July 19, 2009

ဆု နဲ့ စူး

ဒီလနဲ့ နောက်လတွေမှာ ကျနော် အလုပ်များနေမှာပါ။ အလုပ်လုပ်ရတာတော့ မပင်ပန်းပါဘူး။ မနက်စောစော အိပ်ရာထရတော့ တော်တော်လေးကို ဆိုးရွားပါတယ်။ ( အအိပ်မှတ်တာကိုး) ဒီနေ့တော့ အလုပ်ရှိတယ်။ ဆိုဒ်ထဲသွားစရာ မလိုဘူး။ ပုံမှန်အလုပ်ချိန်ဆိုတော့ ပိုစ့်လေးတစ်ခုလောက်တော့ တင်မယ်လို့ စဉ်းစားမိတယ်။ အလုပ်လုပ်ရင်းနဲ့ စဉ်းစားတာတော့ အများကြီးပဲ ရေးချင်စရာတွေ။ ကွန်ပြုတာရှေ့လည်းထိုင်ရော ဘာရေးလို့ ရေးရမှန်း မသိတော့ဘူး။ ကိုးနာရီလောက်ထဲက အိမ်တွေလိုက်လည်နေတာနဲ့ မနော်အိမ်မှာ စကားသွားပြောနေတာနဲ့ အချိန်က ကုန်ရော။ ခုရေလည်းချိုးပြီးတော့ မအိပ်ချင်သေးတာနဲ့ ကိုယ်က စတက့်ခ်တဲ့ တက်ခ့်ပိုစ့် လေးရေးမယ်ဆိုပြီး ထိုင်ရေးနေပါတော့တယ်။

လူတိုင်းလူတိုင်းမှာ အမှတ်တရဆိုတာ ရှိကြစမြဲပါ။ အမှတ်တရတွေထဲကမှ အမှတ်တရဖြစ်နေတဲ့ ဆု ဆိုတဲ့ အကြောင်းလေးကိုရေးချင်လာတယ်။


ကျနော်က ပညာရေးမှာ စာတော်တဲ့ ကျောင်းသားတော့ မဟုတ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က မှတ်ဥာဏ် လုံးဝ မကောင်ဘူး။ စာကျက်နှုန်းလည်း မပြေးဘူး။ သူများနှစ်ခေါက်ဆို ကျနော် ငါးခေါက်လောက်မှ ရတယ်။


ကျနော်လေးတန်းနှစ်က မှတ်မှတ်ရရ ရှိနေတဲ့ အကြောင်းကတော့ ကျနော်တို့ တုန်း လေးတန်းနှစ်မှာ အစိုးရစစ်ဗျ။ စာမေးပွဲကြီး မတိုင်ခင် ပထမစမ်းနဲ့ ဒုတိယစမ်းဆိုတာရှိတယ်။ ပထမစမ်းမှာက စာမေးပွဲကြီး အတိုင်းစစ်တာ။ ပထမစမ်းရဲ့ အဖြေလည်း ထွက်လာရော တစ်တန်းလုံးမှာ အောင်တဲ့လူ တစ်ယောက်ပဲရှိတယ်။ အောင်တဲ့ လူတစ်ယောက်ကလဲ ကျနော်ဖြစ်နေပြန်ရော။ (ကြက်ကန်း ဆန်အိုးတိုးသွားတာ) တစ်တန်းလုံးမှာ ပြိုင်ဖက်မရှိ ပထမရခဲ့တယ်။

တစ်ခါ ငါးတန်းမတက်ခင် စက်ကြား ဗုဒ္ဓဘာသာ သင်တန်းကျောင်းဖွင့်တော့ လည်း သွားတက်ရတယ်။ အဲ့ဒီမှာလဲ ပထမရတယ်။ ကျနော် အထင် အဖေမျက်နှာကြောင့်လို့ ထင်တာပဲ။ ကျနော်လည်း မေးသမျှ ဘုရားစာတွေကို အထစ်အငေါ့ မရှိဖြေနိုင်ခဲ့ပါတယ်။ တစ်တန်းလုံးမှာ စာတော်တဲ့ ကျနော်သူငယ်ချင်းကတော့ ဂုဏ်တော်ကိုးပါးမှာ အစမေ့နေလို့ ဒုတိယပဲ ရခဲ့တယ်။ (ကြွားတာ ကြွားတာ)

