August 18, 2009

အကြောင်း အမျိုးမျိုးကြောင့်

ကျနော် ချစ်ခင်ရသော မောင်နှမများ အားလုံးကို သိရှိစေရန်class="gl_align_full"

မမျှော်လင့်ပဲ တွေ့ခဲ့ကြတယ်။ ဒီလောက က ဒီမောင်နှမတွေ အားလုံးကို ကျနော် ချစ်ခင်ရပါတယ်။
ခုတော့ မမျှော်လင့်ပဲ တွေ့ခဲ့ကြသလို မမျှော်လင့်ပဲ ကျနော် အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။
စိတ်ရဲ့ ခံစားချက်တွေကို ကျနော် အနေနဲ့ လိုက်လုပ်နေမိတဲ့ ကျနော်ကိုလည်း ကျနော် မုန်းနေမိပါတယ်။
နောက်တစ်ချိန် ဘာဖြစ်မယ် ဘာဖြစ်အုံးမယ်ဆိုတာ မသိသေးတဲ့ အချိန် အတိုင်းအတာ တစ်ခု အတွင်းပေါ့။
ဒီ တစ်ရက် နှစ်ရက်လောက်တော့ ကျနော်ဘလော့ဂ်ကို ဖွင့်ထားပါမယ်။ နောက်လာမဲ့ ရက်တွေမှာတော့ ကျနော်ကိုယ်တိုင်
လည်း ဘာမှ မသိသေးပါဘူး။ အခုတစ်လော လည်း ဘာလုပ်လုပ် အဆင်ပြေတယ်ကို မရှိဘူး။
စိတ်လည်း ကုန်တယ်။ အစား မတော် တစ်လုပ်၊ အသွားမတော် တလှမ်း အပြောမတက်တော့ ဆဲ သလိုဖြစ်သွားခဲ့
တဲ့ ကျနော့် ကိုယ် ကျနော်ပဲ အပြစ်တင်နေမိပါတော့တယ်။
ဘလော့ဂ်မှာ ခင်ကျ အပြင်မှာ တွေ့ဖူးကျတဲ့ ကျနော့် မောင်နှမ များ အားလုံး အပေါ် ကျနော အနေနဲ့ ပြောမှား
ဆိုမှားရှိခဲ့ရင် ဒီနေရာ ဒီပိုစ့်လေးကနေ တောင်းပန်လိုက်ရပါတယ်။ ခွင့်လွှတ်ပေးကြပါနော်။

ကျနော်တို့တွေ ကံပါအုံးမှာပါ။ ပြန်တွေ့ကျတာပေါ့နော်။

စုံစမ်း မေးမြန်းခြင်း သီးခံပါ။

လေးစားချစ်ခင်လျှက်
ရီနိုမာန်

15 comments:

သီဟသစ် said...

မောင်ရီနိုရေ

တို့တော့ မယုံဘူးကွယ်
ဒါနဲ့ဆို ဒုတိယ အကြိမ်ပဲ

Any way, good luck

Yu Ya said...

ကိုရီနိုရေ.. ဘယ်လိုလဲဗျာ.. ကိုသီဟသစ်က ဒုတိယအကြိမ်ပါဆိုပေမယ့်...ကျွန်တော်အတွက်က ပထမအကြိမ်ပါ။ အခုတစ်လော ဘာတွေ ဖြစ်နေကြတာလဲမသိဘူး.။ ဆိုးရွားတဲ့ နက္ခတ်တွေ စုပုံနေပါလားဗျာ။

yu ya

ထင်းထင်း said...

ဘာတွေ ဖြစ်လို့တုန်း ...
ပြောပါအုန်း
မေးမှာဘဲ
အကို သတ္တိ၊ ဇွဲ ၊ ခံနိုင်ရည် ရှိတာ သိပါတယ်။
အလွယ်တကူနောက်မဆုတ်တတ်ပါဘူး။
အိုကေ

မြစ်ကျိုးအင်း said...

စိတ်ကိုအရင်အနားပေးလိုက်ပါ သူငယ်ချင်းရေ

ငွေမရဘဲ အချိန်ကုန်ခံပြီးရေးရတာတောင် အတိုက်အခိုက်က များတယ်ကွ ...။
ငါလည်း စိတ်ရှုပ်လာရင် ပိတ်လိုက်တော့မယ်။
အခုတော့ စိတ်ရှုပ်စပြုနေပြီ...။
လူတွေကိုယ့်လမ်းကိုယ်မဖောက်တတ်ကြတော့ဘူး
ချနင်းပြီး တက်ဘို့ပဲ စဉ်းစားချင်နေကြတယ်...။

စိတ်ပျက်ဘို့ကောင်းတဲ့လောက ကို စွန့်ခွာမယ်ဆိုလည်း အပြစ်တော့ မပြောပါဘူးကွာ...။

မင်းအဆင်ပြေပါစေ..။

မိုးစက်အိမ် said...

