March 3, 2015

ငါ့ရင်ထဲမှာ

အောင်မြင်ခြင်းဆိုတာ
လူတွေနဲ့  မဝေးသလို
အချစ်ဆိုတာလည်း
ငါ့ရင်ထဲမှာရှိတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ
တို့ နှစ်ယောက် အတူတူရှိနေနိုင်ဖို့ 
ကြိုးစားရင်း ငါ ရှိနေမယ်

လူတွေက ပြောကြတယ်
အချစ်ဆိုတာ ဘာဘာညာညာ ပေါ့
ငါ့ရင်ထဲမှာတော့ မင်းကို
ချစ်တဲ့ အချစ် ပဲရှိတယ်

ငါ့ရင်ထဲမှာ...................
မင်းကိုချစ်တော့
ငါ့ရင်ထဲမှာ.....................

1 comment:

မမသီရိ said...

ကဗျာလေးက ယုံကြည်ချက်တွေ နဲ့ လှပနေတယ်..
ချစ်သူလေးကတော့ အတော်ပျော်မှာ ပဲ...း)
...
စာလုံးပေါင်းက မှားနေသေးတယ်...း)

အောင်မြင်ခြင်း လို့ ပြောချင်တာလား
အောင်မြင်ချင်တယ် လို့ ပြောချင်တာလား...
..
မင်း အမ က ဆရာမ ဖြစ်ခဲ့ဖူးတယ်ကွဲ့
ခင်ချင်ရင်တော့ သီးငြီးခံ ရမှာနော်..း)