ကျနောသာ အတန်းထဲမှာ ဘာဆုမှ မရတာ ကျနော် ပေါင်းလိုက်တဲ့ သူငယ်ချင်းတွေကတော့ ပထမ၊ ဒုတိယ၊ တတိယ ရတဲ့ သူတွေချည်းပဲ။ ဒီလိုနဲ့ ကျနောခုနှစ်တန်းနှစ်မှာ ဘောလီဘော် ကစားတာ ဒုတိယ ဆုရတယ်။

ကျနော် ရှစ်တန်းရောက်တော့ အစိုးစစ်မဟုတ်တော့ဘူး။ ဘုတ်စစ်ဖြစ်သွားပြီ။ ရှစ်တန်းကို ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်လာတယ်။ ကဲ....ရခဲ့တဲ့ ဆုတွေကတော့ ကုန်ပြီ။ နောက်ထပ် ဆု တွေကတော့..............

ကျနော်ကို တွေ့ဖူးတဲ့ လူတွေကတော့ လိမ်မာမဲ့ ပုံစံပဲလို့ ထင်မှာပဲ။ အမှန်က အပေါင်းအသင်းကောင်းရင် သောင်းကျန်သလားလို့ မမေးနဲ့။
ကျနော်ဆယ်တန်းနှစ်မှာ ဘာအံးကိုရောက်နေပြီ။ အမေကတော့ အဖေနဲ့ ပင်လောင်းမှာပဲနေခဲ့တယ်။ ကျနော်တစ်ယောက်ထဲ ဘာအံးမှာ ကျောင်းလာတက်တယ်။ ဆယ်တန်း စာသင်နှစ်ကြီးမှာ ကျောင်းဝန်းထဲမှာ ရှိတဲ့ အလှထာတဲ့ သစ်တုံးကြီးကို ကျနော်တို့ အဖွဲ့ ပြောင်ပြန်လုပ်လို့ ရုံးခန်းရောက်ပို့ခံရတယ်။ ကျောင်းချိန်မှာ ကျောင်းမတက်ပဲ ဗီဒီယို သွားကြည့်နေလို့ ရွာကတိုင်တာကို ခံရဖူးတယ်။ ဟော့ နောက်ဆုံး လုပ်စရာမရှိတော့ ဆယ်တန်းပထမစမ်းမှာ ဘာသာစုံ အကျပြိုင်ဖူးတယ်။ အောင်စရင်းထွက်တော့ ဘာသာစုံကျလို့ အိမ်အထိ ဆရာမလိုက်တိုင်တာကို ခံရတယ်။

အဲ့ဒီလို အဲ့ဒီလို ဆရာ၊ ဆရာမတွေအပေါ်မှာ စိတ်အနှောက်အယှက် ဖြစ်လုပ်ခဲ့တဲ့ ကျနော်အတွက် ဘာပြန်ရလိုက်လဲဆိုတော့ ၁၉၉၈ မှာဖြေတဲ့ ဆယ်တန်းစာမေးပွဲကို ကွင်းလုံးကျွတ် ကျသွားခဲ့တယ်။ တန်ပြန်ရလိုက်တဲ့ ဆုလဒ်ပေါ့။ နောက်နှစ်မှာတော့ ပင်လောင်းမှာ ကျောင်းပြန်တက်ပြီး ဖြေတာ အောင်သွားခဲ့တယ်။

