August 9, 2009

ခုတလော (တက်ခ့် ပိုစ့် )

ခုတလော ဆိုတဲ့ ဒီပိုစ့်လေးကို ဘလောဂ့်တိုင်းလိုလိုမှာ တွေ့နေရတယ်။ လူတွေလည်း တစ်ယောက်တစ်မျိုး ဆိုသလို အတွေးတွေလည်း တစ်မျိုးစီပေါ့ဗျာ။ ကျနော်လည်း ခုတလော အလုပ်ကမအားတော့ စာလည်း မရေးဖြစ်ဘူး။ အသစ်တင်တဲ့ မောင်နှမတွေ အိမ်တော့ အမြဲတမ်း ရောက်ဖြစ်တယ်။ ရောက်တိုင်လည်း ကော်မန့် မပေးနိုင်ခဲ့ဘူး။ စာတစ်ခါရေးရင် ကြာလွန်းလို့ပါ။ ခုလည်း ငှက်ကလေး ရဲ့ဘလောဂ့်ကို သွားဖတ်လိုက်တယ်။ သူက သိမ်းကျုံပြီး ဖတ်တဲ့ လူ အားလုံးကို သူ့ စက်ဝိုင်းထဲကို ဆွဲသွင်းတော့တာကို ခံလိုက်ရတယ်။ မသိချင်ယောင်ဆောင် နေလိုက်လဲကောင်းသား။ ခုတော့ ခုတလောပေါ့..........


ှီ
တွေးနေမိတာက TOTO များပေါက်ခဲ့ရင်............

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက လမ်းတဝက်ကို ရောက်နေပြီ။ ဘာမှမရှိပါလားလို့ .......

ကျန်းမာရေး MC ဘယ်လို လိမ်ယူရင်းကောင်း မလဲ လို့ စဉ်းစားနေတယ်။

ဖတ်ဖြစ်တဲ့စာအုပ်တွေက မျက်စိရှေ့မှာ တွေ့တာတွေကို ဖတ်နေတယ်။ ( မတွေ့ရင်တော့ မဖတ်ဘူးပေါ့ )

ရောက်ဖြစ်နေတာက အားတာနဲ့ ကွန်ပြူတာရှေ့...........

ရေးဖြစ်နေတာက စိတ်ထဲမှာ ရှိနေတာတွေကို အကုန်ရေးချနေမိတယ်။

နားထောင်ဖြစ်နေတာက သံစဉ်ချိုချို ( မြန်မာ ၊ ကုလား ၊ တရုတ် ၊ မလေး )

ရွတ်နေမိတာက ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ

ဖြစ်ချင်နေတာက ခရီးထွက်ချင်နေတယ်။ စိတ်လွှတ် ကိုယ်လွှတ် တစ်ယောက်ထဲ မပူမပင် နဲ့ သွားချင်နေတယ်။

စားဖြစ်နေတာက ကျနော့ သူငယ်ချင်း ချက်တဲ့ ထမင်း နဲ့ ဟင်း

သနားနေမိတာက အမေကို ( အဖေ မရှိတော့တဲ့ နောက်ပိုင်း ကျနော် အမေ့ ကို ကောင်းကောင်း မွန်မွန် မထားနိုင်သေးဘူး။ ကျနော် အခုရှာနေတာလည်း အမေအတွက်ပဲ။ ဒါပင်မဲ့ ကျနော် ဖြစ်စေချင်တဲ့ အတိုင်းအတာ တစ်ခုမရောက်သေးတော့ အမေကို သနားမိတယ်။)

လွမ်းနေမိတာက အမေ( အခုချိန် မြန်မာပြည်များ ပြန်လို့ရမယ်ဆိုရင် ခဏလောက် ပြန်ပြီး အမေနဲ့ အတူတူ နေချင်မိတယ်။ အမေ့ ကို အရမ်းလွမ်းနေလို့။

မေ့လျော့ပစ်နေမိတာက သံသရာမှာ ဆပ်လို့ မကုန်နိုင်တဲ့ အကြွေးတွေ.......