ဘလော. လောကလည်း အရောင်တွေများရောလာ
ပြီလား အကိုရာ ???????????? ကျွန်တော်
လည်းနားမလည်တော.ပါဘူးဗျာ....

yangonthar said...

အစ်ကို နားပါဦးဗျာ ဘလော့တော့မပိတ်ပါနဲ့  ဦး အဆင်ပြေမှာပါ အဆင်ပြေသွားမှာပါ စိတ်အေး လက်အေး စဉ်းစားပါအစ်ကိုရာ နော် .....
:D
ရန်ကုန်သား
ညီငယ်

ကောင်းကင်ပြာ said...

တွေ့ပြန်ပါပြီ ဘလော့ပိတ်မဲ့ တယောက်၊ ဘာတွေ ဖြစ်ပြန်ပီလဲ၊ ခုပဲ ၉ လပိုင်းရောက်တော့မယ်၊ စာရေးတာ ကို တာဝန်ကြီး တခုလို မထားပဲ ၊ စိတ်ထွက်ပေါက်လေးတခုအနေနဲ့ ထားပြီး ရေးပါလေ၊ မရေးနိုင်ရင် ခန နားနေပေါ့၊ ကိုယ့်ရင်ထဲက အကြောင်းတွေ ဗဟုသုတတွေ မျှဝေနေကြတာပဲ ၊ အားလုံးနားလည်ကြပါတယ်၊ ခက်တာပဲ

ဝက်ဝံလေး said...

ရော် အခုတလော ဘလော့ဂ်ဂါတွေ ဘာဖြစ်နေတုံး

ကိုရီနိုရေဘာဖြစ်ဖြစ် အဆင်ပြေ ပါစေကွယ် ပြေမှာပါ အစ်ကို မိဘ ကိုသိတတ်တဲ့ သားလိမ္မာပဲဟာနော်

Angel Shaper said...

အကိုအမများကို တောင်းပန်ပါသည်။ မလုပ်လိုက်ကြပါနှင့်။
ကိုရီနိုကြီး ကော အပေါ်မှ ခြိမ်းခြောက်သွားသော ကိုကြီးမြစ်ကောနော်။
( လူကြီးလေး ခနလုပ်ခွင့်ပြုပါ )
ဘာလို့ များ ဘာမဟုတ်တဲ့ ဒီအတိုက်အခံတွေအတွက် စိတ်ရှုပ်ခံမလဲ ဟင်။
သမီးဆို အရေးအားသာတဲ့သူ မဟုတ်လို့  အကိုအမတွေဆီကပဲ ဗဟုသုတ၊ သင်ခန်းစာ၊ ပျော်စရာ၊ ရယ်စရာ၊ ပညာတွေ အများကြီး ယူနေတာလေ။ မကောင်းကင်ပြောသလို ဘလော့က အားရင်ရေး၊ ဖီလင်လာရင်ရေး၊ အားရင်လည်၊ မအားရင်ခနပစ်ပေါ့။ ရင်ဘတ်ထဲက ခံစားချက်တွေ သွန်ချတဲ့ တို့ တွေရဲ့ ပျော်စရာ ဂိုဒေါင်လေးတွေပါ အကိုတို့ အမတို့ ရာ။ အဲဒီဂိုဒေါင်လေးထဲမှာ တို့ရဲ့ တူညီတဲ့ အမြင်တွေ၊ စိတ်ကူးတွေ၊ ရင်ခုန်သံတွေ ရှင်သန်နေရမယ်လေ။ ဂိုဒေါင်ထဲက အပုပ်တွေ လွင့်ပစ်ကြမယ်ဗျာ။ လေကြောင့်ဘယ်ကျောက်ဆောင်မှ ရွေ့ မသွားဘူးတဲ့နော်။ ငယ်ငယ်က အဖေပြောခဲ့ဖူးတယ်။
နားနားပြီး ရေး၊ နားနားပြီး လည်၊ ကြတာပေါ့။
အနားယူပါ ကိုကြီးရာ။။။ စိတ်လေး အေးသွားရင်ပြန်ရေးနော်။ ဒါပဲ။
အားလုံးပျော်ရွှင်ပါစေ။
အားလုံးကိုလေးစားချစ်ခင်နေတဲ့ ကောင်မလေး။

Anonymous said...

ကိုကြီးရီနို
ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေရှင်
မြူးလဲဒီလောကကိုစိတ်ရှူပ်လာပြီ
ကိုကြီးမြစ်ကျိုးအင်းကိုထောက်ခံပါ၏

မြူးလေး

တောင်ပေါ်သား said...

