July 5, 2009

ရှမ်းပြည် တောင်ပိုင်း ခရီးစဉ် (၂)

သူများ ဘလော့ဂ်တွေ လိုက်ဖတ်လိုက်ရင်း စာအရေးအသားလေးတွေ ကောင်းတာကိုတွေ့ရတော့ ကျနော်ရေးနေတဲ့ ကျနော် အကြောင်းတစ်ချို့တွေကို (အားလုံးနီးပါး) ပြန်ဖတ်လိုက်ရင် တကယ်ကို အရေးမလှတာတွေ တွေ့နေရတယ်။ ကျနော် ကိုယ်တိုင်လည်း သိပါတယ်။ ကျနော် စာအရေးအသား ညံ့မှန်း။ စာရေးချင်တဲ့ စိတ်ကတော့ အပြည့်ရှိတယ်။ ရေးလိုက်ရင်လည်း အစီအငေါ် လုံးဝမထည့်ဘူး။ ဒီလို မကောင်းတဲ့ ကြားကနေ မောင်နှမ သံယောဇဉ်နဲ့ မကောင်းလဲဖတ် ကောင်းလဲဖတ် ဆိုတဲ့အတိုင်း လာရောက်ဖတ်ရှူကြတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ကဲ ကျနော့်ရဲ့ ခရီးစဉ် လေးကို စလိုက်ကြရအောင်.............................


ပထမဆုံး ကျနော်တို့ အင်းလေးကို အရင်သွားကျတယ်။ အင်းလေးကိုရောက်တော့ မနက် ၁၀နာရီခွဲလောက် ရှိနေပြီ။ ကျနော်တို့ အဖွဲ့က လူလည်းများတော့ စက်လှေကို စင်းလုံးငှားလိုက်တယ်။ ဖောင်းတော်ဦးဘုရားကို မရောက်ခင်မှာ စက်လှေမောင်းတဲ့ အကိုကြီးက ရေပေါ်ရွာနဲ့ ရေပေါ်ဈေးကို လိုက်ပြခဲ့တယ်။ ဘုရားဖူး ပြီးအပြန်မှာလည်း ကြောင်လိမ္မာလေးတွေ ရှိတဲ့ ဘုန်းကြီးကျောင်း( ဘုန်းကြီးကျောင်း နာမည် မမှတ်မိတော့ပါ) ကိုလိုက်ပို့သေးတယ်။ ပြီးတော့ ရေလယ် ဟော်တယ်ကိုလည်ရောက်ခဲ့တယ်။ ရေလယ် ဟော်တယ်ကတော့ VIP ရှိမှ သုံးတယ်လို့ သိရတယ်။ ဟိုတယ်မှာပဲ ခြံလုပ်ပြီး ငါးတွေကို မွေးထားကြသေးတယ်။ ငါးခူးတွေများတယ် ။ စက်လှေဂိတ်ကို ပြန်ရောက်မှပဲ ကျနော်တို့ နေ့လည်စားကို စားကြပါတယ်။ အချိန်လည်းလုနေ ရပြီလေ။ နောက်သွားချင်တဲ့ နေရာက နှစ်နေရာ ကျန်သေးတာဆိုတော့။

ကျန်တဲ့ နှစ်နေရာထဲက ကုံလုံ ဆရာတော်ကျောင်းကို အရင်းသွားခဲ့ကြတယ်။ ဆရာတော်က တစ်နေ့ကို နှစ်ကြိမ် အဖူးမြော်ခံ ကြွတယ်။ တစ်ချို့ဆိုရင် ဆရာတော်ကို မဖူးရပဲ ပြန်သွားကြရတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်က ဆရာတော့ အဖူးမြော်ခံတဲ့ အချိန်မဟုတ်ပါဘူး။ ဧည့်သည်များလို့ ခဏထွက် အကြည်ညိုခံ တာနဲ့ ကြုံသွားလို့ ဆရာတော်ကို အနီးကပ် ဖူးမြော်ခွင့် ရလိုက်ကြတယ်။ ဆရာတော်ကို ဖူးမြော်ပြီးတာနဲ့ ကျနော်တို့ အဖွဲ့ သုတ်ခြေတင်းရတော့တာပေါ့။ ည ၇ နာရီဆိုရင် ပင်းတယဂူက ပိတ်တာကို...............

