January 5, 2010

စိတ်ကူး ချစ်သူ

သူမ လှပါတယ်လို့ ပြောရင် ယုံပေးနိုင်မလား။ တွေ့ဖူးတဲ့ လူတွေကပြောတယ်။ ရှမ်းကြိုက်လို့ နွားချောတာပါတဲ့။ လက်ခံပါတယ်။ အဲ့အချိန်မှာတော့ ကျနော်က ရှမ်းတစ်ယောက်ပဲ ဖြစ်ချင်နေတာပါ။ ၁၀နှစ်ဆိုတဲ့ အချိန်ကိုကျော်လွန်ခဲ့ပေမယ့် သူမရဲ့ လှပမှုက ယခုချိန်ထိ မိုနာလီဇာဆိုတဲ့ နာမည်ကျန်ခဲ့သလို ကျနော်ရင်ထဲမှာ ခုထိနေရာယူနေတုန်းပါပဲ။

ကျနော်မြတ်နိုးမိတဲ့ သူမရဲ့ ဆံနွယ်လေးတွေက ဟိုလွန်ခဲ့၁၀နှစ်က အတိုင်းခုချိန်ထိ မပြောင်းလဲဘူး။ လှလှပပ ညို့တက်တဲ့ သူမရဲ့ မျက်ဝန်းလေးတွေ ကြပြန်တော့လည်း အရောင်လေးတွေ ပိုတောက်လာတာကို သတိထားမိတယ်။ သူမရဲ့ အသံလေး ကြားလိုက်ရရင်ပဲ ကျနော်မှာ အိပ်စက်ဖို့အတွက် တေးတစ်ပုဒ်များ ရလိုက်ရသလိုပဲ။

သူမနဲ့ စတွေ့တဲ့ အချိန်ကိုပြောပါလို့ မေးရင် ၁၉၉၉လို့ပဲပြောရမယ်လို့ထင်တယ်။ သေချာမမှတ်တက်တဲ့ ကျနော့် ဦးနှောက်ကိုပဲ အပြစ်တင်းလိုက်မိပါတယ်။ ကျနော်ကို သူမကချစ်တယ်လို့ တစ်ခွန်းမှမပြောသလို ကျနော်ကလည်း သူမကို ချစ်တယ်လို့ တစ်ခွန်းလေးမှ မပြောရသေးပဲ ရင်ထဲမှာ နေရာပေးလိုက်မိတာ ကျနော် လွန်တယ်လို့တော့ ကျနော် မထင်မိဘူး။

ဘယ်သူလဲလို့တော့ မမေးနဲ့။ သတိထားမိရင် ကျနော်နှုတ်က အမြဲထွက်နေကျ သူမအကြောင်းကို သိနေမှာပါ။ ပြပါလို့ ပြောလာရင်းလည်း အဝေးတစ်နေရာမှာ ရောက်နေတဲ့ သူမကို လွမ်းနေတဲ့ ကျနော်ရဲ့ အသည်းနှလုံးကိုပဲ ထုတ်ပြရတော့မှာပေါ့။

ဖြစ်နိုင်တဲ့ တစ်နေ့ သူ့မလက်ကိုတွဲပြီး အနီရောင်ကော်ဇော်ပေါ်က ပန်းခင်းတဲ့ လမ်းမှာ လျှောက်ရင်း တူနှစ်ကိုယ်တိုင်းပြည်ကို ကျနော့်မှာ ကျန်နေအုံးမယ်လို့ ထင်ရတဲ့ အချစ်တွေနဲ့ လှပတဲ့ ဘဝလေးကို တည်ဆောက်နိုင်ဖို့ စိတ်ကူးယဉ်နေမိပါတော့တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

19 comments:

yehtutnaung said...

စိတ်ကူးတွေကို မြန်မြန်အကောင်အထည် ဖော်ပါလို့  အဆိုပြုပါတယ်..။ :P

မိုးစက်အိမ် said...

အစ်ကိုရေ 1999 ဆိုတာ ခုဆိုဆယ်စုနှစ်တစ်ခုကျော်
သွားခဲ့ ပြီ ခုထိအချစ်တွေခိုင်မြဲနေတာလေးစားပါတယ်
နောင်ဆယ်စုနှစ်များစွာ ဆက်လက်ချစ်သွားနိုင်ပါစေ
ပေါင်းဖက် ပျော်ရွှင်ရပါစေလို့ ဆုမွန်ကောင်းတောင်းခဲ့ 
ပါတယ် ခင်ဗျာ . . .

