October 30, 2011

သေဆုံးခြင်း အတက်ပညာ

တစ်နေ့တော့ ကျွန်တော်တို့ တစ်တွေ သေဆုံးကြရမယ်ဆိုတာ သေချာပါတယ်။ သေဆုံးခြင်း အတက်ပညာကိုလည်း ကျွန်တော်တို့ သင်ယူစရာ မလိုလောက်အောင် ပါရမီရှိခဲ့ကြတဲ့ လူတွေပါ။ သေဆုံးတဲ့ အခါမှာတော့ လှပစွာနဲ့ အေးချမ်းစွာ သေဆုံးတက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်ကိုယ်တိုင် သေဆုံးခြင်းနှင့် အဝေးမှာရပ်နေရပင်မဲ့ သေချာပါတယ်။ ကျွန်တော်လည်း တစ်နေ့တော့ ပညာရပ်တစ်ခုကို သင်ယူနေရပင်မဲ့ သေဆုံးခြင်း အတက်ပညာကိုတော့ သင်ယူနေစရာ မလိုပဲ အလိုလို တက်မြောက်သွားအုံးမှာပါ။ လူသားအားလုံး သေဆုံးကြရမှာ အမှန်ပါ။ သေဆုံးပြီးနောက် ကျန်ခဲ့မဲ့ အကြောင်းအရာကတော့ လှပဖို့ လိုလိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ်။

ကမ္ဘာအရပ်ရပ်မှာ သေဆုံးသွားကြတဲ့ လူဦးရေ မြောက်များစွာရှိပါတယ်။ သေဆုံးရခြင်း အကြောင်းအရာကလည်း အမျိုးမျိုးနဲ့ပေါ့။ ကျွန်တော့် ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ သေဆုံးသွားတဲ့ လူတွေကလည်း ပုံစံအမျိုးမျိုးနဲ့။ သေဆုံးခါနီးမှာ ခံစားရတဲ့ လူတွေရဲ့ ဒုက္ခကလည်း အစုံစုံပါပဲ။ သေဆုံးခါနီး ခံစားရတဲ့ ဝေဒနာကလည်း လွယ်ကူတဲ့ အလုပ်တစ်ခုကို လုပ်နေရတာနဲ့ မတူပဲ အလုပ်တစ်ခုအောင်မြင် ပြီးဆုံးဖို့  အားကြိုးမာန်တက် လုပ်ကိုင်နေရတဲ့ သဘောပါပဲ။ လုပ်ငန်းချင် မတူတာကလွဲရင်ပေါ့။

သေဆုံးသွားကြတဲ့ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကို  ကျွန်တော် ပြန်စဉ်းစား ကြည့်မိတယ်။ အနီးစပ်ဆုံး ကျွန်တော့် အဘွား (  ကျွန်တော့် အဖွားရဲ့ အမေပါ ) ကို ကျွန်တော် ခုချိန်ထိ မှတ်မိနေသေးတယ်။ သေခါနီးမှာ အပမှီသွားလို့ ကောင်းကောင်းမွန်မွန် သေဆုံးရမဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဟာ နောက်ဆုံး အသက်ထွက်တော့ မရှုမလှ သေဆုံးသွားရတာကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတယ်။ ဒါဟာလည်း ရှေ့ဘဝက အကုသိုလ်ကြောင့်များလားပေါ့။ နောက် ကျွန်တော်အဖေ သေဆုံးသွားတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ အဖေ့ရဲ့ အနားမှာ ရှိမနေခဲ့ပါဘူး။ အဖေ ဘယ်လိုများ ခံစားသွားရမလဲဆိုတာ အနီးကပ်ရှိနေတဲ့ ကျွန်တော့်အကိုကလွဲလို့ ဘယ်သူမှ သိလိုက်ကြမှာ မဟုတ်ပါဘူး။ 

ကျွန်တော်ကိုယ်တိုင် အဖေနဲ့ပတ်သက်တဲ့ နောက်ဆုံးအဖေ ဖြတ်ကျော်ခဲ့ရတဲ့ သေဆုံးခြင်း ဝေဒနာကို မေးမြန်းဖို့လည်း အခွင့်မသာခဲ့ ပြန်ပါဘူး။ ကျွန်တော် အစ်ကိုသည်လည်း သေဆုံးခြင်း ပညာကို စောစောစီးစီး သင်ယူပြီးမြောက်ခဲ့ပြန်ပါတယ်။ ကျွန်တော့် အကို သေဆုံးသွားတဲ့ အခါမှာလည်း ကျွန်တော်ဟာ သူ့အနားမှာ ရှိမနေခဲ့ပြန်ပါဘူး။ ဒါကြောင့် ကျွန်တော့် အဖေနဲ့အစ်ကိုရဲ့ သေဆုံးခြင်း နောက်ဆုံးခရီးမှာ ဘယ်လိုဝေဒနာ တွေများ ခံစားသွားရမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် သေသေချာချာ မသိလိုက်နိုင်ခဲ့ပါဘူး။

ဒီလိုပဲ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်းတိုင်းကြောင့်လည်း လူပေါင်းမြောက်များစွာဟာ သေဆုံးခြင်းလက်မှတ်ကို မထင်မှတ်ပဲ လက်ခံလိုက်ရတဲ့ အဖြစ်ပါ။ အဲ့အထဲမှာ မနေ့တနေ့ကမှ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ပါဝင်သွားခဲ့ပါတယ်။ အဖြစ်ဆိုးတာကတော့ သူမရဲ့ ရုပ်အလောင်းကို ပြန်ရှာမတွေ့တော့တာ ပါပဲ။ သေဆုံးခြင်း ပညာကို သူမသည်လည်း စောစောလေ့လာ သင်ယူခွင့်ရလိုက်တယ်လို့ပဲ ကျနော် နားလည်လိုက်မိပါတယ်။

တစ်နေ့နေ့တော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီပညာရပ်ကို သင်စရာမလိုပဲ တက်မြောက်ရအုံးမှာပါ။

လေးစားစွာဖြင့်
ရီနိုမာန်     

3 comments:

desertraindrops said...

သေမင်းဆိုတာ ဘယ်တော့ ဘယ်အခါ ဘယ်အချိန်မှာ ရောက်လာမယ်ဆိုတာ မသိနိုင်တော့.ပြင်ဆင်ထားတဲ့စိတ်ရှိနေရတယ်ဆိုပေမဲ့ တခါတလေ(များသောအားဖြင့်)မေ့လျော့နေမိတယ် ရီနိုရေ

Han Kyi said...

သေဆုံးခြင်းဆိုတာ အတတ်ပညာထက် အနုပညာပိုဆန်မယ်ထင်တယ်...ဘ၀မှာ ကျကျနနကောင်းကျိုးပြုပြီး လှလှပပ သေဆုံးသွားကြရမှာ လူသားတွေရဲ့ အန္တိမရည်မှန်းချက် မဟုတ်ပါလား...

KO2 said...

ကျွန်တော်လည်း သေဆုံးခြင်း အကြောင်းတရားကို စိတ်ဝင်စားပါတယ်။ ဘယ်လိုခံစားရတယ် ဆိုတာ ကို သိချင်တယ် ဒါပေမယ့် လဲ စမ်းသပ်ကြည့်လို့မှ မရတာနော် :D သေခြင်းတရားက ရိုးရိုးလေးနဲ့ လျှို့ဝှက်လွန်းပါတယ်