August 11, 2009

ရှမ်းပြည် တောင်ပိုင်း ခရီးစဉ် (သိမ်း)

ရုပ်ရှင်ကြည့်ပြီး ပြန်လာတော့ ၁၂ထိုးတော့မယ်။ ကျနော် နှစ်သက်တဲ့ ရာသီလေးကြောင့်မို့လည်း အေးအေးချမ်းချမ်း အပြန်လမ်းမှာ အေးချမ်းလှတဲ့ တောင်ကြီးရဲ့ ညပိုင်းအလှကိုခံစားပြီး ဟိုတယ်ကို ပြန်လာခဲ့တယ်။

ကြာသပတေးနေ့

မနက်စောစောစီးစီးထ ကြပြီး ရေမိုးချိုးအဝတ်လည်ပြီး နံက်စာ စားဖို့ထွက်လာခဲ့ကြတယ်။ ကျနော်တို့ရောက်တဲ့ ရာသီက တောင်ကြီးမှာအလှူ ရာသီ ဆိုတော့ ဆိုင်တွေက သိပ်မဖွင့်ကျဘူး။ အဆင်ပြေမဲ့ အစားကိုစားပြီ ကြိုးတံတားဘက်ကိုထွက်လာခဲ့ကြတယ်။ တံတားပေါ်မှာပဲ ဓါတ်ပုံ ရိုက် ဟိုသွား ဒီသွား ပင်လောင်းကို ပြန်ဖို့ မနေ့ထဲက ကားလက်မှတ်က ဝယ်ပြီးသားဆိုတော့ နေ့လည် (၁) နာရီမှာ တောင်ကြီးကနေ လိုင်းကာနဲ့ ပင်လောင်းကို ပြန်လာခဲ့ကြတယ်။

ပင်လောင်းကိုရောက်တော့ ည ၈ နာရီလောက်တော့ရှိတော့မယ်။ ဒီညမှာတော့ ဟဲဟိုး စစ်တပ်က ဖွင့်တဲ့ တပ်ဆိုင်က ရောင်းတဲ့ အာမီရမ် ကို ဖွင့်လိုက်တော့မှ အတု မိသွားမှန်း သိတော့တယ်။ ညကလည်း မှောင်နေတော့ ပုလင်းကို မကြည့်လိုက်မိဘူးလေ။ စစ်တပ်ဆိုင်က ရောင်းနေမှတော့ အစစ်ပဲထင်နေမိတာ ကျနော်တို့ အမှားပါ။

သောကြာနေ့

မနက်ဖြန် ဆိုရင် ကျနော်တို့ အဖွဲ့ပြန်ကြရတော့မယ်။ ဒီနေ့တော့ အိမ်မှာပဲ နေနေကျတယ်။ ရှမ်းပြည်ရဲ့ အအေးဒဏ်ကို မခံနိုင်ကျတဲ့ ကျနော့် သူငယ်ချင်းတွေတော့ သူ့တို့ ပတ်ကြားအပ်နေကြတဲ့ မျက်နှာကို သနပ်ခါး တွေကို အဖွေးသားလိမ်းပြီ အိမ်ထဲမှာပဲကွေး နေကြတော့တယ်။ ကျနော်က တော့ လိုအပ်တဲ့ လက်ဆောင်ပစ္စည်းများ ဝယ်ရန်နှင့် ကျနော်ရဲ့ ဆရာမကို နှုတ်ဆက်ရန် ရင်းမှီးရွာလေးကိုထွက်လာခဲ့တယ်။

ဒီညတော့ ကျနော်တို့ မိသားစုလေး အတွက် နောက်ဆုံးသော ညစာစားပွဲလေး ဆိုရင်လည်းမှန်တယ်လေ။ အဖေ၊ အမေ ၊ အကိုကြီးတို့ လင်းမယား၊ ကျနော် သူငယ်ချင်းလေးယောက်၊ ညီမလေး၊ မွေးစားအစ်ကို၊ အိမ်မှာ ဝိုင်းလုပ်ပေးတဲ့ အန်တီ မနော်တို့ သားအမိ နဲ့ ကျနော်ပေါ့။ ပျော်စရာကြီးပဲဗျာ။ ကျနော် အတွက်တော့ မိသားစု ထမင်းဝိုင်းလေး ဒါ နောက်ဆုံး အခွင့်အရေး ဖြစ်လာလိမ့်မယ် လို့မထင်ထားခဲ့ဘူးဗျာ။ ဒီလိုမျိုး ကျနော ဘဝမှာ ထပ်မရနိုင်တော့ဘူးဆိုတာ နောက်ပိုင်းမှ ကျနော် သိလိုက်ရတယ်။

စနေနေ့

ဒီနေ့တော့ နောက်ကျလို့ မရတော့ဘူး နောက်ကျခဲ့ရင် ရန်ကုန်ကိုပြန်မဲ့ လက်မှတ်ဆုံးမှာလေ။ ကျနော်တို့ စောစော အိပ်ရာထ ပြင်ဆင်ပြီး အမေ စီစဉ်ပေးတဲ့ မုန့်နဲ့ ကော်ဖီသောက်ပြီး ကျနော်တို့ အဖေနဲ့ အမေကို ထိုင်ကန်တော့ တော့ အမေက သိကျတဲ့ အတိုင်းပေါ့ဗျာ။ မျက်ရည်ကျတော့တာပေါ့။ ပြီးတော့ ကျနော်တို့နေခဲ့တဲ့ ဒီတစ်ပတ်အတွင်းမှာ ကျနော်တို့ ရဲ့ အဝတ်တွေကိုဒိုင်ခံ လျှော်ပေးတဲ့ အန်တီမနော်ကိုလည်း ကျနော်တို့ပိုက်ဆံစုပေါင်းပြီး ကန်တော့ခဲ့ကြတယ်။ အဖေက လွှဲရင်း ကျန်တဲ့ လူတွေအကုန်လုံး ကျနော်တို့ အဖွဲ့ကို ဘူတာရုံထိ လိုက်ပို့ ပေးကြတယ်။

