September 23, 2011

ကန့်ကွက်ပါသည် ( မြစ်ဆုံစီမံကိန်း)


ကာတွန်း ဆရာဟာဂျူလီရဲ့ ကာတွန်းဖြစ်ပါတယ်။ ဒီပုံလေးကြည့်ပြီး ကျနော်ကိုယ်ကျနော် ပြန်မေးကြည့်လိုက်တယ်။ ကျနော် ဘယ်နေရာမှာ ရှိနေလဲပေါ့။ ကျနော့်ကို ကျနော် ပြန်မေးကြည့်လိုက်သလို မြန်မာနိုင်ငံမှာမွေး မြန်မာပြည်မှာကြီး မြန်မာသွေး ရှိနေကြသေးတဲ့ မြန်မာလူမျိုးအားလုံးကို ကျနော် ဒီနေရာကနေ မေးလိုက်ပါတယ်။ သင့်တို့ကော ဘယ်နေရာမှာ ရှိနေပါသလဲ။

ကျနော် ကတော့ မြစ်ဆုံစီမံကိန်းကို ရပ်တန့်သွားဖို့ အပြည့်အဝ ကန့်ကွက်ပါတယ်။


လေးစားစွာဖြင့်
ရီနိုမာန်

8 comments:

သူကြီးမင်း (တုံးဖလား) said...

ကာတွန်းက တကယ့်အဖြစ်မှန်ကို မီးမောင်းထိုးပြနေတယ်။ ဟုတ်တယ်။ အဲဒါကြီး လှိမ့်လာလို့ကတော့ အားလုံး နာပြီသာမှတ်ဘဲ။

ခင်မင်လျှက်

kiki said...

ဟုတ်ပါ့ ..
ကိုယ်နဲ့မဆိုင်ဘူး ထင်နေသူတွေ ၊
အဲဒါကြီးသာ လိမ့်လာရင် အားလုံးနာကြမှာပဲ.. သားစဉ်မျိုးဆက် ပါ နာကြမှာမို့ 
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း အား ၊ လုံးဝ ကန့်ကွက် ပါတယ် ။

ခင်မင်စွာ.
မကိ

မအိမ်သူ said...

အဲဒါကြီးလိမ့်လာရင် မြန်မာပြည်ပါပျောက်သွားမှာ.. ၀တို့ စီလုပ်ပီ ဖြစ်သွားလိမ့်မယ်။

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

ညိုလေးနေ said...

အမိမြန်မာပြည်ပေါ်သို့ လိမ့်ကျမလာစေရန် ဝိုင်းဝန်းတားဆီးကြပါစို့။
မြစ်ဆုံဆည် ဗျူဟာစီမံကိန်းအား အပြင်းအထန် ကန့်ကွက်ပါသည်။

SHWE ZIN U said...

ရီနိုမာန် ရေ

မှန်ပါတယ် အားလုံး နဲ့ သက်ဆိုင် တဲ့ ဧရာဝတီ အတွက် အားလုံး ကာကွယ်ကြရမယ်
ဆန့်ကျင်ရမယ် မြစ်ဆုံဆည်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

rose of sharon said...

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

အမ်တီအန် said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။