ပင်းတယမြို့ထဲကိုရောက်တော့ တစ်ချိန်တုန်းက နတ်သမီးတွေ ရေလာချိုးကြတဲ့ ဘုတ်တလုပ် ( သတ်ပုံမှားရင် ခွင့်လွှတ်ကြပါနော်) ကန်ကိုတွေ့နေရတယ်။ ရေကန်ထဲက ရေဟာ တစ်နှစ်ပတ်လုံး ကျခြင်းတက်ခြင်း ခန်းခြင်း လုံးဝရှိဘူးလို့တော့ ကားဆရာ ပြောစကားအရ ကြားခဲ့ရတယ်။ ကန်ကြီးဘေးကနေမှ ဖြတ်ပြီး ပင်းတယဂူကို သွားကြတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်က ဓာတ်လှေကားက ပိတ်သွားပြီ။ ကားကိုရောက်တဲ့ နေရာထိမောင်းပြီး ခြေချင်းတက်ခဲ့ ကြတယ်။ ဂူထဲမှာတော့ အေးစက်နေပြီး လက်ညိုးထိုးမလွဲ ဘုရားပေါင်း မြောက်မြားစွာ ရှိနေပါတယ်။ ကျနော် မှတ်မိနေတာတော့ အောင်မြေ၊ ကျောက်စက်ရေ ( ကျောက်တိုင်ကနေ ရေစိမ့်ထွက်နေတာ)၊ ကျောက်မောင်း( ကျောက်သား နံရံကို ထုလို့ရတာနဲ့ ထု မောင်းအသံမြည်းနေတာပါ။ အဲ့ဒီနေရာလေးတစ်ခုပဲ မြည်းပြီ ကျန်တဲ့ နေရာတွေကတော့ မမြည်းပါဘူး)၊ မှည့်ရှင် ဘုရား၊ ဝင်္ဂပါဘုရား တို့ ရှိတယ်။ ဂူရဲ့ ဟိုးအတွင်းပိုင်းရဲ့ နောက်ဆုံးမှာတော့ လူတစ်ယောက် ဝင်လို့ရတဲ့ ဂူသေးသေးလေး တစ်ခုရှိတယ်။ ပိတ်ထားတာတွေလို့ မေးကြည့်တော့ အဲဒီဂူထဲကို ကိုရင်တစ်ပါးဝင်သွားတာ လုံးဝပြန်ထွက်မလာလို့ ပိတ်ထားတာလို့ပြောကြတယ်။ တစ်ချို့ကလည်း ရှေးဟောင်းပုဂံထိ ရောက်တယ်လို့လဲ ပြောကြတယ်။ ဟုတ်မဟုတ်တော့ ကျနော်လည်း မသိဘူး။ ကျနော်တို့ အဖွဲ့ကံကောင်းကြပါတယ်။ ဂူအဆုံးကိုရောက်တော့ ဂူပိတ်တော့မဲ့ အကြောင်း ခေါင်းလောင်းတီး သံကို ကြားနေရပြီ။

အပြန်တော့ ပင်းတယ လက်ဆောင်တွေဝယ်ပြီး ဓါတ်ပုံရိုက်ကြတယ်။ ဓါတ်ပုံရိုက်တယ်ဆိုလို့ အမှတ်တရ ပြောပြပါရအုံးမယ်။ အဲဒီအချိန်တုန်းက ကျနော်ဆံပင်က ပုခုံးကျော်ကျော်လေးရှည်ပါတယ်။ အမေနဲ့ ကျန်တဲ့ လူတွေက တောင်ခြေနားက ဆိုင်လေးထဲမှာ ဝင်ထိုင်နေကြတယ်။ ကျနော် နဲ့ သူငယ်ချင်းတွေက ဓါတ်ပုံ ရိုက်ဖို့ ကားနားမှာ လာရိုက်ကြတာ။ အားလုံး အမှတ်တရ ဆိုပြီး ကားခေါင်းမိုးပေါ် တက်ပြီး ရိုက်ကြတာပေါ့။ နယ်တွေရဲ့ ထုံစံ အတိုင်းသူစိမ်း တစ်ယောက်တွေ့ပြီး ဆိုရင် ဝိုင်းကြည့်တာလေ။