ဆောင်းနှင်းရွက် said...

10 နှစ်တောင် ကြာခဲ့တဲ့
ချစ်ခြင်းတွေ အတွက်
အမြန်ဆုံး အကောင်အထည်
ဖော်နိုင်ပါစေ ...

phoechan said...

အချစ်ဆိုတာကို သိပ်တော့ နားမလည်ဘူး။
ဒါပေမယ့် ကျွန်တော်ထင်တယ်။ ဝိုင်တစ်ခွက်လိုနေမှာ။ ရင်ထဲမှာ နှစ်ပေါင်းကြာကြာသိမ်းထားနိုင်လေလေ ချိုမြိန် လေလေထင်တယ်။ လူဆိုတာ လွယ်လွယ်ရတာကို တန်ဖိုးမထားတက်သလို လွယ်လွယ်ပြောထွက်တဲ့စကားဟာလည်း မစစ်မှန်ပါဘူး။ အကိုသာ လွယ်လွယ်ပြောထွက်ခဲ့ပြီး သူ့အဖြေကိုသာ လွယ်လွယ်ရခဲ့မယ်ဆိုရင်........
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို တာဆီးနိုင်တဲ့ အရာဆိုတာကို ကျွန်တော် ရှာမတွေ့သေးသမျှတော့ အကိုဖက်က လောင်းရဲတယ်။ အကိုတို့ရဲ့ လှပတဲ့ အနာဂါတ်ကို ကံကြမ္မာက ဖွတ်မထားနိုင်ပါဘူး။ ဗေဒင်ဆရာတောင် ရူးသွားမယ်။

သူကြီးမင်း (တုံးဖလား) said...

မျှော်လင့်ပါတယ်။
တူတူ ရွှင်ပြုံးဖို့။ သက်တမ်းကတိုတယ်။ ခန္ဓာက အိုတယ်။ အချစ်က ထာဝရပျိုဆဲပါ။ နှစ်ကိုယ်ထဲ အတူတွဲနိုင်ပါစေဗျာ။

ကြည်ဖြူပိုင် said...

တူနှစ်ကိုယ်တိုင်းပြည်ကိုအမြန်တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုသွားပါတယ်

WWKM said...

စိတ်ကူးချစ်သူ ခေါင်းစဉ်တွေ့လို့ တက်ဂ်ပို့စ်ရေးပြီထင်ရဲ့လို့ လာချောင်းတာ.. မဟုတ်ဖူး..
တက်ဂ်ထားတာနော် မောင်ရီနို..
အဆင်ပြေရင် ရေးပါဦး။
အဆင်မပြေတော့လည်း အတင်းမပြောပါဘူး။း)

အစ်မ၀ါ

WWKM said...

ဆုမတောင်းပေးရသေးဘူး..
စိတ်ကူးလေးတွေဲပြည့်စုံနိုင်ပါစေ..
ကတ္တီပါ ကော်ဇောနီနီရဲရဲပေါ်မှာ မင်္ဂလာသတို့သား၊သတို့သမီး ၀တ်စုံကို ၀တ်ပြီး စိတ်ကူးထဲကချစ်သူနဲ့အတူ အမြန်ဆုံး လျှောက်လှမ်းနိုင်ပါစေကြောင်း..
း))))))))


အစ်မ၀ါ

မေလေး said...

စိတ်ကူးချစ်သူလေး
ဘဝကြင်ဖော်အမြန်ဖြစ်လာပါစေးD

မိုးခါး said...

စကားကို အမျိုးမျိုးပြောတယ်နော်
ဟွန်း
အသည်းနှလုံးမရှိဘူးဆိုတာ မဟုတ်ဘူး တကယ်က ရှိတယ်ပေါ့ :P

~ဏီလင်းညို~ said...

ကိုရီနို...
ဖွင့်မပြောဖြစ်ခဲ့သေးတာလားဗျာ...။
ပြောစေချင်တယ်ဗျ....။ နီးလျှက်နဲ့ဝေးဆိုတာလေးက ခံစားရခက်တတ်လွန်းတယ်လေ...။
နှစ်သစ်မှာ ချမ်းမြေ့ပါစေဗျာ...
ခင်မင်တဲ့
ဏီလင်းညို

ပုံ့မေ said...

အော်.. ငါ့အကို...

နိုင်တီနိုင်းတီနိုင်း ထဲကပေါ့..... ထွန်းအိန္ဓြာဗိုလ်သီချင်းနာမည်ကြီးတဲ့ အချိန်တုန်းကတည်းကပေါ့....