ပင်လောင်းမှာအောင်တော့ တက္ကသိုလ်ကို တောင်ကြီးကိုချပေးတယ်။ ကျောင်းကျတဲ့ အချိန်မှာ ကျနော်က ရန်ကုန်မှာ အလုပ်လုပ်နေပြီးဆိုတော့ ဘယ်လို့မှ သွားလိုက်ပြန်လိုက် လုပ်ဖို့ရာ အဆင်မပြေတော့ဘူး။ ဒါကြောင့် ရန်ကုန်ကို တောင်းပြောင်းလိုက်တယ်။ ရန်ကုန်ကလည်း နှစ်ကျောင်းပဲရှိတော့ ဘယ်ကျောင်းကိုရွေးရမှန်း မသိတာနဲ့ အဆင်ပြေတဲ့ အရှေ့ပိုင်း တာဝကိုပဲရွေးလိုက်တယ်။

ပထမနှစ်မှာ အလုပ်ကအရမ်းအလုပ်များတာနဲ့ အဝေးသင် ဆယ်ရက်ကို သွာမတက်နိုင်ဘူး။ စာမေပွဲ ဖြေခါနီးနှစ်ရက်လောက် အလိုမှ ကျောင်းသွားပြီး မေဂျာတိုင်းက ဆရာမတွေဆီသွားပြီး “ ဆရာမရယ် ကျနော် ခုမှနယ်ကပြန်ရောက်လို့ ကျောင်းမတက်နိုင်လိုက်ဘူး။ ကျနော် ဘာများကျက်ရမလဲပေါ့” ကံကောင်းစွာနဲ့ ဆရာမတွေက ကျက်စရာ တစ်ပုဒ်နှစ်ပုဒ် လောက်ပဲပေးလိုက်တယ်။ ကျက်တယ်ထင်လား။ မှားသွားမှာပေါ့။

ရုံးကိုပြန် စာစီစာရိုက်၊ မိတ္တူကူး၊ ဖြတ်ညှပ်ကပ် လုပ်ပြီး ပထမနှစ်နဲ့ ဒုတိယနှစ်ကို အောင်လာခဲ့တယ်။ စတွေ့တာတော့ နောက်ဆုံးနှစ်မှာပေါ့။ ကျနော်တို့ က ကျောင်းထဲမှာကျတော့ ဒီနှစ် စာခိုးတဲ့လူမိရင်း ၂ နှစ်နားမယ် ကျောင်းထုတ်မယ် ဘာညာပေါ့ ကြားနေရတယ်။ ဒါလည်း အနီးကပ် ၁၀ ရက်တက်လာမေး လုံးဝမတက်ပါ။

စာမေးပွဲဖြေရက် ၅ရက်မှာ သုံးရက်က အဆင်ပြေတယ်။ လေးရက်မြှေက်တဲ့ နေမှာ အခန်းစောင့်နဲ့ ပြသနာတက်တော့တာပေါ့။ ပြသနာ တက်ပုံတက်နည်း ကိုတော့ မပြောပြတော့ဘူးနော်။ နောက်ဆုံးတစ်ဘာသာကို တောင်သွားဖြေလို့ ရမယ်မထင်တော့ဘူးလို့တောင် ထင်နေတာ။ ရအောင်ကိုသွားဖြေ လိုက်သေးတယ်။ အောင်စရင်းထွက်တော့ ခက်လန့်လန့်နဲ့ သွားကြည့်ခဲ့တာပေါ့။ ကံကောင်းတယ်ဗျ။ အောင်လာတယ်။