ဆန္ဒမရှိတဲ့နေရာ ပူလွန်တဲ့ ရာသီ၊ ဖုံထူထပ်တဲ့ နေရာ

ဆန္ဒရှိတဲ့နေရာ အေးအေးဆေးဆေး သမားဆိုတော့ အေးအေးချမ်းချမ်းလေး ပဲ နေချင်မိတယ်။ ရာသီ အေးအေးချမ်းချမ်း ရှိတဲ့ နေရာ

မုန်းတီးနေမိတာက ကျနော်ရဲ့ ဟန်မဆောင်တက်တဲ့ စိတ်။ တစ်ခါခါ ကိုယ်ကိုတိုင် ဟန်ဆောင်ချင်ပါရဲ့နဲ့ ဟန်ဆောင်လို့ မရတဲ့ ဒီစိတ်......

ချစ်နေမိတာက အလုပ်

စိတ်ပျက်နေမိတာက လစာ

စွဲလမ်းနေမိတာက ကိုယ်သေရင် ကိုယ်နောက် မပါမဲ့ ပစ္စည်းတွေပေါ့

လိုအပ်နေတာက ပြောင်းလဲတက်တဲ့ လောကကြီးမှာ သူလေအရေးပါ။ မရှိမဖြစ် အားလုံးအလေးထားကြတာ သူ့တစ်ယောက်ကိုသာ။ လူသားအားလုံး ပါးစပ်ဖျား သူလေ ရှိတာ။ စိုးမိုးခြင်းနဲ့ မင်းမူ သိမ်းပိုက်သွားပြီလား...
သူ့ဟာ သဝေထိုး ငရေးဝဆွဲ ငွေ..... ငွေ........ငွေ............

တောင်းနေမိတဲ့ဆု ဘယ်တော့များမှ ကိုယ်ဖြစ်တဲ့ ဘဝကို ပိုင်ဆိုင်ရပါမလဲနော်။

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက သီချင်းအော်ဆိုနေတော့ တာပေါ့။

ဝန်ခံချင်တာက အရှိကို အရှိအတိုင်း ရေးထားခြင်း ဖြစ်ပါကြောင်း.............................


ရှေ့ထုံး လည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့အတိုင်း ဆက်တက်ခ့်မယ်။

တောင်ပေါ်သား
မကြီး နှင်းဆီဖြူသီဟသစ် နှင့် စိုင်းစိုင်းလားရှိုး တို့ကို လက်ဆင့် ကမ်းလိုက်ပါတယ်။

လေးစားလျှက်
ရီနိုမာန်

14 comments:

သားကြီး said...

ခုတလောဆိုတဲ့ ခေါတလုက ဘိုးဘိုးအောင်ဝလုံးဖြစ်နေတယ်
ဘလော့တိုင်းရဲ့စာမျက်နှာမှာနေရာယူထားတော့တာပဲ
ကျနော်လည်း ကျနော့လစာကိုစိတ်ပျက်တာပဲ
ပြောတာ အာပဲညောင်းတယ် ဒါနဲ့ပြောမနေတော့ဘူး
ဘရားသားအမေ့အပေါ်တာဝန်ကျေတဲ့သားအလိမ္မာကြီး
ဖြစ်ပါစေ။

yangonthar said...

ခုတလော အိမ်ပြန်ချင်တယ် ဟိုတလောကလဲ အိမ်ပြန်ချင်နေတယ် ဘယ်တလော မှမလွတ် ဘူး အမေ့အိမ်လွမ်းတာ .....

မေဇင် said...

အမေ့သားလိမ္မာလေး... ဆန္ဒတွေ ပြည့်ပါစေ..။

Yu Ya said...

အရှိကို အရှိအတိုင်းရေးထားတာကို အရှိအတိုင်း ဖတ်သွားပါတယ် ကိုရီနိုရေ... ကောင်းတယ်ဗျာ။

yu ya

ဝသန်မိုး said...

