January 29, 2010

ရီနိုမာန်နှင့် အင်တာဗျူးခြင်း (အပိုင်း - ၆ )

အမဝါ လက်ဆောင်ဝယ်ပေးလိုက်တဲ့ အနွေးထည်လေးဝတ်ပြီး လေယာဉ်ပေါ်ကဆင်းလာခဲ့ပါတယ်။ ပန်ပန် ဆီကိုဖုန်း ကြိုဆက်ထားတာကြောင့် လေဆိပ်မှာ ပန်ပန် လာကြိုခဲ့ပါတယ်။ ခရီးရောက်မဆိုက်ဆိုသလိုပဲ ရောက်ရောက်ချင်းပဲ အင်တာဗျူး စခဲ့ကြပါတယ်။ ပန်ပန်မှာလည်း ကျောင်းစာကတစ်ဖက်နဲ့ ဆိုတော့ မေးစရာလေးတွေ မေးပြီးတော့ ကျနော်လည်း ချက်ချင်း ပြန်ခဲ့ပါတော့တယ်။

၁)ညီလေးရဲ့ အကြိုက်ဆုံး အရောင် - အပြာရောင်

၂) အကြိုက်ဆုံး မြန်မာ အစားအစာ က - ကြာဇံချက်

၃) အကြိုက်ဆုံးရေမွှေး ရှိလား - မကြိုက်

၎) အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း ကဘာလဲ - ဖိနပ်

၅) အကြိုက်ဆုံး ဖိနပ် က- ဒီဇိုင်းကြိုက်၇င် အကုန်ကြိုက်

၆) ညီလေးရဲ့ အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း- အခုလက်ရှိ ဂျပန်ဒီဇိုင်းတွေ တအားကြိုက်

၇) ဘလောဂ့်စတင်ခြင်းနှစ် - ၂၀၀၈

၈) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်းက- စုဗူးကို စသုံးရင်းနဲ့.....

၉) ကိုယ်ပိုင် ဝါသနာ - ငြင်းခုန်ခြင်း

၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း - ပိုက်ဆံ

၁၁) စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ - လက်ရှိကောင်မလေးအတိုင်း..

၁၂) အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ် - နယူတန် တတိယနိယာမ

ခုလိုဖြေပေးတဲ့ ညီလေး ပန်ပန် ခေါ် ဂျပန်ကောင်လေး ကို ကျေးဇူးတင်ပါတယ် ညီ။ အကိုလည်း အလုပ်ကတစ်ဖက်နဲ့မို့ အေးအေးမနေနိုင်တာ စိတ်မရှိနဲ့ကွာ။ နောက်မှ အေးအေးဆေးဆေး လာလည်တော့မယ်။ တွေ့ရတဲ့ အချိန်က ခဏလေးဆိုတော့ စကား ကောင်းကောင်း မပြောဖြစ်ခဲ့ပင်မဲ့ လမ်းခွဲခါနီး အချစ်ရေးလေး ပြောပါအုံးလို့ မေးလိုက်တော့

.... ဒီမှာ ကျနော်တစ်ယောက်ထဲ အကိုရ.. ဒါကြောင့် မျက်လုံးထဲမှာ အဆင်ပြေရင် တွဲလိုက်တာပဲတဲ့...

လေးစားစွာဖြင့်
ရီနိုမာန်

အဖြေအားလုံး ပန်ပန် ကိုယ်တိုင်ဖြေထားခြင်း ဖြစ်ပါသည်။

6 comments:

ပိုးဟပ်လေး said...

၁ ရပြီကွ
I'm No.1

ပိုးဟပ်လေး said...

(အပိုင်း-၇) မျှော်
ဘယ်သူလဲတော့ မသိ

ဆောင်းနှင်းရွက် said...

ဟမ် .. အဲ့လိုပဲ
မျက်လုံးထဲမှာ အဆင်ပြေရင် တွဲလိုက်တာပဲ လား..?
ခေါက်ဆွဲပြုတ် ရဲ့
ကောင်မလေး အစား
ရင်လေးတယ် .. .!

မိုးခါး said...

အယ်
တော်တော် အဆင်ပြေနေပုံပဲ :D

မြတ်မွန် said...

ပန်ပန်ရဲ့ အင်တာဗျူးဂွတ်၏..

နေ၀သန် said...

ဟီးဟီး.. နောက်ဆုံးအကြောင်း ဘာလို့ထည့်...း)