ရထားပေါ်မှာ ဘာကိုလွမ်းလို့ လွမ်းမှန်းမသိဘူးဖြစ်နေကြတယ်။ အောင်ပန်းရောက်တော့ တောင်ကြီးက ဆင်းလာတဲ့ ကားကိုစောင့်ရင်း နေ့လည် ၂ နာရီလောက်မှ အောင်ပန်းကနေ စထွက်လာခဲ့တယ်။ တစ်ညလုံးကားပေါ်မှာပဲ အိပ်ပြီးလိုက်လာခဲ့ရတယ်။ လွမ်းလိုက်တာ အမေနဲ့ အဖေရယ်လို့ တွေးပြီ ကားပေါ်မှာ ကျနော် မျက်ရည်ကျနေမိတယ် ။

ကျနော်တို့ရဲ့ ရှမ်းပြည်ခရီးစဉ်ကတော့ ဒီမှာ ပြီဆုံးပါတယ်။ ပျော်စရာကောင်းတဲ့ ဒီခရီးစဉ်လေးကို ကျနော်ရဲ့ ဘဝမှာ ထာဝရ အမှတ်ရနေမှာပါ။ ကျနော်ရဲ့ ခရီးစဉ် တစ်ချို့ကို လည်း အခွင့်သာရင် သာသလို ကျနော် ဖေါ်ပြပေးပါ့မယ်။

ခုလိုလာရောက်အားပေးတဲ့ မောင်နှမတွေကို ကျေးဇူးတင်ပါတယ်ဗျာ။ အားလုံးပျော်ရွှင်နိုင်ကျပါစေဗျာ။


လေးစားလျှက်
ရီနိုမာန်



6 comments:

ကိုလူထွေး said...

လွမ်းလိုက်တာ အဖေနဲ့ အမေရယ်ဆိုလိုက်တော့ ဖတ်ရတာ မပျော်နိုင်တော့ဘူးပေါ့... ဒါက ဇာတ်သိမ်းကို ပြောတာပါ...

တပုဒ်လုံးချုံကြည့်ရင်တော့ စိတ်ဝင်စားစရာကောင်းတယ်... တခါတခါ ကိုယ်တိုင်ပါဝင်ခံစားနေရသလိုပါပဲ...

ဆောင်းတွင်းချမ်းချမ်းကြီးမှာ ရေချိုးပြသလိုပေါ့...

အဖြစ်အပျက်တွေကို ပြန်မှတ်မိနေတဲ့ ရီငိုရဲ့ မှတ်ဥာဏ်ကို ချီးကျူးပါတယ်...

းဝ)

မငုံ said...

ပင်လောင်းကို ကြုံရင်တစ်ခေါက် ထပ်လာဖို့ဖိတ်သေးတယ်နော့။

အိုက်ခီလောက် said...

ဖတ်ပြီး ခံစားရမိတယ်ဗျာ
တစ်ကယ်ကို ခွဲခွာရတယ်ဆိုတော့
စဉ်းစားကြည့်တယ် မခံချိမခံသာပဲဗျ
ဒီလိုပါပဲ အစ်ကိုရာ ဘဝ တစ်ကွေ့ မှာ တွေ့ ခဲ့တာတွေ
ဆုံခဲ့တာတွေက အမှတ်ရစ၇ာတွေပါပဲ

မမသီရိ said...

ငယ်ငယ် ရေ
ခွဲခွာ ခါနီး နှုတ်ဆက်ပြီ ကန်တော့ပြီ ဆို ရင် ခံစားရတဲ့ ခံစားချက်ကို ကိုယ် တိုင် အမြဲ အမှတ်ရ ခံစားဖြစ်နေတာမို့
တကယ် ကိုယ်ချင်းစာမိတယ်

မမ ဆိုခုချိန်ထိ အိပ်မက်ဆိုးတွေနဲ့ ဖေဖေ မေမေ ရာ် နှုတ်ဆက်တဲ့ ကာလတွေ ရယ်ကို မကြာ မကြာ ပြန်အိပ်မက် နေမိတာ..

Yu Ya said...

ကိုရီနိုရေ... နောက်ထပ် ပျော်စရာ ခရီးစဉ်လေးတွေ ဘ၀မှာ အများကြီး ထပ်မံ ကြုံဆုံရပါစေလို့ ဆုတောင်းပေးနေပါတယ်ဗျာ။

yu ya

မြစ်ကျိုးအင်း said...

ဘ၀မှာ နောက်ထပ်ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်တွေ တွေ့ဆုံမှုတွေ ထပ်ကြုံအုံးမှာပါ သူငယ်ချင်းရာ
ရောက်နေတဲ့ ဘ၀မှာတော့ အဆင်ပြေပျော်ရွှင် အောင်နေပါကွာ ...
မင်းကိုခင်တဲ့သူငယ်ချင်း “ပိုင်”
(လိုင်းပေါ်မှာမတွေ့တာကြာပြီနော်..နေကောင်းရဲ့လား)