ခုလည်း ကျနော်တို့ အဖွဲ့ကို ဝိုင်းကြည့်နေကြတာပေါ့။ ကျနော် ကားခေါင်းမိုးပေါ် တက်တဲ့ အချိန်မှာ အမေတို့ သွားထိုင်နေတဲ့ ဆိုင်က အမကြီးက ကျနော်ကားခေါင်းမိုးပေါ်တက်တာကိုမြင်တော့ “ ဟိုး ကောင်းမလေးက ကားခေါင်းမိုးပေါ် တက်နေတယ်ရော” လို့ အံ့သြတဲ့လေသံနဲ့ ပြောတော့ အမေ လှည့်ကြည့်လိုက်တော့ ကျနော်ဖြစ်နေတယ်။ အမေတို့ လဲ အဲ့အမကြီးကို စချင်ကြတာနဲ့ ဘာမှမပြောပဲနေ လိုက်ကျတယ်။ ကျနော်တို့ ဓါတ်ပုံရိုက်ပြီး ဆိုင်ထဲကို ဝင်လာတော့ ဆိုင်ထဲမှာရှိတဲ့ လူတွေက ကျနော်ကို ဝိုင်းကြည့်နေကြတယ်လေ။ ကျနော်က အမေကို “ အမေဝယ်ပြီးရင်လည်း သွားကြရအောင်”လို့ လှမ်းပြောတော့ ခုနက အမကြီးက “ ဟင်း ယောက်ကျားသံကြီးနဲ့ ”လို့ ပြောမှပဲ အားလုံးက ဝိုင်းရယ်ကြပါတော့တယ်။ ကျနော်ကို ချစ်လို့တဲ့ မုန့်တောင်လက်ဆောင် ရလိုက်သေးတယ်။ ခုနက အမကြီးပေးတာ။

အောင်ပန်းရောက်တော့ ည ၉နာရီရှိနေပြီ။ အဲ့ကျမှ ညစားစားကျတယ်။ ပင်လောင်းကို ပြန်ရောက်တော့ ည ၁၂ထိုးနေပြီ။


ဆက်ရန်.........................

လေးစားလျှက်
ရီနိုမာန်


ခွင့်လွှတ်ကြပါနော်။ ကျနော် စာများများ မရိုက်နိုင်တဲ့ အတွက် အခုလို ခွဲခွဲပြီးရေးနေရတာပါ။ နောက်တစ်ပိုင်းမှာ ကလော နှင့် တောင်ကြီး ခရီးစဉ် ရှိပါသေးတယ်။

14 comments:

kaungkinpyar said...

လွမ်းစရာလေးတွေ လာဖတ်သွားတယ် မောင်လေး

သားကြီး said...

ဆိုင်ကအစ်မကြီးကလည်းဗျာ မှားစရာရှားလို့:P
ရေးထားတာစိတ်ဝင်စားဖို့ကောင်းတယ်
ကိုတိုင်မရောက်ဖူးတော့လေ ဗဟုသုတရတာပေါ့ဗျာ ကျေးဇူးပါ
အရေးအသားမကောင်းဘူးလို့ဘယ်သူပြောပါလိမ့်
မကြားမိပါလား။
ဒါပဲbroရေ ပြန်ပြီဗျာ ။

မေလေး said...

အကိုနဲ့တွေ့မှဘဲ ကြည့်ရမယ်။ပြောစရာလားနော့။ဒါပေမဲ့မိန်းမချောချောတာလဲဖြစ်ချင်ဖြစ်မယ်နဲ့တူတယ်နော်.

Sein Lyan Tun said...

