ အမှတ်တရ သုံးပေါ့.း)))

အခုလို အင်တာဗြူးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ် မောင်ရီနိုရေ..
လေဆိပ်မှာ မက်ခုဒိုနရုဒို ကျွေးပြီးပြီမို့ ပန်ပန့်ဆီက ပြန်လာရင် “ဇာ ကင်းဂု အော့ဖု ဘရက်ခု” မှ ကျွေးပါဦး
မယ်ကွယ်..း))))))))))))))

ခင်မင်စွာနဲ့

အစ်မ၀ါ

မိုးခါး said...

ကုန်သေးဘူးလား :D:D

ဇွန်မိုးစက် said...

အစ်မ၀ါနဲ့အင်တာဗျူးလေး လာဖတ်သွားပါတယ်။

ဖိုးသင်္ကြန် said...

ငြုပ်ဆုံက ဒီမှာ စုပြီးချက်စားဖြစ်နေတဲ့လူတွေအတွက် နောက်လိုက်တာပါ မဝါရေ...
ကျွန်တော့်ပေးရင်တော့ ခေါက်ဆွဲခြောက်တွေပဲ ထည့်ထောင်း စားရတော့မပေါ့

ဖိုးသင်္ကြန် said...

ကိုရီနို့ကို
ဘာမှ မမှာတော့ပါဘူးနော့်
ကိုယ့်ညီလေးတွေပဲ
သဒ္ဒါသလောက်ပေါ့
အဟေးဟေး (တောင်ပေါ်စတိုင်)