July 3, 2009

ရှမ်းပြည် တောင်ပိုင်း ခရီးစဉ် (၁)

ခရီးသွားခြင်းနှင့် ပတ်သက်ပြီး ပြောရရင် မွေးကတည်းက ခုချိန်ထိ ထွက်နေရတဲ့ ခရီး မပြီးဆုံးသေးတဲ့ ဘဝခရီး၊ ခရီးပေါင်းမြောက်မြားစွာထဲမှ အမှတ်ရနေတဲ့ ခရီးစဉ်တစ်ခုကို ရေးသားဖေါ်ပြလိုက်ရပါတယ်။

၂၀၀၂ခုနှစ် မတ်လနောက်ဆုံးတစ်ပတ်အား ရုံးမှခွင့်ယူပြီး အဖေတာဝန်ကျနေတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းကို ရုံးမှသူငယ်ချင်းလေးယောက်နဲ့ စနေနေ့ နေ့လည် (၁)နာရီမှာ ရန်ကုန် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်မှ ရန်ကုန်-တောင်ကြီး အယ်ကွန်းကားကြီးနဲ့ ခရီးစတင်ထွက်ခဲ့ကြပါတယ်။ အဖေရှိတဲ့ ပင်လောင်းကို အရင်းသွားရမှာ ဖြစ်တဲ့အတွက်ကြောင့် လမ်းဆုံဖြစ်တဲ့ အောင်ပန်းမှာ ဆင်းကြရပါတယ်။ အောင်ပန်းကိုရောက်တဲ့ အချိန်ကမနက် ၅ နာရီလောက်ဆိုတော့ ရှမ်းပြည်ရဲ့ နွေရာသီကလည်း ရန်ကုန်ဆောင်းထက်ပင် အလွန်အေးပါသေးတယ်။ ရှမ်းပြည်ကို တစ်ခါမှ မရောက်ဖူးကြတဲ့ ကျနော့် သူငယ်ချင်းများကတော့ ကောင်းကောင်းကြီးကိုထိတော့ တာပေါ့။ ကျနော် ခေါ်လာတာ လူတွေပါ။ ဒါပင်မဲ့ ကျနော် အနားမှာ ဘဲတွေလိုပဲ ဂတ်......ဂတ်......ဂတ် နဲ့ပေါ့။


၉နာရီလောက်မှ ပင်လောင်းကိုသွားမဲ့ ကားတွေပင်လောင်းကနေ ရောက်လာကြတော့တယ်။ ယောက်ကျားလေး တွေပဲဆိုတော့ ကားနောက်ကနေ တွဲစီးလာကြတာပေါ့။ ပင်လောင်းကို နေ့လည် ၁၂ နာရီလောက်မှပဲ ရောက်တော့တယ်။ နေ့လည်စား ကို အိမ်ရောက်မှစားကြတာ။ (ချွေတာရေးပေါ့ ဟဲ ဟဲ) စားပြီးတော့ အိပ်တဲ့လူကအိပ်၊ ကျနော်ကတော့ ကျနော်တို့ရဲ့ ခရီးစဉ်ကို အမေကိုပြောပြနေတယ်။

ညနေပိုင်းရောက်တော့ တပ်ထဲမှာရှိတဲ့ ဖုန်ထူမြေနီလမ်းကို လျှောက်ပြီး ပတ်ဝန်းကျင် ကိုလိုက်ပြလိုက်တယ်။ တနင်္လာနေ့မှာတော့ အမေကိုနေ့လည်စား ပြန်စာမယ်ဆိုပြီး မနက်ထဲကခေါ်သွားတာ(သူငယ်ချင်းတွေကို) ။ မြို့ထဲခေါ်ပြီး ကုလားဆိုင်မှာ နွားနို့ တိုက်ပြီး (ရည်ရွယ်ချက်နဲ့) ကျနော်က ကျနော်ရဲ့ ကျူရှင်ဆရာကို ဝင်ကန်တော့ပြီး သူငယ်ချင်းတွေကို ဘယ်ခေါ်သွားတယ် ထင်လဲ။ (လျှောက်မတွေးနေနဲ့အုံး) ပင်လောင်းမှာရှိတဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဂျူးတောင်ကိုခေါ်သွားတာဗျ့။ တောင်ပေါ်ကို အားလုံးကရောက်နေကျပြီ။ မရောက်သေးပဲ တောင်တစ်ဝက်မှာ ကျန်နေတာက ကျနော်ရယ်ပါ။ ( ကုလားဆိုင်မှာတုန်းက နွားနို့ မသောက်ခဲ့လို့နဲ့တူပါတယ်။) ဟောဟဲ....ဟောဟဲ......နဲ့ဖြေးဖြေးချင် တက်ရင်းနဲ့တော့ ရောက်သွားပါတယ်။
မနက်ဖြန် ငှားထားတဲ့ ကားနဲ့ အင်းလေး၊ ကုံလုံ ၊ ပင်တယ ကို မနက်စောစောသွားကြရမှာဖြစ်တဲ့ အတွက် ဒီညနေတော့ ကျနော်တို့ ဘယ်မှ မသွားပဲ ရှမ်းပြည်ထုပ် လိမ္မော်ဖြူလေးနဲ့ ပဲ စောစောအိပ်ရာဝင် လိုက်ပါတော့တယ်။ လိမ္မော်ဖြူဆိုတာ လိမ္မော်နံ့လေးမွှေးနေတဲ့ အရက်ကိုပြောတာ။