အခန်းစောင့် ဆရာမနဲ့ ပြသနာကို ကျနော်ဘယ်ပြန်ပေး ဆက်လိုက်ရလည်း ဆိုတော့ ........
ကျနော်က သူများတွေ ဘွဲ့ယူတာကို ကြည့်ပြီး အရမ်း သဘောကျတာ။ ဘယ်လိုပဲဖြစ်ဖြစ် အဝေးရောက် မယူဘူး။ အနီးကပ်ပဲ ယူမယ်လို့ တွေးထားတာ။ ကျနော် ဘွဲ့ ယူမဲ့ နှစ်မှာပဲ ကျနော် မလေးရှားကို ထွက်ခဲ့ရတယ်။ ကျနော် ပြန်ပေးလိုက်ရတဲ့ အရာကတော့ ဘွဲ့ရပင်မဲ့ ဘွဲ့မယူလိုက်ရဘူး။ ဒါလည်း တန်ပြန်ရလိုက်တဲ့ ဆုလဒ်တစ်ခုပါပဲ။

ကျောင်းသား/သူ ဘဝမှာ အမှတ်တရ ရှိနေတဲ့ အရာလေးတွေကိုရေးပေးစေချင်ပါတယ်။ အောက်က ညီအကို မောင်နှမများ ရေးပေးပါအုံးနော်။
  1. သယ်ရင်း ဖိုးစိန်
  2. ညီလေးနေဒေးသစ်
  3. ညီလေး ဂျပန်ကောင်လေး
  4. ညီလေးတောင်ပေါ်သား
  5. သူငယ်ချင်း မြစ်ကျိုးအင်း
  6. ကိုလူထွေး
  7. ညီလေး မနောသား
  8. ညီလေး သားကြီး
  9. ညီလေးဝသန်
  10. ညီလေး မောင်ငယ်
  11. ညီမလေး မိုးခါး
  12. မကြီးဝါ
  13. ညီမလေး မေလေး
  14. မက်မက်
  15. မကီး
  16. မငုံ
  17. မကောင်းကင်ပြာ
  18. နွေးနေခြည်
လေးစားလျှက်
ရီနိုမာန်




15 comments:

ငှက်ကလေး said...

ဟေးးး ငါ ၁ ကွ အပေါ်ကမလာသေးတဲ့လူတွေကိုလဲ သနားတယ် ခိခိ ဘာလဲဘာလဲလာဖတ်မယ် ပြီးတော့တဂ်ထားမှန်းသိရင် စိတ်ဆိုးပြီး အော်သွားလိမ့်ဦးမယ် မြင်ယောင်သေးတယ် ဟဟဟဟဟ

အကို့စာဖတ်ပြိးပြုံးမိပါတယ်နော် ခစ်ခစ်

ကိုလူထွေး said...

လေးတန်းတတန်းလုံးမှာ ရီငိုပဲအောင်တယ်ဆိုတော့ တော်တယ် ပြောရမှာပေါ့...းP

ကိုလူထွေးကို တက်ဂ်တာကတော့...

းဝ)

နေဒေးသစ် said...

မရောက်တာကြာလို့ စာလာဖတ်တယ် တက်ဂ်တာနဲ့ တိုးတယ် .. ကိုမိုးကုတ်သား အကြွေးတောင် မကျေသေး .. အဟင့် ရွှတ် :(

:D

ရေးပေးပါဦးမည်...
sooner or later :D

နေဒေးသစ်။

သားကြီး said...

အမြဲတမ်းလာဖတ်ပါတယ်ဗျ
အဖြူအစိမ်းဘဝကိုစမြုံ့ပြန်ဖို့တဂ်ထားလိုက်ပြီဆိုတော့
အီး...ကျောင်းမှာရန်ဖြစ်တာကခပ်များများရယ်

ဖိုးစိန် said...

ဘုရားးးဘုရားးးး


မအားတဲ့ကြားက တက်ဂ်ဖြစ်အောင်ကိုတက်တယ်လားးးး



ဆု ဆူး စူးးးးးးးး


သယ်ရင်းရေ

ဘယ်လိုပြောရပါ့မလဲ..

ကိုယ်... အင်း.... ပြောမထွက်ဘူး..

ဒါကြောင့် အားနာပါတယ်...


ချစ်တဲ့ သယ်ရင်းနားလည်မယ်လို့ ထင်ပါတယ်...