နာ့က ဘာပြောရမှာတုန်းး) စိတ်ညစ်နေတာလား အခုက ဘာပဲဖြစ်ဖြစ် ဘလော့လေးနဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူးထင်တာပဲလေ.. ဒီတော့ ဘလော့လေးကို ဒီအတိုင်းထားခဲ့ စိတ်ညစ်တာတွေ ပျောက်သွားရင် ပြန်လာရေး။ ပိတ်တော့မထားခဲ့နဲ့ ဟုတ်ပြီလား တော်ကြာ ပြန်ရေးချင်ရင် ဒုက္ခဖြစ်နေဦးမယ် ကျနော်ဆို ဒီအတိုင်းပဲ ထားထားလိုက်တာပဲ ရေးချင်မှရေးပေါ့ ဒါလေးဟာ ကိုယ့်ရဲ့အိမ် ကိုယ်ပွားလေးမလား။ ဒီတော့ ကိုယ်လုပ်ချင်သလိုလုပ်း) ဖျက်လိုက်စရာမလိုပါဘူး ဒီအတိုင်းထားခဲ့လိုက် အနားယူလိုက် ပြီးတော့လဲ စိတ်က ပြန်ကောင်းသွားရော.. လူဆိုတာ ရတာမလို လိုတာမရမလား ဘာမှ စိတ်မညစ်နေနဲ့တော့ ထားခဲ့ အားရင် စိတ်ပျော်ရင် ပြန်လာရေး ဒါပဲး)


လေးစားလျက်
တောင်ပေါ်သား

မေဇင် said...

ဘလော့ ပိတ် ပြစ်ဖို့ ထိတော့ မရည်ရွယ်ပဲနဲ့ စိတ်ရှုပ်တုန်း ခဏတော့ ပစ်ထားလိုက်ပေါ့.... စိတ်ပါလာရင် ပြန်ရေးလေ...။ အေးဆေးပါနော်... ခု မပြေလည်တာတွေဟာ ခဏနေ ရီစရာဖြစ်သွားပါလိမ့်မယ်...။ ကိုယ့်ဘလော့ ကိုယ့်ဘာသာ ရေးချင်စိတ်မရှိသေးလို့ မရေးပဲ ထားပါတယ်လို့ စာတမ်းလေးပဲ ချိတ်ထား...။ မပိတ်ပစ်ပါနဲ့နော်..။ မအိမ်ကံ လဲ ဆုံးခန်း မတိုင်သေးဘူးး)

အိုက်ခီလောက် said...

လုပ်လိုက်စမ်းပါ ပိတ်ထားလိုက် ခဏလေးဖြစ်ဖြစ် ကြာကြာဖြစ်ဖြစ် လုပ်ချင်တာလုပ်လိုက် ပေါက်ကွဲလိုက် ဟုတ်ပြီလား တွေ့ ဆုံကြုံကွဲဖြစ်မြဲပါပဲ အဟတ် လာတဲ့လူရှိရင် သွားတဲ့လူရှိမယ် ကိုယ်မရှိရင် ကိုယ်နေရာလာမယ့်လူရှိတယ် ဒီတော့ ကိုရီနို ပေါက်ကွဲလိုက်စမ်းပါ
သွားချင်တာသွား ထားချင်တာထား နေချင်သပဆိုလည်းနေ မနေချင်သပ ဆိုလည်း ထားခဲ့လိုက် နောက်ဆံမတင်းနဲ့ ဟုတ်ဘူးလား
အနော့လည်းဒီတိုင်းပဲလုပ်နေတာ တောင်ပေါ်သားပြောသလိုပဲ အဟတ် တောင်ပေါ်သားအဆို နောက်ကနေထောက်ခံတယ်ကွာ

မြစ်ဆုံ said...

ညီလေး အကိုကခုမှရောက်ဖြစ်တာပါ။ေ၇ာက်ရောက်ခြင်းဒီ
လိုလေးတွေ့လိုက်ရတော့စိတ်မကောင်းဘူး၊အကိုလဲဒီလိုပဲ
ခံရဖူးပါတယ်၊ကိုယ့်စိတ်ကိုကိုယ့်ကိုမှာမြဲနေပါစေ၊သူများ
တွေကြောင့်ကိုယ်ပိုင်တဲ့ကိုယ့်စိတ်ကိုအလွှင့်ပါးမခံပါနဲ့၊
ကိုမင်းဒင်ပြောတဲ့စကားတခွန်းကိုလက်ဆောင်ပေးထားခဲ့
မယ်။

မင်းဒီနေ့ဖြစ်နေတဲ့ကြီးမားတယ်ဆိုတဲ့အခက်အခဲတွေဟာ
နောက်နေ့ကျရင်မင်းအတွက်ဟာသဖြစ်လာလိမ့်မယ်။

stella said...

ကိုရီနိုကြီး ဘလော့တော့ပိတ်မပြစ်ပါနဲ့.. ရေးချင်တဲ့အခါပြန်ရေးပေါ့..စိတ်ညစ်နေရင် အားလုံးကို ခဏမေ့ထားလိုက်..အိုကေသွားလိမ့်မယ်..