အင်္ဂါနေ့

တီ...တီ.......တီ....... ကားဟွန်းသံ ကြားမှပဲ တအိမ်လုံးနိုးလာကြတယ်။ ရာသီဥတုက အေးအေးဆိုတော့ ကွေးကောင်းကောင်းနဲ့ ကွေးနေကြတာ ကားဟွန်းတီသံကြား မှပဲနိုးတော့တယ်။ တော်သေးတာပေါ့ အမေက ညကတည်းက အစားအသောက်နဲ့ အခြားလိုအပ်မဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားလို့။ ကားက ဟိုင်းလပ်ကား။ လူက ကားဆရာနှစ်ယောက်၊ ကျနော်တို့အဖွဲ့က ငါးယောက်၊ အကိုတို့ လင်းမယားနှစ်ယောက် ၊ အမေနဲ့ ညီမလေး ၊ နောက် အန်တီမနော်နဲ့ သူ့သမီးလေး အာလုံးပေါင်း ၁၃ယောက်။ ကားကိုဘေးထိုင်ခုံတွေ ဖြုတ်ပြီး ကားဝမ်းထဲမှာပဲ ဂွမ်းကပ်လေးထည်လောက်ထည့်လာပြီး ခရီးစတင်ပါတော့တယ်။ ရာသီဥတုက အေးအေး၊ ကားကလည်းလေဝင်၊ ဝင်တဲ့လေကလည်း အေးစိမ်းနေတော့ တစ်ယောက်နဲ့ တစ်ယောက်မဖက်ထားရုံတမယ် ကွေးနေကြတော့တာပေါ့ဗျာ။........

အရမ်းကိုအိပ်ချင်နေလို့ ဒီလောက်နဲ့ ပဲ ရပ်ထားလိုက်ပါတယ်ဗျာ။ နောက်ရက်မှ ကျန်တာဆက်ရေးပေးပါမယ်။


လေးစားလျှက်
ရီနိုမာန်

16 comments:

Yu Ya said...

ဆက်လက်ဖတ်ရှုဖို့ စောင့်စားနေပါတယ်ဗျာ။... ကျွန်တော်လည်း ခရီးသွားတာ အင်မတန် နှစ်သက်မြတ်နိုးသူတစ်ယောက်ပါ။

ကျေ။ဇူးတင်စွာဖြင့်
yu ya

သားကြီး said...

လိမ္မော်ဆိုလို့ လိမ္မော်သီးများလားမှတ်တယ်
လက်စသတ်တော့အရက်ကိုး
ကောင်းပါပေ့ဗျာ
အိပ်ချင်ရင်လည်းအိပ်ပေါ့
အိပ်ယာကနိုးရင်တော့ ကျန်တာဆက်ပေါ့ :)

နဒီမိုးညို said...

ရှမ်းပြည်အေးတာတော့မပြောပါနဲ့ တော့
ဆောင်းတွင်းဆို အိမ်လည်ခေါင်မှာ
မီးဖို နဲ့ နေရတယ်..
ဆက်လက်အားပေးနေမယ်နော်

မငုံ said...

