July 1, 2009

ကဗျာလေး


ကောင်းကင်ကြီးထဲမှာ
လှပတဲ့ အပြာရောင်ရှိတယ်

“မောင့်” ရင်ထဲမှာ
မင်းရဲ့ အပြုံးလှလှလေး တွေရှိတယ်


လောကကြီးထဲမှာ
သူ့ဟာနဲ့ သူ ပြည့်စုံနေတယ်

“မောင့်” ရင်ထဲမှာ
မင်းရဲ့ ပြည့်စုံတဲ့ အလှရှိတယ်


ကမ္ဘာမြေကြီးကို လူတွေက
ထားသွားတက်ကြတယ်

“မင်း” လည်း “မောင့်” ကို
ထားသွားမယ်ဆိုတာ “မောင်” သိနေတယ်


လူတွေက ပန်းတွေကို
နှစ်သက်ခဲ့ကြသလို

“မောင်”လည်း “မင်း” ကို မြတ်နိုး ခဲ့တာပါ

“မောင်” “မင်း” ကို ချစ်တာ
“မောင်” သာ အသိဆုံးပါ


လေးစားလျှက်
ရီနိုမာန်

18 comments:

Yu Ya said...

ကဗျာလေးကို လာရောက်ခံစား သွားပါတယ်။

ကြယ်ဖြူစင် said...

ကိုရီနိုရဲ့ရင်ဖွင့်ချက်ပေါ့နော်..လာရောက်ခံစား
သွားပါတယ်...အမြန်ဆုံးအဆင်ပြေပါစေအကို
ခင်မင်လျှက်
ကြယ်ဖြူစင်..

Anonymous said...

ကဗျာလေး လာခံစားတယ် အကိုရေ ဘယ်သူမှ ချစ်တာကို မသိပေမဲ့ ကိုယ်တိုင်ကတော့ အသိဆုံးပါပဲ ၀င်ရောက်ခံစားသွားတယ်း)


လေးစားလျက်
တောင်ပေါ်သား

(အကောင့်မ၀င်တော့ဘူး ငိုက်နေပြီ)

အိုက်ခီလောက် said...

ဘာဆိုဘာမှ သံယောဇဉ်မထားတာအကောင်းဆုံးပါပဲ
အဟား ပြောလည်းရမယ်မထင်ပါဘူးဗျာ
အလွန်ကို ပူလောင်တယ်ပြောလည်း လူဆိုတာမျိုးက ခက်တယ်နော်

မေလေး said...

ကိုကြီးရေ
ကဗျာလေးလာရောက်ခံစားသွားပါတယ်။ကိုကြီးအဆင်
ပြေပါစေနော်။

ဂျပန်ကောင်လေး said...

အဲဒီလိုပဲ အစ်ကိုရေ... ကျနော်ချစ်တဲ့ လှတဲ့ကောင်မလေးကတော့ အဲတာကိုဖတ်ပြီးရင် သူ့ဟာသူသိပါလိမ့်မယ်..း)..

Unknown said...

ကိုရီနိုမာန်...

ဟုတ်တယ်ဗျာ...

ကိုယ့်ကိုကိုယ်တော့ လိမ်မရပါဘူး....

အဆင်မပြေမှုတွေ ပြေပျောက်ပါစေဗျာ...

ပျော်ရွှင်ချင်းနေ့သစ်တွေနဲ့အတူ
သာယာ ချမ်းမြေ့ပါစေဗျာ...

;) လောကကြီးထဲမှာ နေနေတဲ့ ပြည့်စုံပေါ့ဗျာ... ;)

ပြည့်စုံ(ဝေါသားလေး)

တလနွန် said...

ကဗျာဖတ် သွားပါတယ်။

အဆိပ်ခွက် said...

လာဖတ်သွားတယ်.. အချစ်ဆိုတာ လှည့်စား တတ်တဲ့ သက်တန့်လေးလိုပါဘဲ...

ခင်မင်လျှက်
အဆိပ်ခွက်

နွေးနေခြည် said...

မောင့် အချစ်တွေ မင်း အမြန်သိပါစေ...

အဆင်ပြေပါစေ ကိုကြီးရေ

Mogok Thar said...

ရီနို ရေ..
မြတ်နိုးသူနဲ့ အမြန်ဆုံး နီးနိုင်ပါစေဗျာ။

Sein Lyan Tun said...

မောင့်ရင်မှာ

ဖိုးစိန်ရောမရှိဘူးလားမောင်

အဲ မှားလို့လေ
သယ်ရင်းး


အချစ်တွေကို အပြတ်အသတ်ခံစားနေတယ်ပေါ့လေ...


အဆင်ပြေမှာပါဗျာ

ချစ်တဲ့

ဖိုးချစ်

WWKM said...

ကွန်မန့်ရေးမလို့ ဖိုးစိန်ကိုမြင်တော့ အမြင်ကတ်သွား
တယ်.. ပဲကြီးပဲ.မ၀ါရဲ့မောင်လေးလို့ မပြောရဘူး..ဟတ်
ဟတ်...

..................................

အင်း... ကလေးတွေ ကလေးတွေ ဘာတွေဖြစ်နေကြ
ပါလိမ့် လူကြီးလည်းလိုက်မမှီတော့ပါဘူးကွယ်...
တစ်ယောက်တစ်မျိုးချစ်နေကြတယ်.း)

မြစ်ကျိုးအင်း said...

မောင်..မင်း ကိုချစ်တာသေချာရင်အဆင်ပြေသွားမှာပါ
စိတ်မပျက်နဲ့ အာမငယ်နဲ့ သယ်ရင်း
အားပေးသွားတဲ့ကိုယ်တော့ စိတ်ပျက်နေတယ်ကွာ..။
အဆင်ပြေပါစေ..။
....ခင်မင်သောအားဖြင့်......

mgnge said...

ဟိုက်....။
အနုအရွလေးတွေပါလား အကိုတော်...။
ချစ်တတ်လာပြီထင်ပ့ါ...။
:D

နေဒေးသစ် said...

မောင် နဲ့ မင်း ...
မင်း နဲ့ မောင် ...
သူတို့ နှစ်ယောက် ချစ်ကြလေပြီ :D
နေဒေးသစ်။

"မင်းကိုချစ်တဲ့သူ" said...

မိုက်တယ်ဟေ့... အားလုံးက ကို့ဆရာတွေပဲ... သင်ယူမှ.... ဘာလဲ...
"ကမ္ဘာမြေကြီးကို လူတွေက
ထားသွားတက်ကြတယ်
“မင်း” လည်း “မောင့်” ကို
ထားသွားမယ်ဆိုတာ “မောင်” သိနေတယ်"
ဒါလေးကိုသဘောကျတယ်...
ဆက်လက်ရေးပါဦး... ပညာယူချင်လို့...


ခင်တဲ့
မင်းကိုချစ်တဲ့သူ

သူကြီးမင်း (တုံးဖလား) said...

ချစ်ရေးချစ်ရာမှာ ချစ်သူအချင်းချင်း ကိုယ်က ပိုချစ်နေသလိုခံစားတတ်ကြပါတယ်။ ချစ်သူတိုင်းရဲ့ ခံစားမှုလေးတွေပါဘဲ။ ချစ်သူဆိုတာထက် ချစ်တူဆိုရင်ပိုကောင်းပါလိမ့်မယ်။ အတူတူမျှတတဲ့ အချစ်နဲ့ ချစ်ကြလို့ပါ။