July 15, 2009

ရှမ်းပြည် တောင်ပိုင်း ခရီးစဉ် (၃)

အိမ်ကိုပြန်ရောက်ရောက်ချင်း သူငယ်ချင်းတွေကိုပြောရသေးတယ်။ “မနက်ဖြန် ကျနော်တို့ တောင်ကြီးကို သွားမယ်။ သွားနိုင်လား မသွားနိုင်ဘူးလား။” မေးတော့ အားလုံးက ငြင်းကျတယ်ဗျ။ “သွားမယ်တဲ့ ”လေ။ ကဲ-သွားမယ်ဆိုရင်လည်း စောစောအိမ်တော့ လို့ ပြောပြီး အိပ်ခိုင်းလိုက်တယ်။ မအိပ်နိုင်တာက ကျနော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်ရဲ့ ရှည်လျားလှတဲ့ ဆံပင်တွေက လေတိုက် ဖုန်ကပ်နဲ့ ဆိုတော့ ကောလုံးကြီး ဖြစ်နေပြီ။ ခေါင်းမလျှော်ရင်း ဒီညအိပ်လို့ ရမှာမဟုတ်ဘူး။ နောက်နေ့ ရထားကလဲ မနက်ငါးနာရီ ဆိုထွက်ပြီ။ ဘာလုပ်၇မှန်း မသိတော့ ခေါင်းလျှော်ဖို့ ရေနွေးအိုးတည်းရသေးတယ်။ ရိုးရိုးရေနဲ့ မလျှော်ရဲဘူးလေ။ ( အသက်က ငယ်ငယ်လေးပဲရှိသေးတာကို)

ကျနော် ခေါင်းလျှော်လို့ ပြီးတဲ့ အထိ အဖေက မအိပ်သေးဘူး။ ကျနော်ကို အပစ်ပြောနေတာပေါ့။ ခေါ်လာတဲ့ ဧည့်သည်တွေကို အေးအေးဆေးဆေး မနေခိုင်းဘူး။ ညကြီးသန်းခေါင်ပြန်ရောက်ပြီ နောက်နေ့ စောစော ထက်ထွက်တော့ ပင်ပန်းတာပေါ့ နဲ့ ကျနော်ကို တရဆက်လွတ်နေတော့တာပေါ့။ ကျနော်လည်း အဖေ နားလည်အောင်ရှင်းပြပြီ ဝင်အိပ်လိုက်ပါတော့တယ်။

ဗုဒ္ဓဟူးနေ့

ဘော်...........ဘော်.........ဘော်
နားထဲမှာကြားနေရတယ် ဘာသံများလဲပေါ့။ သေသေချာချာ နားထောင်ကြည့်မှ ဟား .. သွားပြီ။ ရထားတော့ထွက်သွားပြီ။ သေပြီဆရာပဲ။ ခရီးပန်းလာကျတော့ ဘယ်သူမှလဲ မနိုးဘူး။ ပထမတော့ စဉ်းစားလိုက်သေးတယ်။ မနိုးတော့ဘူးပေါ့။ မနိုးလို့ မသွားရင်လဲ ရောက်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် အားလုံးကို နိုးပြီ မေးရတယ်။ သွားမှာလား မသွားဘူးလားလို့ မေးတော့ အားလုံးပဲ ခေါင်းလေးထောင်လာပြီ “ သွားမယ်” တဲ့လေ။ သူတို့လည်းအေးလွန်လို့ ကွေးနေကြတာ။

သူ့တို့ဆီက သွားမယ်ဆိုတဲ့ စကားလည်းကြားရော ကျနော် က ဂွမ်းကပ်တွေကို ဆွဲလှန်လိုက်ရော လေးယောက်သာ ဘာဖြစ်နေတယ်မှတ်လဲ။ ပေါင်ကြားထဲမှာလက်လေးတွေ ထည့်ပြီး မေးရိုက်သံ ကိုကြားနေရတယ်။ ( တစ်မျိုးမထင်ပါနဲ့ဗျာ အေးလွန်လို့ ကွေးနေကြတာပါ)

