March 12, 2012

တောင်ကြီး ဖဝါးအောက် ( ၂ )


မြစိမ်းတောင်၊ ရွှေဘုန်းပွင့်၊ စူဋ္ဌာမုနိလောက ချမ်းသာစေတီတော် နှင့် တောင်ကြီးကြိုးတံတား။ ထိုလေးနေရာအတွက် ကားခ တစ်သောင်းခွဲ ပေးရပါတယ်။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် တတိယနေရာဖြစ်တဲ့ စူဋ္ဌာမုနိလောက ချမ်းသာစေတီတော် ကိုအရောက်မှာတော့ မနက်ကတည်းက ဘာမှမစားရသေးတာကြောင့် မုဒ်ဦးဝမှာ ဆိုင်တွေ တွေ့တာကြောင့် အပြန်ကျမှ မနက်စာစားမယ်လို့ ကားဆရာကြီးကို ပြောတော့ သူက ဒီမှာ မစားနဲ့။ ရှမ်းစာစားချင်တယ်ဆိုရင် ကောင်းတဲ့ နေရာ လိုက်ပို့ပေးမယ်တဲ့။ ဒါနဲ့ ကျနော်တို့လည်း စိတ်ရှိတိုင်း ဘု၇ားဖူးခဲ့ကြပြန်ပါတယ်။
 
ဒီမုဒ်ဦးကတော့ ကားလမ်းက ဝင်လာတုန်း လှမ်းရိုက်တဲ့ ပုံပါ။
ဒီမုဒ်ဦးကတော့ တစ်ဖက်ခြမ်းမှာ ရှိတဲ့ လူတက်လမ်းက မုဒ်ဦးပါ။
အမှန်တကယ်တော့ မုဒ်ဦးကို ရိုက်ချင်လို့ မဟုတ်ပါဘူး။ ရောက်တဲ့နေရာ ဘယ်နေရာမှန်း စာအုပ်လည်း မပါတာကြောင့်  လွယ်လွယ်မှတ်မိအောင် ရိုက်ထားးခြင်းပါ။  

ရင်ပြင်တော်မှ ရိုက်ထားခြင်း
အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၁)


အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၂ )


အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၃ )


အတွင်းပိုင်းမှ ဘုရား လေးဆူ ရပ်တော်မှု ( ၄ )


 စေတီအတွင်းသို့ အဝင်ပေါက် တစ်နေရာ


ဘုရားက ပြန်ဆင်းတော့ ကျနော်တို့နှစ်ယောက် တော်တော်လေး ဗိုက်ဆာနေကြပါပြီ။ ဒါနဲ့ ကားဆရာကိုပဲ ဆိုင်တစ်ဆိုင်ဆိုင်ကို အရင်မောင်းပေးပါ။ စားပြီးမှပဲ ကြိုးတံတား သွားတော့မယ်လို့ ပြောလိုက်၇ပါတယ်။ ကားဆရာကလည်း ဘာစားချင်တာလဲ။ ရှမ်းခေါက်ဆွဲလား၊ တို့ဟူးနွေးလားတဲ့။ ကျနော်က တို့ဟူးနွေးပိုကြိုက်တော့ တို့ဟူးနွေးဆိုင်ပဲ သွားခဲ့ကြပါတယ်။
ဒါတောင်ကြီးမှာ စားခဲ့တဲ့ တို့ဟူးနွေးပါ 
စားနေရင်းနဲ့ အိုက်ခီလောက် ကို သွားသတိရလိုက်ပါသေးတယ်။ သူတောင်ကြီးကို မပြန်ခင် မလေးရှားမှာ ကျနော်နဲ့တွေ့တုန်းက တောင်ကြီးရောက်ရင် အိုက်ခီလောက်စားသောက်ဆိုင် ဖွင့်မယ်တဲ့။ တောင်ကြီးရောက်ရင် လာခဲ့ပါဆိုလို့ ကျနော်မေးကြည့်ပါသေးတယ်။ အဲ့နာမည် မကြာဖူးသေးဘူးတဲ့။
မနက်စာ စားသောက်ပြီးတော့ ကြိုးတံတားသွားဖို့ ထွက်လာခဲ့ကြပါတယ်။ ကျနော်တို့ စားတဲ့ မနက်စာကို ကားဆရာ ဦးလေးမှ ရှင်းပေးခဲ့ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီချိန်တုန်းက ဘုရားပတ်ဝန်းကျင်တဝိုက်မှာ ချယ်ရီပန်းတွေ မပွင့်သေးဘူးလား
ကျွန်မတို့သွားတော့ ချယ်ရီတွေ အရမ်းပွင့်နေပီ တောင်ချွန်းရဲ့ အောက်ဖက်မှာလည်း ချယ်ရီတွေ လှမှလှဘဲ။
တိုဖူးနွေးလေးက ခုကြည့်ပြီး ပြန်စားချင်လာတယ်။း)

rose of sharon said...

တို့ဖူးနွေး... အရမ်းကြိုက်တာ...စားချင်လိုက်တာနော်း(

Ree Noe Mann said...

မချောရေ....

ကျနော် သေသေချာချာ မကြည့်မိလိုက်ဘူး။ ဘုရားမှာ လှူထားတဲ့ ချယ်ရီပန်းတွေတော့ တွေ့တယ်။
အမနဲ့ ကျနော်တို့လည်း အဝင်အထွက်လောက်ပဲ လွဲသွားတာဖြစ်မယ်နော်။

အမနော်ဖော

ကျနော်လည်း ကြိုက်တယ်။ ရှမ်းစာဆို ဘာဖြစ်ဖြစ်ကြိုက်တယ်။ ရှမ်းမလေးတွေလည်း ချောတယ် လှတယ် ဟဲဟဲ

လေးစားလျှက်
ရီနိုမာန်