ခုတစ်လော လေးတွေ တော်တော်များများ
ဘလော့ဂ် စာမျက်နှာပေါ်မှာ
တော်တော်များများ
ဖတ်ရတယ်နော်
ကိုရီနိုရေ
အမေချစ်တဲ့သားတွေပဲဗျာ
အမေ့ အိမ်ကိုလွမ်းကြတာပေါ့
ဟုတ်ဘူးလား
အမေ့ကိုကောင်းကောင်းမွန်မွန်
ထားနိုင်တဲ့တစ်နေ့ အမြန်ဆုံးရောက်ရှိပါစေ ဗျာ
(P.S တက်ဂ် ထားတာလေး ခဏလောက်စောင့်ပေးဦးနော် ဟီးးး )

ခင်တဲ့
ဝသန်မိုး

တောင်ပေါ်သား said...

တက်ဂ်ပြန်ပြီ...း) အမေ့ကို အရမ်းလွမ်းတယ် အကိုရေ

သုခုမလေဒီ said...

ွှွှTO TO ပေါက်ပြီး အေးအေးချမ်းချမ်းရှိတဲ့နေရာလေးကို ခရီးသွားနိုင်ပါစေ ရီနိုရေ။
အဆင်ပြေပျော်ရွှင်ပါစေနော်။

မိုးစက်အိမ် said...

စိတ်ပျက်နေတာက - လစာ အမှန်ဘဲဗျို. :D :P

ဝက်ဝံလေး said...

အမေချစ်တဲ့ သားကြီးရေ အဆင်ပြေမှာပါ အခုထက် ပိုပြီး အဆင်ပြေမှာ ဘာလို့လဲသိလား ငှက်ကလေး တဂ်ကို ရေးပးလို့ အဟဲ ဖတ်သွားတယ် ကျေးဇူးလဲ တင်တယ် ရေးပေးတဲ့အတွက် ဘာမှစိတ်မပျက်ပါနဲ့ကွယ် ဖြစ်ချင်တာလေးတွေ ဖြစ်လာမှာပါနော်

ဘိုင်

တာ့တာ

Anonymous said...

အောင်မလေး မှားပါတယ်နော်။ နေမကောင်းလို့ ရုံးကနေတောင် MC ယူထားတာ။
တက်နဲ့တိုးနေတယ်။
ငါရှင်ချင်တယ်..............

WWKM said...

ရီနို အမေ့ကိုလွမ်းတယ်ဆိုတာနဲ့ အစ်မလည်း မေမေ့
ကိုပိုလွမ်းသွားမိတယ်..
တကယ်တော့ မေမေ့ကို နေ့တိုင်းသတိရမိနေတာပါ။
မဖြစ်နိုင်လွန်းလို့ မေ့ချင်ယောင်ဆောင်ထားရတာလေ.
တွေးမိတိုင်း အရမ်းလွမ်းမိနေလို့...

Angel Shaper said...

ကိုရီနိုကြီးရေ....
ခုတလောလေးလာဖတ်တယ်။
အမေကိုချစ်တဲ့ ကိုကြီး အမေ့ကျေးဇူး အားရပါးရဆပ်ရင်း အောင်မြင်ပျော်ရွှင်ပါစေနော်။

ဖိုးဂျယ် said...

ကိုကိုနိုနိုရေ
ခုတလောလေး ဖတ်သွားတယ်ဗျ

အဆင်ပြေပါစေ

ညီလေး ဖိုးဂျယ်

မိုးခါး said...

တိုတိုတွေပဲ လှိမ့်မထိုးနေနဲ့ဦးနော် .. ပေါက်ဂဏန်းရွေးထိုး :P
အမ်စီလိမ်ယူနည်း သင်ပေးရမလား
ပျော်ရွှင်ပါစေ
အလုပ်ကိုချစ်တယ်ဆို တော်သေးတာပေါ့
ညီမတော့ မုန်းတယ် :( ဘာမှလုပ်ချင်ဘူး
ပျင်းရမှာတောင် ပျင်းသေး :P