သြော်..မဆိုးဘူးဟ ဂျူးတောင် တစ်ဝက်မှာ ကျန်ခဲ့တာ။။ ပြန်လာဦး။ လွယ်မောင်းလိုက်ပို့မယ်။ :) တောင်ခြေကနေ မတက်ပဲ ကျန်ခဲ့မယ်။ အိမ်ကိုလွမ်းသွားတာပဲ။။

ကိုလူထွေး said...

ဂွတ်နိုက်...

းဝ)

ဖိုးစိန် said...

ဆက်ရန်မျှော်နေပါတယ်..


မြန်မြန်လေးပါဗျို့

သယ်ရင်းနေကောင်းတယ်မလား

အလုပ်အဆင်ပြောတယ်မလား

ကျနော်ကတော့ နက်မကောင်း နေမကောင်းလို့

စိတ်ကလဲရှုတ်နေတယ်လေ

သယ်ရင်းကိုတော့သတိတရရှိနေကြောင်းပါ

ချစ်တဲ့

ဖိုးချစ်

kokomaung.uk said...

ခရီးစဉ်လေးအကြောင်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဗဟုသုတလဲ ရတာပေါ့။

ဂျပန်ကောင်လေး said...

အစ်ကိုရေ.. လိုက်မယ်ဗျို့..း)

တောင်ပေါ်သား said...

လွမ်းအောင် လုပ်နေတာ လုပ်နေတာ အဟွန်းဟွန်းးး ဆက်မျှော်နေတယ် အကိုေ၇

လေးစားလျက်
တောင်ပေါ်သား

အဆိပ်ခွက် said...

တောင်ကြီးကိုတောင် သတိရလာ ပြီ ကိုရီနို ... နော်.. နောက်ထပ်ဆက်ရေးရင် ဆက်လွမ်းရအုံးမယ်...

ခင်မင်လျှက်
အဆိပ်ခွက်

ရှင်ရဲထွတ် said...

ပင်လောင်းမြို့က အပင်အိုဟောင်းလေးတစ်ချို့ကို ရင်နာစရာအဖြစ်ဟောင်းလေးလိုပဲ သတိရနေမိပါတယ်။

တလနွန် said...

ရှမ်းပြည်ခရီးစဉ်ကို စာသားနှင့်အတူ လိုက်ပါသွားပါတယ်. ဆက်ရန်မျှော်...

ခင်မင်ခြင်းနှင့်
တလနွန်

မသက်ဇင် said...

ရီနိုရေ
ခရီးသွားဆောင်းပါးလေးလာဖတ်သွားတယ်နော်
ခင်မင်လျက်

အိုက်ခီလောက် said...

အဟား ခရီးသွားတာတော့ စိတ်အပါဆုံးပဲဗျ
ကျောင်းပြီးကတည်းက သွားလိုက်တဲ့ခရီးတွေ စုံနေတာပဲ
တောင်ပေါ်ကိုမတက်နိုင်တာကို နွားနို့ အကြောင်းပြတယ်
တစ်ကယ်က အစ်ကိုက ဝ နေလို့  မတက်နိုင်တာပါ
လိမ္မော်ဖြူလေးတော့သတိရနေတယ် ကောင်းချက်တော့
အပေါင်းအသင်းလေးတွေနဲ့ သွားတာဆိုတော့ပျော်ဖို့ တော့အလွန်ကောင်းမှာပဲနော်
ဆက်ရန်ကိုမျှော်နေတယ်ဗျာ

နေဒေးသစ် said...

တိုးလို့ တန်းလန်းလုပ်ပီးးးးးးးးးးး :D
ခရီးသွားအကြောင်းတွေဆို သိပ်စိတ်ဝင်စားတာ ...
နောက် တစ်ပိုင်း အကိုရေ ....
မျှော်နေတယ် ...
နေဒေးသစ်။

မြစ်ကျိုးအင်း said...

ကဲ ကွေးတဲ့အထိတော့ဖတ်ပြီးပြီ ဘယ်နေ့မှ ပြန်ဆန့်မလဲ စောင့်နေမယ် သယ်ရင်း....။
အကြာကြီးတော့ မအိပ်နဲ့ကွာ ဖောက်သည်တွေ တန်းစီ စောင့်နေကြတယ် ..။
(ဖောက်သည်ဆိုသည် စာဖတ်ပရိသတ်ကို ဆိုလိုသည် ဤကား စကားချပ် ...။)