ရထားမမှီမဲ့တူတူ ရရာကားနဲ့ သွားမယ် ဆိုပြီး လေးယောက်ပေါင်း တစ်အိပ်ထည့်ပြီ ပင်လောင်း မြို့ထဲကိုလမ်းလျှောက်လာခဲ့ကြတယ်။ ကံကောင်းချင်တော့ အောင်ပန်းသွားမဲ့ ကားကြုံရတယ်။ ကျနော်တို့လည်း ခရီးဖြစ်ဖို့ အရေးကြီးတယ်ဆိုပြီး တက်လိုက်သွားတယ်။ တောင်ကြီးမသွားခင် ကလောကိုအရင်းသွားမှာဆိုတော့ အောင်ပန်းမရောက်ခင် ပင်လောင်း- အောင်ပန်း - ကလော လမ်းဆုံမှာဆင်းလိုက်ကြတယ်။ ဒီလိုနဲ့ ကားစောင့်နေကြတာ ကလောသွားတဲ့ ကားတစ်စီးမှ မလာဘူး။ တောင်ကြီးကိုသွားတဲ့ ကားတွေသာ တစ်စီးပြီးတစ်စီး လာနေကြတယ်။

မထူးပါဘူး။ ရတဲ့ ကားနဲ့လိုက်မယ်လို့ စဉ်းစားလိုက်ကြတယ်။ကံကောင်းချင်တော့ ကျောက်သယ်တဲ့ ကားတစ်စီး ရောက်လာတာကိုတားပြီ ကလောထိလိုက်သွားကြတယ်။ ပထမဆုံး နှီးဘုရားကို အရင်းလိုက်ပို့ပေးလိုက်တယ်။ နှီးဘုရားကနေ မြင်းလှည်းငှားပြီး ရွှေဥမင်သဘာဝဂူ ကိုဆက်သွားကြတယ်။ ကလောမှာပဲ နေ့လည်စာစားပြီး တောင်ကြီးကိုသွားဖို့ ကားတစ်ခါစောင့်နေရပြန်ပါတယ်။ ရောက်လာတဲ့ ကားတွေက စင်းလုံးပြည့် ကုန်တွေ လူတွေနဲ့ ဆိုတော့ ကျနော်တို့ လူငါးယောက်လုံးတစ်ခါတည်းပါဖို့ ဆိုတာဘယ်လို့မှ ကို မလွယ်တာပါ။ ဒါနဲ့ ခေါင်းချင်းဆိုင်လိုက်ကြတယ်။ ကားငှားမယ်ပေါ့။ တစ်သောင်းလောက်ဆို ငှားမယ်ပေါ့ ဆိုပြီးမေးကြည့်တော့ ကိုးထောင်တဲ့။ အိုး.. ဘာပြောကောင်းမလဲ အငှားကားနဲ့ ပဲသွားမယ်ဆိုပြီး တက်လာကြတာ တောင်ကြီးရောက်တော့ ည ၇ နာရီလောက်ရှိပြီ။

