August 1, 2009

ဆယ်ဖို့ တစ်ဖို့


ကျနော်လည်းစာတွေ ရေးချင်နေတာ။ အလုပ်မအားတာနဲ့ စိတ်ထဲမှာ ချရေးဖို့အတွက် စာစီလိုက်တိုင်း ဘာရေးလို့ရေးရမှန်း မသိဖြစ်နေတာနဲ့ ဘာမှကို မရေးဖြစ်ပဲနေနေတာ။ ကျနော်ရေးချင်နေတဲ့ အကြောင်းအရာ လေးတွေတော့ အများကြီးရှိတယ်။ အဲ့ဒီထဲကနေမှ အလှူနဲ့ပတ်သက်တဲ့ အကြောင်းလေး နဲနဲပြောပြချင်လို့ ဒီအကြောင်းလေးကို အရင်ဆုံး ရေးပြီး အရင်းဆုံး ရေးတင်လိုက်ရပါတယ်။

အလှူဆိုတော့ ကိုယ်ကိုတိုင်လုပ်ဖို့ ဆိုတာက လွယ်တယ်လို့တွေးရင်း လွယ်တယ်ပေါ့ဗျာ။ ခု အမဝါတို့ စီစဉ်ပေးတဲ့ အလှူကျတော့လည်း စီစဉ်တဲ့ လူရှိအုံးမှ လှူလို့ရတာလေ။ ကိုယ်တစ်ယောက်တည်း ဆိုရင်ကော ဘယ်လိုမျိုးများလုပ်လို့ ရမလဲလို့ ကျနော်စဉ်းစားမိတယ်။ အလှူလုပ်တယ်ဆိုမှတော့ ပိုက်ဆံလို့တာပေါ့ဗျာ။ ပိုက်ဆံရှိမှ လှူလို့ရမှာလေ။ ဘုရားရှင် လက်ထက်တုံးကလို့တော့ ကိုယ်ကိုတိုင် ပြုလုပ်လှူဒါန်းခြင်းမျိုးက မလွယ်တော့ဘူး။

ခုရောက်နေတဲ့ နိုင်ငံအနေအထားနဲ့ပြောတာပါ။ ကိုယ့်မြန်မာပြည် အခြေအနေဆိုရင်တော့ ခုလို့ ဝါတွင်းအချိန်အခါ မျိုးမှာ ဥပုတ်စောင့် နေ့တိုင်းအာရုံဆွမ်းလှူဖို့ ကိုယ်ကိုတိုင်ပြုလုပ်လို့ ရနိုင်သေးတယ်။ တိုင်းတစ်ပါးကိုရောက်နေကြတဲ့ ညီအကိုမောင်နှမတွေ အနေနဲ့ ကတော့ ကျနော်ခုနက ပြောသွားသလိုမျိုး ပြုလုပ်လှူဒါန်းဖို့ ဆိုတာ ဘယ်လိုမှ အဆင်ပြေနိုင်တဲ့ အရာမဟုတ်ပါဘူး။ ကျနော်တို့ ကလည်း တိုင်းတစ်ပါးမှာ ပျော်လို့ လာနေနေကြတာမှာမဟုတ်တာ။ အကြောင်းအမျိုးမျိုးကြောင့် လာရောက်နေထိုင်နေရတာပဲလေ။

ဒါကြောင့် ကျနော်တို့တက်နိုင်တဲ့ အလှူလုပ်နိုင်ဖို့ဆိုတာ ကျနော်တို့ရဲ့ ဝင်ငွေအပေါ်မှာ မူတည်နေတယ်လေ။ လစဉ် ပုံမှန်လှူမယ်လို့ စဉ်းစားထားပြန်ရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားနိုင်တယ်။ ကျနော်က အကြံလေးပေးတဲ့ သဘောလို့ပဲ သက်မှတ်ပေးကျပါဗျာ။ ဆရာကြီးလုပ်တယ်လို့ မထင်စေချင်ဘူး။ ကျနော်ပြောမဲ့ အကြံဥာဏ်လေးကလည်း တစ်ချို့လူတွေလည်း လုပ်နေကျလိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း လုပ်နေလို့ ကျနော်ရဲ့ မောင်နှမများ အားလုံးကို မျှဝေတဲ့ သဘောလေးပါပဲ။

ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင် အကြွေးစေ့တွေ ဆိုတာ မရှိတော့ပါဘူး။ ကျနော်နားလည်တက်စ ကတည်းကပျောက်သွားတာပါ။ ကျနော်တို့ဆီမှာ အကြွေးစေ့ သုံးဖူးတဲ့ မြန်မာလို့ မေးလို့ရင် လက်ရှိ အသက်သုံးဆယ်အောက် လူငယ်တွေဆို သုံးဖူးကြမှာမဟုတ်ပါဘူး။ ကံကောင်းခဲ့ရင်တော့ မြင်ဖူးကျပါလိမ့်မယ်။
ခု ကျနော်ရောက်နေတဲ့ နိုင်ငံကတော့ အကြွေး ငါးပြားစေ့ တောင်အသုံးဝင်ပါတယ်။

