March 12, 2012

တောင်ကြီး ဖဝါးအောက် ( ၁ )

ရွှေဘုန်းပွင့်ဘုရား

ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် မြစိမ်းတောင်ကနေ တောင်ကျော တစ်ကျောထဲမှာပဲ တည်ရှိနေတဲ့ ရွှေဘုန်းပွင့်စေတီ ရှိတဲ့ နေရာကို ရောက်လာခဲ့ကြပါပြီ။ ဘုရားရိပ် တရားရိပ်က အေးချမ်းတယ်ဆိုတာ တကယ်ပါပဲ။ သန့်ရှင်းသပ်ရပ်ပြီး မောနေတဲ့ အမောတွေ ပြေပျောက်သွားစေခဲ့ပါတယ်။ တောင်ကြီးမြို့ရဲ့ ရှုခင်းကတော့ မြစိမ်းတောင်ကနေကြည့်ရင် တစ်မျိုးလှသလို့ ရွှေဘုန်းပွင့်ကနေ ကြည့်ပြန်တော့လည်း တစ်မျိုးလေး လှနေပြန်ပါတယ်။
တောင်ပေါ်မှာ ရှိတဲ့ ကိုးမြို့ရှင် နတ်နန်း

ကျွန်တော်တို့ကို လိုက်ပို့ပေးတဲ့ ကားဆရာကလည်း သဘောကောင်းလှပါတယ်။ ရောက်တဲ့နေရာမှာ အလောသုံးဆယ် မရှိပဲ အေးအေးဆေးဆေး ဘုရားဖူးဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ ရောက်တဲ့နေရာမှာ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ခဲ့ပင်မဲ့ ကိုယ်ကိုတိုင်ပါတဲ့ အမှတ်တရ ဓါတ်ပုံတွေတော့ မရိုက်ဖြစ်ခဲ့သလောက်ပါပဲ။  
အပေါ်က ပုံနှစ်ပုံကတော့ ရွှေဘုန်းပွင့် ဘုရားဖြစ်ပေါ်လာအောင် စတင်ခဲ့တဲ့ ယက္ကန်းစင်တောင် ဆရာတော်ရဲ့ ရုပ်တုနှင့် ဆရာတော် သီတင်းသုံးရာ ကျောင်းတော်ပါ။

ရွှေဘုန်းပွင့် တောင်ပိုင်ဘိုးဘိုးကြီး 
ရွှေဘုန်းပွင့် စေတီအား အနီးကပ် ဖူးတွေ့ရခြင်း
ရွှေဘုန်းပွင့်တောင်ပေါ်မှ မြင်တွေ့ရတဲ့ တောင်ကြီးမြို့ရဲ့ အလှ
တောင်ပေါ်မှာ တွေ့ရတဲ့ ဘု၇ားခန်းပါ။ အထဲဝင်လိုက်တာနဲ့ စိတ်ထဲအလွန် ကြည်နူးလှတာကြောင့် မနေနိုင်ပဲ ရိုက်မိလိုက်ပြန်ပါတယ်။
အမြင်မှာ တော်တော်လေး လှတာကြောင့် ရိုက်ဖြစ်သွားပါတယ်။ ဘာအပင်လဲလို့တော့ လာမမေးပါနဲ့။ ဘာအပင်မှန်း မသိခဲ့သလို၊ မေးမြန်းခြင်းလည်း မလုပ်မိခဲ့ပါဘူး။ သိသူများ ပြောသွားပေးကြပါ။
ရွှေဘုန်းပွင့်တောင် အဝင် မုဓ်ဦးပါ

 
တောင်ရဲ့ အောက်နားမှာ  သဘာဝလိုင်ဂူ ရှိနေတာကြောင့် ကားဆရာကိုပဲ မောင်းပို့ခိုင်းလိုက်ပါတယ်။ ၄င်းဂူမှ ပြန်တက်ရင် တောင်တက်လမ်း မက်စောက်တာကြောင့် ကားဆရာက သိပ်ပို့ပေးချင်ပုံ မရပင်မဲ့ ဘုရားဖူး ခရီးသွား သူငယ်ချင်းနှစ်ယောက်တည်းမို့ ကားဆရာ ပို့ပေးခဲ့ပါတယ်။
ဂူကို မဆင်းခင် အပေါ်မှ ရိုက်ထားတဲ့ ပုံပါ။
ဂူထဲမှာ ရှိနေတဲ့ အဘဘိုးမင်ခေါင်နှင့် အဘ ဘိုးဘိုးအောင် ရုပ်တု
ဒါကတော့ နဂါးမယ်တော်ပါ။

အပေါ်စီမှ မြင်တွေ့ရတဲ့ ပုံပါပဲ။

ဆက်လက်ပြီးတောင်ကြီးမှ နာမည်ကြီးတဲ့ ဘုရားတစ်ဆူကို ကျွန်တော်တို့နှင့် အတူ ဖူးမျော်ဖို့အတွက် ဓါတ်ပုံနှင့်တကွ ဖေါ်ပြနိုင်ရန် တောင်ကြီး ဖဝါးအောက် ( ၂ ) ကို စောင့်မျှော်ပေးကြပါအုံးလို့ လေးစားစွာဖြင့် ပြောကြားရင်........။

လေးစားစွာဖြင့်
ရီနိုမာန်

6 comments:

SHWE ZIN U said...

ကိုရီနိုမာန် ရေ

ဘုရားလည်းဖူးသွားတယ် ပုံကောင်းလေးတွေ လည်း ကြည့်သွားတယ် ကျေးကျေး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အပင်က ညောင်ပင် အရွက်မပေါက်သေးတာ မဟုတ်ဘူးလား

ကြယ်ပြာ said...

ဘုရားဖူးထွက်ခဲ့တယ်နော ...

အပင်က ညောင်ပင်လို့ ထင်တာပဲ ...

အောင် မြင့် လင်း said...

ရှေး လက်ရာတွေ မဟုတ်ပါ 2010 Dec လောက်က မှ လုပ် ထားတာတွေ ပါ။

Ree Noe Mann said...

ကိုအောင်မြင့်လင်း

ကျေးဇူးပါ အကို။
ကျနော် ပြင်လိုက်ပါ့မယ်။

ko said...

ပတ္တမြားဂူက အကြီးကြီးလားဗျ မရောက်ဘူးလို့ သိချင်လို့ပါ

Ree Noe Mann said...

ko

ပတ္တမြားဂူက အကြီးကြီးလာဆိုတော့ အကြီးကြီးတော့ မဟုတ်ဘူး အကို။
လူအယောက် ၆၀၊ ၇၀ လောက် ဝင်ဆံ့တယ်လို့ ပြောလို့ရတယ်ဗျ။