ပင်လောင်မှာစောင့်နေတယ် သူငယ်ချင်းကို

ခရီးဆက်ထွက်ဖို့ လေကွာ...း)


နေကောင်းတယ်မလား

ကိုယ်တော့ ခုတစ်လောမကောင်းဘူးး


နေ့တိုင်းခေါင်းတွေပြန်ကိုက်နေတယ်

နက်ကလဲအရင်လိုမကောင်းဘူး

မအားတော့မပြင်နိုင်သေးတာပါ

အမြဲတမ်းသတိတရတော့ရှိနေပါတယ်

ချစ်တဲ့

ဖိုးချစ်

Yu Ya said...

ကျွန်တော်လည်း ဆက်ဖတ်ဖို့ စောင့်နေပါတယ် ကိုရီနို...

ကျေးဇူးတင်စွာဖြင့်
yu ya

khin oo may said...

ဖတ်နေ၏

တောင်ပေါ်သား said...

အမကြီးရေ အဲယောင်လို့ အကိုကြီးရေ လွမ်းသွားတယ်.. အပိုင်းလေးတွေ မျှော်နေပါတယ် စာရေးသား ကောင်းပါတယ် အကိုရ ကျနော်တို့ဆို ဘာမှ မသိဘူး ရေးချင်တာရေးပဲး)

လေးစားလျက်
တောင်ပေါ်သား

မေဇင် said...

ခရီးစဉ် ၁ ရော ၂ ပါ ဖတ်သွားပါတယ်... မရောက်ဖူးတဲ့ ဒေသဖြစ်လို့ ဖတ်ရတာ ကောင်းတယ်..။

mgnge said...

ခရီးစဉ် တစ်ရော နှစ်ရော ဖတ်သွား ပါတယ်ဗျာ..။

ရီနို ခရီးသွားနေသည်ပေါ့...။
:D

Anonymous said...

ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်ကို လာဖတ်ဖြစ်သွားတယ်။ ကိုယ်ရောက်ဖူးတဲ့နေရာလေးတွေဆိုတော့ အမှတ်ရစရာဖြစ်သွားလို့လေ။

မြစ်ကျိုးအင်း said...

မိန်းခလေးရေ အကို စာလာဖတ်တယ်ကွယ်...
နောက်တာနော် သယ်ရင်း စိတ်မဆိုးနဲ့
ကြောင်လိမ္မာရှိတဲ့ကျောင်းကို ကြောင်ခုန်ကျောင်းလို့ အလွယ်တကူ ခေါ်ကြလို့ မူလ နာမည်တောင် မမှတ်မိတော့ဘူး...ငါတို့သွားတုန်းက ဟဲယာရွာမ ထိရောက်တယ် ရွာထဲက ပန်းထိမ် အိမ်ကိုသွားတာလေ
အဲဒီအိမ်ရောက်တော့ အိမ်ရှင်ကို ပထမဆုံးမေးမိတာက
လေးဖြူ အိမ် ဘယ်အိမ်လည်း မေးဖြစ်တာ မှတ်မိသေးတယ်..။ အိမ်ရှင်က လေးဖြူက ဒီရွာမှာ မွေးပေမယ့် ငယ်ငယ်လေးထဲက တောင်ကြီးမှာ နေတာ တဲ့လေ...အဲဒါနဲ့ သွားမကြည့်ဖြစ်လိုက်ပါဘူးကွာ
ကိုယ်ကြိုက်တဲ့ အဆိုတော်မို့လို့ စိတ်ဝင်စားမိတာလေ..။
နောက်အပိုင်းတွေလည်း လာဖတ်မှာပါ...
...ခင်မင်သောအားဖြင့်...

နေဒေးသစ် said...

အစ်မကြီးက ဘာကိုချစ်သွားတာလဲ ...
ဆံပင်ကိုလား လူကိုလား ...
မရှင်းမရှင်း မလုပ်နဲ့ ဟွင်းဟွင်း :D

နေဒေးသစ်။

Sein Lyan Tun said...

သယ်ရင်းရေ

ရောက်စ်

နက်မကောင်း

သတိရ

လွမ်း

မျှော်


ချစ်တဲ့

ဖိုးချစ်

မငုံ said...

ဆက်မျှော်လျက်။