သယ်ရင်း ဖတ်ချင်တယ်ဆိုရင် အွန်လိုင်းလာခဲ့

ကိုယ် ရွတ်ပြမယ်လေ... အဟတ်


ချစ်တဲ့

ဖိုးချစ်

စိုင်းစိုင်းလားရှိုး said...

ဖတ်ရတာ သဘာဝကျတယ် ရသစုံတဲ့ ကျောင်းသား ဘ၀ကို ရခဲ့တာပဲ ကောင်းလေစွ..!

ဂျပန်ကောင်လေး said...

အစ်ကိုရေ.. ဟီး.. အားနာလိုက်တာ.. ဒါနဲ့ ဆိုနှစ်ပုဒ်ရှိပြီ...ရေးရသေးတာ.. ဟီး. နေချင်တဲ့ မြို့လေးပါ ကျန်သေးတယ်.. ဒါလေးကို အရင်ရေးမယ်နော်...း)

kaungkinpyar said...

အမ ဦးနှောက်မကောင်ဘူး မမှတ်မိဘူး ပြောထားတဲ့အတွက် မရေးလို့ရတယ်နော်၊ တော်ကြာ မမှတ်မိပဲ လျှောက်ရေးရင် လိမ်သလိုတွေ ဖြစ်မှာစိုးပါတယ်ရှင်၊

မေလေး said...

ကိုကြီးရေ
အပေါင်းအသင်းကောင်းရင် သောင်းကျန်းတတ်တယ်လားးးး။ ခုရော ကိုကြီး သောင်းကျန်းတုန်းလားးး။
တက့်ဂ်ထားတာရေးပေးမယ်နော်။

မြစ်ကျိုးအင်း said...

ထစ်ခနဲရှိ အားကြီးတဂ်တာပဲ...အကြွေးတွေလည်း များနေပြီမျက်နာလည်းပူနေပြီဒီတပုဒ်တော့ လူလည်ကျ လိုက်မယ်..ရေးပြီးသားရှိတယ် လာလေရော့...

မိုးခါး said...

အားရပါးရကို တဂ်ထားတာပါလား .. :D
မှတ်မိတော့ဘူး မှတ်မိသလောက် ရေးပေးမယ် နော့း)

WWKM said...

သြော်..တွေ့ပြီ.. ဒီအကြွေးကို.. မသိဘူးလေကွယ်.
မကြီးဝါရေ တက်ဂ်ထားပါတယ်ဗျို့လို့မှ လာမအော်တာကို.း)
အကြွေးထပ်မှတ်ထားဦး.. မကြာခင်ဆပ်ပါမယ်.

yangonthar said...
This comment has been removed by the author.
yangonthar said...

အစ်ကို ကျွန်တော်လာလည်တာပါ .... အစ်ကို့ ဆူး ကျွန်တော့် ဆီ တစ်ပတ်လည်ပြီး လာစိုက် လို့  .... ပိုင်ရှင်ဆီ အရောက်လာပြီး သွယ်ဝိုက် တက်ဂ်လေး လာဖတ်တာပါဗျာ ..... ခေါင်း တွေ လည်း ခြောက်နေပြီ ဘာရေးရမှန်း မသိလို့  .... ဟဟ ခရီးသွားဟန်လွှဲ အစ်ကို့ တခြား စာတွေ ကိုလည်း ဝင်ဖတ်သွားပါတယ် ...... သိပ်လှတဲ့  .... စာတွေပဲ ဗျာ .... နောက် လာလည်ပါဦး မယ် အစ်ကို ..... ရွှင်လန်းချမ်းမြေ့ပါစေ .... (ရန်ကုန်သား)

ရွှေပြည်သူ said...

မူပိုင်ရှင်ရဲ့ ပို့စ်ကို အခုမှ ဖတ်ရပါတယ်။ ဥာဏ်မကောင်းတာတော့ အစ်မလည်း တူတူပါပဲ (အစ်မကတောင် ပိုဆိုးဦးမယ်း)