အငှားကားဆိုပင်မဲ့ အဲဒီဖက်မှာက ကိုယ်ပိုင်ကားကို ငှားကြတာ။ ဖြစ်ချင်တော့ ကားမောင်းတဲ့ (ကားပိုင်ရှင်) က ကျနော် သူငယ်ချင်းရဲ့ သူငယ်ချင်း ဖြစ်နေတယ်။ (ဈေးတော့ မရှော့ပေးပါဘူး။) ကားပေါ်မှာကလည်း ကျနော့် သူငယ်ချင်းကို ကြိုက်နေတဲ့ ကျနော် သူငယ်ချင်းက ပါနေတယ်။ ဒီလိုနဲ့ ဟိုတယ်ရောက်ပြီး ရေမိုးချိုး အဝတ်လဲပြီး ထမင်းစားဖို့ ထွက်လာခဲ့ကြတယ်။ ထမင်းစားပြီးတော့ ရန်ကုန်မှာ ခေါင်းလျှော်ဆိုင် အမြဲသွားတဲ့ သူငယ်ချင်းက တောင်ကြီးရောက်နေတာတောင် စိတ်က မလျှော့နိုင်ဘူး။ ခေါင်းလျှော်ဆိုင်သွားပြီ ခေါင်းသွားလျှော်လိုက် ကြသေးတယ်။ ပြီးတော့ ဒီကကောင် ကရုပ်ရှင်သွားကြည့်မယ် ပြောတော့ တစ်ယောက်မှ မလှုပ်ကြဘူး။ ဘယ်ရမလဲ ဒီကောင်စိတ်ကြီးတာ ဒီကောင်ပဲသိတယ်။ တစ်ယောက်တည်းသွားကြည့် လိုက်တယ်။

လေးစားလျှက်
ရီနိုမာန်

မှတ်ချက်- နောက်တစ်ပိုင်းရေးပြီးရင်း ရှမ်းပြည် ခရီးစဉ် ပြီးဆုံးမှာဖြစ်ပါတယ်။ လာဖတ် သွားကြတဲ့ ကျနော် မောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်နော်။ ကျနော် ခုတလော အလုပ်ပင်ပန်းနေလို့ ဘယ်မှ မသွားနိုင် မလာနိုင် ဖြစ်နေပါတယ်။ မောင်နှမများ အသစ်အသစ် တင်နေကျသော ပိုစ့်များကိုလည်း မဖတ်နိုင်ဖြစ်နေပါတယ်။ ကျနော် အလုပ်လေး ပြီးမှပဲ အားလုံးပေါင်းပြီ လိုက်ဖတ်ပါတော့မယ်။ ခုတော့ ကျနော် ရေးပြီးသလောက်လေး တင်ပေးလိုက်ရပါတယ်။ နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

5 comments:

မေလေး said...

“ကားပေါ်မှာကလည်း ကျနော့် သူငယ်ချင်းကို ကြိုက်နေတဲ့ ကျနော် သူငယ်ချင်းက ပါနေတယ်။ ”
ဘီလိုကြီးတုန်း ကိုကြီး။ သယ်ရင်းရဲ့ သယ်ရင်းး
စိတ်ကြီးတယ်လား။ စနေသားဘဲလားး။
အဟဲ(စတာနော်)။
ခရီးသွားမှတ်တမ်းလေး ဝေမျှတာကျေးဇူးနော်။
တောင်ကြီးဘက် မရောက်ဖူးသေးလို့။

မငုံ said...

ညကြီး ခေါင်းလျှော်သော ရီနိုမာန်ကို ပင်လောင်းသူ လာရောက် ဆလံ သတာပါ။ :) နည်းတဲ့သတ္တိမဟုတ်ဘူး။
နောက်အပိုင်းဆက်မျှော်နေပါ၏။

ကိုလူထွေး said...

အေးလေကွာ... မချမ်းဘူးလား...
ရေနွေးနဲ့ ဆိုတာတောင် ရေမထိရတဲ့ အခိုက်မှာ ခိုက်ခိုက်တုန်နေမှာပေါ့...

စန္ဒကူး said...

ခရီးစဉ်ပီးတဲ့အထိစောင့်ဖတ်ပါမယ်။... ကျမ်းမာရေးလဲဂရုစိုက်ပါအုံး.. ခေါင်ရည်လဲသောက်ခဲ့ပါ (ကူးကူးအစား)
း)

ဂျပန်ကောင်လေး said...

အစ်ကိုရေ.. နောက်ဆုံးအပိုင်းကို မျှော်နေမယ်...း)