July 21, 2009

တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့သြဂုတ်လ၂၇ရက်နေ့


ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို
သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။
၎င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း
တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့
မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့
သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ
ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ
ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့
နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။
ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိ
ုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ်
မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ
စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့...
အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊
နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့
မမေ့နဲ့နော်။

email မှာ တွေ့လို့ တင်ပေးလိုက်ပါတယ်။

11 comments:

မြစ်ကျိုးအင်း said...

ကြည့်မယ်ဟေ့ မနက်ထဲက နေရာဦးပြီး စောင့်ကြည့်၇မယ်...စတာနော်... ဖြန့်ဝေပေးတာ ကျေးဇူးသယ်ရင်း
ထူးထူးခြားခြားဖြစ်ရပ်ကို စောင့်ကြည့်နေပါ့မယ်ကွာ

မေလေး said...

ကိုကြီးရေ
ကျေးဇူးပါ။စောင့်ကြည့်နေမယ်နော်။

Julian said...

မတွေ့ရမှာသေချာသလောက်ဘဲ မေ့မှာလဲသေချာသလောက်ဘဲ
နောက်နှစ်ပေါင်း 2000 ကျော်မှဘဲထပ်ကြည့်တော့မယ်း)


မဂျူ

သားကြီး said...

truemyanmarဘလော့တစ်ခုမှာဟိုနေ့ကတည်းက
ဖတ်ရတယ် အဲဒီသတင်းလေး
စောင့်တော့ကြည့်ရမှာပေါ့
နောင်နှစ်ပေါင်း၂၂၈၇ဆိုရင်ကျနော်တို့လည်း
အရိုးဆွေးနေလောက်ပါပြီ ဟီး

နဒီမိုးညို said...

ကြည့်မယ်...ကြည့်မယ်..
နေရာပါဦးထားရမယ်...ဟီးးး

တလနွန် said...

သတင်းထူးလေးအတွက် ကျေးဇူးပါ ကိုရီနိုမာန်

မျက်မှန်လေး said...

ဟားဟားဟားး
စောင့်ကြည့်ရပေါင်းလည်းများပါပြီကိုကြီးရာ

ဂျပန်ကောင်လေး said...

မနက် ၁၂း၃၀ ကိုနားလည်ဘူး..
၀၀း၃၀ လား ၁၂း၃၀ လား..

Dream said...

:)

ပြုံးပဲပြုံးသွားလိုက်တယ်.... ဟိဟိ....


ပြန်ဖော်ပြပေးလို့ ကျေးဇူးပါ

:P

ကိုလူထွေး said...

ရောက်လာတာ နောက်ကျသွားပြီ...

းဝ)

သုခုမလေဒီ said...

အသက်ကကြီးလာတော့မေ့တတ်တယ်။ :P သေချာမှတ်ထားမှပဲ။ Aus 27 12:30AM နော်။ သေချာတယ်နော်။ :)
ခုလိုသိရတာ ကျေးဇူးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။