ဆက်ချစ်ပါ...... ရောင်ပြန်(မမရောင် မဟုတ်) ဟပ်မှာပေါ့.... =)

ဖိုးသင်္ကြန် said...

အဟမ်း
ဘဇာကြောင့် ရုတ်ချည်း ချစ်လွမ်းဆွေးပြရသနည်း... စဉ်းစားစရာပေ။
ကြွရောက်လာတဲ့ မင်းပိရိသတ် ဘဝင်ကျကျေနပ်ရအောင် မချွမ်းမချန်ပဲ အတွင်းအပြင်လှန်လို့ ဋီကာချဲ့ရေးစေဗျားးး....။

ဧပရယ်လ်ပူး@ပူးတေ said...

ကိုရီနိုတယောက် အနီရောင်ကော်ဇော်ပေါ်က ပန်းခင်းတဲ့ လမ်းမှာ လျှောက်ရင်း တူနှစ်ကိုယ်တိုင်းပြည်ကို စိတ်ကူးချစ်သူနဲ့ တည်ထောင်နိုင်ပါစေလို့
:)

သုခုမလေဒီ said...

စိတ်ကူးချစ်သူလေးကို အကောင်အထည်ဖော်သင့်ပြီထင် တယ်ရီနိုရေ...။ နောက်ကျမသွားစေနဲ့ အချိန်ဆိုတာ ကိုယ့်ကိုမစောင့်ဘူး။း))
အဆင်ပြေပျော်ရွှင်ပါစေ။

Ree Noe Mann said...

ဆုတောင်းပေးတာကော အားပေးသွားကျတာကော
ကျေးဇူးအရမ်းတင်ပါတယ်။

စိတ်ကူးချစ်သူလို့ ကျနော်ရေးထားတယ်လေ။

အပြင်မှာတော့ တကယ်ရှိပါတယ် (သူမကိုပြောပါတယ်)

စိတ်ကူး အတိုင်းလေး အကောင်အထည် ဖေါ်လိုက်နိုင်ရင်တော့
လောကမှာ ကျနော်လောက်ပျော်မယ့်သူ ရှိပါအုံးမလားဗျာ။

ညလင်းအိမ် said...

လုပ်ဗျာ ကိုရီနို အကောင်အထည် အမြန်ဖော်တော့နော်...
လောကကြီးကို တယောက်တည်း ဖြတ်သန်းရတာ ပျင်းဖို့ကောင်းတယ်ဗျ...
ကိုရီနို စိတ်ကူးတွေ အမြန်ဆုံးဖြစ်လာပါစေဗျာ...

ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်

noblemoe said...

1999ချစ်သူနဲ့ အမြန်လက်တွဲနိုင်ပါစေ။
စိတ်ကူးနေရုံနဲ့ တော်မပြီးဖူးမောင်လေး သူ့ ကိုလည်း
မောင်လေးရဲ့ စိတ်ကူးတွေဖွင့် ပြောသင့် တယ်။
၁၀နှစ်တောင်စောင့် နေတာကောင်မလေးသိရင်ဝမ်းသာ
မှာ။မိန်းခလေးတွေကိုသူတို့ ကိုစိတ်ရှည်ရှည်နဲ့ နှစ်ကြာ
ကြာသစ်စာရှိရှိစောင့် နေတာကိုသဘောကျလေ့ ရှိကြ
တယ်။မိဘကိုလုပ်ကျွေးနေတဲ့မောင်လေးကံကောင်းမှာ
ပါ။

noblemoe said...

1999ချစ်သူနဲ့ အမြန်လက်တွဲနိုင်ပါစေ။
စိတ်ကူးနေရုံနဲ့ တော်မပြီးဖူးမောင်လေး သူ့ ကိုလည်း
မောင်လေးရဲ့ စိတ်ကူးတွေဖွင့် ပြောသင့် တယ်။
၁၀နှစ်တောင်စောင့် နေတာကောင်မလေးသိရင်ဝမ်းသာ
မှာ။မိန်းခလေးတွေကိုသူတို့ ကိုစိတ်ရှည်ရှည်နဲ့ နှစ်ကြာ
ကြာသစ်စာရှိရှိစောင့် နေတာကိုသဘောကျလေ့ ရှိကြ
တယ်။မိဘကိုလုပ်ကျွေးနေတဲ့မောင်လေးကံကောင်းမှာ
ပါ။