January 8, 2010

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၄ )

ဘလောဂ့်ဂါတွေနဲ့ အင်းတာဗျူး အစီအစဉ်လေး ကို စတင်ခဲ့တာ ခုဆိုရင် လူတော်တော်များများကိုလည်း အင်းတာဗျူးပြီသွားပါပြီ။ အလှည့်ကျ မတင်ဖြစ်သေးလို့ အားလုံး မဖတ်ရသေးတာပါ။ အချိန်ရရင် ရသလို အမြန်ဆုံး တင်ပေးသွားမှာပါ။ ခုတစ်ခေါက် အလှည့်ကျလာတဲ့ သူကတော့ ခုနောက်ပိုင်း စာရေး အရမ်းကောင်းလာတဲ့ လူပျိုကြီး ကိုမိုးကုတ်သား ခေါ် ကိုဘိုပဲ ဖြစ်ပါတယ်။ အင်းတာလည်းဗျူးရင် ကြေငြာလည်း ဝင်ပေးခြင်းဖြစ်ပါတယ်။ .....

၁) အကို့ ရဲ့ အကြိုက်ဆုံး အရောင် လေးကို သိပါရစေဗျာ

- အဖြူရောင်

၂) အကို အကြိုက်ဆုံး မြန်မာ အစားအစာတွေထဲက တစ်ခုလောက်ပြောပြပါလား

- တိုဟူး
>၃) အမြဲတမ်းသုံးတဲ့ အကြိုက်ဆုံးရေမွှေး

- CK

၎)အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း

- မရှိ

၅) အကြိုက်ဆုံး ဖိနပ် တံဆိပ်ကရော

- Aldo

၆) အဝတ်အစားတွေထဲမှာ အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း ကိုပြောပြပေးပါအုံး

- Free Style

၇) ဘလောဂ့်စတင်ရေးဖြစ်တဲ့ နှစ်က

- 2007

၈)ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း လေး ပြောပြပေးပါအုံ ကိုဘို

- အိမ် နဲ့ မိုးကုတ် ကို လွမ်းလို့

၉) ကိုယ်ပိုင် ဝါသနာ

- ခရီရေးရှင်း (creation)

၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း

- ကင်မရာ

၁၁) စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ သိချင်တယ် အကို

- ဆံပင်ရှည်ရှည်၊ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်...။

၁၂) အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်

- မေတ္တာထားပါ။

ကျေးဇူးပဲ ကိုဘိုရေ။ ခုလို ကျနော်ဂျပန်ကို အလုပ်ကိစ္စနဲ့ မသွားခင်လေးမှာ အချိန်ပေးပြီ ကျနော်မေးသမျှကို စိတ်ရှည်ရှည်နဲ့ ဖြေပေးတဲ့ အတွက်ကျေးဇူးပါဗျာ။ စာလာဖတ်တဲ့ မောင်နှမအားလုံးကို ဒီပိုစ့်လေးနဲ့ အတူ တောင်းပန်လိုက်ပါတယ်။ ကျနော် နေသိပ်မကောင်းချင်သလိုဖြစ်နေလို့ အိမ်လည်စာဖတ်သိပ် မလုပ်ဖြစ်တဲ့ အတွက်နားလည်ပေးပါလို့။ နောက်တစ်ခေါက် အင်းတာဗျူးကို ဂျပန်မှာ သွားဗျူးရမှာမို့ ခုလိုအေးအေးရာသီမှာ ကျန်းမာရေးကို ဂရုစိုက်နေရပါတယ်။ အားလုံးလည်း ဂရုစိုက်ကြပါ ( ကျန်းမာရေး)။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက် - အဖြေအားလုံး ကိုမိုးကုတ်သား ကိုယ်တိုင်ဖြေတာဖြစ်ပါသည်။

16 comments:

ဖိုးသင်္ကြန် said...

တိုတယ်... နည်းနည်း ရှည်ရှည်မေးဗျ
ဂျပန်ရောက်ရင် မဝါအိမ်ပြောင်းလို့ မသယ်နိုင်တာလေးတွေ ဆွဲခဲ့ဗျာ... (ဥပမာ-ငရုတ်ဆုံ)

မေလေး said...