ဒါပင်မဲ့ အကြွေးစေ့ မသုံးဘူးတဲ့ ကျနော်လို မြန်မာ တစ်ယောက်အတွက်တော့ သုံးရမှာ အဆင်မပြေသလို ပေးရမှာလဲ စိတ်ထဲမှာ မလှုံမလဲပါ။ ဒါကြောင့်လည်း မသုံးဖြစ်ပဲ အိပ်ရာအောက်မှာ ရောက်ရောက် နေပါတော့တယ်။ ကျနော်နည်းတူပဲ စင်ကာပူမှာ ရှိတဲ့ ကျနော့်မောင်နှမတွေကော၊ အကြွေးစေ့ သုံးတဲ့ နိုင်ငံမှာနေကျတဲ့ မောင်နှမတွေကော ကျနော်လိုပဲ လို့ သက်မှတ်ထားလိုက်ပါတယ်။

ပထမတော့ ကျနော်စုဘူးလေး တစ်လုံးဝယ်တယ်။ စုဘူးလေးထဲကို အကြွေးစေ့တွေကိုထည့်ပြီး ငါ့အတွက်ပေါ့လို့ တွေးလိုက်တယ်။ တစ်နေ့ ကျနော်တွေးမိလိုက်တယ်။ တစ်နေ့ တစ်နေ့ ကျနော်တို့ သုံးနေတဲ့ ငွေကများပြီး လှူကော လှူဖြစ်ရဲ့လားလို့တွေးမိတယ်။ ဒီလိုတွေးမိတာနဲ့ တစ်ဆက်တည်း စကားလေး တစ်ခွန်းကိုလည်း သတိရသွားတယ်။ ခရစ်ယာန်ဘာသာမှာ အသုံးများပြီး ပြုလုပ်တဲ့ အရာလေးကိုသတိရသွားတယ်။ “ဆယ်ဖို့ တစ်ဖို့” ဆိုတဲ့ စကားလေးပါ။ ဝင်ငွေရဲ့ ဆယ်ဖို့ တစ်ဖို့လား ထွက်ငွေရဲ့ ဆယ်ဖို့တစ်ဖို့လားတော့ ကျနော် သေသေချာချာ မသိပါဘူး။ ကျနော် သက်မှတ်လိုက်တာကတော့ ထွက်ငွေရဲ့ ဆယ်ဖို့ တစ်ဖို့ပါ။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဆီမှာက ဝင်ငွေ ထက် ထွက်ငွေက ပိုများနေတာကိုးဗျ။ ဒီနေ့ ကိုယ်သုံးတဲ့ ငွေရဲ့ ဆယ်ဖို့ တစ်ဖို့ စုရမယ်လို့ ကျနော် အရည်ရွယ်ပါဘူး။ အလုပ်သွားတယ်။ စားတယ်၊သောက်တယ်။ သွားတယ် လာတယ် ဆိုပါတော့။ ညနေ အိမ်ပြန်ရောက်လို့ရှိရင် ပိုက်ဆံ တွက်ကြပြီ။ ပိုက်ဆံအိတ်ကိုဖွင့် အကြွေးစေ့လေး တွေကို ခုနကပြောတဲ့ စုဘူးလေးထဲကိုထည့်ပြီး စိတ်ထဲမှာ အလှူငွေလို့ စိတ်မှတ်ထားပါ။ ဒါ ကျနော်တို့ လုပ်နိုင်တဲ့ တစ်နေ့တာ အလှူလေးပါ။ ငါးပြားပဲ ရောက်ရောက် ဆယ်ပြားပဲရောက်ရောက် ကျနော်တို့ လုပ်နိုင်တဲ့ တစ်နေ့တာ အလှူလေးတော့ ဖြစ်မြောက်သွားတာပေါ့ဗျာ။

မြန်မာစကားပုံလည်း ရှိတယ်လေ။ ညောင်စေ့လောက် လှူပင်မဲ့ ညောင်ပင်ကြီးလောက် ရနိုင်တယ်ဆိုတာမျိုးပေါ့


လေးစားလျှက်
ရီနိုမာန်


12 comments:

သီဟသစ် said...

ရီနိုရေ

မှတ်သားစရာပါပဲကွာ။ အဲလိုလေး ပုံမှန်လုပ်ဖြစ်ရင်တော့ ကောင်းမယ်ထင်တယ်

ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

တတ်နိုင်သလောက်ပေါ့ကွာ...
စေတနာနဲ့ သဒ္ဒါတရားကသာ အဓိကပါ...
ရီငိုရဲ့ စိတ်ကူးကောင်းတယ်...

မေဇင် said...

