January 3, 2010

ချစ်ခြင်း မှာ အကြိမ် ကြိမ် သေ...


လွန့်ကနဲ တချက် ရုန်းအကြွ
မင်း နှုတ်ခမ်းထောင့်က အလှကလေးမှာ
ဗုန်းဗုန်းပါအောင် ကျဆုံး
ငါ့ နှလုံးသားတွေ ကြွေ.....


ကောင်မလေးရေ...
ဘယ်လိုမှော်တွေအောင်လို့ မင်း.. ဘယ်လိုလှ..
မင့် အပြုံးမှာ ဘာတွေ ချယ်..
မင့် နှုတ်ခမ်းလေးတွေ ဘာနဲ့ ထွေး..
မင်း ပါးကလေး တွေက ဘယ်တန်ခိုးနဲ့ မို့..
မင့် သွားကလေးတွေ က ဘယ်အစွမ်း နဲ့ ကြွေရောင်ပြေ...
မင်း မျက်လုံးကလေးတွေ ဘာဂါထာနဲ့ မှုန်း
မင့် ပခုံးကလေး က ဘာလို့ ပြေ...

မင်း ဆံနွယ်တွေ ဘာလို့ လက်..
မင့် လက်ကလေးတွေ ကရော ဘာလို့ နွယ်..
မင့် ခြေဖမိုး လေးရယ်.. ဘယ်လို ဖောင်းဖောင်း.. အိ....
ဒီကမ္ဘာပေါ် ရှိသမျှ အလှဆုံး အရာတွေ
မင်း ကို ဆရာ.. ခေါ် ရချည့်. ...

တဒိတ်ဒိတ်နဲ့ ငါ့ ရင်တွေ..
ထိမ်း မရ ချင်ပြီ ကောင်မလေး ရဲ့..

နင့် မျက်တောင် တချက် အခပ်
ငါ... လှလှ ပပ သေ...

နင့် မျက်လုံး တချက် အ၀င့်..
ငါ... လှလှ ပပ သေ...

နင့် အပြုံး တချက် အလက်...
ငါ.. လှလှ ပပ သေ....

နင့် ခြေ တချက် အလှမ်း...
ငါ.. လှလှ.. ပပ သေ..

နင့် ခေါင်း တချက် အငဲ့..
ငါ လှလှ ပပ သေ....

ကောင်မလေး ရေ...
နင့် ကို ဖျတ်ကနဲ... ချစ်မိခြင်းထဲ
ငါ... လေ.. သေ ပြီး ရင်း ..သေ.....။


မမသီရိ


လေးစားစွာဖြင့်
ရီနိုမာန်

အထက်ပါကဗျာအား မမသီရိ ( သို့ ) ကျနော် အဒေါ် ဆီမှ ပြန်လည်တောင်းယူဖေါ်ပြခြင်းဖြစ်ပါသည်။

10 comments:

yangonthar said...

မိန်းမငယ်ရဲ့ အလှတွေ ပေါ်လွင်လှချိ အစ်ကိုရေ လှ သေရင်တောင် သေလောက်ပါ့ သူ့ အလှ က နုရွလွန်းတာကိုး
ခင်တဲ့
ရန်ကုန်သား

တောင်ပေါ်သား said...

အင်းးးးးးးး ငါ့အကိုကတော့ မလွယ်ဘူးးးးးးးး မိန်းကလေး အလှတွေ ဖော်ပြနေတယ်ပေါ့ သတင်းတွေ ကြားနေတယ် ဖုန်းလိုင်းတွေ ကြပ်နေတယ် အဟေးဟေးး



လေးစားလျက်
တောင်ပေါ်သား

Sein Lyan Tun said...

ဟုတ်မှာပါလေ...

ချို...

ချို...

ချို... သော အပြုံးတွေ... ရယ်သံလွင်လွင်ကလေးတွေ...

အင်းပြီးတော့ အစားလဲ.... တော်ပြီးလေ...


မဖွတော့ပါဘူး.. သူများခံစားချက်ကို...


အဟီးးးဟီးး


ချစ်တဲ့

ဖိုးချစ်

မြစ်ကျိုးအင်း said...

ကဗျာလေးနဲ့ ခံစားချက်တွေ တိုက်ဆိုင်ကုန်ပြီပေါ့

သယ်ရင်းရေ ဒီတဝါတော့ အလွတ်ရုန်းကွး)

မမသီရိ said...

တီရေ လိုက်တောင်းပေးတော့ လို့ ပြောတော့မှာလား ငယ် ရဲ့..း)

ဘလော့မှာလဲ တင်.. ကိုယ်တိုင်လဲ ရွတ်ပြ လေ..း)

ချစ်တဲ့ .. တီလေး

ပိုးဟပ်လေး said...

ကောင်း၏ ကောင်း၏ ခံစားမိပါ၏
ကောင်းတယ် ကိုရီနိုရေ
ကဗျာရဲ့ စာကြောင်းလေးတွေ စီရီထားပုံ
ကိုလည်း သဘောကျတယ်

ပိုင်ဖြိုးကို said...

အကို့ကဗျာထဲကလောက် ကောင်မလေးတွေကို တစ်ခါမှ မကြည့်ဖူးသေးဘူး။
ကြည့်ကြည့်ဦးမယ်ဗျာ ... :D

မြတ်မွန် said...

အဟက် အဲလို ကောင်မလေးနဲ့ တွေ့ပြီထင်တယ်နော်..။

neking said...

လည်လည်လာတယ်...ရင်တွေခုန်တယ်... တမျိုးမထင်နဲ့..
ကဗျာလေးကရင်တွေခုန်စေတယ်... အဲဒိလိုလေးခုန်ချင်တယ်...

ကြည်ဖြူပိုင် said...

ကဗျာလေးကလှလိုက်တာ
ကဗျာထဲကအတိုင်းဆိုကောင်မလေးကအရမ်းလှနေ
တယ်။ အမြန်စားချင်ပြီနော
ဟားဟား