အကိုတော် မိုးကုတ်နှယ် ပြတ်သားချက်းP

မိုးခါး said...

စိတ်ကူးထဲက ကောင်မလေးနဲ့ အမြန်ဆုံစည်းပါစေဗျို့

နေ၀သန် said...

ဆံပင်ရှည်ရှည်.. အရပ်မြင့်မြင့်.. အသားဖြူဖြူ .. ပိန်ပိန်သွယ်သွယ်.. မိန်းကလေးတွေ သတိထားဗျို့.. ကိုမိုးကုတ်သားချိန်ထားတယ်...

ဇွန်မိုးစက် said...

ကိုမိုးကုတ်သားမျက်နှာကြီး မြင်ယောင်ပြီး ပြုံးလိုက်ရသေးတယ်။ လူပျိုကြီးတော့ စွံအုံးမှာ...ခွိ..ခွိ :P

ကြည်ဖြူပိုင် said...

ဖန်သကြိုးပြောသလိုပဲ
လေးလွန်းလို့မ၀ါ မသယ်နိုင်တဲ့ပစ္စည်းမျိုး
အထူးသဖြင့် ကျောက်ပျဉ်ပေါ့နော်
သယ်လာခဲ့ပေးနော်....:D

တောင်ပေါ်သား said...

ပိန်ပိန်သွယ်သွယ်တဲ့ အဟေးဟေးးးးးးးး ကိုဘိုတော့ မြင်ယောင်သေးတယ်

အင်တာဗျူးလုပ်ပေးသော ကိုရီနိုကို ကျေးဇူးတင်ပါတယ်


လေးစားလျက်
တောင်ပေါ်သား

ဆောင်းနှင်းရွက် said...

ကိုရီနို နောက် တယ် နော် ...
တွားးးးးးးးးးးး
လူဇိုးးးးးးးးးးးးးးးး
ခေါ်တော့ဘူးးးးးးးးးးးးး

ခုလို ကျနော်ဂျပန်ကို အလုပ်ကိစ္စနဲ့
မသွားခင်လေးမှာ အချိန်ပေးပြီး
ကျနော်မေးသမျှကို စိတ်ရှည်ရှည်နဲ့
ဖြေပေးတဲ့ အတွက်ကျေးဇူးပါဗျာ။
ဆိုလို့

တကယ် လားးးးးး လို့ ....
ဖတ်နေရင်းနဲ့ မျက်လုံးတောင် ကျယ်သွားတယ် ...
ဟွန်းးးး

ကိုဘို အတွက်
song sing ပေးမယ် ...

ဆံပင်ရှည်ရှည်
အရပ်မြင့်မြင့်
ကိုယ့်ချစ်သူလေးး ..
အိန္ဒြာရှင်
မင်းလေးရဲ့ အလှ
ထူးခြားလွန်းလို့ ..
ကိုယ့်လေ မခံနိုင်
ရင်မှာ ဆွဲသွားးး
ကြွေပြီ ............ >>>>

ဆံပင်တွေကို အလှပဆုံး
ပင့်သပ်ပြီးတော့
ရီဝေစွာ ဆွေးဆွေးလေး
ကြည့်လိုက်တိုင်းမှာ ....

မသိတော့ဘူးးးးးးးးးးး
ဆက် မဆိုတတ်တော့ဘူးးးးးးးးးးးးးးးး
Memory ပြန်ခေါ်လို့
ရတော့ဘူးးးးး ...!

ဆိုတတ် တဲ့ သူ
ဆက် ဆို ပါ ......

WWKM said...