စိတ်ကူးကောင်းလေး.... ခု စဉ်းစားမိပြီ....။ ကျေးဇူးပါ

Angel Shaper said...

ကိုရီနိုရေ... မှတ်သားစရာလေးတစ်ခုပေးလိုက်လို့ ကျေးဇူးတင်ပါတယ်နော်။
ဆယ်ဖို့ တစ်ဖို့ဆိုတာ ရတဲ့ဝင်ငွေလေးတွေထဲက တစ်ပုံကို ပြန်ပေးတာပါ။
ကိုယ်အများကြီးရတဲ့ထဲက အနည်းငယ်လေး တစ်ပုံကိုပဲ ပေးရတာတောင် ခက်ခဲတတ်ပါတယ်။
လူတွေက အတ္တလေးတွေ ခပ်ကြီးကြီးနဲ့မို့လား။
ရင်ထဲက ပေးလှုချင်တဲ့ ဆန္ဒလေးသာ အဓိကပါနော်။
အကိုပြောသလိုလေး ကြိုးစားကြည့်နိုင်ရင် သိပ်ကောင်းမယ်။ ပျော်ရွှင်ပါစေအကိုရေ....

Yu Ya said...

အလှုရေစက် လက်နဲ့မကွာဆိုတာ မျိုးတွေ ပြန်ရနိုင်တယ် ကိုရီနိုရေ...

ကျေးဇူးတင်စွာဖြင့်
yu ya

မငုံ said...

ဟုတ်တယ် ရီနိုရေ။ အဲဒီလို အကြွေးစေ့လေးတွေကို စုဗူးထဲ ထဲ့စုပြီး လှူဒါန်းဖို့ ရည်းစူးရတာ ၀ါသနာပါသလို လုပ်လဲလုပ်တယ်လေ။ ကောင်းတယ်။

အနမ်း said...

မှန်တယ် အဲလိုလေးလုပ်ထားတာကောင်းတယ်။ လှူဖို့ ရည်စူးထားတယ်ဆိုမှ လှူဖြစ်မယ်လေ။ ဒါပေမယ့် ဒီမှာက အကြွေလည်းမရှိဘူး။ ဘာကိုဘယ်လိုစုရမှန်းကို မသိဘူး။

kaungkinpyar said...

တို့မှာတော့ အကြွေးစေ့ မရှိဘူး၊ အကြွေစေ့ပဲ ရှိတယ် မောင်လေးရယ် ၊ ငါးပြားစေ့လေးတွေလေ၊ စုဦးမှပါ

မြစ်ကျိုးအင်း said...

ငါတို့အိမ်မှာတော့ ဒီနိင်ငံဘုန်းကြီးကျောင်းက ပေးထား တဲ့စုဘူးတလုံးရှိတယ်ကွ..နောက်နှစ် ဒီ ထိုင်ဝမ်မှာ ဘုရားတည်ဘို့အတွက်လေ အဲဒါနဲ့ ဘုန်းကြီးကျောင်းက
ရင်းနှီးတဲ့သူတွေကို စုဘူးတယောက်တလုံးပေးထားတာ တယ်...။ငါတို့လည်း ရလာတဲ့ စုဘူးကို အကြွေတွေ
ဝိုင်းထည့်ထားပေးကြတယ်...။စုဘူးပြည့်သွားလို့ ဘုန်းကြီးကျောင်းသွားပို့ရတာ ၂ ခါရှိသွားပြီ အခုအလုံးက တတိယမြောက်ပေါ့...။

သူငယ်ချင်းရဲ့ စေတနာနဲ့ရည်ရွယ်ချက်က ကောင်းပါတယ်..။ငါတို့တွေလည်း တနိင်တပိုင် လုပ်နေပါတယ်လို့ ပြောတာပါ...။

သူငယ်ချင်းရဲ့ အကြွေးဆပ်ထားတယ်ကွ အဲလောက်နဲ့ပဲ သီးခံပါ..ပြီးတော့ကျေနပ်ပေးပါကွာ..။

မိုးခါး said...

စုဘူးလေ
ပြောလို့ပြောတာမဟုတ်ဘူး
အဲလို စုထားမယ်စဉ်းစားတာကြာပြီ
ဝယ်ရသေးဘူး :P

မေတ္တာရောင်ပြန် said...

ကောင်းလိုက်တဲ့ အကြံလေးပါ မောင်လေးရယ်။ တတ်နိုင်သလောက်ပေါ့နော်။ ကျေးဇူးတင်ပါတယ်။ စပြီ လုပ်ကြည့်မယ်နော်။

အချစ်မဲ့ဂစ်တာ said...

ကောင်းပါတယ်ဗျာ.... ကြိုးစားကြည့်ဦးမယ်...
နေ့တိုင်းအလှူသေးလေးတွေစုမိတော့ ကြာတော့ အလှူကြီးဖြစ်လာမှာပေါ့နော်...။