ဘာတဲ့...
ဆံပင်ရှည်ရှည်၊ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်...။

အင်းးးး ရနိုင်လောက်မယ် ထင်ပါတယ် ဘိုဘိုရေ.း)
နောက်မှ ဘိုဘိုနဲ့တွဲလာတာ အသားမဲမဲ အရပ်ပုပု ၀၀တုတ်တုတ် ဖြစ်နေရင်တော့ အော်ရယ်မှာနော်.ha ha ha
(အဲ..စတာနော်.. အတည်မဟုတ်ဖူး)အဲဒီစာကြောင်းက
ရွာသားအိမ်မှာ ကွန်မန့်တွေဝင်ဖတ်ရင်းနဲ့ တတ်လာတာ.:P

အဲ..ကိုယ့်အလှည့်ရောက်တော့မယ်..ကြောက်ထှာ.
နေဦး ပြန်ဖတ်ပြီး အက်ဒစ်ပြန်လုပ်လိုက်ဦးမယ် ရီနိုရေ.

ဘယ်သူတွေတုန်းကွ ငြုတ်ဆုံ နဲ့ ကျောက်ပြင် ရချင်တာ.. ဂျပန်မှာ အဲဒါတွေရှိဘူး။
ငြုတ်ဆုံဆိုရင်လေ..စဉ့်အိုးခွက်တဲ့ .. ဂျပွေ့က သစ်သားချောင်းကြီး.. ထောင်းရင်းကွဲသွားမှာစိုးလို့
အသက်မရှုပဲ ထောင်းရတယ်.. မာမာ မထောင်းရဲလို့
ငဖယ်ဆုတ်ထောင်းချင်တာတောင်မှ လက်နဲ့ပဲ ညှစ်နယ် နယ်လိုက်တာက အေးသေးဆိုပြီး လက်ငြုတ်ဆုံလုပ်လိုက်ရောပဲ..း))

ကျောက်ပြင်လား.. သနပ်ခါးလိမ်းချင်ရင် ရွှေပြည်နန်းသနပ်ခါးကို လက်ထဲမှာ ထည့်သွေးရတယ်လေ.း))

ပို့စ်လေးရေးမိပါတယ်.. အတင်းဝင်ပြောသွားကြတယ် ကလေးတွေ.. ငှင်း..ငှင်း..ငှင်း..း)))

မြစ်ကျိုးအင်း said...

ကိုမိုးကုတ်သားကြီး နံပါတ် ၁၁ အဖြေ အတိုင်း ကြုံတွေ့ပါစေ
ဒါဆို သူက လူပျိုကြီးမလုပ်တော့ဘူးပေါ့ :)

ချစ်ကြည်အေး said...

မောင်ရီနိုရေ....အမနဲ့ ဗျူးထားတာလေး ဘယ်တော့များ တင်ဖြစ်မလဲကွယ်....!!!

Mogok Thar said...

ဂျပန် က ပြန်လာရင်....

ကိုမိုးကုတ် ပြောတဲ့....

ဆံပင်ရှည်ရှည်

အရပ်မြင့်မြင့်

ပိန်ပန်သွယ်သွယိ...

ကောင်မလေးတစ်ယောက်လောက်တော့....

ချစ်ကို အတွက် ပါ... ပါစေ...

အပြန်လက်ဆောင်ပေါ့...

ချစ်ညီလေးးး

ရီနိုကို......
အရမ်းချစ်တဲ့...

ကိုကိုမိုးကုတ်

Sein Lyan Tun said...

အရပ်ရှည်ရှည် တဲ့

ပိန်ပိန်သွယ်သွယ်တဲ့

ချောချောလှလှတဲ့

ရပါအုံးမယ်

ကိုလူပြိုကြီး

Mogok Thar said...
This comment has been removed by the author.
မြရေလျဉ် said...

ကိုရီနို မြကိုရော ဗျူးမှာလား
ကိုမိုးကုတ် အကြိုက်တွေ သိလိုက်ပါပြီ
မှတ်ထားမယ်နော်

ဆောင်းချမ်းမိုး said...

ဟင်.. (အံ့အားသင့်စွာဖြင့်)
ကိုရီနိုရေ
ကိုဘိုရဲ့ အခုကောင်မလေးက
ဆံပင်တိုတို၊ အရပ်ပုပု၊ အသားညိုညို၊ လုံးလုံးကစ်ကစ်လေးပါ။။
ဒီလူကြီး ဘယ်လိုဖြေသွားပါလိမ့်
အော် .. ရည်းစားရကံဆိုးလိုက်တာ..